• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကမ္ဘာ့အာဏာရှင်များ မဟာမိတ် ရှီကျင့်ဖျင်နှင့် ပူတင် ဦးဆောင်ဖွဲ့မလား

by Helen Davidson
2 September 2025
in ဆောင်းပါး
A A
ကမ္ဘာ့အာဏာရှင်များ မဟာမိတ် ရှီကျင့်ဖျင်နှင့် ပူတင် ဦးဆောင်ဖွဲ့မလား

ရုရှားသမ္မတ ပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကို ရှန်ဟိုင်းထိပ်သီးဆွေးနွေးပွဲတွင် တွေ့ရစဉ် / AFP

428
VIEWS
Share on FacebookShare on Twitter

အနောက်တိုင်း ဦးဆောင်သော နိုင်ငံစုံအဖွဲ့များကို စိန်ခေါ်ရန် ကြိုးစားနေသည့် တရုတ်နိုင်ငံမှ အဓိက ထိပ်သီးဆွေးနွေးပွဲ ဒုတိယနေ့တွင် သမ္မတ ရှီကျင့်ဖျင်က အခြားနိုင်ငံများ၏ “အနိုင်ကျင့်သည့် လုပ်ရပ်” ကို ဝေဖန်ခဲ့ပြီး သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းစစ်ပွဲအတွက် အနောက်နိုင်ငံများကို အပြစ်တင်သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးဆွေးနွေးပွဲကို ထန်းကျင်းမြို့တွင် ဩဂုတ်လ ၃၁ ရက်နေ့က စတင်ကျင်းပပြီး သမ္မတ ရှီကျင့်ဖျင်က သမ္မတ ပူတင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ အပါအဝင် ယူရေးရှားအဖွဲ့ဝင်နိုင်ငံများ၊ အခြားမိတ်ဖက်များနှင့် လေ့လာသူနိုင်ငံများမှ ခေါင်းဆောင် ဒါဇင်ပေါင်းများစွာကို ကြိုဆိုသည်။

စက်တင်ဘာလ ၁ ရက်နေ့တွင် ကိုယ်စားလှယ်များသို့ ပြောသည့်မိန့်ခွန်း၌ သမ္မတ ပူတင်က ယူကရိန်းစစ်ပွဲသည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို ရုရှားက အင်အားအလုံးအရင်းဖြင့် ကျူးကျော်သောကြောင့် ဖြစ်လာခြင်းမဟုတ်ဘဲ အနောက်တိုင်းက ထောက်ခံလှုံ့ဆော်သည့် ယူကရိန်းမှ အာဏာသိမ်းမှုရလဒ်ဖြစ်ကြောင်း ပြောသည်။

“ဒီအကျပ်အတည်းရဲ့ ဒုတိယ အကြောင်းရင်းက ယူကရိန်းကို နေတိုး (မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့) ထဲ ဆွဲသွင်းဖို့ အနောက်တိုင်းရဲ့ တစိုက်မတ်မတ် အားထုတ်မှုပဲ” ဟု ရုရှားသမ္မတ ဆက်လက်ပြောကြားသည်။

ရုရှား၏ သုံးနှစ်ခွဲကြာစစ်ပွဲသည် သောင်းနှင့်ချီသော ပြည်သူများကို သေဆုံးစေပြီး ယူကရိန်းအရှေ့ပိုင်း ဒေသအများစုကို ဖျက်ဆီးသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
427
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
170
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.7k

သမ္မတ ပူတင်၏မှတ်ချက်သည် သမ္မတ ရှီကျင့်ဖျင်၏မိန့်ခွန်းနောက်တွင်ပြောသည့် မှတ်ချက်ဖြစ်သည်။ သမ္မတ ရှီကျင့်ဖျင်က “အဖွဲ့ဝင်နိုင်ငံများ ရင်ဆိုင်နေရသည့် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် စိန်ခေါ်မှု ပိုမိုပြင်းထန်လာသည်” ဟု ပြောပြီး “စစ်အေးတိုက်ပွဲစိတ်ဓာတ်၊ အုပ်စုဖွဲ့ထိပ်တိုက်တွေ့ခြင်းနှင့် အနိုင်ကျင့်ခြင်း” ကို ဆန့်ကျင်ရန် အဖွဲ့ဝင်များကို တိုက်တွန်းသည်။

“ကျနော်တို့ဟာ ကုလသမဂ္ဂကို ပင်မထားတယ်၊ နိုင်ငံတကာစနစ်ကို ဦးထိပ်ပန်ဆင်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို ပင်မထားကာ နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ထောက်ခံရမယ်” ဟု ၎င်းကပြောသည်။

သမ္မတ ရှီကျင့်ဖျင်က “SCO ကြီးထွားတိုးတက်မှုကို ချီးကျူးရမယ်”ဟု ပြောကြားပြီး ထိုအဖွဲ့သည် “စစ်မှန်သော နိုင်ငံစုံစနစ်” ပုံစံသစ်ကို တည်ဆောက်နေကြောင်း ပြောသည်။

ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် ကြီးမားသော အတိုင်းအတာရှိသည့် ၎င်းတို့၏ ဈေးကွက်များကို အသုံးပြုရာတွင် အဖွဲ့ဝင်နိုင်ငံများအကြား နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုများကို သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်းပြီး တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း အဖွဲ့ဝင်နိုင်ငံများကို လွတ်လပ်သော အကူအညီ ယွမ် ၂ ဘီလီယံ (ဒေါ်လာ သန်း ၂၈၀) ပေးမည်ဖြစ်ပြီး နောက်ထပ်ယွမ် ၁၀ ဘီလီယံချေးငွေကို SCO ဘဏ်လုပ်ငန်းစုသို့ ပေးမည်ဟု ပြောသည်။

ထျန်းကျင်း ထိပ်သီးဆွေးနွေးပွဲသည် ထိုအဖွဲ့ကို ၂၀၀၂ ခုနှစ်တွင် စတင်ထူထောင်ပြီးနောက်ပိုင်း အကြီးမားဆုံး SCO အစည်းအဝေးဖြစ်ပြီး နေတိုးကဲ့သို့သော အမေရိကန် သို့မဟုတ် အနောက်တိုင်း ဦးဆောင်သည့်အုပ်စုများ လွှမ်းမိုးမှုကို စိန်ခေါ်ရန် တရုတ်၏ အားထုတ်မှုတွင် အဓိက အစိတ်အပိုင်း ဖြစ်သည်။

ထိုအားထုတ်မှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အခွန်များနှင့် အခြားနိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲများကြောင့် ဖြစ်လာသည့် ဖရိုဖရဲအခြေအနေများက မြှင့်တင်ပေးနေသည်။

တက်ရောက်သူများတွင် အိန္ဒိယခေါင်းဆောင် ဝန်ကြီးချုပ် မိုဒီပါဝင်ပြီး ခုနစ်နှစ်အတွင်း တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်သည်။ နှစ်နိုင်ငံတို့သည် ဟိမဝန္တာနယ်စပ်အငြင်းပွားမှု၊ ကုန်သွယ်ရေးနှင့် အိန္ဒိယ၏ ပြိုင်ဘက် ပါကစ္စတန်ကို တရုတ်က ထောက်ခံခြင်းတို့ကြောင့် ရန်လိုမှုများဖြစ်နေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။

သို့သော် အိန္ဒိယက ရုရှားထံမှ ရေနံဝယ်ယူသောကြောင့် အိန္ဒိယကုန်စည်များကို အမေရိကန်က ဒဏ်ခတ်အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံပြီးနောက် ငါးရက်အကြာ ဩဂုတ်လ ၃၁ ရက်နေ့ အစည်းအဝေးက ရုရှားနှင့်အိန္ဒိယအကြား ဆက်ဆံရေး နွေးထွေးလာကြောင်း ပြသနေသည်။

နှစ်ဖက်လုံးက တဖက်နှင့်တဖက် ပြိုင်ဘက်အဖြစ်မမြင်ဘဲ ပူးပေါင်းဆောင်ရွက်သူအဖြစ် မြင်ပါက တရုတ်-အိန္ဒိယ ဆက်ဆံရေးသည် “တည်ငြိမ်ပြီး ခရီးရောက်နိုင်ကြောင်း” သမ္မတ ရှီကျင့်ဖျင်က ပြောသည်ဟု နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။

သမ္မတ ရှီကျင့်ဖျင်၊ သမ္မတ ပူတင်နှင့် ဝန်ကြီးချုပ် မိုဒီတို့သည် ၎င်းတို့၏စကားပြန်များမှတဆင့် စကားပြောနေသည်ကို တိုက်ရိုက်ပြသသည်။ စက်တင်ဘာလ ၁ နေ့က သူ၏မှတ်ချက်တွင် သမ္မတ ပူတင်က ယူကရိန်းအကျပ်အတည်း ပြေလည်ရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်သည့် တရုတ်နှင့် အိန္ဒိယတို့၏ အားထုတ်မှုများကို ချီးကျူးသည်။

ထိုသို့ စုရုံးရောက်ရှိလာသည့် ဧည့်သည်တော်များအနက် အများအပြားသည် စက်တင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် နှစ်ပေါင်း ၈၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြပွဲတွင်လည်း ရှိနေကြမည်ဖြစ်သည်။ ထိုစစ်ရေးပြပွဲသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းလည်း တက်ရောက်မည်ဖြစ်သည်။

သုတေသီများသည် သမ္မတ ပူတင်၊ သမ္မတ ရှီကျင့်ဖျင်နှင့် ကင်ဂျုံအန်း အကြား မည်သည့်တရားဝင် အစည်းအဝေးကိုမဆို အနီးကပ် စောင့်ကြည့်နေမည်ဖြစ်သည်။ ရုရှား၏စစ်ပွဲသို့ မြောက်ကိုရီးယား၏ အကူအညီသည် သမ္မတ ရှီကျင့်ဖျင်ကို စိတ်အနှောင့်အယှက် ဖြစ်စေမည်ဖြစ်သည်။

သမ္မတ ရှီကျင့်ဖျင်သည် ရုရှားနှင့်မဟာမိတ်ဖွဲ့ခြင်းနှင့် ယူကရိန်းစစ်ပွဲကြောင့် အမေရိကန် ပြည်ထောင်စုမှ မည်သည့်ဒဏ်ခတ်တုံ့ပြန်မှုကိုမဆို ရှောင်ရှားရေးအကြား ချိန်ခွင်လျှာ ညှိလိုသည်။

“မြောက်ကိုရီးယားစစ်သားတွေ ယူကရိန်းစစ်မျက်နှာမှာ ရောက်နေပြီး မြောက်ကိုရီးယားနဲ့ရုရှားဟာ နီးကပ်တဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ရှိတာကို အများပြည်သူ သိကြတယ်။ သူတို့ သုံးဦးလုံး တွေ့ဆုံရင် အမေရိကန် ပြည်ထောင်စုအတွက် တုန်လှုပ်စရာဖြစ်ပြီး အလားအလာရှိတဲ့ စစ်အေးတိုက်ပွဲသစ်အရွေ့ကို မီးမောင်းထိုးပြနေတယ်” ဟု တိုကျိုတက္ကသိုလ်၊ အာရှအဆင့်မြင့်လေ့လာရေး အင်စတီကျုမှ သုတေသီ လင်ချွန်ထရွန်က ပြောသည်။

“အဲဒီလို တွေ့ဆုံမှုမျိုး ဖြစ်မလာရင် တရုတ်က အမေရိကန် ပြည်ထောင်စုကို အလွန်အကျွံ စိတ်မဆိုးစေဘဲ သုံးပွင့်ဆိုင် အဓိပ္ပာယ်ဝေဝါးမှု အဆင့်တခုကို ထိန်းသိမ်းထားချင်လို့ ဖြစ်မယ်” ဟုလည်း ၎င်းကပြောသည်။

ကိုးကား ။ ။ The Guardian သတင်း Xi Jinping criticises ‘bullying behaviour’ and Putin blames west for Ukraine war at Shanghai summit

You may also like these stories:

ထရမ့်မပါတဲ့ တရုတ်ရဲ့ အာဏာရှင်များ စုဝေးပွဲ

မြောက်ကိုရီးယားတပ်များ ရုရှားတွင် ဖြန့်ကြက်ခြင်းကို တရုတ်က ကြိုသိသလား

တရုတ်၊ ရုရှားနဲ့ စစ်ကောင်စီကြားမှာ ဆက်ဆံရေးတွေ ပိုကောင်းလာသလား (ရုပ်/သံ)

တရုတ်၊ အိန္ဒိယနှင့် ရုရှား အားကိုးဖြင့် အာဆီယံကို မြန်မာ အာခံ

ယူကရိန်းစစ်ပွဲ ရုရှားက တရုတ်ကို အကူအညီတောင်းကြောင်း အမေရိကန်ပြော

ရုရှား- တရုတ် ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

Your Thoughts …
Tags: SCOကုလသမဂ္ဂကျူးကျော်စစ်တရုတ်နေတိုးယူကရိန်းရုရှားရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အမေရိကန်အိန္ဒိယ
Helen Davidson

Helen Davidson

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
သူမပါရင်မပြီး ပွဲမစည်ဘူးရယ်လို့

သူမပါရင်မပြီး ပွဲမစည်ဘူးရယ်လို့

မြန်မာစစ်တပ်၏ လော်ဘီ ထိုးစစ်များ (ရုပ်/သံ)

မြန်မာစစ်တပ်၏ လော်ဘီ ထိုးစစ်များ (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

10 hours ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.7k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved