• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်ထောက်ခံမှုနဲ့ ရင်းနှီးမြှုပ်နှံမှု ရဖို့ စကမဝန်ကြီးချုပ် ကြိုးစား

by မောင်ကဝိ
18 September 2025
in သတင်း
A A
တရုတ်ထောက်ခံမှုနဲ့ ရင်းနှီးမြှုပ်နှံမှု ရဖို့ စကမဝန်ကြီးချုပ် ကြိုးစား

စက်တင်ဘာ ၁၆ ရက် နန်နင်းတွင် တရုတ် ဒုသမ္မတ ဟန်ကျန်နှင့် စကမဝန်ကြီးချုပ် ညိုစော တွေ့ဆုံစဉ်/Xinhua

944
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်ကို သွားရောက်ပြီး တပတ်အကြာမှာ မြန်မာစစ်အုပ်စုခန့် ဝန်ကြီးချုပ် ညိုစောဟာ ၂၂ ကြိမ်မြောက် တရုတ်-ASEAN ကုန်စည်ပြပွဲနဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲအတွက် နန်နင်းကို သွားတယ်။ အဲဒီခရီးအတွင်း သူက တရုတ်နဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကို အာရုံစိုက်ပြီး မင်းအောင်လှိုင်ခရီးစဉ်အတွင်း ရရှိထားတဲ့ သဘောတူညီချက်ကို ဆက်အကောင်အထည်ဖေါ်ဖို့ ကြိုးစားတယ်။

ဝန်ကြီးချုပ်အဖြစ် ပထမဆုံး ပြည်ပခရီးမှာ ညိုစောဟာ တရုတ် ဒုသမ္မတ ဟန်ကျန်၊ ကွမ်ရှီကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရုတ်ကွန်မြူနစ်ပါတီ (CPC) အတွင်းရေးမှူး ချန်ဂန်နဲ့ တရုတ်စီးပွားရေး ခေါင်းဆောင်တွေနဲ့ တွေ့တယ်။

ဗိုလ်ချုပ်ကြီးဟောင်း ညိုစောဟာ မင်းအောင်လှိုင်ရဲ့ လူယုံဖြစ်တယ်လို့ မြင်ကြတယ်။ သူ့ကို ၂၀၂၃ ခုနှစ်မှာ စစ်ခေါင်းဆောင်ရဲ့ စီးပွားရေးအကြံပေးအဖြစ်ခန့်အပ်ခဲ့ပြီး သူ့မိသားစုရဲ့ စီးပွားရေးအကျိုးစီးပွားကို ကာကွယ်ဖို့ တာဝန်ပေးခဲ့တယ်။ ဝန်ကြီးချုပ်မဖြစ်ခင်က သူဟာ စစ်တပ်ပိုင်လုပ်ငန်းစု မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) မှာ ဥက္ကဋ္ဌ ဖြစ်ပြီး အင်းဝဘဏ်နဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) မှာအဆင့်မြင့်ရာထူးတွေ ရယူထားတယ်။ အဲဒီလုပ်ငန်း ၂ ခုလုံးကိုလည်း စစ်တပ်က ပိုင်တယ်။

သူ့ကိုယ်စားလှယ်အဖွဲ့မှာ စက်မှုနဲ့ ကျန်းမာရေးဝန်ကြီးတွေနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နဲ့နယ်စပ်ထိနေတဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်တို့ ပါဝင်တယ်။ ၂၂ ကြိမ်မြောက် တရုတ်-ASEAN ကုန်စည်ပြပွဲနဲ့ စီးပွားရေး ထိပ်သီးဆွေးနွေးပွဲက ဗုဒ္ဓဟူးနေ့က စတင်တယ်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
89
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

တရုတ်ဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နဲ့ပတ်သက်တဲ့ အစည်းအဝေးတွေမှာ စင်ပေးပြီး ကမ္ဘာ့အများစုက ရှောင်ရှားတဲ့ မြန်မာစစ်အုပ်စုကို နိုင်ငံတကာမြင်သာမှုပေးတယ်လို့ နိုင်ငံရေး သုတေသီတယောက်က ပြောတယ်။

အခုလအစောပိုင်းမှာ တရုတ်သမ္မတရှီကျင့်ဖျင်က အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်နိုင်ငံကို ဖိတ်လို့ သူဟာ အဲဒီမှာ နိုင်ငံတကာခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရတယ်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးဆွေးနွေးပွဲနဲ့ ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဝါဒကို အောင်ပွဲရတဲ့ နှစ် ၈၀ ပြည့်အခမ်းအနားကို ဖိတ်ကြားတာဟာ စစ်ခေါင်းဆောင်ကို ရုရှားနဲ့ မြောက်ကိုရီးယားက သူ့လို အာဏာရှင်တွေအပါအဝင် ပြည်ပအစိုးရတွေက ခေါင်းဆောင်တွေကြားမှာ ဝင်ရောဖို့ ဖြစ်စေတယ်။

နန်နင်းဟာ မြန်မာနိုင်ငံနဲ့ နီးကပ်ပြီး နှစ်စဉ် တရုတ်-ASEAN ကုန်စည်ပြပွဲကို လက်ခံကျင်းပတဲ့နေရာဖြစ်လို့ အဲဒီ အခမ်းအနားဟာ ငွေပြတ်နေတဲ့ စစ်အုပ်စုအတွက် စီးပွားရေးအခွင့်အလမ်းရှာဖို့ အဓိကစင်မြင့်ဖြစ်တယ်။

ကွမ်ရှီကျွမ်း တရုတ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူးနဲ့ တနင်္ဂနွေနေ့ ဆွေးနွေးပွဲအတွင်း ညိုစောက စိုက်ပျိုးရေးနဲ့ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးတယ်။

အင်္ဂါနေ့မှာ ညိုစောဟာ ဒုသမ္မတ ဟန်နဲ့ တွေ့ဆုံပြီး ဟန်က အမျိုးသားတည်ငြိမ်မှု၊ အချုပ်အာဏာနဲ့ လွတ်လပ်ရေး ထိန်းသိမ်းဖို့နဲ့ ပြည်တွင်းနိုင်ငံရေးအစီအစဉ် တဖြည်းဖြည်းတိုးတက်ဖို့ စစ်အုပ်စုကို တရုတ်က ထောက်ခံတယ်လို့ ထပ်ပြောတယ်။

မြန်မာ တရုတ်ဝန်ထမ်းတွေ၊ အင်စတီကျူးရှင်းတွေနဲ့ စီမံကိန်းတွေကို ကာကွယ်ဖို့နဲ့ တရုတ်-မြန်မာ နယ်စပ် တလျှောက် တည်ငြိမ်မှုရှိအောင်လုပ်ဖို့ တရုတ်က တောင်းဆိုတာကိုလည်း သူထပ်ပြောတယ်။

ရပ်ဝန်းနဲ့ လမ်းအစီအစဉ် BRI အောက်မှာ တရုတ်နဲ့ အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းအောင်လုပ်ဖို့၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို ပူးတွဲတိုက်ဖျက်ဖို့နဲ့မျှဝေအနာဂတ်ရှိတဲ့ မြန်မာ-တရုတ် လူမှုအသိုက်အဝန်း ပြုစုပျိုးထောင်ဖို့ စိတ်အားထက်သန်မှုကို ညိုစောက ဖေါ်ပြတယ်။

မင်းအောင်လှိုင်လိုဘဲ ညိုစောဟာ တရုတ်စီးပွားရေးခေါင်းဆောင်တွေကို စွဲဆောင်ဖို့ကြိုးစားပြီး စစ်ဒဏ်ခံနေရတဲ့ မြန်မာမှာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အဆင်ပြေအောင်လုပ်ပေးမယ်လို့ ကတိပြုတယ်။

အဲဒီအားထုတ်မှုတွေရဲ့ တစိတ်တပိုင်းအဖြစ် လျှူကျိုမြို့ AI အကူအညီနဲ့ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်တာကို သူ သွားကြည့်ပြီး တရုတ်လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်သူတွေ မြန်မာမှာ ရင်းနှီးမြှုပ်နှံဖို့ မင်းအောင်လှိုင်ရဲ့ အရင်က တောင်းဆိုမှုကို သံယောင်လိုက်ခဲ့ပါတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta PM Courts Political Backing, Investment During China Visit ကို ဘာသာပြန်သည်။)

You may also like these stories:

တရုတ် ကော်ဇောနီပေါ်က မြန်မာစစ်ရာဇဝတ်ကောင်

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး တရုတ်က ကြည့်ပေးမလား

ခွေးငတ် အလှူပွဲကြီးနဲ့ တိုးသလို မင်းအောင်လှိုင်ရဲ့ တရုတ်ခရီး

ထရမ့် ဒေါသထွက်လည်း အမေရိကန်၏ ရန်သူများကို တရုတ် ပိုမိုဆွဲဆောင်လာ

မြန်မာစစ်အုပ်စု၏ တီယန်ကျင်း ကစားကွက်အကြောင်း သိကောင်းစရာ ၆ ချက်

မြန်မာစစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို တရုတ် ဝင်ရောက်စွက်ဖက်မှု နက်ရှိုင်းလာ

Your Thoughts …
Tags: စကမဝန်ကြီးချုပ် ညိုစောတရုတ် ဒုသမ္မတ ဟန်ကျန်တရုတ်-ASEAN ကုန်စည်ပြပွဲအာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်
မောင်ကဝိ

မောင်ကဝိ

Similar Picks:

စစ်ခေါင်းဆောင်ဟောင်းများ တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခံနေရ

စစ်ခေါင်းဆောင်ဟောင်းများ တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခံနေရ

by ဧရာဝတီ
25 July 2024
18.6k

သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် ထိပ်တန်းခေါင်းဆောင်ဟောင်းများ၏ နေအိမ်များကို စောင့်ကြည့်ရန် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ညွန်ကြားခဲ့သည်။

Next Post
ဒေါ်အောင်ဆန်းစုကြည်ဟာ အတုယူစရာပါဆိုတဲ့ ထိုင်းအလှမယ်နှင့် မေးမြန်းခြင်း

ဒေါ်အောင်ဆန်းစုကြည်ဟာ အတုယူစရာပါဆိုတဲ့ ထိုင်းအလှမယ်နှင့် မေးမြန်းခြင်း

ဇီးကုန်းရဲစခန်းကို PDF တွေ ဘယ်လိုတိုက်ခဲ့လဲ (ရုပ်/သံ)

ဇီးကုန်းရဲစခန်းကို PDF တွေ ဘယ်လိုတိုက်ခဲ့လဲ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved