• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ထရမ့် ဒေါသထွက်လည်း အမေရိကန်၏ ရန်သူများကို တရုတ် ပိုမိုဆွဲဆောင်လာ

by Stephen Collinson
8 September 2025
in ဆောင်းပါး
A A
ထရမ့် ဒေါသထွက်လည်း အမေရိကန်၏ ရန်သူများကို တရုတ် ပိုမိုဆွဲဆောင်လာ

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့က ဝါရှင်တန် ဒီစီရှိ အိမ်ဖြူတော်တွင် သမ္မတ ဒေါ်နယ် ထရမ့် သတင်းထောက်များနှင့် တွေ့ဆုံစဉ် / Getty Images

1.4k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံသည် ၎င်း၏ အာဏာရှင်မိတ်ဆွေများနှင့် ခင်မင်စွာ ဆက်ဆံနေသောကြောင့် သမ္မတ ဒေါ်နယ်ထရမ့် ဒေါသထွက်နေသည်။

တရုတ်မှ အံ့အားသင့်စရာကောင်းသည့် စစ်ရေးပြအခမ်းအနားတွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က ရုရှားနှင့် မြောက်ကိုရီးယားအာဏာရှင် ခေါင်းဆောင်များကို ဧည့်ခံသည့် ရုပ်သံထုတ်လွှင့်နေစဉ် အမေရိကန်စံတော်ချိန် စက်တင်ဘာ ၂ ရက် ညနှောင်းပိုင်းတွင် ထရမ့်သည် လူမှုကွန်ရက်တွင် ထွက်ပေါ်လာသည်။

“ခင်ဗျားတို့တွေ အမေရိကန် ပြည်ထောင်စုကို ပူးပေါင်းကြံစည်နေချိန်မှာ ဗလာဒီမာ ပူတင်နဲ့ ကင်မ်ဂျုံအန်ကို ကျနော့်ရဲ့ အနွေးထွေးဆုံး ဂရုစိုက်မှုပေးလိုက်ပါ” ဟု သမ္မတ ထရမ့်က သမ္မတ ရှီကျင့်ဖျင်အတွက် သတင်းစကားတွင် ရေးသားသည်။

ကမ္ဘာတဝန်းတွင်တွေ့ရသည့် ထို Truth လူမှုကွန်ရက်ပို့စ်တွင် အဓိပ္ပာယ်တခု ရှိသည်။ အာဏာရှင် ခေါင်းဆောင်များ၊ အမေရိကန်၏ ရန်သူများနှင့် တချိန်က မဟာမိတ်များ တရုတ်နိုင်ငံတွင် တွေ့ဆုံမှု နှစ်ခုသည် အမေရိကန် သမ္မတကို ပုဂ္ဂိုလ်ရေး စော်ကားမှုအဖြစ် ရည်ရွယ်ပါက လုံးဝ ထိရောက်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။

ကမ္ဘာတဝန်းတွင်တွေ့ရသည့် ထို Truth လူမှုကွန်ရက်ပို့စ်တွင် အဓိပ္ပာယ်တခု ရှိသည်။ အာဏာရှင် ခေါင်းဆောင်များ၊ အမေရိကန်၏ ရန်သူများနှင့် တချိန်က မဟာမိတ်များ တရုတ်နိုင်ငံတွင် တွေ့ဆုံမှု နှစ်ခုသည် အမေရိကန် သမ္မတကို ပုဂ္ဂိုလ်ရေး စော်ကားမှုအဖြစ် ရည်ရွယ်ပါက လုံးဝ ထိရောက်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။

ကမ္ဘာ့လူကြမ်းများကို သူ၏ အပေးအယူ ဆွဲဆောင်မှုအတတ်ပညာနှင့် ထိတွေ့စေရန် ကြိုးစားအားထုတ်မှု၊ ထိုခေါင်းဆောင်များနှင့် သူ၏ ရင်းနှီးသော ဆက်ဆံရေးသည် အရေးပါသည်ဆိုသည့် ပြောဆိုချက်၏ အချည်းနှီး ဖြစ်မှုကို ထိုဖြစ်ရပ်က မီးမောင်းထိုးပြနေသည်။

သမ္မတ ထရမ့်သည် သမ္မတ ပူတင်ကို အလာစကာတွင် လွန်ခဲ့သောလက တွေ့ဆုံသော်လည်း သူ၏ စိတ်အားထက်သန်သည့် ကော်ဇောနီ ကြိုဆိုမှုသည် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် မည်သည်တိုးတက်မှုမှ မရသေးပေ။

သမ္မတ ပူတင်သည် အရပ်သားများကို တိုက်ခိုက်မှု အရှိန်မြှင့်တင်ခြင်းဖြင့် သမ္မတ ထရမ့်၏ မျှော်လင့်ချက်ကို အာခံကာ သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနှင့် ဆွေးနွေးပွဲများကို ဆိုင်းငံ့ထားသည်။ အမေရိကန်သမ္မတ၏ ပထမရာထူးသက်တမ်းအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် တွေ့ဆုံမှုသည်လည်း အလားတူ မအောင်မြင်ပေ။ ယခုအခါ မြောက်ကိုရီးယားခေါင်းဆောင်သည် ထရမ့်၏ ဓာတ်ပုံသံတမန်ရေးတွင် မပါဝင်မီကထက် ပိုမိုများပြားသည့် နျူကလီးယားလက်နက်များ ရှိလာသည်။

အမေရိကန်များသည် ဘုံရန်သူ နယ်ချဲ့ဂျပန်နှင့်တိုက်ပွဲတွင် အကြီးအကျယ် ဆုံးရှုံးမှုများ ခံစားရသည်ကို သမ္မတ ထရမ့်၏ အွန်လိုင်းမှ ဒေါသတကြီးမိန့်ခွန်းက ပြသနေသည်။ ဂျပန်တို့ ချေမှုန်းခံရသည့် နှစ် ၈၀ မြောက် အထိမ်းအမှတ်ကို စက်တင်ဘာလ ၃ ရက်နေ့က ဘေဂျင်းတွင် ကျင်းပသည်။

“တရုတ်နိုင်ငံရဲ့အောင်ပွဲနဲ့ ဂုဏ်သိက္ခာအတွက် အမေရိကန်အများအပြား သေဆုံးရတယ်။ သူတို့ရဲ့ ရဲရင့်မှုနဲ့ စွန့်လွှတ်အနစ်နာခံမှုအတွက် ထိုက်ထိုက်တန်တန် ဂုဏ်ပြုအမှတ်ရနေမယ်လို့ ကျနော်မျှော်လင့်တယ်” ဟု သမ္မတ ထရမ့်က ရေးသည်။

သမ္မတ ထရမ့်၏ မူမမှန်သည့် နိုင်ငံခြားရေးမူဝါဒကို အာရှအင်အားကြီးနိုင်ငံသစ် တရုတ်က အသုံးချနေစဉ် တင်းမာသော နိုင်ငံတကာ ကာလတွင် တရုတ်က ထိုကြီးကျယ်သော အခမ်းအနားကို ကျင်းပခြင်းဖြစ်သည်။ ထိုမူမမှန်သည့် နိုင်ငံခြားရေးမူဝါဒသည် အမေရိကန်၏ ယုံကြည်အားထားနိုင်သည့် မဟာအင်အားကြီးနိုင်ငံ ဂုဏ်သတင်းကို တစစီဖြစ်အောင် ရိုက်ချိုးထားသည်။

သမ္မတ ထရမ့်၏ မူမမှန်သည့် နိုင်ငံခြားရေးမူဝါဒကို အာရှအင်အားကြီးနိုင်ငံသစ် တရုတ်က အသုံးချနေစဉ် တင်းမာသော နိုင်ငံတကာ ကာလတွင် တရုတ်က ထိုကြီးကျယ်သော အခမ်းအနားကို ကျင်းပခြင်းဖြစ်သည်။ ထိုမူမမှန်သည့် နိုင်ငံခြားရေးမူဝါဒသည် အမေရိကန်၏ ယုံကြည်အားထားနိုင်သည့် မဟာအင်အားကြီးနိုင်ငံ ဂုဏ်သတင်းကို တစစီဖြစ်အောင် ရိုက်ချိုးထားသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တရုတ်နိုင်ငံသည် ထရမ့် လုပ်လိုသည့် သရုပ်ဆောင်မှု အခမ်းအနားမျိုးကို ကျင်းပသောကြောင့် ထရမ့်၏ ဒေါသသည် ဆန့်ကျင်ဘက်အဓိပ္ပာယ် သက်ရောက်နေသည်။

သို့သော် အနောက်တိုင်းဆန့်ကျင်သည့် အင်အားကြီးနိုင်ငံများ တီယန်ကျင်းနှင့် ဘေဂျင်းတွင် တွေ့ဆုံခြင်းသည် ဒေါသကိုဆွပေးခြင်း သက်သက်မျှသာ မဟုတ်ပေ။ အခွန်အကျပ်ကိုင်ခြင်း၊ အင်အားနည်းသော နိုင်ငံများကို ဗိုလ်ကျခြင်းနှင့် “အမေရိက ပထမ” အမျိုးသားရေးဝါဒကို အခြေခံသည့် ထရမ့်ရာထူး ဒုတိယသက်တမ်း မူဝါဒများသည် ဆိုးကျိုးဖြစ်စေနိုင်ကြောင်း ကနဦး သတိပေးလိုက်ခြင်း ဖြစ်သည်။

“အမေရိကန် ပြည်ထောင်စုက လုပ်နေတဲ့ ခြေလှမ်းမှားတွေ၊ အမှားတွေကို တရုတ်နိုင်ငံက အသုံးချနေတယ်” ဟု ရှာဂျာ အမေရိကန်တက္ကသိုလ်၊ နိုင်ငံတကာလေ့လာရေး လက်ထောက်ပါမောက္ခ ဂျက်ကီ အက်စ် အိတ်ချ် ဝေါင်းက CNN သတင်းဌာနမှ ဘက်ကီအန်ဒါဆင်ကို စက်တင်ဘာလ ၂ ရက်နေ့က Connect the World အစီအစဉ်တွင် ပြောသည်။

မိမိတို့ကို ဟန့်တားမရ

တရုတ်နှင့် ရုရှားတို့ အမေရိကန် ပြည်ထောင်စုကို ခုခံတော်လှန်သည့် ဝင်ရိုးသစ် တည်ဆောက်နေသည်ဆိုသည့် သတိပေးစကားအချို့သည် ချဲ့ကားပြောဆိုခြင်းဖြစ်သည်။ တရုတ်နိုင်ငံမြောက်ပိုင်းမြို့ကြီး တီယန်ကျင်းတွင် ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးဆွေးနွေးပွဲကို ကိုယ်စားပြုသည့် နိုင်ငံများသည် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) သို့မဟုတ် ဥရောပသမဂ္ဂကဲ့သို့ သောအဖွဲ့များကို ယှဉ်နိုင်ရန် တရားဝင် ကာကွယ်ရေး သဘောတူစာချုပ် သို့မဟုတ် စုပေါင်းစီးပွားရေး အချုပ်အခြာပိုင်မှု မရှိပေ။

တရုတ်နှင့် အိန္ဒိယအကြား နယ်နိမိတ်အငြင်းပွားမှုများ အချိန်မှန်ဖြစ်နေသည်။ ယူကရိန်းစစ်ပွဲကို တိုက်ရာတွင် ရုရှားသည် တရုတ်၏ အကူအညီ လိုကောင်းလိုနိုင်သော်လည်း ကရင်မလင်သည် အရေးမပါသည့် မဟာအင်အားကြီးနိုင်ငံ ဖြစ်လာခြင်းကို အသားကျအောင် လုပ်နေရဆဲဖြစ်သည်။ ကွန်မြူနစ်ပါတီ၏ သံမဏိစည်းမျဉ်းများ ရှိသော်လည်း တရုတ်နိုင်ငံသည် ပြည်တွင်းနိုင်ငံရေးနှင့် စီးပွားရေး ဖိအားများကို ခံစားနေရပြီး ထိုအချက်ကို သမ္မတ ရှီကျင့်ဖျင်က ထိပ်တန်းအရာရှိများနှင့် စစ်အရာရှိများကို မကြာခဏ ထုတ်ပယ်ခြင်းက ပြသနေသည်။

သို့သော် မကြာသေးမီရက်များက အခမ်းအနားများသည် တရုတ်နိုင်ငံ၏ ကြီးထွားလာသည့် အင်အားကို ပြသရန်နှင့် ကမ္ဘာ့ အခြားအဆက်အသွယ်များနှင့် စနစ်များကို စမ်းသပ်ရန် ပိုမိုကျယ်ပြန့်သော အားထုတ်မှု တစိတ်တပိုင်း ဖြစ်သည်။ အာရှ၊ အရှေ့အလယ်ပိုင်းနှင့် အခြားနေရာများမှ ခေါင်းဆောင်များကို စုစည်းခြင်းဖြင့် အမေရိကန်၏ ကမ္ဘာ့အာဏာကို စစ်မျက်နှာ အများအပြားတွင် အနှောင့်အယှက်ပေးရန် အုပ်စုတခု၏ စွမ်းရည်ကို ပြသသည်။

သို့သော် မကြာသေးမီရက်များက အခမ်းအနားများသည် တရုတ်နိုင်ငံ၏ ကြီးထွားလာသည့် အင်အားကို ပြသရန်နှင့် ကမ္ဘာ့ အခြားအဆက်အသွယ်များနှင့် စနစ်များကို စမ်းသပ်ရန် ပိုမိုကျယ်ပြန့်သော အားထုတ်မှု တစိတ်တပိုင်း ဖြစ်သည်။ အာရှ၊ အရှေ့အလယ်ပိုင်းနှင့် အခြားနေရာများမှ ခေါင်းဆောင်များကို စုစည်းခြင်းဖြင့် အမေရိကန်၏ ကမ္ဘာ့အာဏာကို စစ်မျက်နှာ အများအပြားတွင် အနှောင့်အယှက်ပေးရန် အုပ်စုတခု၏ စွမ်းရည်ကို ပြသသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့က တရုတ်နိုင်ငံ၊ ဘေဂျင်းတွင် စစ်ရေးပြ လေ့ကျင်မှု ပြုလုပ်နေစဉ် / Reuters

အမေရိကန် ထိပ်တန်းစစ်ခေါင်းဆောင်တဦးက တရုတ်နိုင်ငံမှဖြစ်ရပ်များ၏ အရေးပါမှုကို လျှော့တွက်သည်။

“တရုတ်၊ မြောက်ကိုရီးယား၊ ရုရှားနဲ့အခြားနိုင်ငံတွေ ဒီလိုအခမ်းအနားတွေ ကျင်းပကြတယ်။ သတင်းစကားပေးပို့ဖို့ အဓိက အာရုံစိုက်တာ သေချာတယ်” ဟု အမေရိကန် ပစိဖိတ်လေတပ် တပ်မှူး ဗိုလ်ချုပ်ကြီး ကီဗင် ရှနိုက်ဒါက စက်တင်ဘာလ ၂ ရက်နေ့ အွန်လိုင်းဆွေးနွေးပွဲတခုတွင် ပြောသည်။

“ဒါပေမယ့် ဒီကိစ္စမှာ မှတ်သားထားရမှာက ငါတို့ကို တားဆီးလို့ မရဘူးဆိုတဲ့ သတင်းစကားပဲဖြစ်မယ်လို့ ထင်တယ်” ဟု ဗိုလ်ချုပ်ကြီး ရှနိုက်ဒါက ပြောသည်။

ထိုကဲ့သို့သော ကိစ္စအများအပြားသည် ထရမ့်မတိုင်မီကပင် ဖြစ်ပွားခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီး ဆယ်စုနှစ် ရှစ်ခုကြာသောအခါ ထိုကြောက်မက်စရာ စစ်ပွဲနောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် အင်စတီကျူးရှင်းများသည် အားသစ်လောင်းရန် လိုအပ်လာသည်မှာ အံ့သြဖွယ်ရာ မဟုတ်တော့ပေ။ လူဦးရေများပြားသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ ခေါင်းထောင်ထလာခြင်းသည် အမေရိကန် ဗိုလ်ကျစိုးမိုးမှုနှင့် အနောက်တိုင်းက တည်ဆောက်လွှမ်းမိုးသည့် ကမ္ဘာ့စနစ်ကို ခြိမ်းခြောက်တတ်သည်။

၁၉၀၁ ခုနှစ်နှင့် ၁၉၂၇ ခုနှစ်အကြား မွေးဖွားလာသည့် အကြီးမားဆုံးမျိုးဆက်၏ နောက်ဆုံးအဖွဲ့ဝင်များ ပျောက်ကွယ်လာသောအခါ ဒုတိယကမ္ဘာစစ်အတွင်း ဒီမိုကရေစီများ၏ အောင်ပွဲသည် ခိုင်မာသော လူသားအမှတ်သညာ မဟုတ်တော့ဘဲ သမိုင်းဖြစ်လာသည်။

သမ္မတ ထရမ့်၏ ဒုတိယရာထူးသက်တမ်း ပထမ ရှစ်လအတွင်း ရွေးချယ်မှုများက ကမ္ဘာ့အာဏာကို အရှေ့တိုင်းသို့ အရွေ့အား အရှိန်မြှင့်တင်ပေးနေသည်။ ထိုရွေးချယ်မှုများသည် တရုတ်နိုင်ငံ၏ ရသင့်ရထိုက်သော ကမ္ဘာ့သြဇာလွမ်းမိုးမှုဟု သမ္မတ ရှီကျင့်ဖျင်က ယူဆသည့်အရာကို ပြန်လည် အသက်သွင်းရေး အားထုတ်မှုကို အကျိုးပြုသည်။

သမ္မတ ထရမ့်က မဟာမိတ်များကို တိုက်ခိုက်မှုနှင့် အမေရိကန်၏ ပြည်ပအကူအညီ အစီအစဉ်များကို ထိခိုက်စေခြင်းသည် တချိန်က အမေရိကန်၏ မိတ်ဆွေများအကြား မုန်းတီးမှုကို ဖြစ်စေပြီး ထိုမိတ်ဆွေဟောင်းများသည် အခြား အင်အားကြီးနိုင်ငံများနှင့် လောင်းကြေးဖြန့်ခွဲထားရသည်။

သမ္မတ ထရမ့်က မဟာမိတ်များကို တိုက်ခိုက်မှုနှင့် အမေရိကန်၏ ပြည်ပအကူအညီ အစီအစဉ်များကို ထိခိုက်စေခြင်းသည် တချိန်က အမေရိကန်၏ မိတ်ဆွေများအကြား မုန်းတီးမှုကို ဖြစ်စေပြီး ထိုမိတ်ဆွေဟောင်းများသည် အခြား အင်အားကြီးနိုင်ငံများနှင့် လောင်းကြေးဖြန့်ခွဲထားရသည်။

မယုံနိုင်စရာကောင်းသည်မှာ အနောက်တိုင်းကို အင်အားချိနဲ့အောင် အပြင်းထန်ဆုံးလုပ်နေသည့် အင်အားစုမှာ လွတ်လပ်မှုနှင့် ဒီမိုကရေစီကို မျိုးဆက်ပေါင်းများစွာ အာမခံခဲ့သည့် အမေရိကန် သမ္မတဖြစ်နေခြင်း ဖြစ်သည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
185

ထရမ့်က အမေရိကန်အာဏာကို မည်သို့ အင်အားချိနဲ့အောင် လုပ်နေသနည်း

သမ္မတ ထရမ့် လှမ်းသည့် ခြေလှမ်းအများအပြားက အမေရိကန်အာဏာ အင်အားချိနဲ့စေကြောင်း ပြသနေသည်။

ကြီးမားသော ကုန်သွယ်ရေးထိုးစစ်တွင် တရုတ်ကို တိုက်ခိုက်ခြင်းဖြင့် သမ္မတ ထရမ့်သည် အမေရိကန် ပြည်ထောင်စုကို ပျက်စီးစေရန်အတွက် စီးပွားရေးနာကျင်မှုကို ခံနိုင်ရန်အသင့်ရှိသော နိုင်ငံတခုအား ရွေးချယ်လိုက်သည်။ ယခုအခါ တရုတ်တွင် ဝှက်ဖဲရှိကြောင်း သမ္မတ ထရမ့် တွေ့ရသည်။

အမေရိကန် နည်းပညာလုပ်ငန်းနှင့် စစ်ဘက်အသုံးပြုမှုများအတွက် အမေရိကန် ပြည်ထောင်စု လိုအပ်သည့် မြေရှားသတ္တုအများအပြားကို ထိန်းချုပ်ထားခြင်းဖြစ်သည်။ တရုတ်က အလျှော့ပေးရန် ထရမ့် မလုပ်နိုင်ခြင်းသည် အမေရိကန်အင်အားကို စိန်ခေါ်ရန် အသင့်ရှိသော အမြင်တခုကို မြှင့်တင်ပေးပြီး ပြည်ပခေါင်းဆောင်များကို တရုတ်သို့ ဆွဲဆောင်သည်။

အမေရိကန် ပြည်ထောင်စု၏ ကုန်သွယ်ရေး မိတ်ဖက်များအပေါ် သမ္မတ ထရမ့်၏ စီးပွားရေးအချက်အလက်များထက် စိတ်ခံစားမှုအပေါ် အခြေခံသည့် အပြောင်းအလဲမြန်သော အခွန်တိုက်ခိုက်မှုများနှင့် ဗဟိုဘဏ်၏ လွတ်လပ်မှုကို ချုပ်ကိုင်ရန် ကြိုးစားမှုသည် တရုတ်နိုင်ငံ၏ ယခင်က ပြောကြားချက်ကို အထောက်အကူပြုသည်။

တရုတ်နိုင်ငံက ၎င်းသည် မိတ်ဖက်နိုင်ငံများ ယုံကြည်အားထားနိုင်သည့် တည်ငြိမ်သော မဟာအင်အားကြီး နိုင်ငံဖြစ်ပြီး အမေရိကန် ပြည်ထောင်စုသည် ထိုသို့သောနိုင်ငံ မဟုတ်ဟု ယခင်က ပြောခဲ့သည်။ ဥပမာအားဖြင့် တီယန်ကျင်း၌ ကိုယ်စားပြုသောနိုင်ငံများတွင် မကြာသေးမီနှစ်များက တရုတ်ထက် အမေရိကန် ပြည်ထောင်စုကို အားကိုးသည့် ဗီယက်နမ်၊ အီဂျစ်နှင့် နေတိုးအဖွဲ့ဝင် တူရကီကဲ့သို့သော နိုင်ငံအများအပြား ပါဝင်သည်။ ဗီယက်နမ်သည် ပြင်းထန်သော အမေရိကန်အခွန်ကို ရင်ဆိုင်နေရသည်။

သမ္မတ ထရမ့်၏ ကျွမ်းကျင်မှုကင်းမဲ့ပြီး ဆိုးကျိုးဖြစ်စေသော အပြုအမူ၏ အထင်ရှားဆုံးဥပမာကို တီယန်ကျင်း ထိပ်သီးဆွေးနွေးပွဲအတွင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီအပေါ် အကြီးအကျယ် အာရုံစိုက်မှုက ပြသနေသည်။ ဝန်ကြီးချုပ် မိုဒီသည် လူများကြိုက် အမျိုးသားရေးဝါဒီနှင့် တချိန်က ထရမ့်၏ မိတ်ဆွေဖြစ်သည်။

သမ္မတ ထရမ့်၏ ကျွမ်းကျင်မှုကင်းမဲ့ပြီး ဆိုးကျိုးဖြစ်စေသော အပြုအမူ၏ အထင်ရှားဆုံးဥပမာကို တီယန်ကျင်း ထိပ်သီးဆွေးနွေးပွဲအတွင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ အပေါ်အကြီးအကျယ် အာရုံစိုက်မှုက ပြသနေသည်။ ဝန်ကြီးချုပ် မိုဒီသည် လူများကြိုက် အမျိုးသားရေးဝါဒီနှင့် တချိန်က ထရမ့်၏ မိတ်ဆွေဖြစ်သည်။

အိန္ဒိယနှင့် ပါကစ္စတန်အကြား ပဋိပက္ခကို ဖြေရှင်းခဲ့သည်ဆိုသည့် ထရမ့်၏ပြောဆိုမှုနှင့် နိုဘယ်ငြိမ်းချမ်းရေးဆု တောင်းဆိုခြင်းသည် ဝန်ကြီးချုပ် မိုဒီကို ဒေါသထွက်စေသည်။

အမေရိကန် ပြည်ထောင်စုသို့ အိန္ဒိယမှ သွင်းကုန်များကို အခွန် ၅၀ ရာခိုင်နှုန်း ချမှတ်ခြင်းသည် လူဦးရေ ၁ ဘီလီယံကျော်စီရှိသည့် အိန္ဒိယနှင့်တရုတ်တို့ ပိုမိုရင်းနှီးခြင်းကို တားဆီးရန် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်သမ္မတများ၏ နှစ်ပေါင်း ၃၀ နီးပါး အားထုတ်မှုကို တစစီပြိုကွဲစေသည်။

ရယ်ရယ်မောမော လက်ဆွဲနှုတ်ဆက်ပြီး သမ္မတ ရှီကျင့်ဖျင်နှင့် ဝန်ကြီးချုပ် မိုဒီတို့က အယုံအကြည် ကင်းမဲ့မှုကြောင့် နှစ်ပေါင်းများစွာ ကွဲကွာနေသော ၎င်းတို့ နှစ်နိုင်ငံသည် မိတ်ဖက်များဖြစ်နိုင်ပြီး ပြိုင်ဘက်များ မဖြစ်နိုင်ကြောင်း ပြောကြသည်။

ပျော်ရွှင်နေသော သမ္မတ ပူတင်နှင့် ဝန်ကြီးချုပ် မိုဒီ၏ ထိတွေ့ဆက်ဆံမှုသည် ပိုမိုထင်ရှားသည်။ လွန်ခဲ့သောလတွင် ရုရှားခေါင်းဆောင်သည် အလာစကာမှ ၎င်းတို့၏ ထိပ်သီးဆွေးနွေးပွဲတွင် သမ္မတ ထရမ့်၏ ဇိမ်ခံကားအတွင်း စကားပြောကြသည်။ တရုတ်နိုင်ငံတွင် သမ္မတ ပူတင်က သမ္မတ ထရမ့်ကို အသာစီးယူပြီး ဝန်ကြီးချုပ် မိုဒီကို သူနှင့်အတူ ကားလိုက်စီးစေကာ ကားအတွင်း နာရီရှည်ကြာသည့် ခင်မင်သော စကားဝိုင်းကို ရိုက်ကူးရန် ဓာတ်ပုံဆရာတယောက်ကိုလည်း ထားရှိသည်။

ဝန်ကြီးချုပ် မိုဒီကို သမ္မတ ရှီကျင့်ဖျင်က ကြိုဆိုခြင်းသည် သမ္မတ ပူတင်၏ ကြိုဆိုမှုနှင့် နှိုင်းယှဉ်နိုင်သည်။

“ငါတို့မှာ တခြားရွေးချယ်စရာရှိတယ်။ တရုတ်နိုင်ငံဟာ အခြားရွေးချယ်စရာပဲ ဆိုတာကို အိန္ဒိယက ပြသနေတယ်” ဟု လက်ထောက် ပါမောက္ခ ဝေါင်က CNN International မှ အန်ဒါဆင်ကို ပြောသည်

“တရုတ်က ဒီအခွင့်အရေးကို အသုံးချနေတယ်လို့ပြောရမှာပဲ” ဟုလည်း ၎င်းကပြောသည်။

သူ၏ ပထမရာထူးသက်တမ်းအတွင် ထရမ့်သည် မိုဒီနှင့် ကောင်းမွန်စွာ ပူးတွဲလုပ်ဆောင်ခဲ့သောကြောင့် ထရမ့်၏ ခြေလှမ်းအမှားသည် ပိုမိုအံ့သြစရာကောင်းသည်။ သို့သော် အိန္ဒိယသည် ၎င်း၏ ကိုလိုနီသမိုင်းကြောင့် အနိုင်ကျင့်ခံရခြင်းကို အထူးဂရုစိုက်သည့် နိုင်ငံဖြစ်သည်။

အိန္ဒိယသည် အဓိကပြိုင်ဘက် ပါကစ္စတန်နှင့် ပတ်သက်သည့် မည်သည့်ကိစ္စကိုမဆို အလွန်ဂရုစိုက်သည်။ ထိုသို့သော သိမ်မွေ့နက်နဲမှုကို အိမ်ဖြူတော်တွင် မတွေ့ရပေ။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကျွမ်းကျင်သူများကို ထရမ့်က အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းကြောင့် ထိုသို့ ထိခိုက်မှုများ ဖြစ်လာခြင်းဖြစ်နိုင်သည်။

အိန္ဒိယသည် အဓိကပြိုင်ဘက် ပါကစ္စတန်နှင့် ပတ်သက်သည့် မည်သည့်ကိစ္စကိုမဆို အလွန်ဂရုစိုက်သည်။ ထိုသို့သော သိမ်မွေ့နက်နဲမှုကို အိမ်ဖြူတော်တွင် မတွေ့ရပေ။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကျွမ်းကျင်သူများကို ထရမ့်က အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းကြောင့် ထိုသို့ ထိခိုက်မှုများ ဖြစ်လာခြင်းဖြစ်နိုင်သည်။

ရုရှားသည် အိုမင်းယိုယွင်းနေသည့် အင်အာကြီးနိုင်ငံအဖြစ် အနောက်တိုင်းတွင် မကြာခဏ ပုံဖော်ကြသည်။ ကြီးမားသည့် နျူကလီးယား လက်နက်တိုက်ရှိသော်လည်း ဆိုဗီယက်ယူနီယံ၏ အရိပ်အဖြစ်သာ မြင်ကြသည်။ သမ္မတ ပူတင်၏ အကျင့်ပျက်ခြစားသည့် ၂၅ နှစ်ကြာ အုပ်ချုပ်ရေးအပြီး ထိုအချက်တွင် အမှန်တရားအချို့ ပါဝင်သည်။ သို့သော် ရုရှားခေါင်းဆောင်သည် သမ္မတ ထရမ့်ကို အာခံခြင်းဖြင့် သူ၏ ပုံရိပ်ကို ကျားကန်ထားသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ကို စက်တင်ဘာလ ၃ ရက်နေ့က ဘေဂျင်းတွင် တွေ့ရစဉ် / AP

ထိုကိစ္စကြောင့် အမေရိကန်သမ္မတသည် စိတ်ပျက်ကြောင်းပြောပြီး အရှက်ကွဲမှုကို ကာကွယ်ရန် သူ၏ ဂန္တဝင်မြောက် နည်းလမ်းဖြစ်သည့် မကြာမီထုတ်ပြန်တော့မည့် ကြေညာချက်အကြောင်း ပြောသည်။ သူနှင့်ပူတင် စကားပြောခဲ့ပြီး အလွန်စိတ်ဝင်စားစရာများကို သိရှိရသည်။ “လာမယ့် ရက်အနည်းငယ်အတွင်းမှာ ခင်ဗျားတို့ အဲဒီအချက်တွေကို သိရမှာပါ” ဟု ထရမ့်က သတင်းထောက်များကို စက်တင်ဘာလ ၂ ရက်နေ့တွင် ပြောသည်။

မစ္စတာ ထရမ့်၏ ဒုတိယရာထူးသက်တမ်းအတွင်း စူးရှထက်မြက်သော ရည်မှန်းချက်ပန်းတိုင်မှာ ရုရှား၊ တရုတ်နှင့် မြောက်ကိုရီးယားကဲ့သို့ ရန်သူနိုင်ငံများကို သီးခြားစီခွဲထားရန်ဖြစ်မည်ဟု နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူ အများအပြားက ထင်ခဲ့ကြသည်။ သို့သော် ထိုသိုလုပ်ရမည့်အစား သူသည် ထိုနိုင်ငံများ စုစည်းမိအောင် လုပ်ပေးနေပြီး အိန္ဒိယအား Quad အဖွဲ့ဝင် သြစတြေးလျ၊ ဂျပန်တို့၏ ပတ်လမ်းအတွင်း ပို့ဆောင်နေသည်။

ထရမ့်၏ ဆောင်ရွက်ချက်များကို လေ့လာသူများအမြင်

သမ္မတ ထရမ့်၏ နိုင်ငံခြားရေးမူဝါဒကို ကြီးမားသော အောင်မြင်မှုမှလွဲပြီး အခြားမည်သည့်နည်းဖြင့်မဆို ပုံဖော်ခြင်းကို ထရမ့်ထောက်ခံသူများ အငြင်းပွားကြသည်။ အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာတွင် မည်သည့်အခါကမှ ယခုလောက် လေးစားခြင်းမခံရဟု အိမ်ဖြူတော်က ပြောသည်။

သမ္မတ ထရမ့်သည် ငြိမ်းချမ်းရေးသမ္မတဖြစ်သည်ဟု အိမ်ဖြူတော်ကပြောပြီး သူသည် ကမ္ဘာ့စစ်ပွဲ ခုနစ်ခုကို အဆုံးသတ်ခဲ့သည်ဟု ပြောသည်။ သို့သော် အိမ်ဖြူတော်က ဖော်ပြသည့်နိုင်ငံများသည် သမ္မတ ထရမ့် ကြားဝင်မစေ့စပ်မီက တနိုင်ငံနှင့် တနိုင်ငံ တိုက်ခိုက်နေခြင်း မရှိပေ။

သမ္မတ ထရမ့်သည် ငြိမ်းချမ်းရေးသမ္မတဖြစ်သည်ဟု အိမ်ဖြူတော်ကပြောပြီး သူသည် ကမ္ဘာ့စစ်ပွဲ ခုနစ်ခုကို အဆုံးသတ်ခဲ့သည်ဟု ပြောသည်။ သို့သော် အိမ်ဖြူတော်က ဖော်ပြသည့်နိုင်ငံများသည် သမ္မတ ထရမ့် ကြားဝင်မစေ့စပ်မီက တနိုင်ငံနှင့် တနိုင်ငံ တိုက်ခိုက်နေခြင်း မရှိပေ။

တရုတ်နိုင်ငံမှ သံတမန်ရေးအချက်ပြမှုများကို သူ လုံးဝမစိုးရိမ်ကြောင်း သမ္မတ ထရမ့်က CNN အစီအစဉ်တင်ဆက်သူ စကော့ ဂျန်းနင်း၏ ရေဒီယိုအစီအစဉ်တွင် စက်တင်ဘာလ ၂ ရက်နေ့က ပြောသည်။

သမ္မတ ရှီကျင့်ဖျင်သည် အလျှော့ပေးရမည့်သဘောမျိုး ဘဲဥပုံရုံးခန်းတွင် သတင်းထောက်များနှင့် စကားပြောစဉ် သူက ပြောသည်။ “တရုတ်နိုင်ငံက ကျနော်တို့ကို လိုအပ်တယ်။ ကျနော်တို့ဟာ သမ္မတရှီနဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်ဆိုတာ ခင်ဗျားသိတဲ့အတိုင်းပဲ။ ဒါပေမဲ့ ကျနော်တို့က တရုတ်ကို လိုအပ်တာထက် တရုတ်က ကျနော်တို့ကို ပိုမိုလိုအပ်နေတယ်” ဟု သမ္မတ ထရမ့်ကပြောသည်။

တချိန်တည်းတွင် မစ္စတာ ထရမ့်က သူသည် ကမ္ဘာ့အာဏာရှင်များကဲ့သို့ပင် ပြတ်သားသူဖြစ်ကြောင်း ပြသရန် ဗြောင်ကျကျ အားထုတ်နေသည်။

မဟာအင်အားကြီးနိုင်ငံ သံတမန်ရေး ပစိဖိတ်တွင် ဖြစ်ပေါ်နေစဉ် စက်တင်ဘာလ ၁ ရက်နေ့တွင် သမ္မတ ထရမ့်က ဗင်နီဇွဲလား ကမ်းလွန်တွင် လူ ၁၁ ဦးသေဆုံးစေသည့် အမေရိကန်တိုက်ခိုက်မှုကို ကြေညာသည်။ ထိုတိုက်ခိုက်မှုသည် မူးယစ်မှောင်ခိုများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုဖြစ်သည်ဟု အရာရှိများက ပြောသည်။ ထိုတိုက်ခိုက်မှုသည် ကွန်ဂရက်၏ ခွင့်ပြုချက်နှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဥပဒေနောက်ခံရှိသော စစ်ရေးထိုးစစ်သို့ ဦးတည်သည့်လက္ခဏာကို ပြသနေသည်။

သူသည် ဖွဲ့စည်းပုံအခြေခံဥပဒေက ထိန်းချုပ်ထားသည့်တိုင် တရားဥပဒေစိုးမိုးရေးအတွက် စစ်တပ်ကို အသုံးပြုပြီး ချီကာဂိုသို့ အရန် အမျိုးသားအစောင့်တပ်များ စေလွှတ်ရန် ခြိမ်းခြောက်မှုကိုလည်း ထပ်မံပြုလုပ်သည်။

သူ၏ အာဏာရှင်ဗီဇရှိသော်လည်း ယခုနှစ်အစောပိုင်းက လော့စ်အိန်ဂျယ်လိစ်သို့ ဖက်ဒရယ်တပ်များ စေလွှတ်ခြင်းသည် တရားမဝင်ဟု တရားသူကြီးတဦးက ဆုံးဖြတ်လိုက်သောအခါ အမေရိကန် ပြည်ထောင်စုတွင် ရုရှားနှင့် တရုတ်တွင် မရှိသည့် ဒီမိုကရေစီ အကာအကွယ်များရှိသည်ကို သတိပေးနေသည်။

သမ္မတ ထရမ့်၏ ဒုတိယသက်တမ်းအတွင် အရေးပါသည့် အောင်မြင်မှုအချို့ရှိသည်။ အမေရိကန် ပြည်ထောင်စု၏ အင်အားကို နိုင်ငံငယ်များအပေါ် ကျင့်သုံးသောအခါ အခွန်ငွေများ ဘဏ္ဍာရေးဌာနသို့ စီးဝင်သည်။ သူ၏ အမှားအယွင်းများ ရှိသော်လည်း သူသည် ယူကရိန်း ငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူအားလုံးကို စားပွဲဝိုင်းသို့လာစေရန် အလားအလာရှိသည့် တဦးတည်းသော ကမ္ဘာ့ခေါင်းဆောင် ဖြစ်နေသေးသည်။ သူ၏ ပြင်းထန်သော ဖိအားကြောင့် နေတိုး မဟာမိတ်များ ကာကွယ်ရေးစရိတ် မြှင့်တင်ရန် အရေးပါသော ကတိပေးရသည်။

သို့သော် ယခုအပတ် တရုတ်၏ မဟာအင်အားကြီးနိုင်ငံအဖြစ် ထွက်ပေါ်လာသည့် ဧည့်ခံပွဲက သူသည် ကုန်သွယ်ရေးစစ်ပွဲတွင် တရုတ်ကို တစုံတရာ အသာရအောင် လုပ်ရန် အမေရိကန်အာဏာ အရေးကြီးကြောင်း ပြသနေသည်။

သို့သော် ယခုအပတ် တရုတ်၏ မဟာအင်အားကြီးနိုင်ငံအဖြစ် ထွက်ပေါ်လာသည့် ဧည့်ခံပွဲက သူသည် ကုန်သွယ်ရေးစစ်ပွဲတွင် တရုတ်ကို တစုံတရာ အသာရအောင် လုပ်ရန် အမေရိကန်အာဏာ အရေးကြီးကြောင်း ပြသနေသည်။

သူ၏ ဒေါသကို ရှောင်ရှားရန် ကြိုးစားသည့် ပြည်ပခေါင်းဆောင်များထံမှ သူရရှိသော မြှောက်ပင့်ပြောဆိုမှုများသည် ကျန်တကမ္ဘာလုံးက သူ့ကို မည်သို့မြင်သည်နှင့် ပတ်သက်သည့် မှားယွင်းသော အထင်အမြင်ဖြစ်စေနိုင်သည်။ “ကျနော်တို့နိုင်ငံဟာ ကမ္ဘာမှာ ရေပန်းအစားဆုံးနိုင်ငံပဲ။ လူတိုင်းလူတိုင်းက အမေရိကန် ပြည်ထောင်စုအကြောင်း ပြောနေကြတယ် ” ဟု စက်တင်ဘာလ ၂ ရက်နေ့တွင် မစ္စတာ ထရမ့်ကပြောသည်။

အမေရိကန် ပြည်ထောင်စုသည် တရုတ်နိုင်ငံတွင် စုဝေးကြသူများ၏ နှုတ်ဖျားတွင် ရှိကောင်းရှိနိုင်သည်။ သို့သော် ထရမ့်ထင်သည့် ပုံစံမျိုးဖြင့် ရှိနေသည်မဟုတ်ပေ။

(CNN ပါ Stephen Collinson ၏ Trump is furious at China, but he’s making US foes great again ကို ဘာသာပြန်သည်။)

You may also like these stories:

ထရမ့်မပါတဲ့ တရုတ်ရဲ့ အာဏာရှင်များ စုဝေးပွဲ

မြန်မာနဲ့ မြောက်ကိုရီးယား အာဏာရှင် နှစ်ဦး တရုတ်မှာတွေ့ဆုံ (ရုပ်/သံ)

ဘေဂျင်း စစ်ရေးဆွေးနွေးပွဲတွင် အမေရိကန်ကို တရုတ်နှင့် ရုရှား ဝေဖန်

တရုတ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး စိန်ခေါ်

မြန်မာ့ငလျင်ကယ်ဆယ်ရေး အမေရိကန် လက်တွန့်ချိန် တရုတ် ဝင်လာ

တရုတ်နှင့် အမေရိကန် တင်းမာမှု မြင့်မားနေစဉ် ရှန်ဂရီလာ ဆွေးနွေးပွဲ ကျင်းပ

Your Thoughts …
Tags: ကုန်သွယ်ရေးစစ်ပွဲတရုတ်နေတိုးဖွဲ့စည်းပုံအခြေခံဥပဒေမြေရှားသတ္တုမြောက်ကိုရီးယားရုရှားအမေရိကန်အိန္ဒိယ
Stephen Collinson

Stephen Collinson

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

Next Post
ရွေးကောက်ပွဲကို ပံ့ပိုးကူညီမယ်လို့ DKBA လေသံပြောင်း(ရုပ်/သံ)

ရွေးကောက်ပွဲကို ပံ့ပိုးကူညီမယ်လို့ DKBA လေသံပြောင်း(ရုပ်/သံ)

မြဝတီတောင်ဘက် စစ်ကြောင်းများဝင် ဒေသခံထောင်ချီ အရေးပေါ်တိမ်းရှောင်

မြဝတီတောင်ဘက် စစ်ကြောင်းများဝင် ဒေသခံထောင်ချီ အရေးပေါ်တိမ်းရှောင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved