နေပြည်တော်မှာ ငြိမ်းချမ်းရေးဖိုရမ်ကျင်းပနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပွဲကျင်းပနေတဲ့ အချိန်မှာပဲ အရပ်သားတွေရဲ့ နေရာတွေကို ဗုံးလိုက်ကြဲလို့ ပြည်သူ ၇ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိသွားပါတယ်။
စစ်ကောင်စီဟာ နေပြည်တော် မင်္ဂလာသီရိဟိုတယ်မှာ ဇွန်လ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ “Peace Forum 2025” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ ကျင်းပနေတာ ဖြစ်ပါတယ်။
ဖိုရမ်စတင်ကျင်းပနေတဲ့ ဇွန်လ ၂၅ ရက်နေ့မှာပဲ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးခဲလုပ်ငန်းနေရာနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့၊ အုန်းကိုင်းရပ်ကွက်ကို လေကြောင်းကတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ငြိမ်းချမ်းရေးဖိုရမ် #ဗုံးကြဲ #PeaceForum2025 #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR