မြန်မာသည် ကြီးထွားနေသော ဆိုက်ဘာလိမ်လည်မှုလုပ်ငန်း၏ ဗဟိုချက် အလျင်အမြန် ဖြစ်လာနေသည်။ ထိုလုပ်ငန်းသည် ၂၀၂၁ ခုနှစ်ကတည်းက နိုင်ငံတွင် ဖြစ်ပွားနေသည့် အာဏာသိမ်း ကာလအလွန် အရွေ့များနှင့် နက်ရှိုင်းစွာ ဆက်နွယ်နေသော အကျပ်အတည်းဖြစ်သည်။ ယခုအခါ ထိုလုပ်ငန်းသည် ယခင်မကြုံဖူးသည့် ကမ္ဘာ့ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်မှုဖြစ်လာသည်။
ထိုကိစ္စသည် ဆိုက်ဘာ သို့မဟုတ် စီးပွားရေးပြဿနာတခု သက်သက်မဟုတ်ဘဲ မသမာသော လိမ်လည်မှုလုပ်နိုင်စေရန် လူကုန်ကူးခြင်းနှင့် အတင်းအကျပ် လုပ်အားစေခိုင်းခြင်းကို မှီခိုနေသော လူသားမျိုးနွယ်စုအပေါ် ကျရောက်သည့် ကပ်ဆိုးဖြစ်သည်။ ထိုအခြေအနေက ပြည်တွင်းပဋိပက္ခနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ လိမ်လည်မှုအင်ပါယာ တည်ဆောက်ရန် မည်သို့ပတ်သက်နေသည်ကို ပြသည်။
၂၀၂၁ ခုနှစ်မှစတင်ပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် သီးသန့်ငွေလိမ်ခြံဝင်းများ ၁၁ ခုမှ ၃၀ သို့ ပေါက်ကွဲကြီးထွားလာပြီး လွန်ခဲ့သော လေးနှစ်အတွင်း တလလျှင် ၁၃.၅ ဧက (၅၄,၀၀၀ စတုရန်းမီတာ) ပျမ်းမျှ တည်ဆောက်နေသည်ကို သြစတြေးလျ သေနင်္ဂဗျူဟာမူဝါဒ အင်စတီကျု (ASPI) ၏ အစီရင်ခံစာသစ် Scamland Myanmar က ဖော်ပြသည်။
၂၀၂၁ ခုနှစ်မှစတင်ပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် သီးသန့်ငွေလိမ်ခြံဝင်းများ ၁၁ ခုမှ ၃၀ သို့ ပေါက်ကွဲကြီးထွားလာပြီး လွန်ခဲ့သော လေးနှစ်အတွင်း တလလျှင် ၁၃.၅ ဧက (၅၄,၀၀၀ စတုရန်းမီတာ) ပျမ်းမျှ တည်ဆောက်နေသည်ကို သြစတြေးလျ သေနင်္ဂဗျူဟာမူဝါဒ အင်စတီကျု (ASPI) ၏ အစီရင်ခံစာသစ် Scamland Myanmar က ဖော်ပြသည်။
မြန်မာစစ်အုပ်စုသည် ထိုပြဿနာနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု လည်ပတ်မှုစနစ် ဆက်လက်တည်ရှိနေခြင်း၏ ဗဟိုချက်ဖြစ်သည်။ ထိုခြံဝင်းများကို အတိအလင်း ခွင့်ပြုထားပြီး စစ်အုပ်စု၏ မဟာမိတ်များ ကြွယ်ဝချမ်းသာစေရန် စစ်အုပ်စုက အဆင်ပြေအောင် လုပ်ပေးသည်။
စစ်အုပ်စု၏ နယ်မြေထိန်းချုပ်မှုနှင့် စီမံအုပ်ချုပ်မှု လက်လှမ်းမီမှုနှင့်အတူ ပြိုကွဲသွားသော အစဉ်အလာ အကျိုးစီးပွားကွန်ရက်များကို ထိုငွေလိမ်လုပ်ငန်းဖြင့် အစားထိုးလိုက်သည်။ စစ်အုပ်စုသည် သေရေးရှင်ရေးအတွက် တိုက်ခိုက်နေရသည်ဟု မြင်နေသမျှကာလပတ်လုံး ထိုကျယ်ပြန့်သည် ငွေလိမ်လုပ်ငန်းကွန်ရက်ကို ဖြိုခွဲရန် အဆုံးအဖြတ်ကျသည့်လုပ်ရပ်များ လုပ်ရန် စိတ်အားထက်သန်မည် မဟုတ်သကဲ့သို့ လုပ်နိုင်စွမ်းလည်း မရှိပေ။
လက်တွေ့တွင် ၂၀၂၅ ခုနှစ် တနှစ်လုံး၌ ထိုငွေလိမ်လုပ်ငန်းများသည် မြန်မာစစ်တပ်နှင့် ပတ်သက်သည့် လက်နက်ကိုင်များ စီမံအုပ်ချုပ်သည့် နယ်မြေများတွင်သာမက မြန်မာစစ်တပ်၏ တိုက်ရိုက်ထိန်းချုပ်မှု အောက်တွင်ရှိသော နယ်မြေအတွင်းသို့ သိသိသာသာ တိုးချဲ့လာသည်။
ထိုလူသားချင်းစာနာမှုနှင့် ဆိုက်ဘာအကျပ်အတည်း၏ အတိုင်းအတာ လွန်စွာကြီးမားသည်။ နယ်စပ်ဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများတွင် လူ ၂ သိန်းကျော်ကို အတင်းအကျပ်လုပ်အား စေခိုင်းနေပြီး ကမ္ဘာတဝန်းမှ လိမ်လည်ခံရသူများအတွက် ဒေါ်လာသန်းထောင်ပေါင်းများစွာ ဆုံးရှုံးစေသည်ဟု ခန့်မှန်းရသည်။
ထိုလုပ်ငန်းများသည် ကြုံသလို ယာယီလည်ပတ်နေသည့် လုပ်ငန်းများမဟုတ်ကြောင်း ကျယ်ပြန့်သော ဂြိုဟ်တုဓာတ်ပုံလေ့လာမှုများဖြင့် အထက်ပါအစီရင်ခံစာက ဖော်ပြသည်။ ငွေလိမ်ခြံဝင်းများကို တံတိုင်းများ၊ ကင်းမျှော်စင်များ၊ စစ်ဆေးရေးစခန်းများနှင့် ကြီးမားသော ထောက်လှမ်းရေးကွန်ရက်များဖြင့် လုံခြုံအောင် အခိုင်အမာ ပြုလုပ်ထားသည်။
ထိုလုပ်ငန်းများသည် ကြုံသလို ယာယီလည်ပတ်နေသည့် လုပ်ငန်းများမဟုတ်ကြောင်း ကျယ်ပြန့်သော ဂြိုဟ်တုဓာတ်ပုံလေ့လာမှုများဖြင့် အထက်ပါအစီရင်ခံစာက ဖော်ပြသည်။ ငွေလိမ်ခြံဝင်းများကို တံတိုင်းများ၊ ကင်းမျှော်စင်များ၊ စစ်ဆေးရေးစခန်းများနှင့် ကြီးမားသော ထောက်လှမ်းရေးကွန်ရက်များဖြင့် လုံခြုံအောင် အခိုင်အမာ ပြုလုပ်ထားသည်။

ထိုခြံဝင်း အများအပြားတွင် သီးသန့် အခိုင်အမာ ကူးတို့ဆိပ်များရှိပြီး သောင်ရင်းမြစ်တဖက်ကမ်းရှိ ထိုင်းမှ ပုဂ္ဂလိက သင်္ဘောဆိပ်များနှင့် ချိတ်ဆက်ကာ တရားဝင် နယ်စပ်ဂိတ်များကိုရှောင်ကွင်းပြီး အတင်းအကျပ် လူကုန်ကူးခြင်းကို အဆင်ပြေချောမွေ့အောင် ပြုလုပ်ပေးသည်။
ထိုလုပ်ငန်းများသည် မယုံကြည်နိုင်စရာကောင်းလောက်အောင် အခြေအနေနှင့် လိုက်ပါပြောင်းလဲနေသည်။ ထိုခြံဝင်းများသည် ကနဦးက တရုတ်-မြန်မာနယ်စပ်တွင် စုဝေးနေသော်လည်း တရုတ်နိုင်ငံနှင့် တရုတ်-မြန်မာနယ်စပ်နေရာ အများစုကို ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် သိမ်းပိုက်လိုက်သည့် မြန်မာ့တော်လှန်ရေးအင်အားစုများ၏ ဖြိုခွဲမှုကြောင့် လောက်ကိုင် ကဲ့သို့သော အဓိကနေရာများမှ ငွေလိမ်လုပ်ငန်းများ အကြီးအကျယ်ဖြိုခွဲခံရသည်။
သို့သော် ထိုအောင်မြင်မှုသည် ပြဿနာကို အခြားနေရာများသို့ တွန်းပို့လိုက်သည်။ ထိုလုပ်ငန်း၏ ဗဟိုချက်သည် တောင်ပိုင်းသို့ ရွှေ့ပြောင်းသွားပြီး ထိုင်းနယ်စပ်သို့ရောက်ကာ အမြဲတမ်း တိုးပွားနေသည့် ခြံဝင်းများကွန်ရက်သည် နယ်စပ်တလျှောက် မြဝတီမှ ဘုရားသုံးဆူ နယ်စပ်ဂိတ်အထိ ရောက်သည်။
လုပ်ငန်းများကို အပြည့်အဝ သက်ရောက်မှု မရှိသော်လည်း ယခုနှစ်တွင် ပိုမိုများပြားလာသည့် ဖိအားသည် ထိုလုပ်ငန်း၏ ခြေလှမ်းများကို မြန်မာစစ်တပ်နှင့် ၎င်း၏ လက်နက်ကိုင်လက်အောက်ခံတို့ ထိန်းချုပ်မှုအောက်ရှိ နေရာများသို့ ထပ်မံပျံ့နှံ့စေသည်။
ကြီးမားပြီး သီးသန့်ဖြစ်သည့် ခြံဝင်းကြီးများရှိသော်လည်း ထိုလုပ်ငန်းသည် နေရာကျယ်ကျယ် မလိုပေ။ ရုံးခန်းလွတ်တခု၊ အင်တာနက်အဆက်အသွယ်နှင့် ခွင့်ပြုပေးသည့် တရားဥပဒေစိုးမိုးရေးအသိုက်အဝန်း ရှိပါက မည်သည့်မြို့ကြီး မြို့ငယ်မှမဆို ငွေလိမ်လုပ်ငန်း လုပ်နိုင်သည်။
ကြီးမားပြီး သီးသန့်ဖြစ်သည့် ခြံဝင်းကြီးများရှိသော်လည်း ထိုလုပ်ငန်းသည် နေရာကျယ်ကျယ် မလိုပေ။ ရုံးခန်းလွတ်တခု၊ အင်တာနက်အဆက်အသွယ်နှင့် ခွင့်ပြုပေးသည့် တရားဥပဒေစိုးမိုးရေးအသိုက်အဝန်း ရှိပါက မည်သည့်မြို့ကြီး မြို့ငယ်မှမဆို ငွေလိမ်လုပ်ငန်း လုပ်နိုင်သည်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ရုံးခန်းလွတ် ထောင်ပေါင်းများစွာ ရှိနေသည်။ မြန်မာမှ အကြီးဆုံးမြို့များဖြစ်သည့် ရန်ကုန်နှင့် မန္တလေးရှိ ထိုသို့သော အဆောက်အအုံများမှ ငွေလိမ်လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု မကြာသေးမီက သတင်းများတွင် ဖော်ပြနေသည်။
လက်ရှိအချိန်အထိ အားထုတ်မှုအားလုံး၏ ရလဒ်မှာ “ဖြတ်တောက်ပြီး အမြစ်ဖြတ်ခြင်း” မဟုတ်ဘဲ “ဖြတ်တောက်ပြီး နေရာရွှေ့ပြောင်းခြင်း” သာ ဖြစ်နေသည်။ ဒေသဆိုင်ရာအစိုးရများနှင့် နိုင်ငံစုံ အဖွဲ့အစည်းများသည် ထိုငွေလိမ်လုပ်ငန်း ထွန်းကားခွင့်ပေးသည့် အခြေအနေများကို သြဇာလွှမ်းမိုးရန် ယနေ့အချိန်အထိ ပျက်ကွက်နေသည်။ မြန်မာစစ်အုပ်စုနှင့် နှစ်ဖက် ထိတွေ့ဆက်ဆံမှုဖြင့် ထိုအခြေအနေများ ပြောင်းလဲမည် မဟုတ်ပေ။
ထိုသို့လုပ်မည့်အစား ထိုဘက်စုံခြိမ်းခြောက်မှုကို တိုက်ဖျက်ရန် မူဝါဒချမှတ်သူများနှင့် နိုင်ငံတကာအဖွဲ့အစည်းများသည် နိုင်ငံတော်ကို ဗဟိုမပြုသည့် ကျယ်ပြန့်သော သေနင်္ဂဗျူဟာကို ချမှတ်သင့်ပြီး အတိုက်အခံများ၊ အထူးသဖြင့် ထိုလုပ်ငန်းကို ဆန့်ကျင်တိုက်ဖျက်သည့် မှတ်တမ်းရှိသော အတိုက်အခံများနှင့် အကျိုးရှိသော ထိတွေ့ဆက်ဆံမှုကို အားပေးသင့်သည်။
ထိုင်းနိုင်ငံနှင့် နယ်စပ်တလျှောက်တွင် အဓိက မိတ်ဖက်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဖြစ်ပြီး KNU သည် ထိုငွေလိမ်လုပ်ငန်း ဆောင်ရွက်စေနိုင်ခဲ့သည့် သမိုင်းရှိသော်လည်း ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ငွေလိမ်လုပ်ငန်းများကို တာဝန်မခံတော့ဘဲ ကျယ်ကျယ်ပြန့်ပြန့် တိုက်ဖျက်သည်။
ထိုထိတွေ့ဆက်ဆံမှုသည် စစ်ကောင်စီမဟာမိတ် လက်နက်ကိုင်များ ထိန်းချုပ်ဒေသများအတွက် အကျိုးရှိပြီး ရေရှည်တည်တံ့သည့် စီးပွားရေးရည်မှန်းချက်ကို အားပေးကာ လက်နက်ကိုင်စစ်အုပ်စု တည်ရှိမှုနှင့် ငွေလိမ်လုပ်ငန်းများ ဆက်လက်လည်ပတ်မှုကို ပယ်ချပြီး စစ်ကောင်စီမဟာမိတ် လက်နက်ကိုင်များနှင့် အတိုက်အခံများအကြား ဆွေးနွေးမှုများကို အဆင်ပြေချောမွေ့စေသင့်သည်။
ထိုင်းနိုင်ငံအနေဖြင့်လည်း ထိုင်းပိုင်နက်မှ မြန်မာသို့ လူကုန်ကူးသည့်လုပ်ငန်းကို ဖြစ်စေနိုင်သည့် ဆက်ထုံးများနှင့် လမ်းကြောင်းများကို ပိတ်ရန်အတွက် ပိုမိုကျယ်ပြန့်သော တရားဥပဒေစိုးမိုးရေး သေနင်္ဂဗျူဟာတခု အကောင်အထည်ဖော်သင့်သည်။
ထိုင်းနိုင်ငံအနေဖြင့်လည်း ထိုင်းပိုင်နက်မှ မြန်မာသို့ လူကုန်ကူးသည့်လုပ်ငန်းကို ဖြစ်စေနိုင်သည့် ဆက်ထုံးများနှင့် လမ်းကြောင်းများကို ပိတ်ရန်အတွက် ပိုမိုကျယ်ပြန့်သော တရားဥပဒေစိုးမိုးရေး သေနင်္ဂဗျူဟာတခု အကောင်အထည်ဖော်သင့်သည်။
မြန်မာမှ ငွေလိမ်လုပ်ငန်းဒေသများသို့ အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုပေးခြင်းဖြစ်သည့် ဓာတ်အားနှင့်လောင်စာကို ကန့်သတ်ရန် ထိုင်း၏ အားထုတ်မှုများသည် ယာယီသက်ရောက်မှုသာရှိပြီး ငွေလိမ်လုပ်ငန်းများသည် မီးစက်များနှင့် စတားလင့်ခ် အင်တာနက်များကို အသုံးပြုပြောင်းလဲကြသည်။

ထိုင်းအာဏာပိုင်များအနေဖြင့် နယ်စပ်အာဏာပိုင်များကို ရှောင်ကွင်းရန် လူကုန်ကူးသူများကို ခွင့်ပြုသည့် နယ်စပ်ဖြတ်ကျော် အခြေခံအဆောက်အအုံများကို ပိတ်ပစ်ရန် ကြိုးစားသင့်သည်။
အားလုံးစုပေါင်းပြီး အစိုးရအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်များနှင့် နိုင်ငံများသည် ထိုကွန်ရက်များကို ဖျက်သိမ်းရေး၊ နယ်စပ်ဖြတ်ကျော် လူကုန်ကူးခြင်းကို တားဆီးရေးကို ရည်ရွယ်သည့် လုပ်ငန်းများကို ရန်ပုံငွေနှင့် ထောက်ပံ့မှုတိုးမြှင့်ရန် ညှိနှိုင်းသင့်သည်။
အကြံပြုချက်များရှိသော်လည်း မြန်မာစစ်အုပ်စုက ထိုလုပ်ငန်းကို အဆင်ပြေချောမွေ့စေရန် ဆက်လက် ကူညီနေပါက ထွန်းကားနေသည့် ဆိုက်ဘာလိမ်လည်မှု အင်ပါယာကို ကျယ်ကျယ်ပြန့်ပြန့် လျှော့ချရန် မဖြစ်နိုင်ပေ။
စစ်အုပ်စုသည် လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များ၏ သစ္စာခံမှုကို လုံးလုံးလျားလျား မှီခိုနေရသမျှ ကာလပတ်လုံး ငွေလိမ်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် လုပ်ကိုင်ပေးမည်ဖြစ်သည်။ ပြင်ပမူဝါဒများထက် စစ်ကာလ နိုင်ငံရေးဘောဂဗေဒက ငွေလိမ်မြေဖြစ်နေသည့် မြန်မာကို မည်မျှအောင်မြင်စေမည်ကို အဆုံးအဖြတ်ပေးသည်။
စစ်အုပ်စုသည် လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များ၏ သစ္စာခံမှုကို လုံးလုံးလျားလျား မှီခိုနေရသမျှ ကာလပတ်လုံး ငွေလိမ်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် လုပ်ကိုင်ပေးမည်ဖြစ်သည်။ ပြင်ပမူဝါဒများထက် စစ်ကာလ နိုင်ငံရေးဘောဂဗေဒက ငွေလိမ်မြေဖြစ်နေသည့် မြန်မာကို မည်မျှအောင်မြင်စေမည်ကို အဆုံးအဖြတ်ပေးသည်။
သို့သော် ဒေသအနေဖြင့် မြန်မာပြည်တွင်းစစ်ကို ဖြေရှင်းနိုင်ချိန် စောင့်နေရန်မလိုဘဲ စစ်အုပ်စုသည်လည်း နိုင်ငံကို လုံးဝထိန်းချုပ်မှုရရန် ကျိုးကြောင်းဆီလျော်သော လမ်းကြောင်းမရှိပေ။
မူဝါဒချမှတ်သူများက ငွေလိမ်လုပ်ငန်း လည်ပတ်နိုင်စေသည့် အခြေခံအခြေအနေများကို တိုက်ရိုက်ဖြေရှင်းသော သေနင်္ဂဗျူဟာ မချမှတ်ဘဲ တော်လှန်ရေးအင်အားစုအတွင်းမှ ယုံကြည်နိုင်သော မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ဦးစားမပေးပါက ထိုနယ်စပ်ဖြတ်ကျော် ရာဇဝတ်ကွန်ရက်သည် ဒေသကို ဆက်လက် မတည်မငြိမ်ဖြစ်စေပြီး သိန်းနှင့်ချီသော ပြည်သူများကို သားကောင်အဖြစ် ကျရောက်စေကာ တကမ္ဘာလုံးမှ ဆိုက်ဘာလုံခြုံရေးကို ဆက်လက် ခြိမ်းခြောက်နေမည်ဖြစ်သည်။
(ASPI ပါ Nathan Ruser ၏ Cyberfraud epicentre: Myanmar scam centres are a global cyber and humanitarian threat ကို ဘာသာပြန်သည်။ နသန် ရူဆာသည် ASPI တွင် open source ရသည့် ဒေတာအချက်အလက်များကို စိစစ်သရုပ်ခွဲသူဖြစ်သည်။)
You may also like these stories:
အွန်လိုင်းငွေလိမ်ရန် အခိုင်းခံရသူများ ထိုင်း-မြန်မာ နယ်စပ်တွင် သောင်တင်
ဆိုက်ဘာငွေလိမ်ဂိုဏ်းများနဲ့ မင်းအောင်လှိုင်
ညှဉ်းပန်းရိုက်နှက်မှုများအကြောင်း ငွေလိမ်ဂိုဏ်းများမှ လွတ်မြောက်လာသူများ ပြော
တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ
ကရင့်တော်လှန်ရေးသမားမှ ရာဇဝတ်ဂိုဏ်းချုပ်ဖြစ်လာသော စောချစ်သူ
ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း













