• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာစစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို တရုတ် ဝင်ရောက်စွက်ဖက်မှု နက်ရှိုင်းလာ

by အောင်ဇော်
2 September 2025
in သူ့အတွေး သူ့အမြင်
A A
မြန်မာစစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို တရုတ် ဝင်ရောက်စွက်ဖက်မှု နက်ရှိုင်းလာ
692
VIEWS
Share on FacebookShare on Twitter

ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်ပြီး နိုင်ငံတဝန်း ရွေးကောက်ပွဲများ ပြုလုပ်မည်ဟု သြဂုတ်လ ၁၈ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။ နိုင်ငံတဝန်းတွင် ပြည်တွင်းစစ်က ဆက်လက် ဒုက္ခပေးနေစဉ်မှာပင် စစ်တပ်သည် ၎င်း၏ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို တရားဝင်စေရန် အတုအယောင်အဖြစ် ရှုတ်ချခံရသည့် ရွေးကောက်ပွဲကို ရက်စွဲသတ်မှတ်သည်။

ထိုတရားဝင်ကြေညာချက် မတိုင်မီ လေးရက်အလိုတွင် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီနိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်လည်းဖြစ်သော တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် အန်နင်းတွင် ကျင်းပသည့် ၁၀ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်နေသည့် စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံသည်။

မစ္စတာ ဝမ်ယိနှင့် ဦးသန်းဆွေ တွေ့ဆုံစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံသည် ပြန်လည်သင့်မြတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆက်လက် ကတိကဝတ်ပြုပြီး ပွင့်လင်းမှုနှင့် အားလုံးအကျုံးဝင်မှုကို ထိန်းသိမ်းကာ အများပြည်သူ ထောက်ခံမှုရရှိရေးကို အာရုံစိုက်ပြီး ရွေးကောက်ပွဲမှတဆင့် ရည်မှန်းချက် ပန်းတိုင် သုံးခုကို အောင်မြင်အောင်လုပ်နိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ပြောသည်။

ပထမ ရည်မှန်းချက်ပန်းတိုင်မှာ သက်ဆိုင်ရာအဖွဲ့များအကြား ရန်လိုမှု ရပ်ဆိုင်းရေးနှင့် ပြည်သူ့ဆန္ဒကို အခြေခံသည့် အမျိုးသားအုပ်ချုပ်ရေး၊ ဒုတိယ ရည်မှန်းချက်ပန်းတိုင်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အကျယ်ပြန့်ဆုံး သွေးစည်းခိုင်မာမှုနှင့် တတိယ ရည်မှန်းချက်ပန်းတိုင်မှာ ငလျင်အလွန် ပြန်လည် တည်ဆောက်ရေး၊ စီးပွားရေးတိုးတက်မှုနှင့် ပြည်သူ့ဘဝ တိုးတက်ရေးဖြစ်သည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

စိတ်ဝင်စားစရာကောင်းသည်မှာ တရုတ်၏ အာရှမှလှုပ်ရှားမှုများကို ထုံးစံအားဖြင့် အလျင်အမြန် တုန့်ပြန်သည့် သဘောထားရှိသော အနောက်တိုင်းအစိုးရများသည် စစ်အုပ်စု၏ ရွေးကောက်ပွဲကို တရုတ်က ထောက်ခံခြင်းနှင့်ပတ်သက်ပြီး အလွန် တိတ်ဆိတ်နေခြင်းဖြစ်သည်။

စိတ်ဝင်စားစရာကောင်းသည်မှာ တရုတ်၏ အာရှမှလှုပ်ရှားမှုများကို ထုံးစံအားဖြင့် အလျင်အမြန် တုန့်ပြန်သည့် သဘောထားရှိသော အနောက်တိုင်းအစိုးရများသည် စစ်အုပ်စု၏ ရွေးကောက်ပွဲကို တရုတ်က ထောက်ခံခြင်းနှင့်ပတ်သက်ပြီး အလွန် တိတ်ဆိတ်နေခြင်းဖြစ်သည်။

မည်သို့ဆိုစေ တရုတ်က မြန်မာစစ်အုပ်စုသို့ ပေးပို့သည် အဓိကသတင်းစကားမှာ တရုတ်အမျိုးသား အကျိုးစီးပွားကို ကာကွယ်ရန်ဖြစ်ပြီး ထိုအချက်ကို မစ္စတာ ဝမ်ယိ၏ သတင်းစကားတွင် ယူဆောင်လာသည်။

မြန်မာသည် မြန်မာရှိ တရုတ် ဝန်ထမ်းများ၊ အင်စတီကျူးရှင်းများနှင့် စီမံကိန်းများ၏ လုံခြုံရေးသေချာစေရန် ခိုင်မာသည့်အစီအမံများ ပြုလုပ်ပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ထပ်မံတိုက်ဖျက်ကာ တရုတ်-မြန်မာ နယ်စပ်တလျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ထိန်းသိမ်းမည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း မစ္စတာ ဝမ်ယိက မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ပြောသည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်က ယူနန်ပြည်နယ်၊ အန်နင်းတွင် ကျင်းပသည့် ၁၀ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း စစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ အလွတ်သဘော တွေ့ဆုံစဉ် / China News

ကစားပွဲကို ပြောင်းလဲစေသည့် ခရီးစဉ်

လက်တွေ့တွင် မစ္စတာ ဝမ်ယိနှင့် ဦးသန်းဆွေ တွေ့ဆုံခြင်းသည် ၂၀၂၄ ခုနှစ်၊ သြဂုတ်လက တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ကစားပွဲပြောင်းလဲစေသည့် မြန်မာခရီးစဉ် တနှစ်ပြည့်သည့်အချိန် ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့တွင် မစ္စတာ ဝမ်ယိသည် နေပြည်တော်ရှိ သမ္မတရုံးမှ သံတမန်ခန်းမသို့ သွားရောက်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အာဏာသိမ်းခဲ့ပြီး စစ်ရာဇဝတ်ကောင်အဖြစ် ရှုတ်ချခံနေရသည့် နိုင်ငံ၏ တရားမဝင်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ဆွဲနှုတ်ဆက်သည်။

လက်တွေ့တွင် တရုတ်သည် စစ်အုပ်စု၏ နိုင်ငံတကာ အထီးကျန်မှုကို ချိုးဖျက်ပေးပြီး အလွန်လိုအပ်နေသော သံတမန်ရေး ထောက်ခံမှု၊ အကာအကွယ်နှင့် ဘဏ္ဍာရေးအကူအညီများကို ထိုအချိန်မှ စတင်ပေးအပ်သည်။ ယခုအခါ ထိုထောက်ခံမှုဖြင့် အတင့်ရဲလာသော စစ်အုပ်စုသည် ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ပြီး အတိုက်အခံအုပ်စုများက သပိတ်မှောက်မည်ဟု ကြုံးဝါးနေသော်လည်း စစ်အုပ်ချုပ်ရေးကို တရားဝင်စေရန် မျှော်လင့်နေသည်။

လက်တွေ့တွင် တရုတ်သည် စစ်အုပ်စု၏ နိုင်ငံတကာ အထီးကျန်မှုကို ချိုးဖျက်ပေးပြီး အလွန်လိုအပ်နေသော သံတမန်ရေး ထောက်ခံမှု၊ အကာအကွယ်နှင့် ဘဏ္ဍာရေးအကူအညီများကို ထိုအချိန်မှ စတင်ပေးအပ်သည်။ ယခုအခါ ထိုထောက်ခံမှုဖြင့် အတင့်ရဲလာသော စစ်အုပ်စုသည် ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ပြီး အတိုက်အခံအုပ်စုများက သပိတ်မှောက်မည်ဟု ကြုံးဝါးနေသော်လည်း စစ်အုပ်ချုပ်ရေးကို တရားဝင်စေရန် မျှော်လင့်နေသည်။

တရုတ်နိုင်ငံသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ထောက်ခံမှုအား ထပ်လောင်းပြောကြားပြီး စစ်အုပ်စုက ရွေးကောက်ပွဲကို လာရောက် စောင့်ကြည့်ရန်ပင် တရုတ်ကို ဖိတ်ခေါ်သည်။

ရှီကျင့်ဖျင်နှင့် မော်စကိုတွင် တွေ့ဆုံခြင်း

လွန်ခဲ့သောနှစ်က မစ္စတာ ဝမ်ယိ၏ ခရီးစဉ်အပြီးတွင် စစ်အုပ်စုသည် အပေါ်စီးရလာပြီး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အရပ်သားများကို အမြောက်များနှင့် ပစ်ခတ်ခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းခြင်းများ အရှိန်မြှင့်တင်သည်။ (ရုရှားကလည်း စစ်အုပ်စုကို ထောက်ခံကြောင်း မှတ်သားထားရန် အရေးကြီးသည်။)

ထို့နောက် မစ္စတာ ဝမ်ယိ မြန်မာသို့သွားရောက်ပြီးနောက် သုံးလ မပြည့်မီ တရုတ်နိုင်ငံသည် မင်းအောင်လှိုင်ကို မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးသို့ ဖိတ်ခေါ်ပြီး သူနှင့် ထိုင်းအပါအဝင် ဒေသတွင်း ခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံရေး အဆင်ပြေချောမွေ့အောင် လုပ်ပေးသည်။

ထိုခရီးသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မင်းအောင်လှိုင်၏ ပထမဆုံး တရုတ်ခရီးစဉ်ဖြစ်သည်။ ထိုခရီးနောက်ပိုင်းတွင် ထိုင်း၊ ဘယ်လာရုစ်နှင့် ရုရှားတို့သို့ ခရီးစဉ်များ ဖြစ်ပေါ်လာပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ အခြားခေါင်းဆောင်များနှင့် တွေ့ဆုံသည်။

ယခုနှစ် မေလတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၏ အောင်ပွဲနေ့စစ်ရေးပြသို့ ဖိတ်ခေါ်ခံရသောအခါ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မော်စကိုတွင် တွေ့ဆုံသည်။ သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခြင်းသည် စစ်အုပ်စု၏ အနေအထားကို မြှင့်တင်ပေးလိုက်သည်မှာ မေးခွန်းထုတ်စရာမလိုဘဲ မြန်မာမှ မတူညီသည့်၊ အချို့က သဘောထားမတိုက်ဆိုင်ဟုဆိုသည့် အတိုက်အခံများအတွက် ကျောချမ်းစရာ သတင်းစကားကို ပေးလိုက်သည်။ ထိုကိစ္စသည် မြန်မာစစ်ကောင်စီနှင့် တရုတ်အကြား ဖြစ်နိုင်သမျှ အမြင့်ဆုံးအဆင့် အဆက်အသွယ်ဖြစ်သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
49
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
802
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
226

ထိုတွေ့ဆုံမှုတွင် သမ္မတ ရှီကျင့်ဖျင်က ရွေးကောက်ပွဲနှင့် အသေအပျောက်များသော မတ်လ ငလျင်နောက်ပိုင်း ပြန်လည်တည်ဆောက်ရေး အားထုတ်မှုကို ထောက်ခံကြောင်း ပြောကြားသည်။ မင်းအောင်လှိုင်ကို တရုတ်နိုင်ငံ၊ ဘေဂျင်းတွင် ကျင်းပသည့် အောင်ပွဲနေ့ချီတက်ပွဲ တက်ရောက်ရန် ထိုအချိန်မှ စတင်ဖိတ်ခေါ်သည်။

မစ္စတာ ရှီကျင့်ဖျင်၏ ငလျင်အလွန် အကူအညီကတိသည် အပေါ်ယံသက်သက် မဟုတ်ပေ။ တရုတ်နိုင်ငံသည် မစ္စတာ ရှီကျင့်ဖျင်၏ ကတိကို လိုက်လံ ဖြည့်ဆည်းရန် တုံ့ဆိုင်းခြင်း မရှိပေ။

ဇူလိုင်လတွင် တရုတ် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (CIDCA) ဥက္ကဋ္ဌ ချန်ရှောင်တုန်သည် နေပြည်တော်သို့သွားရောက်ပြီး ဦးသန်းဆွေအပါအဝင် အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံသည်။

မြန်မာက တောင်းဆိုသောကြောင့် တရုတ်နိုင်ငံက နောက်ထပ် ယွမ် ၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၃၆.၆ သန်း) တန် အရေးပေါ် လူသားချင်းစာနာမှုအကူအညီများကို ကြေညာသည်။ အလားတူစွာပင် မြန်မာသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး (LMC) ဖိုရမ်မှ အကူအညီများကိုလည်း ဆက်လက်ရနေသည်။

တရားဝင် စာရင်းအင်းများအရ ၂၀၁၈ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံသည် LMC ရန်ပုံငွေမှ အကူအညီ ရှစ်အုပ်စုတွင် စီမံကိန်း ၁၃၂ ခုအတွက် အထောက်အပံ့များရနေပြီး အတည်ပြုသည့် စီမံကိန်းအရေအတွက်အရ မြန်မာသည် အများဆုံးနိုင်ငံ ဖြစ်နေသည်။ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် တရုတ်တို့သည် LMC အဖွဲ့ဝင်များ ဖြစ်သည်။

တရားဝင် စာရင်းအင်းများအရ ၂၀၁၈ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံသည် LMC ရန်ပုံငွေမှ အကူအညီ ရှစ်အုပ်စုတွင် စီမံကိန်း ၁၃၂ ခုအတွက် အထောက်အပံ့များရနေပြီး အတည်ပြုသည့် စီမံကိန်းအရေအတွက်အရ မြန်မာသည် အများဆုံးနိုင်ငံ ဖြစ်နေသည်။ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် တရုတ်တို့သည် LMC အဖွဲ့ဝင်များ ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက တရုတ်နိုင်ငံ၊ ကူမင်းတွင် ကျင်းပသည့် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်စဉ်

ဖုံးကွယ်ထားသော သတင်းစကားလား၊ နောက်ကွယ်အဓိပ္ပာယ်ကို ဖော်ထုတ်ရမည်လား

ယခုအခါ မေးစရာရှိသောမေးခွန်းမှာ တရုတ်နိုင်ငံသည် အတုအယောင်ဖြစ်ကြောင်း ထင်ရှားပြီး နိုင်ငံတွင် ဖိနှိပ်သော စစ်အုပ်ချုပ်ရေး သက်တမ်းတိုးရန် လုပ်ဆောင်မှုသာဖြစ်သည့်လုပ်ရပ်ကို တရုတ်နိုင်ငံက အသိအမှတ်ပြုမည်လား။ အသိအမှတ် ပြုကောင်းပြုနိုင်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲနေ့ကို ကြေညာပြီး မကြာမီ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မော်နင်းက တရုတ်မှ သတင်းစာရှင်းလင်းပွဲတခုတွင် “မြန်မာရဲ့ အထွေထွေရွေးကောက်ပွဲဟာ မြန်မာ့ပြည်တွင်းရေးကိစ္စသာ ဖြစ်တယ်။ မြန်မာက သက်ဆိုင်သူအားလုံးဟာ နိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားကို နှလုံးသွင်းပြီး တွေ့ဆုံဆွေးနွေးမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေ မူဘောင်တွေအတွင်း ပြန်လည်သင့်မြတ်ရေး၊ နိုင်ငံမှာ လူမှုတည်ငြိမ်ရေးကို အမြန်ဆုံး ပြန်လည်ထိန်းသိမ်းရေးနဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု လုပ်ငန်းကို အားပေးရေးကို စိတ်ထဲထည့်ထားဖို့လိုတယ်” ဟု ပြောသည်။

မြန်မာတွင် ရွေးကောက်ပွဲများ “အောင်မြင်စွာ” ကျင်းပနိုင်သည်ဆိုလျှင်ပင် တရုတ်သည် ရလဒ်ကို ထောက်ခံနိုင်ပြီး အစိုးရသစ်နှင့် အပြည့်အဝ ထိတွေ့ဆက်ဆံနိုင်သည်။

သို့သော် ယူနန်ပြည်နယ်၊ အန်နင်းတွင် မစ္စတာ ဝမ်ယိက ဦးသန်းဆွေသို့ပေးသည့် သတင်းစကားကို မိမိတို့ မည်သို့ ဖွင့်ဆိုနိုင်သနည်း။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက “အမျိုးသားပြန်လည်သင့်မြတ်ရေး” နှင့် “အကျယ်ပြန့်ဆုံး သွေးစည်းခိုင်မာမှု”ကို ဖော်ပြသည်။

ထိုသတင်းစကားများက တရုတ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပြီး နေပြည်တော်မှ စစ်တပ်၏ မူဘောင်အတွင်း နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ရန် သွယ်ဝိုက်လမ်းညွှန်နေခြင်း ဖြစ်နိုင်သည်ဟု သုတေသီများက ပြောသည်။

တရုတ်နှင့် စစ်အုပ်စုသည် တရုတ်နယ်စပ်မှ အဓိကကျသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို စစ်ရေးနှင့် နိုင်ငံရေးဖိအားပေးရန် လက်တွဲလုပ်ဆောင်နေသည်။

ဥပမာအားဖြင့်ဆိုပါက တရုတ်အစိုးရ၏ မြင့်မားလာသော ဖိအားအောက်တွင် မြန်မာ၌ အင်အားအကောင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်အုပ်စုဖြစ်သည့် ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) က ၎င်းတို့သည် တရုတ်နယ်စပ်မှ စစ်တပ်ကို တိုက်နေသည့် လူမျိုးစု တပ်မတော် နှစ်ခု အပါအဝင် မဟာမိတ်များကို မည်သည့်ပုံစံမဆို ထောက်ခံမှု ရပ်ဆိုင်းမည်ဖြစ်ကြောင်း ကြေညာသည်။

ဝနှင့် လက်နက်ကိုင်အဖွဲ့အစည်း အများအပြားသည် စစ်အုပ်စုနှင့် အပစ်အခတ်ရပ်စဲရန် တရုတ်ထံမှ ကြီးမားသော ဖိအားကို ရင်ဆိုင်နေရသည်။ နယ်စပ်မှ ဝနှင့် အခြားလက်နက်ကိုင် အဖွဲ့အစည်းများသည် တရုတ်သြဇာ လွှမ်းမိုးမှုအောက်တွင် အကြီးအကျယ်ရောက်နေသည်ဟု ယူဆရသည်။

ထိုသို့ဆိုလျှင် အကျဉ်းထောင်များတွင် အားအင်ချိနဲ့နေသည့် နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာနှင့် အပိတ်ပင်ခံ နိုင်ငံရေးပါတီများအတွက် မည်သို့ရှိမည်နည်း။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရွေးကောက်ခံခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများ၏ ကံကြမ္မာ မည်သို့ရှိမည်နည်း။ ထိုကိစ္စများသည် အထက်ပါ ပြောဆိုချက်များတွင် ဖော်ပြထားသည့်အတိုင်း တရုတ်နိုင်ငံ၏ အခြေခံစိုးရိမ်ပူပန်မှုများ မဟုတ်ပေ။ တရုတ်နိုင်ငံသည် ၎င်း၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်သာ ထိုနေရာတွင်ရှိနေသည်။

အလွန်ထင်ရှားကျော်ကြားသူများ အပါအဝင် နိုင်ငံရေးအကျဉ်းသား ပြဿနာကို မည်သို့ ကိုင်တွယ်မည်ဆိုသည်မှာ စစ်အုပ်စု၏ ပြဿနာသာဖြစ်သည်။ ယနေ့ခေတ်တွင် အနောက် ဒီမိုကရေစီနိုင်ငံများသည် နှုတ်ဆိတ်နေကြ (သို့မဟုတ် ဖရိုဖရဲဖြစ်နေကြ) သည်။ တရုတ်နှင့် နေပြည်တော်သည် ကစားပွဲကို ထိန်းချုပ်ထားသည်။

တရုတ်က ဂရုစိုက်သည်မှာ နယ်စပ်တည်ငြိမ်ရေးသာ ဖြစ်သည်။ နေပြည်တော်မှ စစ်ဝတ်စုံဝတ်လူများ အလေးထားသည်မှာ နိုင်ငံကို ထိန်းချုပ်ရေးသာ ဖြစ်သည်။ ထို့ကြောင့် မတည်ငြိမ်မှုသည် နှစ်ဖက်လုံးအတွက် လေးနက်သော ခြိမ်းခြောက်မှုဖြစ်သည်။

တရုတ်က ဂရုစိုက်သည်မှာ နယ်စပ်တည်ငြိမ်ရေးသာ ဖြစ်သည်။ နေပြည်တော်မှ စစ်ဝတ်စုံဝတ်လူများ အလေးထားသည်မှာ နိုင်ငံကို ထိန်းချုပ်ရေးသာ ဖြစ်သည်။ ထို့ကြောင့် မတည်ငြိမ်မှုသည် နှစ်ဖက်လုံးအတွက် လေးနက်သော ခြိမ်းခြောက်မှုဖြစ်သည်။

ကျန်သူများအတွက် မည်သို့ပင်ရှိစေ တရုတ်က ဂရုမစိုက်ပေ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏လူရမ်းကားများသည် တရုတ်ကို မဆန့်ကျင်ပေ။ စစ်အုပ်စုသည် ဖိနှိပ်သောအစီအမံများကို အရှိန်မြှင့်တင်ပြီး ပြည်သူများနှင့် အတိုက်အခံကို ထိန်းချုပ်ရန် ဥပဒေသစ်များ ပြဋ္ဌာန်းသည်။ စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်တင်သည်။ တရုတ်က ဆက်လက် နှုတ်ပိတ်နေသည်။

၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံစဉ်

ဦးသန်းဆွေနှင့် တွေ့ဆုံစဉ် မစ္စတာ ဝမ်ယိက ရှင်းရှင်းလင်းလင်းပြောခဲ့သည့်အတိုင်း မြန်မာမှ တရုတ်ဝန်ထမ်းများ၊ အင်စတီကျူးရှင်းများနှင့် စီမံကိန်းများ လုံခြုံရေးကို အာမခံရန်၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ဆက်လက် နှိမ်နင်းရန်နှင့် တရုတ်-မြန်မာ နယ်စပ်တလျှောက်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုထိန်းသိမ်းရန်သည် မြန်မာ၏ တာဝန်ဖြစ်သည်။

မြန်မာသည် တရုတ်နိုင်ငံက အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသည့် ရခိုင်ပြည်နယ်တွင် တရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတပ်များ စခန်းချရန် ခွင့်ပြုထားပြီးဖြစ်သည်။ ရခိုင်ပြည်နယ်သည် တရုတ်ကို အိန္ဒိယသမုဒ္ဒရာအား တိုက်ရိုက်အသုံးပြုခွင့်ပေးသည့် တရုတ်၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ်အရ စီစဉ်ထားသည့် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တို့ တည်ရှိသောနေရာ ဖြစ်သည်။ ထိုနေရာသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ သဘာဝဓာတ်ငွေ့ ပေးပို့သည့် တရုတ်-မြန်မာ ပိုက်လိုင်းစမှတ်ဖြစ်သည်။

မည်သို့ဆိုစေ စစ်အုပ်စုသည် သွေးချောင်းမစီးဘဲ ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ပါက တရုတ်သည် အပြည့်အဝ ထိတွေ့ဆက်ဆံရေးကို စဉ်းစားနိုင်ပြီး ရလဒ်ကို အသိအမှတ်ပြုနိုင်သည်။ အိန္ဒိယနှင့် ထိုင်းအပါအဝင် အိမ်နီးချင်းများသည်လည်း အလားတူ လိုက်လုပ်နိုင်သည်။

ထိုသို့မဟုတ်ပါက တရုတ်နိုင်ငံသည် အပြည့်အဝ နိုင်ငံရေးထောက်ခံမှုမပေးဘဲ မြန်မာအာဏာပိုင်များနှင့် ထိတွေ့ဆက်ဆံရေးကို နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှု ထိန်းချုပ်ရေးနှင့် ပြန်လည် တည်ဆောက်ရေးတွင်သာ ထိန်းထားနိုင်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ အောင်ဇော်၏ Endorsing the Junta’s Sham Election, China Deepens Its Meddling in Myanmar ကို ဘာသာပြန်သည်။ အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)

You may also like these stories:

စကမ ရွေးကောက်ပွဲနှင့် တရုတ်သဘောထား

မြန်မာရွေးကောက်ပွဲကို တရုတ်ထောက်ခံမှု၏ နောက်ကွယ်

မြန်မာရွေးကောက်ပွဲ နောက်ကွယ်မှ တရုတ်စွက်ဖက်မှု

ရွေးကောက်ပွဲဝင်မယ့်ပါတီတွေကို တရုတ်ကွန်မြူနစ်ပါတီ ဆက်တိုက်ခေါ်တွေ့နေ (ရုပ်/သံ)

ငြိမ်းချမ်းရေးဖိုရမ်မှာ ရွေးကောက်ပွဲအပေါ်သဘောထား တရုတ်ထုတ်ပြော (ရုပ်/သံ)

တရုတ်ခိုင်းတဲ့ ရွေးကောက်ပွဲ (ရုပ်/သံ)

“မျှတတဲ့ရွေးကောက်ပွဲ” ကျင်းပဖို့ တရုတ်ကို မင်းအောင်လှိုင် ကတိပေး

စစ်ကောင်စီ ရွေးကောက်ပွဲက တရုတ် အကျိုးစီးပွား ရှေးရှုနေ

Your Thoughts …
Tags: Sliderစစ်ကော်မရှင်စစ်ရာဇဝတ်မှုစစ်အာဏာသိမ်းမှုတရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပြည်တွင်းစစ်ရပ်ဝန်းနှင့်လမ်းအစီအစဉ်ရွေးကောက်ပွဲလေကြောင်းတိုက်ခိုက်မှုအပစ်အခတ်ရပ်စဲရေးအမျိုးသားပြန်လည်သင့်မြတ်ရေး
အောင်ဇော်

အောင်ဇော်

အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကမ္ဘာ့အာဏာရှင်များ မဟာမိတ် ရှီကျင့်ဖျင်နှင့် ပူတင် ဦးဆောင်ဖွဲ့မလား

ကမ္ဘာ့အာဏာရှင်များ မဟာမိတ် ရှီကျင့်ဖျင်နှင့် ပူတင် ဦးဆောင်ဖွဲ့မလား

သူမပါရင်မပြီး ပွဲမစည်ဘူးရယ်လို့

သူမပါရင်မပြီး ပွဲမစည်ဘူးရယ်လို့

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved