Sea Cooperation – 2015 II ဟု အမည်ပေးထားသည့် ရုရှားနှင့် တရုတ်ရေတပ်မှ စစ်သင်္ဘော ၂၂စီး ၊ ရေငုတ်သင်္ဘောများ လေယာဉ်များ၊ အရန်ရေတပ်သင်္ဘောများနှင့် မရိန်းတပ်သား ၅၀၀ ပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကို ရုရှားအရှေ့ဖျား ဂျပန်ပင်လယ် အတွင်း မနေ့က စတင်ကာ ပြုလုပ်ကြောင်း ရုရှားရေတပ်မတော် ဒုတိယ အကြီးအကဲ Alexander Fedotenkov၏ ပြောဆိုမှုကို ကိုးကား၍ ရုရှားသတင်းများတွင် ဖော်ပြ ထားသည်၊ ပူးတွဲ စစ်ရေးလေ့ကျင့်ရခြင်း ရည်ရွယ်ချက်မှာ ရေပိုင်နက် ခြိမ်းခြောက်မှု များကို တန်ပြန်ရာ တွင် စစ်ရေးစွမ်းရည်တိုးတက်စေရန် နှင့် ရုရှုားနှင့် တရုတ်အကြား စစ်ရေးအရ မဟာဗျူဟာကျသည့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဖြစ်သည်ဟု တရုတ် ကာကွယ်ရေးဝန်ကြီး ကဆိုသည်။
လေ့ကျင့်မှုမှာ ၈ရက်ကြာမည်ဖြစ်ပြီး သြဂုတ်လ ၂၄ ရက်နေ့တွင် အဆင့် ဆင့် စတင်လှုပ်ရှားမှုများ ပြုလုပ်မည်ဖြစ်သည်။ တရုတ်ရေတပ်မှ ဖျက်သင်္ဘော ၂စီး၊ ဖရီဂိတ် ၂စီး၊ ကုန်းရေ နှစ်ထွေသွား ယာဉ် ၂စီး၊ ထောက်ပံရေးသင်္ဘောများပါဝင်ပြီး ရဟတ်ယာဉ် ၆စင်း၊ လေယာဉ်ကြီး ၅စင်း စစ်သည် ၂၀၀ ပါဝင်သည့် အုပ်စုသည် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့ကတည်းက ရုရှားအရှေ့ဖျား ဂရိတ်ပီတာ ပင်လယ် ကွေ့နှင့် ဂျပန်ပင်လယ်တွင် စစ်ရေးလေ့ကျင်ရန် ဂွမ်ဒေါင်ဆိပ်ကမ်းမှ ရုရှားရေတပ်စခန်း ဗလာဒီဗော့စတော့သို့ ထွက်ခွာ သွားကြောင်း ဆင်ဟွာသတင်းက ဆိုသည်။
ပစ္စဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒကို စတင်ထိုးဖောက်ဝင်ရောက်လာသည့် တရုတ်နိုင်ငံ သည် ပစ္စဖိတ်သမုဒ္ဒရာအတွင်း ဗီယက်နမ်၊ ဖိလစ်ပိုင် စသည့်နိုင်ငံများနှင့် စပတ်တလီ ကျွန်းများ အရေး အငြင်းပွားနေသကဲ့သို့ ဂျပန်တပ်များ ပင်လယ်ရပ်ခြား သွားရောက်ရန် တိုက်ခိုက်ခွင့်ပြုမည့် ဥပေဒေကြမ်းကို ဂျပန်အောက်လွှတ်တော်က အတည်ပြုပြီးသည့် နောက်မှာ ဂျပန်ပင်လယ်မှာ အခုလို ရုရှား- တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းဖြစ်သည်။












