အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေရှိ လာတာကြောင့် စီမံကိန်း ပြန်စမှာကို စိုးရိမ်မှုတွေ ရှိလာကြပြန်ပါတယ်။
နိုင်ငံအတွင်း လျှပ်စစ်မီးမလုံလောက်မှုတွေ ကြုံတွေ့နေရတာဟာ မြစ်ဆုံစီလို စီမံကိန်း အကောင်အထည်မဖော်နိုင်လို့ဆိုပြီး မေလ ၂၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးအတွင်း စစ်ခေါင်းဆောင်က ပြောဆိုသွားခဲ့ပါတယ်။
ဒါ့အပြင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ခဲ့ရင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၀၀၀ ကျော် ရရှိမှာ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
ဒါကြောင့် စစ်ခေါင်းဆောင်လက်ထက်မှာ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ပြန်စနိုင်သလား၊ ပြန်စခဲ့ရင် ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်သလဲ၊ ဧရာဝတီမြစ်ရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး သယံဇာတ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ပညာရေး လုပ်ဆောင်နေသူ ဦးဇုန်းသိန်း ကို ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ ကတွေ့ဆုံမေးမြန်းထားပါတယ်။
#မြန်မာ #ဧရာဝတီ #မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း #ဧရာဝတီမြစ် #ClimateDesk #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













