စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းနယ်မြေစခန်းကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေက စက်တင်ဘာလ ၁၇ ရက် ညနေမှာ ရုတ်တရက် ဝင်တိုက်ခဲ့ကြတယ်လို့ ဝင်တိုက်တဲ့အထဲမှာပါတဲ့ ရေဦးဓူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့က ဧရာဝတီကို ပါတယ်။
တိုက်ပွဲအတွင်းမှာ ရဲတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ရဲအရာရှိ ၂ ဦး၊ တပ်သား ၂ ဦး၊ မိသားစုဝင် ၄ ဦးနဲ့အတူ အချုပ်သား ၃ ဦးကို သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဒီရဲစခန်းဟာ ဇီးကုန်းမြို့မှာ တခုတည်းရှိတဲ့ရဲစခန်းဖြစ်ပြီး စစ်ဆင်ရေးအတွင်းမှာ G3 ကိုးလက်၊ G4 တလက်၊ MA15 တလက်နဲ့ ပစ်စတို တလက် စုစုပေါင်း သေနတ် ၁၂ လက်လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက်မှာတော့ ရဲစခန်းကို မီးရှို့ဖျက်ဆီးကာ တပ်ပြန်ဆုတ်ခဲ့တယ်လို့ သိရပါတယ်။
#မြန်မာ #ဧရာဝတီ #PDF #ကန့်ဘလူ #ဇီးကုန်းမြို့ #နယ်မြေရဲစခန်း #ရေဦးဓူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့ #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR












