• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“ဒီမြေရှားသတ္တုကပဲ ကျနော်တို့ ကြမ္မာဆိုးတွေ ပိုပြီးတော့ ဖန်တီးစေတယ်”

by ဧရာဝတီ
28 January 2025
in အင်တာဗျူး
A A
“ဒီမြေရှားသတ္တုကပဲ ကျနော်တို့ ကြမ္မာဆိုးတွေ ပိုပြီးတော့ ဖန်တီးစေတယ်”

ကချင်ပြည်နယ်အတွင်းရှိ မြေရှားသတ္တုတူးဖော်ထုတ်ယူရာ တွင်းတတွင်း/Global Witness

3.9k
VIEWS
Share on FacebookShare on Twitter

မစ္စတာ ဒေါ်နယ်ထရမ့် တက်လာပြီးနောက် တရုတ်-အမေရိကန် ဆက်ဆံရေး၊ အမေရိကန် မူဝါဒအရ အင်ဒိုပစိဖိတ်ဒေသမှာ မြန်မာ့အခန်းကဏ္ဍ ဘယ်လိုရှိမလဲ၊ မြန်မာပြည်က ထွက်ရှိနေတဲ့ မြေရှားသတ္တုအပေါ် တရုတ်က လက်ဝါးကြီးအုပ်ခဲ့မှုနဲ့ အခု ထိန်းချုပ်လိုက်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ဘယ်လို ဆက်ဆံရေး ရှိမလဲ၊ မြန်မာ့သယံဇာတတွေ ဘယ်လောက်အထိ ခိုးထုတ်ခံရသလဲနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ သယံဇာတတွေကို ခွဲဝေရေး သုံးသပ်ချက် စတာတွေကို သဘာဝပတ်ဝန်းကျင်ရေးရာ ဝါရင့်ပညာရှင် ဦးဝင်းမျိုးသူနဲ့ ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ကိုရဲနည်က ဆက်သွယ်မေးမြန်းထားပါတယ်။ ဦးဝင်းမျိုးသူဟာ အောက်စဖို့ဒ် တက္ကသိုလ်မှာ အကြီးတန်း လက်ထောက် ပညာရှင်လုပ်ခဲ့ပြီး အခုအခါ အမေရိကန်ရှိ ဂျော့ဂျ် ဝါရှင်တန် တက္ကသိုလ်မှာ ဧည့် သုတေသီ ဖြစ်ပါတယ်။

ဧရာဝတီ ။ ။ ပထမဆုံး စစချင်း ထရမ့် ကျမ်းကျိန်ပွဲမှာ တရုတ် ဒုသမ္မတတက်ဖို့ စေလွှတ်တာနဲ့ စလိုက်ရအောင် ဆရာ။ ဒီဟာက ပထမဦးဆုံး သမိုင်းဝင်ဖြစ်တဲ့အတွက်ကြောင့် အရင်က မျှော်လင့်ထားသလို အမေရိကန်နဲ့တရုတ် ထိပ်တိုက်တွေ့မယ်ဆိုတာ မဟုတ်ဘဲနဲ့ ပျော့ပျောင်းလာမယ့် အခြေအနေလား ဆရာ။

ဦးဝင်းမျိုးသူ ။ ။ အဲဒီလိုတော့လည်း မဟုတ်ဘူးပေါ့ဗျာ။ သူတို့က ကျမ်းကျိန်ပွဲတွေမှာတော့ ထုံးစံအားဖြင့် ပြည်တွင်းပရိသတ်ကိုပဲ အဓိက ဖိတ်တာပေါ့နော်။ ဒီပွဲမှာတော့ ထရမ့်က သမ္မတကြီး ရှီကျင့်ဖျင်ကို တိုက်ရိုက် ဖိတ်တယ်။ သို့သော်လည်း သမ္မတကြီး ရှီကျင့်ဖျင်ကလည်း သွားလည်း မကောင်း၊ မသွားလည်း မကောင်းပေါ့နော်။ အဲဒီလို ဖြစ်နေတဲ့အခါကျတော့ ဒုသမ္မတကို လွှတ်တာပေါ့နော်။

ထရမ့်က ဘာသဘောထားရှိမှန်း မသိသေးတာ၊ ခေါ်ပြီးတော့ ကိုယ့်ခြံထဲ ရိုက်သွင်းတဲ့ပုံစံလည်း ဖြစ်နိုင်တာပေါ့။ ခေါ်ပြီး ဦးချိုးသလိုဖြစ်နိုင်တော့ ဒါပေမယ့် မသွားပြန်လည်း မကောင်းဘူးဆိုတော့ ပြန်လွှတ်တဲ့ သဘောပေါ့။

သို့သော်လည်း ပြီးခဲ့တဲ့ ဆီးနိတ်ကြားနာပွဲတွေ ကြည့်မယ်ဆိုရင် သူရဲ့ဝန်ကြီးတွေ၊ စီနီယာအကြံပေးတွေကို ခန့်နေတာကို ကြည့်မယ်ဆိုရင်တော့ ဒီပုဂ္ဂိုလ်တွေရဲ့ သဘောထားကတော့ တင်းတင်းမာမာပဲ။ မိုက်ကယ် ဝေါ့လ်ဇ်ဆိုရင် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးကိုးဗျ။ သူ့ရဲ့သဘောထားဆိုရင် တော်တော်တင်းမာတာပဲ။

နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုကလည်း တင်းမာတာပဲ။ သူက ဘာထွက်ပြောလဲဆိုရင် တရုတ်နဲ့ အမေရိကားက ကမ္ဘာကြီးမှာ ပြိုလို့တော့မရဘူး၊ ဒါက ဒီမိုကရက်တစ် ပြောသလိုပဲပေါ့နော်၊ ကမ္ဘာကြီးတခု ဖြစ်သွားတာပေါ့။ မားကက်အားဖြင့်ရော၊ နည်းပညာအားဖြင့်ရော ကျွမ်းတာဆိုတော့ နှစ်ယောက်လုံးက ပြိုကွဲလို့ မဖြစ်ဘူး။ သို့သော်လည်း အဲဒီအတွက် တယောက်နဲ့တယောက်လည်း တွေ့ရမယ်။ သို့သော် ဖိအားလည်း ပေးရမယ်ပေါ့နော်။ အရေးယူပိတ်ဆို့မှုတို့လည်း သုံးရမယ်။

အထူးသဖြင့် သူတို့လက်ရှိ ထရမ့်အစိုးရက သူတို့ခံယူထားတာက လက်ရှိ တရုတ်နဲ့အမေရိကန် ကြားထဲမှာ ပထဝီဝင်နိုင်ငံရေးအရ မညီမျှမှု (Geopolitical imbalance) တွေဖြစ်နေတယ်။ ဒါကို သူတို့ တော်တော်ပြောတယ်ပေါ့နော်။

အထူးသဖြင့် သူတို့လက်ရှိ ထရမ့်အစိုးရက သူတို့ခံယူထားတာက လက်ရှိ တရုတ်နဲ့အမေရိကန် ကြားထဲမှာ ပထဝီဝင်နိုင်ငံရေးအရ မညီမျှမှု (Geopolitical imbalance) တွေဖြစ်နေတယ်။ ဒါကို သူတို့ တော်တော်ပြောတယ်ပေါ့နော်။

ဒီလိုဖြစ်လာအောင်အတွက်ကို တွေ့ဆုံတာလည်း ရှိမယ်၊ တဖက်ကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်မယ် ဆိုတာတွေ သူပြောတယ်ပေါ့နော်။ အထူးသဖြင့် အမျိုးသားလုံခြုံရေးအကြံပေး ဆိုရင်လည်း သူက လက်ရှိ ရှိတဲ့ ဂျိတ်ခ် ဆယ်လီဗန် မဟုတ်ဘူးလေ၊ ဂျိတ်ခ် ဆယ်လီဗန်ကတော့ အောက်စဖို့ဒ် တက္ကသိုလ်ဆင်းဆိုတော့ သူက သီအိုရီတွေ၊ နိုင်ငံတကာ ဆက်ဆံရေးတွေ ဘာတွေနဲ့ ဒါတွေနဲ့သူက များနေတာ။ သူစဉ်းစားပုံစဉ်းစားနည်းက ကျိုးကြောင်းပြ ဆင်ခြင်နည်းနဲ့စဉ်းစားတာ။

အခုတက်လာတဲ့ မိုက်ခ် ဝေါ့လ်ဇ်က စစ်သားလေ၊ စစ်တပ်က ထွက်လာတာ။ စစ်သားကနေ အမတ်ဖြစ်လာတဲ့လူဆိုတော့ သူကတော့ပိုပြီး အစဉ်အလာဆန်တယ်။ သူက ဟိုတုန်းကတည်းကလည်း တရုတ်ဆန့်ကျင်ရေးကို တော်တော် ပြင်းပြင်းထန်ထန် လုပ်တယ်။ လက်ရှိမှာလည်း သူပြောတဲ့အချက်တွေ ကြည့်ရတဲ့အခါကျတော့ တော်တော်နားလည်တဲ့ သဘောလည်း ရှိတယ်ပေါ့နော်။

တရုတ်ရဲ့ လွှမ်းမိုးမှု၊ အထူးသဖြင့် တောင်တရုတ်ပင်လယ်အရေးကတော့ အကြမ်းဖျဉ်း နားလည်ကြတယ်ပေါ့။ သို့သော်လည်း တရုတ်ရဲ့ ဩဇာက အရှေ့တောင်အာရှ မှာပါ ကြီးထွားလာတယ်ပေါ့။ ကြီးထွားလာတာ စစ်ရေးတခုတည်း မဟုတ်ဘူးပေါ့နော်။

စီးပွားရေးအရရော သူ့ရဲ့ စီးပွားရေးစင်္ကြံကအစ ဒါတွေ အကုန်လုံးကစပြန်ပြီး ထိန်းညှိရမယ်လို့ ပြောတာတွေ ရှိတာပေါ့နော်။ လက်ရှိမှာလည်း တရုတ်က အာဆီယံမှာ သူ့ရဲ့ဩဇာက တအားကို ကြီးလာတာလေ၊ ကြီးလာတယ်ဆိုတာက အာဆီယံနိုင်ငံတွေ အများစုကတော့ ခြံစည်းရိုး ခွထိုင်တာပေါ့ဗျာ၊ ဘယ်သူလာလာ သူက လှမ်းပြီးတော့ သွားပြုံးပြ၊ သွားဖြဲပြ။

သဘာဝပတ်ဝန်းကျင်ရေးရာ ဝါရင့်ပညာရှင် ဦးဝင်းမျိုးသူ / Win Myo Thu / Facebook

အာဆီယံနိုင်ငံတွေက တောက်လျှောက် ဒီအတိုင်းပဲ ကျင့်သုံးခဲ့တာလေ။ သို့သော် အဲဒီလို ကျင့်သုံးတော့လည်းပဲ ဒါကို တရုတ်ရော အမေရိကန်ရော သိတယ်ပေါ့။ ဒီပေါ်မှာပဲ၊ အထိုင်ပေါ်မှာပဲ ကစားကြပေမယ့် အခုနောက်ပိုင်းမှာတော့ တရုတ်က ပိုပြီးတော့ စီးပွားရေးမက်လုံး ပေးတာကိုး။

ဥပမာ ထိုင်းနိုင်ငံမှာ ဘယ်ပရောဂျက်တွေ လုပ်မယ်၊ မလေးရှားမှာ လုပ်မယ် အစရှိသဖြင့် ပေးတဲ့အခါကျတော့ စီးပွားရေး ဩဇာနဲ့ နယ်မြေအားဖြင့်၊ နီးစပ်မှုအားဖြင့် ပိုပြီးတော့ တရုတ်ဘက်ကို ရွေ့တယ်၊ တရုတ်ဘက်ကို လိုက်ကြတယ်။

စီးပွားရေးအရလည်း အာဏာရအစိုးရတွေက လုပ်တယ်၊ ရွေ့ကြတယ်ဆိုတော့ ကျနော်ထင်တယ်၊ အဲဒါက အာဆီယံ လယ်ဗယ်မှာ တရုတ်ရဲ့လွှမ်းမိုးမှုက imbalance ဖြစ်နေတာပေါ့၊ ဒါတွေကို အလေးထားပြောသွားတာ တွေ့တယ်။

ဒုသမ္မတ လာသော်လည်းပဲ ဒါက သံတမန်ရေးအရ ထိတွေ့မှုလုပ်ရင်းနဲ့ တဖက်ကလည်း တင်းတဲ့ဟာကို တင်းမယ်၊ ဘယ်လို အပေးအယူလုပ်ကြမလဲ ဆိုတဲ့ဟာကို သူတို့ပြောမယ့် သဘောလို့ ကျနော်က ယူဆတယ်။ ချစ်ကြည်ရင်း နှီးသွားတယ်လို့တော့ ယူဆစရာ မရှိဘူး။

အထူးသဖြင့် တရုတ် စီးပွားရေးစင်္ကြံတွေကို ပြောသွားတာရှိတယ်၊ ကုန်သွယ်ရေးမညီမျှမှုတွေ သူပြောသွားတာ ရှိတယ်ဆိုတော့ ဒုသမ္မတ လာသော်လည်းပဲ ဒါက သံတမန်ရေးအရ ထိတွေ့မှုလုပ်ရင်းနဲ့ တဖက်ကလည်း တင်းတဲ့ဟာကို တင်းမယ်၊ ဘယ်လို အပေးအယူလုပ်ကြမလဲ ဆိုတဲ့ဟာကို သူတို့ပြောမယ့် သဘောလို့ ကျနော်က ယူဆတယ်။ ချစ်ကြည်ရင်း နှီးသွားတယ်လို့တော့ ယူဆစရာ မရှိဘူး။

သံတမန်ရေးအရတော့ သူတို့ဆက်ပြီး ထိတွေ့ကြမယ်။ ဆက်ထိတွေ့ကြမယ်ဆိုတာက စိတ်ဝင်စားဖို့ ကောင်းတာကလည်း အမေရိကန်ရဲ့ တကယ့် ကုမ္ပဏီကြီးတွေဖြစ်တဲ့ အီလွန်မတ်စ် ဆိုတာလည်း တရုတ်ပြည်မှာ သူ့ရဲ့အကြီးဆုံး စက်ရုံတွေရှိတာကိုး။

ဒေါ်နယ်ထရမ့် သမ္မတ ကျမ်းကျိန်ပွဲ တရုတ်ဒုသမ္မတ (ဝဲ) တက်ရောက်စဉ်/Getty Images

မကြာသေးခင်ကကို သူတို့ရဲ့ ဘက်ထရီနဲ့ ပတ်သက်တဲ့စက်ရုံဆို အကြီးဆုံးပဲလေ၊ သူဆောက်ထားတာ။ ဒီအပြင် ရေနက်ဆိပ်ကမ်းတွေ ဆောက်ထားတာလည်း ရှိတယ်ဆိုတော့ သူတို့ကို ပြန်ပြီး တရုတ်က ကိုင်လိုက်ပြန်ရင်လည်း၊ အညှာကိုင်လိုက်ရင်လည်း လဲသွားမှာလေ။ တရုတ်လည်း ထိမယ်၊ သို့သော် အမေရိကန် စီးပွားရေးလည်ထိ၊ ကုမ္ပဏီ၊ ကော်ပိုးရေးရှင်းတွေလဲ ထိမှာလေ။

ဒါကြောင့်မို့လို့လည်း အီလွန်မတ်စ်က အင်မတန်လည်တာလေ၊ သူက ထရမ့်ကို ဝင်ပြီးတော့ ထောက်ပံ့တယ်ဆိုတာက သူ့အကျိုးစီးပွားကို ပြည်တွင်းပြည်ပ နှစ်ခုလုံးကို ကာကွယ်ဖို့အတွက်ကို သူက ဝင်လုံးတာလို့ ကျနော်တို့ ယူဆတယ်။

ဘာလို့လဲဆိုတော့ သူက ဆိုလာလုပ်တာဆိုတော့ အမှန်အတိုင်းပြောရရင် ထရမ့်နဲ့တော့ ကဏ္ဋကောစလေ၊ ဟိုက Climate Change (ရာသီဥတုပြောင်းလဲမှု) တို့ ကြိုက်မှ မကြိုက်တာ။ သို့သော် ဒီဘက်က ဒီမိုကရက်တွေက Climate Change နဲ့ ပတ်သက်တဲ့ ဆိုလာကားတို့ ဘာတို့ကို ပံ့ပိုးပေးတာလေ။ အီလွန်မတ်စ် ကိုယ်တိုင်ကလည်း အရမ်းအကျိုးရှိခဲ့တာလေ။ ဘာလို့လဲဆိုတော့ သူ့ပစ္စည်းတွေ မရောင်းခင်မှာ အစိုးရကပေးတဲ့ ထောက်ပံ့မှုတွေနဲ့ သူ့ကားက အမြတ်အစွန်းတွေ တအားများခဲ့တာကိုး။

သို့သော် ဘိုင်ဒင် လက်ထက်မှာ သူ့ကို မပေးဘဲ တခြားကုမ္ပဏီတွေကိုပေးလို့ သူစိတ်တိုတာလည်း ပါတယ်။ နောက်တခုကလည်း သူကြည့်တာက တကယ်လို့ ထိပ်တိုက်တွေ့ခဲ့ရင်၊ ဒီမိုကရက်က တက်လာရင် သူ့အတွက် ဘာပြဿနာမှ မရှိဘူး၊ လုပ်ငန်းတွေကို ပံ့ပိုးမှာပဲ။

သို့သော် ထရမ့်ဘက်က တက်လာပြီးတော့ ဆန့်ကျင်လိုက်ရင် သူ့ရဲ့ တရုတ်အကျိုးစီးပွားတွေပါ ထိသွားနိုင်တယ်၊ ဂျာမနီမှာရှိတဲ့ သူ့အကျိုးစီးပွားတွေပါ ထိသွားနိုင်တယ်လို့ သူမြင်တော့ သူကြိုရင်းပြီးတော့ ထရမ့်ဘက်ကို ပုံတယ်လို့ ကျနော်တို့က တွက်တယ်။

တရုတ်ကလည်း အီလွန်မတ်စ်ကို အသုံးချပြီးတော့ တရုတ်၊ အမေရိကန်နဲ့ ညှိမယ်လို့ အသံတွေ ထွက်လာတာလည်း ရှိတယ်။ ဘယ်လောက်အထိ သုံးမလဲ၊ မသုံးလဲတော့ မသိဘူးပေါ့ဗျာ။

သူက အင်မတန် တွက်ချက်ရတာ၊ ဒါကတော့ သူကတော့လည်တာကိုး။ သူရှိနေတဲ့အတွက် တရုတ်နဲ့အမေရိကန် ကြားမှာလည်း အတိုင်းအတာတခုအထိ ညှိုနှိုင်းမှုတွေရှိမယ်။ တရုတ်ကလည်း အီလွန်မတ်စ်ကို အသုံးချပြီးတော့ တရုတ်၊ အမေရိကန်နဲ့ ညှိမယ်လို့ အသံတွေ ထွက်လာတာလည်း ရှိတယ်။ ဘယ်လောက်အထိ သုံးမလဲ၊ မသုံးလဲတော့ မသိဘူးပေါ့ဗျာ။ အဲဒါမျိုးလုပ်သင့်တယ်။

တချို့ တရုတ် Think Tank တွေက အီလွန်မတ်စ်ရဲ့ အမေပေါ့ဗျာ၊ အီလွန်မတ်စ်ရဲ့ အမေကလည်း တရုတ်ပြည်မှာ သွားပြီးတော့ ဦးဆောင်လှုပ်ရှားတဲ့ အလုပ်တွေရှိတော့ နီးစပ်အောင် လုပ်ပြီးတော့ အမေရိကန်ပေါ်လစီမှာ သိပ်ဆိုးမလာအောင် လုပ်မယ်ဆိုတဲ့ အသံတွေထွက်တာလည်း ရှိတယ်ဆိုတော့ စိတ်ဝင်စားစရာပဲ။ သိပ်တော့ ဆိုးဆိုးရွားရွား ကြီးဖြစ်မှာ မဟုတ်ဘူး။ တဖက်ကကျတော့လည်း သိပ်တော့ အလျှော့ပေးမှာမဟုတ်ဘူး၊ အဲလိုတော့ တွက်မိတယ်။

ဒေါ်နယ်ထရမ့် သမ္မတ ကျမ်းကျိန်ပွဲတွင် နာဇီလို အလေးပြုကြောင်း လူအများဝေဖန်စရာ အီလွန်မတ်၏ အမူအရာ/AFP

မေး ။ ။ အခု အီလွန်မတ်စ်ကိုပါ ဆွဲထည့်လာတော့ ကျနော်တို့ အခု မြန်မာ့မြေရှားသတ္တုကိစ္စနဲ့ပါ သတိထားမိတာပေါ့။ အီလွန်မတ်စ်က လျှပ်စစ်ကားထုတ်လုပ်ရေး ဈေးကွက်မှာ တရုတ်ဆီ သွားပြီးထုတ်လုပ်တော့ အဓိက အဲဒီက လျှပ်စစ်ကားထုတ်လုပ်ရေးမှာ အရေးပါတဲ့ မြေရှားသတ္တုက အမေရိကန်မူဝါဒ ဘယ်လို အပြောင်းအလဲဖြစ်သွားနိုင်လဲ ဆရာ။

ဖြေ ။ ။ အမေရိကန် မူဝါဒက လုံခြုံရေးအရကိုး။ ဒါက နိုင်ငံတော်လုံခြုံရေးနဲ့လည်း ဆိုင်သွားတဲ့အခါကျတော့ လုံခြုံရေးတွေကို ကာကွယ်ရမယ်ဆိုတာ ဘိုင်ဒင်အစိုးရလက်ထက်တုန်းကလည်း ဒီပေါ်လစီကို ချခဲ့တယ်၊ ထရမ့် လက်ထက်မှာလည်း ဆက်ပြီးလုပ်မယ်ပေါ့နော်။ ထရမ့်လက်ထက်မှာ ပိုဆိုးတာက ကုန်သွယ်ရေးပါ ကာမယ်ပေါ့။ ကုန်သွယ်ရေးကိုပါ ပစ်မှတ်ပေါ် တင်ပြီးတော့ တရုတ်လည်စေ့ကို ညှစ်မယ်လို့ စဉ်းစားထားတာကိုး။

အဲဒီတော့ လေ့လာကြည့်သလောက် ထရမ့် ပြောနေတာတွေပေါ့ဗျာ၊ တရုတ်နဲ့ ပတ်သက်ပြီး Deal လုပ်မယ့်၊ အထူးသဖြင့် မြေရှား (သတ္တု) လိုဟာမျိုး သူက နံပါတ် ၁ တချက်။

အမှန်က မြေရှားသတ္တုက အမေရိကန်မှာ တော်တော်ပေါတာ၊ တော်တော်ရှိတာ၊ လန်သနမ် (Lanthanum သတ္တု) ကလည်း မြေရှားတော့ မဟုတ်ဘူးပေါ့လေ။ Lanthanum ကလည်း အရေးကြီးတဲ့ဟာပေါ့၊ ရှိတယ်။ ကျန်တဲ့ သတ္တုတွေ အကုန်ရှိတယ်၊ ဒီမြေရှားနဲ့။ သို့သော် ပတ်ဝန်းကျင် ပျက်စီးပြုန်းတီးလို့ သူတို့က တရုတ်မှာသွားပြီး လုပ်ခိုင်းလိုက်တာလေ၊ လုပ်ပြီးထုတ်တာကိုး။

ထရမ့်က အရင်ဆုံး ကြမ်းမှာက EPA ကို ကြမ်းမှာလေ။ ပြီးခဲ့တဲ့တခေါက် သူတက်တုန်းက EPA ကို အရင်ကိုင်တာ။ EPA ဆိုတာ Environment Protection Agency (သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီ) ပေါ့။ အရင်ဆုံး ဘတ်ဂျက်ဖြတ်တာနဲ့၊ လူပြုတ်တာနဲ့ ပတ်ဝန်းကျင်ဌာနက လုပ်တာ။ ဒီ EPA ကိုအဓိကစောင့်ပြီးကြည့်နေတာက တစ်အချက် Climate Change က ထွက်ဖို့လည်းပါမယ်။

နှစ်အချက်က ရေနံပါမစ်တွေကို ပေးမယ်၊ ပိုက်လိုင်းဖြတ်မယ်ဆို EPA က သွားပြီး တားတာကိုး။ EIA (ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း) လုပ်၊ ဘာလုပ်၊ ဒါတွေဆို ကန့်သတ်တယ်တို့ သူက အဲဒါတွေ မကျေနပ်တာလေ။ ရေနံထုတ်၊ သဘာဝဓာတ်ငွေ့ ထုတ်မယ်ဆို EPA က Regulation (စည်းမျဉ်းစည်းကမ်း) နဲ့ ငြိပြန်ပြီပေါ့ဗျာ။ ဆိုတော့ သူက EPA ကိုဖြိုမှာ၊ အဲဒါတွေကို လျော့သွားအောင်လုပ်မှာပေါ့နော်။ ဘာလို့လဲဆို EPA က ဖက်ဒရယ်အစိုးရရဲ့ အဖွဲ့အနေနဲ့ ထိပ်ကနေ ကိုင်ပြီး လှုပ်တဲ့အခါကျတော့ အောက်က State Government တွေက တချို့ဟာတွေ မလွန်ဆန်နိုင်ဘူး ဖြစ်နေတာပေါ့နော်။

တချို့ ရီပတ်ဘလီကန်တွေ ကြီးစိုးတဲ့ ပြည်နယ်တွေ ရှိပေမယ့် EPA က အထက်ကကိုင်လို့၊ ဒါကြောင့် EPA ကို ဖြိုဖို့ကို စဉ်းစားထားတာပေါ့နော်၊ လုပ်မှာ။ မြေရှားနဲ့ပတ်သက်ရင်လည်း တချို့နေရာမှာ ဆန့်ကျင်တာတွေရှိတော့ ဒါတွေကို သူကဖြိုပြီး ပြည်တွင်းမှာ ထုတ်လုပ်ရေးကို ပေးဖို့လုပ်နေတယ်။

နံပါတ်နှစ်က ဒီအပြင် Alternative Source (တခြားနည်းလမ်းနဲ့ရရှိနိုင်မယ့် ရင်းမြစ်) ပေါ့၊ အထူးသဖြင့် ဩစတြေးလျပေါ့နော်၊ ဩစတြေးလျကနေရဖို့ သူအဓိက မြေရှားကို စပ်ပြီး အတူလုပ်ဖို့ကို ညှိုနှိုင်းနေတာတွေ ရှိတယ်။

သတိထားမိလား မသိဘူး၊ မကြာသေးခင်က Greenland ကို သိမ်းမယ်၊ Greenland ကို ဝယ်မယ်၊ ဝယ်လို့မရရင် သိမ်းမယ်လို့ ပြောတာကို။ အကြောင်းပြချက်တွေက အများကြီးပဲပေါ့။ ရေကြောင်းဆိုင်ရာတွေရော၊ ရေနံ သဘာဝဓာတ်ငွေ့တွေရော၊ မြေရှားလည်းပါတယ်။

သတိထားမိလား မသိဘူး၊ မကြာသေးခင်က Greenland ကို သိမ်းမယ်၊ Greenland ကို ဝယ်မယ်၊ ဝယ်လို့မရရင် သိမ်းမယ်လို့ ပြောတာကို။ အကြောင်းပြချက်တွေက အများကြီးပဲပေါ့။ ရေကြောင်းဆိုင်ရာတွေရော၊ ရေနံ သဘာဝဓာတ်ငွေ့တွေရော၊ မြေရှားလည်းပါတယ်။

Greenland မှာလည်း မြေရှားရှိတယ်ဆိုတော့ Greenland ကို ဒိန်းမတ်ဆီက ဝယ်ရင်လည်းဝယ်၊ မဝယ်ရင်လည်း မရ ရတဲ့နည်းနဲ့ သိမ်းမယ့်ပုံစံမျိုးပေါ့၊ သူတို့က ပြောတယ်ဆိုတော့။ မြေရှားနဲ့ပတ်သက်ပြီး တရုတ်က ပြန်ပြီး ခြိမ်းခြောက်တဲ့ဟာကို ပြန်ပြီး တုံ့ပြန်ဖို့လုပ်နေတဲ့ ပေါ်လစီလို့ ပြောလို့ရတယ်။

တချိန်ထဲမှာလည်း တရုတ်ရဲ့ပစ္စည်းတွေပေါ်မှာလည်း သူတို့ဆီက အမေရိကန်သင်္ဘောတွေ မသွားရအောင်၊ တရုတ်ပဲ ရမသွားအောင် ဘိုင်ဒင်လည်း လုပ်တယ်၊ သူကလည်း ဆက်လုပ်မယ်ပေါ့။ ဒါကတော့ မြေရှားနဲ့ပတ်သက်တဲ့ ထရမ့်ရဲ့ General Policy လို့ ပြောလို့ရတယ်။ ထွက်လာတော့မှ ဘယ်လောက်အထိ အလေးထားပြီး တုံ့ပြန်မလဲ။

ကုန်သွယ်ရေးမညီမျှမှု၊ ပထဝီနိုင်ငံရေး တဖက်စောင်းနင်းဖြစ်မှု ဖြစ်နေတယ်ဆိုတဲ့ မိုက်ခ် ဝေါ့လ်ဇ် ပြောတဲ့ထဲမှာ ပါတာဖြစ်တဲ့အတွက် မြေရှားကို ထည့်မယ်ဆို ထည့်လို့ရတယ်။ သူကတော့ အတိအကျတော့ မပြောသွားဘူးပေါ့။ ဒါပေမယ့်သူသိတာက စီးပွားရေးစင်္ကြံတွေကရော၊ ကုန်သွယ်ရေးကရော၊ ကျန်တဲ့ စစ်ရေးကရော၊ နိုင်ငံရေးတွေကရော မျိုးစုံ လွှမ်းမိုးနေတာကို လျှော့ကိုလျှော့နေတယ်ဆိုတော့။

တရုတ်ပြည် မွန်ဂိုအတွင်းပိုင်းပြည်နယ်တွင် တူးဖော်နေသော မြေရှားသတ္တုတွင်းတခု/The New York Times

နောက်တခုက သူတို့ အလေးပေးပြောသွားတာ အင်ဒိုပစိဖိတ် ပေါ်လစီကို ပြန်ပြီးတော့ ဒီထက် strengthen (အားကောင်း) မယ်လို့ အလေးအနက်ထားပြီး ပြောသွားတယ်။ ကျနော် ပထမ ခန့်မှန်းတာက အင်ဒိုပစိဖိတ်ပေါ်လစီက ပြောရရင် ဒီမိုကရက်တွေက ဦးဆောင်ခဲ့တဲ့ပေါ်လစီ၊ သူတို့ ဒီအပေါ်မှာ သိပ်ပြီး အားထည့်ပါ့မလားလို့ ကျနော် သံသယရှိနေတယ်။ သို့သော် နှစ်ယောက်လုံး ရူဘီအိုရော၊ လုံခြုံရေးအကြံပေး မိုက်ကယ် ဝေါ့လ်ဇ်ကရော သေချာပြောသွားတာ ဖြစ်တဲ့အတွက် အင်ဒိုပစိဖိတ်ထဲမှာ အာဆီယံလည်း ပါသွားတာ။ ဒါကို သူတို့ အလေးထားလုပ်မယ်လို့ ကျနော်ထင်တယ်။

ကုန်သွယ်ရေးမညီမျှမှုပါရင် မြေရှားတွေလည်း ပါလာနိုင်တယ်။ နောက်တခုကကျတော့လည်း မြန်မာပြည်ကထွက်တဲ့ မြေရှား၊ အထူးသဖြင့် မြေရှားက ဒြပ်စင်ထဲမှာ အများကြီးရှိတယ်။ သို့သော် မြန်မာပြည်က အဓိက ထွက်တာက Dysprosium နဲ့ Terbium ဒီနှစ်မျိုးက အဓိက ကမ္ဘာကိုတင်ပို့မှုရဲ့ ၇၀၊ ၈၀ ရာခိုင်နှုန်းလောက်အထိ ထွက်နေတာကိုး။ တရုတ်က ဒါကို သူ့ထဲကို အကုန်သိမ်းကျုံးပြီး ယူနေတာ။ ဒီနှစ်ခုကလည်း တကယ့်အဆင့်မြင့်၊ ကွာလတီမြင့်တဲ့ စစ်ရေးအသုံးအဆောင်နဲ့ ဘက်ထရီတို့၊ ဘက်ထရီကားတို့ သုံးတဲ့နေရာမှာ သုံးတာ။ ကျန်တဲ့ မြေရှားတွေနဲ့လည်း ဘက်ထရီလုပ်လို့ရတယ်။ ဒါပေမယ့် အပူချိန်ဒဏ်ကို မခံနိုင်ဘူး။

ဘက်ထရီကားပြိုင်ပွဲကိုကြည့်ရင် တရုတ်ထုတ်တွေလည်း ဘက်ထရီကား သုံးကြတယ်။ အီလွန်မတ်စ်ကလည်း သုံးတယ်။ အီလွန်မတ်စ်က ဈေးချင်း မယှဉ်နိုင်လို့ ကွာလတီနဲ့၊ ရှိပြီးသား နာမည်နဲ့ ဆက်ထိန်းတာပေါ့ဗျာ။ နာမည်ကြီးတဲ့ ဘရန်းတွေအတွက်က စက်က ချက်ချင်းနှိုးလိုက်တာနဲ့ ကားက ချက်ချင်းနှိုးသွားမယ်၊ တမိနစ်၊ နှစ်မိနစ်လောက်ထဲနဲ့ မိုင်ကို ၁၀၀ လောက်အထိ မောင်းလို့ရမယ်ဆိုတာ နည်းပညာပြဿနာကကျတော့ ဒါက အရမ်းအားကောင်းတဲ့ သံလိုက်လို့ပြောတယ်။ သံလိုက်တွေက ခံနိုင်ရည်လည်းရှိရမယ်၊ မီးလည်း မလောင်ရဘူးပေါ့၊ အပူချိန်ကိုလည်း ခံနိုင်တယ်ဆိုတော့ အဲဒါက Terbium နဲ့ Dysprosium တို့ ရမှဖြစ်တာကိုး။

အဲဒီ သတ္တုရဖို့ လိုတာပေါ့နော်။ ဒါကို မယူဘဲနဲ့ ကျန်အစားထိုး သုံးလို့ရတဲ့ နည်းပညာတွေလည်ရှိတယ်။ အဲဒါကို လုပ်မယ်ဆိုရင် ၃၊ ၄၊ ၅ နှစ် R and D (သုတေသနနဲ့ ဖွံ့ဖြိုးရေး) ပြန်လုပ်နေရဦးမှာဗျာ၊ လက်ရှိ ရှိပြီးသားကို ရအောင်ကြိုးစားတာ။

မြန်မာပြည်ရဲ့ တင်ပို့မှု တရားဝင်က ၆၀ ပေါ့ဗျာ၊ သို့သော်လည်း တရုတ် စာရင်းအင်းအချက်အလက်တွေကလည်း သိပ်စိတ်ချရတာ မဟုတ်ဘူး၊ ဒီထက်ပိုသွားမှာပဲလို့ ယူဆရတာပဲလေ။ တရားမဝင် သစ်ခိုးထုတ်မှုလုပ်တုန်းက အစီရင်ခံစာတွေ ကြည့်တုန်းကဆိုရင် တကယ်သွားနေတာနဲ့ တကယ်အထဲကို ရောက်သွားတဲ့ဟာ တကယ်တခြားစီကိုး။ မြေရှားမှာလည်း ဒီအတိုင်းပဲဖြစ်မှာပဲ။

မြန်မာပြည်ရဲ့ တင်ပို့မှု တရားဝင်က ၆၀ ပေါ့ဗျာ၊ သို့သော်လည်း တရုတ် စာရင်းအင်းအချက်အလက်တွေကလည်း သိပ်စိတ်ချရတာ မဟုတ်ဘူး၊ ဒီထက်ပိုသွားမှာပဲလို့ ယူဆရတာပဲလေ။ တရားမဝင် သစ်ခိုးထုတ်မှုလုပ်တုန်းက အစီရင်ခံစာတွေ ကြည့်တုန်းကဆိုရင် တကယ်သွားနေတာနဲ့ တကယ်အထဲကို ရောက်သွားတဲ့ဟာ တကယ်တခြားစီကိုး။ မြေရှားမှာလည်း ဒီအတိုင်းပဲဖြစ်မှာပဲ။

ထရပ်ကား ၁၀ စီးလာတယ်၊ ဒါ ၁၀ တန်လို့ ပြောပေမယ့် တကယ်တမ်း တန် ၂၀ ဖြစ်မှာပေါ့၊ စာရင်းသွင်းတော့ ၁၀ တန်ပဲ သွင်းမှာပေါ့။ ကောက်ယူတဲ့ တရုတ်ရဲ့ Custom Data (အကောက်ခွန် အချက်အလက်) ဆိုတာလဲ တရားဝင် တင်သွင်းလာတဲ့ ကားအရေအတွက် ပေါ်မှာပဲ သွားတာကိုး။ သို့သော်လည်း တကယ် သွားတာ ပိုမယ်၊ တစီးချင်းမှာလည်း ပိုမယ်၊ ကားတွေလည်း ဖျောက်ထားတာလည်း ဖြစ်နိုင်တာပဲ။ ဒါကြောင့် ၈၀ ရာခိုင်နှုန်းလောက်အထိ ရှိနိုင်တယ်၊ ဒီ သတ္တုနှစ်ခုမှာပေါ့နော်။ ဒါကလည်း အရေးကြီးတယ်ပေါ့ဗျာ။ ဒီဘက်ထရီက ဘက်ထရီကားမှာ တင်သုံးတာ မဟုတ်ဘူး၊ ကျန်တဲ့ သုံးတာတွေ အများကြီးကိုး၊ အများကြီးထဲမှာ စစ်ရေးလည်း ပါတယ်၊ ဆေးဘက်ဆိုင်ရာလည်းပါတယ်။

အမေရိကရဲ့ Export (တင်ပို့မှု) ကို ကြည့်မယ်ဆိုရင် ဘာတွေ Export လုပ်လဲ၊ တနှစ်၊ တနှစ်ကို အမေရိကန်က ပြည်ပကို ပို့တာက ၂ ထရီလီယံ ဒေါ်လာလောက်ရှိတယ်၊ ၂ ထရီလီယံ ဒေါ်လာထဲမှာ ၁ ထရီလီယံက High Teach (အဆင့်မြင့်နည်းပညာသုံး) တွေပေါ့ဗျာ၊ ဘက်ထရီကားတို့၊ ဆေးရုံသုံးပစ္စည်းတို့ MRI (သံလိုက်စွမ်းအားဖြင့် ပုံရိပ်ဖော်ပြီး ရောဂါရှာဖွေမှု) ရိုက်ရင် မဂ္ဂနက်တစ် လိုတာကိုး။ ဒါတွေကို တင်ပို့ရောင်း ချတာလေ။

နောက်တခုက လေရဟတ်တွေ လုပ်တဲ့နေရာတွေမှာ သုံးတယ်။ လေယာဉ်ပျံ စစ်သုံးပစ္စည်းတွေမှာ ဒါတွေက မဖြစ်မနေလိုတယ်။ အဲကောင်တွေက ၁ ထရီလီယံဒေါ်လာလောက် ရှိတယ်။ စောစောကပြောတဲ့ High Teach ဟာတွေကို တောက်လျှောက် သုံးတယ်ပေါ့ဗျာ။ မြန်မာပြည်ကလာတဲ့ Terbium နဲ့ Dysprosium က ဘယ်လောက်ထိ သွားတန်ဖိုးရှိလဲဆိုတာတော့ တွက်ရတာတော့ ခက်တာပေါ့။ အသေးစိတ် ပါတော့ပါတယ်၊ ဘယ်လောက်ပါလဲဆိုတာ ခက်တော့ခက်တာပေါ့။

သို့သော် အကြမ်းဖျဉ်း ခန့်မှန်းရရင်တော့ အနည်းဆုံး ၃၀ ဘီလီယံဒေါ်လာ၊ ၄၀ ဘီလီယံဒေါ်လာ၊ ဒီဒြပ်စင်နှစ်ခု မရနိုင်ရင် အဲလောက်ထိတော့ သူတို့ဆုံးရှုံးနိုင်တဲ့ဟာ ရှိတယ်။ ၃၀ ဘီလီယံဒေါ်လာ၊ ၄၀ ဘီလီယံဒေါ်လာ၊ ဘယ်လိုယူဆလဲ၊ အပြင်ကရလို့ အရေးမကြီးဘူးလို့ ပြောမလား၊ ဘယ်လောက် အလေးထားလဲ၊ မထားလဲ။ လက်ရှိကတော့ ကျိန်းသေတာကတော့ ဒါကို တရုတ်က ချုပ်ကိုင်ထားတယ်။ ဘယ်လိုပေါ်လစီလာမလဲ၊ ကျနော်တို့လည်း မသိဘူးပေါ့။

မေး ။ ။ ကျနော်တို့ဆီမှာ ဆရာခန့်မှန်းသလိုမျိုး ၆၀-၇၀ % လောက် ရှိနေတဲ့အခါမှာကျတော့ အခုလိုမျိုး တရုတ်နဲ့ အမေရိကန် အစိုးရသစ်နဲ့ ဆက်ဆံရေးတွေက မြန်မာ့အရေးမှာ အဓိကျကတဲ့ မြန်မာ့မြေရှားသတ္တုနဲ့ ချိတ်ပြီးတော့ မြန်မာအရေးလှုပ်ရှားသူတွေက စဉ်းစားကြတာပေါ့။ ဆိုတော့ အခု အမေရိကန်နဲ့ တရုတ်နဲ့ ဆက်ဆံရေးသစ်က မြန်မာ့မြေရှားသတ္တု တူးဖော်မှု အနာဂတ်ကို ဘယ်လိုများ သက်ရောက်မှုရှိနိုင်လဲဆရာ။

ဖြေ ။ ။ ဒီတခုထဲကို ဇောင်းပေးပြီးတော့ အမေရိကန်က ပေါ်လစီလုပ်မယ်လို့ မထင်ဘူးလေ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အဓိက ထည့်သွင်းစဉ်းစားမှုက ခြုံပြီးစဉ်းစားတာကိုး။ အထူးသဖြင့် အရေးကြီးတာပေါ့။ လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ရူဘီအိုတို့ နှစ်ယောက်၊ တကယ်က ပေါ်လစီလုပ်တာက လုံခြုံရေးက လုပ်တာကိုး၊ ဂျိတ်ခ် ဆယ်လီဗန် လုပ်တာပေါ့။ အန်တိုနီ ဘလင်ကန်က ရှေ့ထွက်ပြောတာလောက်ပဲ ရှိတယ်။ အဓိက အကြံပေးက ဂျိတ်ခ် ဆယ်လီဗန်ရဲ့ သဘောထားကိုး။ သူက ပညာတတ်ဖြစ်နေတယ်၊ ပညာတတ်ဆိုတော့ လူလိုပဲ စဉ်းစားတယ်။

နောက်တခု ပြဿနာက ဦးသိန်းစိန် အစိုးရကို Impress ရှိတာကိုး၊ လာဖူးတယ်၊ အိုဘားမားလက်ထက်က လာဖူးတယ်ပေါ့ဗျာ။ သူ့ရဲ့ မြန်မာပြည် မြင်တဲ့အမြင်က တမျိုးပေါ့ဗျာ။ အဲဒါကြောင့် လွှတ်ထားတယ်ပေါ့ဗျာ။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
35
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
24
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
159
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်များ/Paul Vrieze

သို့သော် လက်ရှိမှာတော့ တက်လာမယ့် နှစ်ယောက်ကတော့ မြန်မာပြည်အကြောင်း သိတယ်ပေါ့ဗျာ။ လက်ရှိ သူတို့ အလေးပေးပြောနေတဲ့ ပေါ်လစီအချက်တွေက ဒီလွှမ်းမိုးမှုတွေ မြန်မာပြည်မှာ ရှိတယ်ဆိုတာလည်း သိတယ်။ သို့သော် ဒါကိုပဲ ဦးတိုက်ပြီးတော့ Policy formulate (မူဝါဒ ချမှတ်ဖော်ဆောင်) လုပ်မယ်လို့တော့ မထင်ဘူး။

ဒါပေမယ့် လွှမ်းခြုံပြီးတော့ အင်ဒိုပစိဖိတ် ပေါ်လစီကို Strengthen လုပ်မယ်ဆိုတာ သူအလေးပေးပြောတယ်။ သို့သော် အဲဒီထဲမှာမှ သူတို့က ဘယ်လောက်အထိ အသေးစိတ်မလဲ၊ သူတို့ရဲ့လက်ရှိ ပါတနာက ဖိလစ်ပိုင်ကိုး။ ဖိလစ်ပိုင်နဲ့တော့ တောက်လျှောက် စစ်ရေးစခန်းတွေလည်း ရှိတယ်ဆိုတော့ ပိုပြီးတော့ Deal လုပ်ပြီးတော့ တောင်တရုတ်ပင်လယ်မှာ လုပ်မှာဖြစ်တယ်။

ဒီဘက်ကို တနွယ်ငင် တစင်ပါပြီး ကျန်တဲ့ကိစ္စတွေ ဘယ်လောက်သွားလဲ၊ မသွားလဲဆိုတာ ဘယ်လောက် လော်ဘီလုပ်နိုင်လဲပေါ်မှာ မူတည်တယ်။ အခြေခံအားဖြင့် သူတို့သိနေတယ်၊ အရေးကြီးမှန်း သိတယ်။ လော်ဘီလုပ်တဲ့သူက ဘယ်လောက် လော်ဘီလုပ်နိုင်မလဲ၊ သူတို့ ဘယ်လောက်အလေးပေးမလဲဆိုတာ။ ထရမ့်ကတော့ ဘာမှသိမှာ မဟုတ်ဘူး။

သို့သော် ဒီဘက်ကို တနွယ်ငင် တစင်ပါပြီး ကျန်တဲ့ကိစ္စတွေ ဘယ်လောက်သွားလဲ၊ မသွားလဲဆိုတာ ဘယ်လောက် လော်ဘီလုပ်နိုင်လဲပေါ်မှာ မူတည်တယ်။ အခြေခံအားဖြင့် သူတို့သိနေတယ်၊ အရေးကြီးမှန်း သိတယ်။ လော်ဘီလုပ်တဲ့သူက ဘယ်လောက် လော်ဘီလုပ်နိုင်မလဲ၊ သူတို့ ဘယ်လောက်အလေးပေးမလဲဆိုတာ။ ထရမ့်ကတော့ ဘာမှသိမှာ မဟုတ်ဘူး။

ရူဘီအိုဆိုလည်း မြန်မာအရေးနဲ့ ပတ်သက်လို့ ရိုဟင်ဂျာအရေးလောက်ပဲ သူသိတာလေ၊ ရိုဟင်ဂျာလောက်ပဲ အလေးပေးပြောတာကိုး။ လုံခြုံရေးအကြံပေးက သိနေတော့ လော်ဘီလုပ်တဲ့သူတွေက သူတို့ဆီရောက်အောင် သွားနိုင်လား၊ မသွားနိုင်ဘူးလား။ သွားရင်လည်း Composite (ခြုံငုံပေါင်းစပ်) ဖြစ်အောင် ပြောနိုင်လား၊ မပြောနိုင်ဘူးလား၊ သူက အခြေခံ သိထားတာတွေ ရှိတယ်ပေါ့။

တချို့တွေက မြန်မာပြည်တောင် ဘာမှမသိဘူး။ ရယ်စရာပြောနေတာ မတွေ့ဘူးလား။ မြန်မာပြည်တခုတည်း ဇောင်းပေးတဲ့ ပေါ်လစီတခုထဲတော့ လာမှာမဟုတ်ဘူး။ ဒါ ကိုယ်လိုရာဆွဲပြီး တွေးလို့တော့မရဘူး၊ စုပေါင်းပြီး သူရဲ့ အင်ဒို-ပစိဖိတ် ပေါ်လစီထဲမှာတော့ ပါသွားမယ်။ အဲဒီပေါ်မှာမှ အကြောင်းတိုက်ဆိုင်ပြီးတော့ ဘယ်လောက်ထိသွားမလဲ။

သို့သော် စိတ်ဝင်စားဖို့ကောင်းတာက မြန်မာပြည်မှာက လက်ရှိ တရုတ်ရဲ့ ကြေးစားလက်နက်ကိုင်အဖွဲ့တွေပေါ့။ အဲဒါတွေက ထူးခြားဖြစ်စဉ်ပေါ့ဗျာ။ ဒါကိုတော့ CIA (အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့) တို့က စောင့်ကြည့်နေမှာ ကျိန်းသေတယ်။ ဒါတွေက ဂရုစိုက်စရာဖြစ်စေတာတော့ အမှန်ပဲ။ သူတို့က အကုန်လိုက် Blocking (ပိတ်ပင်) မှာကိုး။

ဒီထဲမှာ တောင်တရုတ်ပင်လယ်ဘက်မှာ ဖိအား တင်ရင် ဒီဘက်ကိုလည်း ဖွင့်ထားလို့မှ မဖြစ်တာ။ လက်ရှိမှာက တရုတ်စစ်သင်္ဘောတွေက အမြဲတမ်း ဝင်ထွက်သွားလာနေတာ။ ရေငုပ်သင်္ဘောတွေလည်း ဝင်ထွက်သွားလာနေတယ်လို့လည်း နိုင်ငံတကာသတင်း တွေမှာ ပေါ်နေတာပဲလေ။ အဲဒါတွေ ဘယ်လိုကိုင်တွယ်မလဲ၊ သိနေတယ်။

လုံခြုံရေးအကြံပေး ဘယ်လောက် အရေးပေးလုပ်မလဲဆိုတာကတော့ ကျနော်တို့က ဆက်ပြီးတော့ လေ့လာရမှာပေါ့ဗျာ၊ ကြည့်ရမယ်။ သို့သော်လည်း သူသိနေတယ်ဆိုတဲ့ အချက်ကတော့ရှိတယ်။

မေး ။ ။ မြေရှားသတ္တုတူးဖော်မှုနဲ့ ပတ်သက်ပြီးတော့ပေါ့နော်၊ ဘယ်လောက်အထိ သဘာဝပတ်ဝန်းကျင် ပျက်စီးသွားပြီး ဘယ်လောက်အထိ ဒေသခံတွေရဲ့ လူမှုဘဝတွေပျက်စီးသွားလဲ Global Witness ကနေပြီးတော့ Report တခုထွက်တာပေါ့။ KIA က ဒီဒေသကြီးတခုလုံးကို သိမ်းပိုက်ထားပြီး ဖြစ်တဲ့အတွက်ကြောင့် KIA ရဲ့ လက်ထဲမှာ မြေရှား ထုတ်လုပ်မှု ရောက်သွားပြီလို့ ပြောရမှာပေါ့ဆရာ။ ဆိုတော့ KIA အနေနဲ့ရော မြေရှားထုတ်လုပ်မှုတွေအပေါ်မှာ ဘယ်လို ကိုင်တွယ်သွားမယ်လို့ ဆရာ့အနေနဲ့ သုံးသပ်နိုင်မလဲဆရာ။

ဖြေ ။ ။ သူလည်း ပိုက်ဆံဆက်ပြီး ယူမှာပဲလေ။ ကျနော်မြင်တာက မြေရှားကရတဲ့ငွေက နည်းနည်းနောနောမှ မဟုတ်တာ။ လက်ရှိ ထုတ်နေတဲ့သူတွေနဲ့ပဲ ဆက်ထုတ်သွားမှာပဲလို့ ကျနော်တို့က ထင်တာပဲလေ။ နောက်တခုက ကြားနေရတာတော့ မီဒီယာတွေထဲမှာတင်နေတာ တရုတ်က မြေရှားသတ္တု ထုတ်လုပ်နည်းကို KIA ကို ကူညီဖို့ ကမ်းလှမ်းတယ်တို့ ဘာတို့ ပြောနေတာ တွေ့နေရတာဆိုတော့ ဟုတ်မဟုတ်တော့ မသိဘူးလေ။ ပတ်ဝန်းကျင်ပျက်တာတော့ အမှန်ပဲကိုး။

တရုတ်ထဲမှာသွားလုပ်ရင် ပတ်ဝန်းကျင် ပျက်မှာစိုးလို့ တရုတ်ကုမ္ပဏီက ဒီဘက်လာလုပ်တာကိုး။ ဒီဘက်မှာပါ ပတ်ဝန်းကျင် မပျက်အောင် ထိန်းလိုက်ရင် ဒီမှာလာထုတ်တဲ့ ကုန်ကျစရိတ်က ပိုများသွားမှာပေါ့။ တရုတ်လိုပဲ ဖြစ်သွားမှာကိုး။ ပြီးတော့ ဒီဘက် လက်နက်ကိုင်အဖွဲ့အစည်းတွေကို ပေးရတဲ့ ကုန်ကျစရိတ် ထပ်ပေါင်းလိုက်ရင် ပိုပြီးတောင် တွက်ခြေမကိုက်ဘူး ဖြစ်သွားမှာလေ။

ကျိန်းသေပေါက်ကတော့ KIA က ဒါကို သံတမန်ရေး၊ နိုင်ငံရေးအရ တရုတ်နဲ့ ပြန်ပြီး ရင်ကြားစေ့နိုင်တဲ့သဘော၊ တရုတ်ကို ပြန်ပြီး လွှမ်းမိုးမှုကို တုံ့ပြန်တဲ့အချက်နဲ့ လုပ်တာလည်း ရှိမယ်။ တဖက်ကလည်း ငွေရလိုမှုနဲ့ ဆက်ထုတ်မယ်။ ဆက်ထုတ်မှာကိုတော့ သံသယရှိစရာမလိုဘူး ထင်တယ်။ သူတို့ ဆက်လုပ်ကြမှာပဲ။

သို့သော် သူတို့လိုချင်တဲ့ ရှားပါးဒြပ်စင် လိုချင်လို့ လာရင်တော့ တမျိုးပေါ့နော်။ ဆိုတော့ မပြောတတ်ဘူး။ ဒါတွေက လေထိုးလေလျော် ပြောနေကြတာတွေ ရှိတယ်၊ ကျိန်းသေပေါက်ကတော့ KIA က ဒါကို သံတမန်ရေး၊ နိုင်ငံရေးအရ တရုတ်နဲ့ ပြန်ပြီး ရင်ကြားစေ့နိုင်တဲ့သဘော၊ တရုတ်ကို ပြန်ပြီး လွှမ်းမိုးမှုကို တုံ့ပြန်တဲ့အချက်နဲ့ လုပ်တာလည်း ရှိမယ်။ တဖက်ကလည်း ငွေရလိုမှုနဲ့ ဆက်ထုတ်မယ်။ ဆက်ထုတ်မှာကိုတော့ သံသယရှိစရာမလိုဘူး ထင်တယ်။ သူတို့ ဆက်လုပ်ကြမှာပဲ။

ကချင်ပြည်နယ် တောင်တန်းများပေါ်က မြေရှားသတ္တုတွင်း/Global Witness

မေး ။ ။ ဆိုတော့ ဒီမြေရှားသတ္တုတွေက မြန်မာအေတွက် ရတနာသိုက်လား ဒါမှမဟုတ် ကျိန်စာလား ဆရာ။

ဖြေ ။ ။ မြေရှားသတ္တုကတော့ဗျာ၊ စောနက ပြောသလို့ ကန်ပိုင်တီ၊ ပန်ဝါဒေသမှာတင် ထွက်တာ မဟုတ်ဘူးလေ။ အဓိက မြန်မာပြည်မှာက ဂရင်းနိုက်ကြောကြီးတွေက အများကြီးရှိတယ်။ ဂရင်းနိုက်ကြောကြီးတွေ ရှိနေတဲ့နေရာမှာ မြေရှားသတ္တုတွေ ရှိနိုင်တယ်။ ဒါက တိုင်းပြည်အတွက် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်လာမှာပေါ့နော်။

လက်ရှိမှာတော့ ပတ်ဝန်းကျင်လည်း ပျက်စီးပြုန်းတီးတယ်၊ ရလာတဲ့ငွေတွေကလည်း ဖွံ့ဖြိုးရေးထက် ကျန်တဲ့နေရာတွေကို သွားတယ်။ ဒီကြားထဲလည်း ကိုယ်ကျိုးစီးပွားရှာတဲ့သူတွေဆီ သွားတယ်၊ ဆိုတော့ အဟောသိကံဖြစ်သွားတာ နှမြောစရာကြီး။

ဒီမြေရှားသတ္တုကပဲ ကျနော်တို့ ကြမ္မာဆိုးတွေ ပိုပြီးတော့ ဖန်တီးစေတယ်။ တဖက်ကလည်း ဒါကို ကောင်းကောင်း အသုံးချနိုင်ရင်တော့လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အနာဂတ်ပေါ့ဗျာ၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဖြစ်စေတယ်။ ဘာလို့လဲဆို ပြီးခဲ့တဲ့ သုံးနှစ်၊ လေးနှစ်က တရုတ်ကိုပို့တဲ့ Export Data တွေကြည့်ရင် ကြောက်ခမန်းလိလိ ကျနော်တို့ တခါမှ တွက်မထားတဲ့ ထင်မထားလောက်အောင် များတယ်ပေါ့။ ထင်မထားလောက်အောင်ကို ဝင်ငွေက တော်တော်များတာပဲ၊ တိုင်းပြည်ကို တကယ့် အထောက်အပံ့ပြုနိုင်တဲ့ဟာပေါ့နော်၊ ကျနော်မြင်တယ်။

ကျောက်စိမ်းလိုပဲ၊ ကျောက်စိမ်းတုန်းကလည်း ကျနော်တို့ EITI (မြန်မာနိုင်ငံ တွင်းထွက်သယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး) မှာ လုပ်ခဲ့တုန်းကလည်း အစိုးရဒေတာမှာ ၂ ဘီလီယံပဲ ဖော်တယ်၊ Global Witness က ဘီလီယံ ၃၀ ဖော်တယ်၊ အဲဒီလောက်လည်း ဟုတ်ချင်မှ ဟုတ်မယ်ပေါ့နော်။ အနည်းဆုံးကတော့ ဘီလီယံ ၂၀ လောက်ရှိမယ်။ လက်ရှိ ရှိတဲ့ တရုတ်စာရင်းဇယားတွေ အရမှာကို မြေရှားတို့၊ ကျန်တဲ့သတ္တုတွေ စုစုပေါင်း ပို့တာတင် ၁၄ ဘီလီယံလောက် ရှိနေတယ်၊ ဂက်စ်ထက်တောင် များနေသေးတယ်။

ဒီ Issue ကြီးက ဆက်ရှိမယ်၊ ဒီပေါ်မှာပဲ နိုင်ငံရေးက ဒီသဘာဝအရင်းအမြစ်ကို ချုပ်ကိုင်ဖို့ ကြိုးစားမယ်၊ အာဏာရှိတဲ့သူ၊ လက်နက်ရှိတဲ့သူတွေက ဆက်ပြီး ကြိုးစားနေတာက ကျနော်တို့ Conflict (ပဋိပက္ခ) တွေပဲ ဆက်ဖြစ်နေမှာပဲ။ ဖက်ဒရယ်တည်ထောင်ရေးမှာ ကိုယ်အသာစီးရရေး၊ ကိုယ့်နယ်မြေစိုးမိုးရေး၊ ဒီပေါ်မှာပဲ အခြေဆက်ပြုနေဦးမယ် ထင်တယ်။ ဘယ်သူမှတော့ ကိုယ်ရပြီးသားကို လျှော့ပြီး ရော့လို့ ပြန်ပေးမယ့်သူ တယောက်မှ မရှိဘူးထင်တယ်။ လိုချင်လို့ တိုက်ယူထားကြတာပဲလေ။

စကစ (စစ်ကောင်စီ) ပဲဖြစ်ဖြစ်၊ ကျန်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဒီဟာတွေပေါ်မှာ ဆက် Control (ထိန်းချုပ်) လုပ်ထားဖို့ သူတို့ အားထုတ်ကြမှာပဲပေါ့ဗျာ။ ဖက်ဒရယ်ညှိုနှိုင်းပွဲတွေမှာ ဒါတွေကို ပြောပေမယ့်လည်း လက်ရှိ အကျိုးခံစားရတဲ့သူက မလျှော့ချင်ဘူးပေါ့နော်။ မလျှော့ချင်တဲ့သဘောရှိတာဆိုတော့ ဒါကပဲ ကျနော်တို့အတွက် ကျိန်စာသင့်နေတဲ့ သယံဇာတလို ဖြစ်နေတယ်ပေါ့

ဆိုလိုတာက စကစ (စစ်ကောင်စီ) ပဲဖြစ်ဖြစ်၊ ကျန်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဒီဟာတွေပေါ်မှာ ဆက် Control (ထိန်းချုပ်) လုပ်ထားဖို့ သူတို့ အားထုတ်ကြမှာပဲပေါ့ဗျာ။ ဖက်ဒရယ်ညှိုနှိုင်းပွဲတွေမှာ ဒါတွေကို ပြောပေမယ့်လည်း လက်ရှိ အကျိုးခံစားရတဲ့သူက မလျှော့ချင်ဘူးပေါ့နော်။ မလျှော့ချင်တဲ့သဘောရှိတာဆိုတော့ ဒါကပဲ ကျနော်တို့အတွက် ကျိန်စာသင့်နေတဲ့ သယံဇာတလို ဖြစ်နေတယ်ပေါ့ဗျာ၊ အဲဒါတွေကို ဘယ်လိုဆက်ပြီး ကိုင်တွယ်သွားမလဲဆိုတာ ကျနော်တို့တွေအတွက်ကတော့ ခေါင်းခြောက်စရာပဲလို့ ပြောချင်ပါတယ်။

You may also like these stories:

မြန်မာ့မြေရှားသတ္တုက ရတနာသိုက်လား ကျိန်စာလား (ရုပ်/သံ)

ဒေါ်နယ်ထရမ့်နဲ့ တရုတ်တို့ ဆက်ဆံရေးကြားက မြန်မာ့မြေရှားသတ္တု (ရုပ်/သံ)

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

ထရမ့် ခန့်မည့် ကာကွယ်ရေးဝန်ကြီးက အာဆီယံနိုင်ငံများကို မသိသော်လည်း

တရုတ်အပေါ် သဘောထားတင်းမာသူများ ထရမ့်အစိုးရတွင် ဦးဆောင်ခန့်ထား

ဒေါ်နယ်ထရမ့်၊ တရုတ်နဲ့ မြန်မာ အရွေ့ (ရုပ်/သံ)

မြန်မာ့အရေး ထရမ့်ထံမှ မျှော်လင့်ချက်မထားသည်သာ အကောင်းဆုံး

Your Thoughts …
Tags: KIAတရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဒေါ်နယ်ထရမ့်ပထဝီနိုင်ငံရေးမြေရှားသတ္တုရိုဟင်ဂျာသဘာဝပတ်ဝန်းကျင်အမေရိကန်အရေးယူပိတ်ဆို့မှုအာဆီယံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

Next Post
ဒီမိုကရေစီအတွက် စိုးရိမ်စရာကောင်းတယ် (ရုပ်/သံ)

ဒီမိုကရေစီအတွက် စိုးရိမ်စရာကောင်းတယ် (ရုပ်/သံ)

ထရမ့်၏ မြန်မာမူဝါဒ ဖြစ်နိုင်ခြေကို အမေရိကန်သံတမန်ဟောင်း သုံးသပ်ချက်

ထရမ့်၏ မြန်မာမူဝါဒ ဖြစ်နိုင်ခြေကို အမေရိကန်သံတမန်ဟောင်း သုံးသပ်ချက်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved