၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ရဲ့ အဆင့်သစ်တခုကို ရောက်ရှိလာခဲ့ပါတယ်။ ဒီအဆင့်ဟာ မြန်မာစစ်ကောင်စီအတွက် မကြုံစဖူး နယ်မြေဆုံးရှုံးမှုတွေ၊ စစ်သည်အင်အားနဲ့ အဖွဲ့အစည်းဆိုင်ရာ စည်းလုံးညီညွတ်မှုတွေမှာ သိသိသာသာ အားနည်းမှုတွေနဲ့ ပြည့်နှက်နေပါတယ်။
ဒီလို အားနည်းနေတဲ့ အခြေအနေမှာ စစ်တပ်ဟာ သူတို့နဲ့ မဟာမိတ်ဖြစ်တဲ့ ပြည်သူ့စစ်တွေကို ပိုပြီး အားကိုးလာပါတယ်။ အထင်ရှားဆုံးကတော့ ကရင်ပြည်နယ်က နယ်ခြားစောင့်တပ် (BGF) (ဒေသတွင်းမှာ ကရင်အမျိုးသားတပ်မတော်၊ KNA လို့ ပြန်လည်အမည်ပြောင်းထား) နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တို့ ဖြစ်ပါတယ်။ တခြားနေရာတွေမှာတော့ ပအိုဝ်းအမျိုးသားတပ်မတော် (PNA)၊ ရှမ်းနီအမျိုးသားတပ်မတော် (SNA) နဲ့ ပျူစောထီးအရန်တပ်ဖွဲ့တွေလည်း ပါဝင်ပါတယ်။
ဒီမဟာမိတ်ဖွဲ့မှုတွေကနေ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးစီးပွားရေးအရ မြန်မာနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေကို ကျော်လွန်ပြီး ခေတ်မီ အဆင့်မြင့် လိမ်လည်မှုစင်တာတွေရဲ့ အဓိကဗဟိုချက်ဖြစ်လာခဲ့ပါတယ်။
မကြာသေးမီက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတခုအရ ၂၀၂၁ ခုနှစ်ကတည်းက မြန်မာ-ထိုင်း နယ်စပ်တလျှောက်၊ အထူးသဖြင့် ကရင်ပြည်နယ် မြဝတီအနီးက ကျားဖြန့်စင်တာတွေဟာ နှစ်ဆကျော် တိုးလာပြီး တလကို ၁၃.၅ ဧကနှုန်းနဲ့ ကျယ်ပြန့်လာနေတယ်လို့ ဖော်ပြထားပါတယ်။
မကြာသေးမီက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတခုအရ ၂၀၂၁ ခုနှစ်ကတည်းက မြန်မာ-ထိုင်း နယ်စပ်တလျှောက်၊ အထူးသဖြင့် ကရင်ပြည်နယ် မြဝတီအနီးက ကျားဖြန့်စင်တာတွေဟာ နှစ်ဆကျော် တိုးလာပြီး တလကို ၁၃.၅ ဧကနှုန်းနဲ့ ကျယ်ပြန့်လာနေတယ်လို့ ဖော်ပြထားပါတယ်။
ကေကေပတ်ခ် (KK Park) နဲ့ ရွှေကုက္ကို (Shwe Kokko) လို လုံခြုံရေးတင်းကျပ်တဲ့ အဆောက်အအုံတွေဟာ “ကုမ္ပဏီမြို့” တွေလိုမျိုး ခြံစည်းရိုးတွေ၊ ကင်းစခန်းတွေ၊ အဆောင်တွေနဲ့ ထောက်ပံ့ရေးစနစ်တွေ ပါရှိပါတယ်။ ထိုင်းဘက်ခြမ်းက မြစ်ကူးနေရာတွေ၊ ဂိုဒေါင်တွေ၊ မီးစက်တွေနဲ့ ဂြိုလ်တုအင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတာတွေနဲ့ ထောက်ပံ့ထားပါတယ်။
အာဏာမသိမ်းခင်က ဒီလိမ်လည်မှုတွေရဲ့ ဗဟိုချက်ဟာ မြန်မာစစ်တပ်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ကိုးကန့်နယ်ခြားစောင့်တပ် အောက်မှာရှိတဲ့ တရုတ်-မြန်မာ နယ်စပ်မှာ တည်ရှိခဲ့ပါတယ်။ စစ်ဆင်ရေး ၁၀၂၇ ထိုးစစ်တွေနဲ့ နောက်ဆက်တွဲ တရုတ်ရဲ့ ဖိအားပေးမှုတွေက ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ မြောက်ပိုင်းက ကျားဖြန့်လုပ်ငန်းကို ကောင်းစွာ အနှောင့်အယှက်ပေးနိုင်ခဲ့လို့ အဲ့ဒီ ကျားဖြန့်အဖွဲ့အစည်းတွေဟာ မြန်မာတောင်ပိုင်း (ထိုင်း-မြန်မာ နယ်စပ်ဒေသ) ကို ရွှေ့ပြောင်းစေခဲ့ပါတယ်။ အချုပ်အားဖြင့်ဆိုရရင် တရုပ်ဖိအားက ဒီလုပ်ငန်းကို နေရာရွှေ့လိုက်တာသာ ဖြစ်ပြီး၊ လုံးဝဖျက်ဆီးပစ်နိုင်ခဲ့ခြင်း မရှိပါဘူး။
ဒီလို တိုးချဲ့လာရတဲ့ အကြောင်းရင်း သုံးခုရှိပါတယ်။ ပထမတခုကတော့ လုံခြုံရေးနဲ့ အကာအကွယ်အတွက် ရတဲ့ အခွင့်အရေးများပဲ ဖြစ်ပါတယ်။ စစ်တပ်က နယ်မြေအချုပ်အခြာအာဏာ မထိန်းချုပ်နိုင်တဲ့ နေရာတွေမှာ သူ့ရဲ့ မဟာမိတ် လက်နက်ကိုင်တပ်တွေက ဒေသ “အမိန့်” ကို အကောင်အထည်ဖော်ပေးပါတယ်။ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူတွေက မြေနေရာ၊ လျှပ်စစ်နဲ့ ဆက်သွယ်ရေးတွေအတွက် လက်လှမ်းမီနိုင်အောင် လုပ်ဆောင်ပြီး၊ ဒေသခံ လက်နက်ကိုင်တပ်၊ နယ်ခြားစောင့်တပ်တွေကတော့ အကာအကွယ်ပေးခွင့်၊ အခွန်တွေ၊ ဝန်ဆောင်မှုတွေ ပေးခြင်းနဲ့ ငွေရှာကြပါတယ်။ ဒီအချက်ကြောင့် လိမ်လည်မှုလုပ်ငန်းတွေဟာ တနေရာမှာ နှိမ်နင်းခံရရင် တခြားတခုကို ရွှေ့ပြောင်းပြီး ထွက်ပြေးနိုင်စွမ်း ရှိလာပါတယ်။
ဒုတိယအချက်ကတော့ အဓမ္မလုပ်အား ဖြစ်ပါတယ်။ လုပ်အားလိုအပ်ချက်ကို လူကုန်ကူးပြီး အတင်းအကျပ် ရာဇဝတ်မှု ကျူးလွန်စေခြင်းဖြင့် ဖြည့်ဆည်းကြပါတယ်။ ဒါတွေဟာ လှည့်ဖြားပြီး ခေါ်ယူခြင်း၊ စာရွက်စာတမ်းတွေ သိမ်းဆည်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ အလုပ်သမားတွေကို ပြန်ရောင်းချခြင်း၊ နဲ့ နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းခြင်းတွေပဲ ဖြစ်ပါတယ်။ ဒီလို အဓမ္မလုပ်အားပုံစံက ကုန်ကျစရိတ်ကို နိမ့်ကျစေပြီး၊ ထုတ်လုပ်မှုကို အင်နဲ့အားနဲ့ လုပ်ဆောင်နိုင်စေပါတယ်။

တတိယအချက်ကတော့ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုစနစ် ပဲ ဖြစ်ပါတယ်။ မြေအောက်ဘဏ်လုပ်ငန်းတွေ၊ crypto ငွေကြေး ဝယ်ရောင်းလုပ်ငန်းတွေနဲ့ stablecoin အပ်နှံဝန်ဆောင်မှုတွေလိုမျိုး စနစ်တွေက နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုနဲ့ ငွေကြေးလှည့်ပတ်မှုကို လျင်မြန်စေပြီး၊ တရားစီရင်ရေးက လက်လှမ်းမမှီအောင် ဆောင်ရွက်ထားကြပါတယ်။
ဒီနေ့ခေတ် စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ ပြည်သူ့စစ်လုပ်ငန်းတွေမှာ သမိုင်းကြောင်း ရှိပါတယ်။ ဗိုလ်နေဝင်းလက်ထက်က ကာကွယ်ရေးစနစ်ဟာ ဒေသခံပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ရန်ကို ကာကွယ်ပေးတဲ့ buffer တွေအဖြစ် အသုံးပြုခဲ့ပါတယ်။ ဒီအတွက် ရွှေတြိဂံ ဒေသက ဘိန်းလိုမျိုး တရားမဝင်ကုန်သွယ်မှုတွေမှာ ဒီကာကွယ်ရေးတပ်ဖွဲ့တွေကို လွတ်လပ်ခွင့်ပေးခဲ့ပါတယ်။
ဒီနေ့ခေတ် စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ ပြည်သူ့စစ်လုပ်ငန်းတွေမှာ သမိုင်းကြောင်း ရှိပါတယ်။ ဗိုလ်နေဝင်းလက်ထက်က ကာကွယ်ရေးစနစ်ဟာ ဒေသခံပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ရန်ကို ကာကွယ်ပေးတဲ့ buffer တွေအဖြစ် အသုံးပြုခဲ့ပါတယ်။ ဒီအတွက် ရွှေတြိဂံ ဒေသက ဘိန်းလိုမျိုး တရားမဝင်ကုန်သွယ်မှုတွေမှာ ဒီကာကွယ်ရေးတပ်ဖွဲ့တွေကို လွတ်လပ်ခွင့်ပေးခဲ့ပါတယ်။
လော်စစ်ဟန် လို ပုဂ္ဂိုလ်တွေဟာ ဘိန်းကုန်ကူး ဘိန်းဖြူထုတ်လုပ်မှုလို ရာဇဝတ်မှုကနေရတဲ့ ငွေကြေးတွေကနေ မြန်မာနိုင်ငံမှာ နိုင်ငံရေးအာဏာကို ဘယ်လို ရယူနိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။ အဲဒီကနေ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အေးရှားဝေါလ်ဒ် (Asia World) လုပ်ငန်းကြီး ပေါ်ထွက်လာခဲ့ပါတယ်။ ဒီအခြေအနေက နိုင်ငံတော်ရဲ့ လုံခြုံရေးလိုအပ်ချက်နဲ့ တရားမဝင်လုပ်ငန်းတွေ ရောယှက်နေတဲ့ ခိုင်မာတဲ့ပုံစံတစ်ခုကို မြန်မာနိုင်ငံမှာ ဖန်တီးပေးခဲ့ပါတယ်။
၂၀၀၉ ခုနှစ်မှာ ကြေညာခဲ့တဲ့ နယ်ခြားစောင့်တပ်စနစ်ကတော့ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေကို မြန်မာစစ်တပ်ရဲ့ ဗဟိုကွပ်ကဲမှုအောက်က အရန်ယူနစ်တွေအဖြစ် ပြောင်းလဲဖို့ ကြိုးစားခဲ့ခြင်းဖြင့် ဒီလို တရားမဝင်လုပ်ငန်းတွေနဲ့ အပေးအယူလုပ်ကြတဲ့ အစိတ်အပိုင်းတွေကို တရားဝင်ဖြစ်စေခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒီပြည်သူ့စစ်စီးပွားရေးဟာ မူးယစ်ဆေးဝါးကနေ အွန်လိုင်းလောင်းကစားနဲ့ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေအထိ ကျယ်ပြန့်လာခဲ့ပါတယ်။
ကရင်ပြည်နယ်က အဖွဲ့တွေအတွက်တော့ ဒစ်ဂျစ်တယ်လိမ်လည်မှုတွေဟာ အထူးဆွဲဆောင်မှုရှိပါတယ်။ ဒီလုပ်ငန်းတွေဟာ မြေလိုအပ်ချက် နည်းပါးပြီး၊ ရုပ်ပိုင်းဆိုင်ရာ မှောင်ခိုလမ်းကြောင်းတွေထက် နယ်စပ်ဖြတ်ကျော် ဒစ်ဂျစ်တယ်လမ်းကြောင်းတွေကို အသုံးချနိုင်လို့ ဖြစ်ပါတယ်။
KNA/ကရင် BGF နဲ့ DKBA ရဲ့ အစိတ်အပိုင်းတွေဟာ အခုအခါမှာ အရေးကြီးတဲ့ လမ်းဆုံလမ်းခွတွေမှာ တည်ရှိနေပြီး မြေပိုင်ဆိုင်ခွင့်တွေကို ထိန်းချုပ်ထားတယ်၊ အဆောက်အအုံတွေကို လုံခြုံရေးယူပေးတယ်၊ သုံးစွဲနိုင်တဲ့ အသုံးအဆောင်တွေကို လွယ်ကူချောမွေ့အောင် လုပ်ဆောင်ပေးတယ်၊ ပြီးတော့ ထိုင်းနယ်စပ်ဖြတ်ကျော်သွားလာမှုတွေအပေါ် အခွန်ကောက်ခံနေကြပါတယ်။
ဘိန်းဖြူချက်စခန်းတွေကနေ ဒီလုပ်ငန်းတွေဆီကို ပြောင်းလဲလာတာဟာ တူညီတဲ့ နိုင်ငံတော်-ပြည်သူ့စစ် ဈေးကွက်အတွင်းမှာ နည်းပညာနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလာခြင်းပဲ ဖြစ်ပါတယ်။
ဘိန်းဖြူချက်စခန်းတွေကနေ ဒီလုပ်ငန်းတွေဆီကို ပြောင်းလဲလာတာဟာ တူညီတဲ့ နိုင်ငံတော်-ပြည်သူ့စစ် ဈေးကွက်အတွင်းမှာ နည်းပညာနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလာခြင်းပဲ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုက KNA နဲ့ ဆက်စပ်အဖွဲ့အစည်းတွေကို ရွှေကုက္ကိုအခြေစိုက် လိမ်လည်မှုလုပ်ငန်းတွေကို ကာကွယ်ပေးတာနဲ့ အကျိုးအမြတ်ရယူတာတွေကြောင့် အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အမေရိကန်အာဏာပိုင်တွေရဲ့ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာတင် အမေရိကန်နိုင်ငံသားတွေဟာ အရှေ့တောင်အာရှအခြေစိုက် လိမ်လည်မှုတွေကြောင့် ဒေါ်လာ ၁၀ ဘီလီယံကျော် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ဒါတွေဟာ မြန်မာအခြေစိုက် လိမ်လည်မှုလုပ်ငန်းတွေအပေါ် ပထမဆုံး အနောက်နိုင်ငံတွေရဲ့ အရေးယူမှုတော့ မဟုတ်ပါဘူး။ ဥရောပသမဂ္ဂကလည်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှာ မြန်မာအခြေစိုက် လိမ်လည်မှုတွေနဲ့ ဆက်စပ်နေတဲ့ ပုဂ္ဂိုလ် သုံးဦးနဲ့ အဖွဲ့အစည်းတစ်ခုကို စာရင်းသွင်းခဲ့ပြီး၊ KNA နဲ့ ဆက်စပ်ပတ်သက်သူတွေလည်း ပါဝင်ခဲ့ပါတယ်။

အမေရိကန်ကလည်း ၂၀၂၅ ခုနှစ်၊ မေလမှာ KNA နဲ့ ရွှေကုက္ကိုနဲ့ ဆက်စပ်တဲ့ ခေါင်းဆောင်တွေကို သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး၊ ဆိုက်ဘာလိမ်လည်မှုဂိတ်ဝတွေကို ကာကွယ်ပေးတာနဲ့ အကျိုးအမြတ်ရယူတာတွေမှာ ပြည်သူ့စစ်ရဲ့ အခန်းကဏ္ဍကို ကိုးကားခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံအတွင်းမှာတော့ ဒီပုံစံအပေါ် ခံနိုင်ရည်ရှိမှုကြောင့် ချက်ချင်းအကျိုးသက်ရောက်မှုက အကန့်အသတ်ပဲ ရှိပါတယ်။ ၂၀၂၅ ခုနှစ်အစောပိုင်းမှာ ထိုင်းအစိုးရက လျှပ်စစ်နဲ့ လောင်စာဆီထောက်ပံ့မှုတွေကို ဖြတ်တောက်လိုက်တဲ့အခါမှာ မီးစက်တွေနဲ့ ဂြိုလ်တုဂိတ်အများအပြားက အချိန်တိုအတွင်းမှာပဲ ဒီလုပ်ငန်းတွေကို ပြန်လည် လည်ပတ်စေနိုင်ခဲ့ပါတယ်။
အရေးယူပိတ်ဆို့မှုတွေက ကုန်ကျစရိတ်ကို မြင့်တက်စေပြီး နိုင်ငံတကာငွေကြေးစနစ်ကို ရှုပ်ထွေးစေပေမယ့်၊ ဒေသတွင်းနိုင်ငံရေး အပေးအယူတွေနဲ့ အခြားငွေပေးချေမှုကွန်ရက်တွေ မပျက်စီးသေးသရွေ့ လုပ်ငန်းလည်ပတ်မှု အဓိကအချက်အချာက ဆက်ရှိနေဦးမှာပါ။
အရေးယူပိတ်ဆို့မှုတွေက ကုန်ကျစရိတ်ကို မြင့်တက်စေပြီး နိုင်ငံတကာငွေကြေးစနစ်ကို ရှုပ်ထွေးစေပေမယ့်၊ ဒေသတွင်းနိုင်ငံရေး အပေးအယူတွေနဲ့ အခြားငွေပေးချေမှုကွန်ရက်တွေ မပျက်စီးသေးသရွေ့ လုပ်ငန်းလည်ပတ်မှု အဓိကအချက်အချာက ဆက်ရှိနေဦးမှာပါ။
ဒီလအစောပိုင်းမှာ KNA နဲ့ DKBA ထဲက ပုဂ္ဂိုလ်တွေဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ကရင်ပြည်နယ်မှာ စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လုံခြုံရေးကူညီပေးဖို့ အသင့်ရှိကြောင်း အချက်ပြခဲ့ကြပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ မြဝတီအနီးက အာရှအဝေးပြေးလမ်းမကြီး အမှတ် ၁ နဲ့ သံဃန်းညီနောင်ပတ်ဝန်းကျင်က နေရာတွေကို KNA ရဲ့ အထောက်အပံ့နဲ့ မြန်မာစစ်တပ်က တပ်မတွေက ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
ဒီနေရာတွေဟာ KNU နဲ့ PDF တပ်ဖွဲ့တွေက လပေါင်းများစွာ သိမ်းပိုက်ထားခဲ့တဲ့ နေရာတွေ ဖြစ်ပါတယ်။ ပထမအဆင့် ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အချိန်ဇယားမှာ ဖာပွန်၊ မြဝတီနဲ့ သံတောင်ကြီးတို့ ပါဝင်ပြီး ဒါဟာ မဲမပေးခင်မှာ ကုန်သွယ်မှုနဲ့ သွားလာရေးအတွက် အရေးပါတဲ့ စင်္ကြံလမ်းတွေကို တည်ငြိမ်အောင် လုပ်ဆောင်ဖို့ ဦးစားပေးနေတာကို ဖော်ပြနေပါတယ်။
ဒေသခံပြည်သူ့စစ်တွေအတွက်တော့ ရွေးကောက်ပွဲကာလတွင်း စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုက အနာဂတ်မှာ သူတို့ရဲ့ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နိုင်မယ့် နေရာ (နယ်ပယ်) အတွက် ယုံကြည်စိတ်ချရတဲ့ မျှော်လင့်ချက်တွေကို အချက်ပြနေပါတယ်။ ဆိုလိုတာက သူတို့ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ တရားမဝင်လုပ်ငန်းတွေကို ဆက်လက် ခွင့်ပြုသွားမယ်ဆိုတာပါပဲ။
ရွေးကောက်ပွဲတွေအပြီးမှာ တရုတ်နဲ့ အိန္ဒိယ၊ နောက်ပြီး ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားလို အာဆီယံနိုင်ငံအချို့ကပါ အသိအမှတ်ပြုတာ ဒါမှမဟုတ် တရားဝင် ထိတွေ့ဆက်ဆံမှုတွေ နက်ရှိုင်းလာမယ်ဆိုရင် မြန်မာနိုင်ငံအတွင်းမှာ တရားဝင်မှုမရှိဘဲနဲ့ကို စစ်အုပ်စုဟာ ဒေသတွင်းနဲ့ ပြင်ပမှာ တရားဝင်မှုကို အတိုင်းအတာတခုထိ ရရှိလာပါလိမ့်မယ်။ ဖြစ်လာနိုင်တဲ့ ရလဒ်ကတော့ လက်ရှိ မြန်မာစစ်တပ်နဲ့ သူ့ရဲ့ ပြည်သူ့စစ် (နယ်ခြားစောင့်တပ်) တွေအကြား အပေးအယူတွေ ပိုမိုခိုင်မာလာခြင်းပဲ ဖြစ်ပါလိမ့်မယ်။
ဒါက နောက်ဆက်တွဲ အကျိုးသက်ရောက်မှု အများအပြား ရှိလာစေပါမယ်။ အကယ်၍ စစ်အုပ်စုအတွက် လုံခြုံရေးအာမခံချက်တွေ ခိုင်မာလာမယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအတွက် နယ်စပ်ဖြတ်ကျော် ကယ်ဆယ်ရေးတွေ လုပ်ဆောင်ဖို့ ဒါမှမဟုတ် အပြန်အလှန် ဥပဒေရေးရာအကူအညီတွေ ပေးဖို့အတွက် မျှော်မှန်းထားတဲ့ နိုင်ငံရေး၊ ဥပဒေရေးရာနဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကုန်ကျစရိတ်တွေ တိုးလာမှာဖြစ်ပြီး အဲဒီလို ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အခွင့်အရေးနဲ့ အကျယ်အဝန်းကို လျှော့ချပစ်မှာ ဖြစ်ပါတယ်။
နယ်မြေအနှံ့အပြား ကျားဖြန့်လုပ်ငန်း ပျံ့နှံ့မှုတွေလည်း ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်၊ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူတွေဟာ နယ်စပ်ဒေသတွေကနေ စစ်တပ်ရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်က မြို့နယ်တွေနဲ့ မြို့ပြက စီးပွားရေးအဆောက်အအုံတွေဆီကို ပြောင်းရွှေ့လာနိုင်ကြမှာ ဖြစ်လို့ နိုင်ငံခြားအစိုးရတွေက ခြေရာခံဖို့နဲ့ ပူးပေါင်းပါဝင်တဲ့ စီးနင်းမှုတွေ လုပ်ဆောင်ဖို့ ပိုပြီး ခက်ခဲလာပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ ဘဏ္ဍာရေးဆိုင်ရာ လိုက်လျောညီထွေဖြစ်မှုတွေက ဆက်လက်ဖြစ်ပေါ်နေမှာဖြစ်ပြီး crypto ငွေကြေးဝယ်ရောင်းလုပ်ငန်းတွေနဲ့ stablecoin အပ်နှံဝန်ဆောင်မှုတွေက ဘယ်တခုတည်းသော စည်းမျဉ်းဆိုင်ရာ နှိမ်နင်းမှုကနေမဆို ငွေကြေးစီးဆင်းမှုကို ပိုမို ခိုင်ခံ့စေမှာပဲ ဖြစ်ပါတယ်။ အာဏာပိုင်တွေဟာ အွန်လိုင်းလိမ်လည်မှုစင်တာတွေကို နှောင့်ယှက်တာ ဒါမှမဟုတ် နေရာပြောင်းရွှေ့စေတာမျိုး အောင်မြင်နိုင်ပေမယ့် သူတို့ကို လုံးဝဖျက်သိမ်းပစ်ဖို့တော့ ရုန်းကန်ရမှာပါ။
စစ်တပ်ရဲ့ လာမယ့်ရွေးကောက်ပွဲဟာ ဒီမိုကရေစီစံနှုန်းတွေ၊ အပြည်ပြည်ဆိုင်ရာက စံထားတဲ့ ရွေးကောက်ပွဲစံနှုန်းတွေကို လုံးဝပြည့်မီမှာ မဟုတ်ဘဲ အခြေခံအားဖြင့် စနစ်တကျ လိမ်လည်မယ့် ရွေးကောက်ပွဲ တခုပဲ ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ စစ်တပ်အာဏာကို ခိုင်မာအောင်လုပ်ဖို့ဖြစ်ပြီး ဖြစ်နိုင်တဲ့နေရာမှာ ဗဟိုချုပ်ကိုင်မှုကို တင်းကျပ်ဖို့နဲ့ လိုအပ်တဲ့နေရာမှာ ဒေသခံပြည်သူ့စစ်တွေနဲ့ အပေးအယူတွေကို တရားဝင်ဖြစ်စေဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်လာခဲ့ရင် ဒေသခံ စစ်ဘုရင်တွေ၊ အထူးသဖြင့် ကရင်ပြည်နယ်မှာ အမြစ်တွယ်နေသူတွေဟာ ပိုမိုကြီးမားတဲ့ သြဇာလွှမ်းမိုးမှုကို ရရှိလာဖို့ နေရာယူထားပြီးသား ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ စစ်တပ်အာဏာကို ခိုင်မာအောင်လုပ်ဖို့ဖြစ်ပြီး ဖြစ်နိုင်တဲ့နေရာမှာ ဗဟိုချုပ်ကိုင်မှုကို တင်းကျပ်ဖို့နဲ့ လိုအပ်တဲ့နေရာမှာ ဒေသခံပြည်သူ့စစ်တွေနဲ့ အပေးအယူတွေကို တရားဝင်ဖြစ်စေဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်လာခဲ့ရင် ဒေသခံ စစ်ဘုရင်တွေ၊ အထူးသဖြင့် ကရင်ပြည်နယ်မှာ အမြစ်တွယ်နေသူတွေဟာ ပိုမိုကြီးမားတဲ့ သြဇာလွှမ်းမိုးမှုကို ရရှိလာဖို့ နေရာယူထားပြီးသား ဖြစ်ပါတယ်။
လက်တွေ့ကျကျပြောရရင် ဒါဟာ လိမ်လည်မှုစင်တာတွေအတွက် ပိုမိုလွတ်လပ်တဲ့ ပတ်ဝန်းကျင်တခု၊ လုံခြုံရေးအာမံချက် ပိုမိုရှိလာစေမှာ ဖြစ်ပြီး တရားမဝင် ဝင်ငွေတွေ မြန်မာ့စီးပွားရေးထဲမှာ ပိုမိုနက်ရှိုင်းစွာ ရောယှက်လာမှု၊ ကျားဖြန့်သားကောင်တွေကို ကယ်ဆယ်ရေးနဲ့ နယ်စပ်ဖြတ်ကျော် ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပိုမိုကြီးမားတဲ့ အတားအဆီးတွေ ရှိလာမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။
(ဒေါက်တာထွန်းအောင်ရွှေသည် ပြည်သူ့ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှု၊ လူမှုရေးစည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုတို့တွင် အတွေ့အကြုံ ၂၅ နှစ်ကျော်ရှိသည့် ဖွံ့ဖြိုးရေးပညာရှင်ဖြစ်သည်။ ၂၀၂၁ ခုနှစ်မှစ၍ သြစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ The Diplomat ပါ From Scam Centers to Scam State: The Road to Myanmar’s Scam Election ဆောင်းပါးကို စာရေးသူကိုယ်တိုင် ဘာသာပြန်ပြီး ဆိုရှယ်မီဒီယာတွင် ဖော်ပြထားခြင်းအား တဆင့်ကူးယူ ပြန်လည်ဖော်ပြပါသည်။)
You may also like these stories:
ဆိုက်ဘာငွေလိမ်ဂိုဏ်းများနဲ့ မင်းအောင်လှိုင်
ကရင့်တော်လှန်ရေးသမားမှ ရာဇဝတ်ဂိုဏ်းချုပ်ဖြစ်လာသော စောချစ်သူ
လူ ၁ သိန်းခန့် ကုန်ကူးထားတဲ့ မြန်မာငွေလိမ်လုပ်ငန်းတွေ ဆက်ကြီးထွားနေ
ကမ္ဘောဒီးယားနှင့် မြန်မာရှိ ငွေလိမ်ဂိုဏ်းများနောက်ကွယ်မှ ကုမ္ပဏီများကို အမေရိကန် အရေးယူ
မြန်မာငွေလိမ်လုပ်ငန်းများသည် ကမ္ဘာ့ ခြိမ်းခြောက်မှုဖြစ်သည်
ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း














