• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာရွေးကောက်ပွဲ နောက်ကွယ်မှ တရုတ်စွက်ဖက်မှု

by Athena Awn Naw
22 July 2025
in သူ့အတွေး သူ့အမြင်
A A
မြန်မာရွေးကောက်ပွဲ နောက်ကွယ်မှ တရုတ်စွက်ဖက်မှု

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က တရုတ်နိုင်ငံ၊ ဒေရှုမြို့တွင် USDP ဥဋ္ဌက ဦးခင်ရီနှင့် ကိုယ်စားလှယ်များ ဒေရှုမြို့ စည်ပင်သာယာ ကော်မတီ လုပ်ငန်းခွင်ကို လေ့လာနေစဉ် / USDP

1.6k
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်ကောင်စီသည် ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်နေစဉ် တရုတ်သည် ကန့်လန့်ကာနောက်ကွယ်မှ သံတမန်ရေးကို တိတ်တဆိတ် အရှိန်မြှင့်တင်နေပြီး စစ်ကောင်စီနှင့် ပတ်သက်သည့် နိုင်ငံရေးပါတီများ၊ အင်စတီကျူးရှင်းများနှင့် ဆက်ဆံရေးတောင့်တင်းအောင် လုပ်ဆောင်နေသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာနိုင်ငံရေးပါတီ ၁၀ ခုကျော်၊ အဓိကအားဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများကို တရုတ်ကွန်မြူနစ်ပါတီ (CPC) က တရုတ်သို့ ဖိတ်ခေါ်ပြီး ၂၀၂၅ ခုနှစ် တနှစ်တည်းတွင်ပင် သွားရောက် လည်ပတ်မှု ဒါဇင်ဝက်နီးပါးရှိသည်။

ထိုဖိတ်ခေါ်မှုများသည် စစ်ကောင်စီက ၂၀၂၃ ခုနှစ်တွင် နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေသစ် ပြဋ္ဌာန်းပြီးနောက် စတင်ပြီး စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) သည် အများဆုံး ဖိတ်ခေါ်ခံရသည့် ပါတီများဖြစ်သည်။

အထင်ရှားဆုံးလက္ခဏာများအနက် တခုမှာ USDP ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီထံမှ လွန်ခဲ့သောလတွင် လာသည်။ သူ တရုတ်နိုင်ငံသို့ ထွက်ခွာကြောင်း လေဆိပ်မှ ကြိုတင်ပြင်ဆင်ထားသည့် ဗီဒီယိုတွေ့ဆုံမေးမြန်းခန်း တခုဖြင့် အမှုမဲ့အမှတ်မဲ့ အသိပေးခြင်းဖြစ်သည်။

ဦးခင်ရီ၏ အဆိုအရ ထိုခရီးကို CPC နိုင်ငံတကာ ဆက်ဆံရေးဌာန (IDCPC) က စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ ကိုယ်စားလှယ်များကို CPC ဗဟိုပါတီကျောင်းကဲ့သို့သော အင်စတီကျူးရှင်းများတွင် ပါတီတည်ဆောက်ရေး သေနင်္ဂဗျူဟာများ၊ ဗဟိုချုပ်ကိုင်သော အောက်ခြေလူတန်းစား စီမံအုပ်ချုပ်ရေးနှင့် နိုင်ငံရေးအယူအဆ သွတ်သွင်းခြင်း စသည်တို့နှင့် ထိတွေ့စေသည်။

ဇွန်လ ၁၆ ရက်နေ့မှ ၂၃ ရက်နေ့အထိ ခရီးစဉ်တွင် ကွီကျို မဟာအချက်အလက်ဌာနကဲ့သို့ အချက်အလက်နှင့် စောင့်ကြည့်ထောက်လှမ်းရေးဌာနများ၊ စိုက်ပျိုးရေး-စက်မှု တိုးတက်မှုနှင့် သက်ဆိုင်သည့် ကျေးလက် အားသစ်လောင်းရေး အစီအစဉ်များကို လေ့လာခြင်း၊ နိုင်ငံပိုင်လုပ်ငန်းများကို သွားရောက် လေ့လာခြင်းနှင့် လူမှုစီမံခန့်ခွဲမှုနှင့်ထိန်းချုပ်မှုအတွက် ရည်ရွယ်သည့် စမတ်စီးတီးအခြေခံ အဆောက်အအုံများကို လေ့လာခြင်းတို့ ပါဝင်သည်။

ထိုခရီးစဉ်ကို ထုတ်ပြန်ကြေညာခြင်းသည် အရေးပါမှု နိမ့်ကောင်းနိမ့်နိုင်သော်လည်း ပေးလိုသည့် သတင်းစကားမှာ ရှင်းလင်းသည်။ တရုတ်က တွေ့ဆုံဆွေးနွေးရေးအတွက် မဟုတ်ဘဲ အယူအဆ သွတ်သွင်းခြင်းနှင့် နိုင်ငံရေးအရ အသိအမှတ်ပြုခြင်းအတွက် မြန်မာမှ ရွေးကောက်ပွဲနှင့် ပတ်သက်သူများကို ထပ်မံ တံခါးဖွင့်ပေးခြင်းဖြစ်သည်။

တရုတ်လက္ခဏာနှင့် နိုင်ငံရေးမျက်နှာစာ

တရုတ်နိုင်ငံ၏ ဖိတ်ခေါ်မှုများသည် ပိုမိုသေနင်္ဂဗျူဟာကျလာသည်။ ထိုဖိတ်ခေါ်မှုများသည် ပါတီချင်း ချစ်ကြည်ရေး သင်္ကေတဟန်ပန်မျှသာ မဟုတ်တော့ဘဲ အများအားဖြင့် IDCPC က အဆင်ပြေ ချောမွေ့အောင်လုပ်ပေးသည့် ပစ်မှတ်ထား နိုင်ငံရေးလေ့ကျင့်ပေးခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ ဖိတ်ခေါ်မှုများသည် ပိုမိုသေနင်္ဂဗျူဟာကျလာသည်။ ထိုဖိတ်ခေါ်မှုများသည် ပါတီချင်း ချစ်ကြည်ရေး သင်္ကေတဟန်ပန်မျှသာ မဟုတ်တော့ဘဲ အများအားဖြင့် IDCPC က အဆင်ပြေ ချောမွေ့အောင်လုပ်ပေးသည့် ပစ်မှတ်ထား နိုင်ငံရေးလေ့ကျင့်ပေးခြင်း ဖြစ်သည်။

နိုင်ငံရေးသမားများ၊ ရွေးကောက်ပွဲအရာရှိများနှင့် တိုင်းရင်းသားပါတီ ခေါင်းဆောင်များ အပါအဝင် မြန်မာကိုယ်စားလှယ်များကို တရုတ်အာဏာရှင်စနစ် ဖွံ့ဖြိုးတိုးတက်မှု စံပုံစံ၏ အတွင်းပိုင်း လုပ်ကိုင်မှုများကို လိုက်လံပြသခြင်းဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့များသည် ကွီကျို မဟာအချက်အလက်ဌာနကဲ့သို့ စောင့်ကြည့်ထောက်လှမ်းရေးဌာနများသို့ သွားရောက်သည်၊ နိုင်ငံပိုင်လုပ်ငန်းများကို လေ့လာသည်၊ CPC ကျေးလက် အားသစ်လောင်းရေး အစီအစဉ်များကို လေ့လာသည်၊ ဗဟိုပါတီကျောင်းကဲ့သို့သော နိုင်ငံရေးအယူအဆ သွတ်သွင်းသည့် အင်စတီကျူးရှင်းများတွင် လေ့လာသည်။

လူထုပါဝင်မှုအသွင်ဖြင့် ပါတီလွှမ်းမိုးမှု မည်သို့ ထိန်းသိမ်းထားရမည်ကို ထိုကိုယ်စားလှယ်အဖွဲ့များအား ပြသသည်။ ကြိုတင် ရွေးချယ်ထားသော ရလဒ်များနှင့် ရွေးကောက်ပွဲများ မည်သို့ ကျင်းပနိုင်သည်ကို ပြသသည်။ ထိုပုံစံ ဖြစ်ပေါ်တိုးတက်မှုသည် ဒီမိုကရေစီကို အခြေမခံ၊ အာဏာကို သဘောတူညီချက် မပါဘဲ ထိန်းချုပ်မှုဖြင့် ထိန်းသိမ်းသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့က တရုတ်နိုင်ငံ၊ ရှန်ဒေါင်းခရိုင်၊ ပင်ယွန်းစီရင်စုတွင် ဦးခင်ရီနှင့် ကိုယ်စားလှယ်များ စိုက်ပျိုးရေးလုပ်ငန်းကို လေ့လာနေစဉ် / USDP

ဗြောင်ကျသော စစ်အုပ်ချုပ်ရေးမှ ပိုမိုယဉ်ကျေးသည့် အာဏာရှင်အဖြစ်သို့ စီမံထားသည့် အသွင်ကူးပြောင်းမှုအတွက် ပြင်ဆင်နေသော ဦးခင်ရီနှင့် အခြားသူများကဲ့သို့ ခေါင်းဆောင်များအတွက် တရုတ်နိုင်ငံ၏စနစ်သည် နိုင်ငံရေးဆက်လက်ရှင်သန်ရေး မူကြမ်းရစေသည်။ ထိုမူကြမ်းသည် အာဏာလွှဲပြောင်းရန် မဟုတ်ဘဲ အာဏာကို ထိန်းချုပ်သည့် အခြေအနေများအောက်တွင် တရားဝင်စေရန် ရွေးကောက်ပွဲများကို အသုံးချသည်။

ထိုကိုယ်စားလှယ်အဖွဲ့များကို ဖွဲ့စည်းထားသည့်ပုံစံသည် ဂရုတစိုက် တွက်ချက် ထိတွေ့ဆက်ဆံမှုကို ထင်ဟပ်နေသည်။ နောက်ဆုံးခရီးစဉ်တွင် USDP မှ အဆင့်မြင့်အဖွဲ့ဝင် ၁၀ ဦး၊ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကိုယ်စားလှယ် လေးဦး၊ PPP မှ ကိုယ်စားလှယ် လေးဦးနှင့် စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ တာဝန်ရှိသူများ ပါဝင်သည်။

ရွေးကောက်ပွဲကို ကြီးကြပ်ရန် တိုက်ရိုက်တာဝန်ရှိသော UEC မှ ပုဂ္ဂိုလ်များ ပါဝင်ခြင်းသည် အန္တရာယ်ကို အချက်ပြခြင်းဖြစ်သည်။ ဘက်မလိုက်ဘဲ အားလုံးကျုံးဝင်သည့် လုပ်ငန်းစဉ် ဖြစ်စေရမည့်အစား တရုတ်နိုင်ငံ၏ တင်းကျပ်စွာ ခင်းကျင်းပြသည့် နိုင်ငံရေးပြပွဲတွင် UEC ပါဝင်ခြင်းက စစ်တပ်ထိန်းချုပ်မှုအောက်တွင် ရွေးကောက်ပွဲတရားဝင်မှု လုပ်ဆောင်ရန် ညှိနှိုင်းဆောင်ရွက်မှုကို ဖော်ပြနေသည်။

စစ်ကောင်စီနှင့် ပနံသင့်သည့် ပါဝင်ပတ်သက်သူများကို တရုတ်က ဖိတ်ခေါ်သည်မှာ ထိုတကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။ လွန်ခဲ့သော လအနည်းငယ်အတွင်း ၈၈ မျိုးဆက်လှုပ်ရှားမှု ခေါင်းဆောင်ဟောင်းများနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ စစ်တပ်နှင့် ဆက်စပ်မှုရှိသည်ဟု ကျော်ကြားသော ပအိုဝ်းကိုယ်စားလှယ်များ အပါအဝင် ရှမ်းပြည်နယ်မှ နိုင်ငံရေးခေါင်းဆောင်များကို ဖိတ်ခေါ်ခဲ့သည်။

ထိုသို့ ပြပွဲခရီးစဉ်များသည် သေနင်္ဂဗျူဟာကျသည့် ပုံစံတခုကို ပြသနေသည်။ တရုတ်နိုင်ငံသည် ရွေးကောက်ပွဲအလွန် မြန်မာတွင် သြဇာလွှမ်းမိုးတော့မည့် သက်ဆိုင်သူများနှင့် ဆက်ဆံရေး တက်ကြွစွာ ပြုစုပျိုးထောင်နေသည်။ ပြည်သူလူထုအကြား တရားဝင်မှုရှိသူများနှင့် မဟုတ်ဘဲ နိုင်ငံရေး ကြိုတင်ခန့်မှန်းနိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေး အာမခံချက်ပေးနိုင်သူများနှင့် ဆက်ဆံရေး ထူထောင်ရန်ဖြစ်သည်။

တရုတ်အစိုးရ၏ ရွေးကောက်ပွဲ လောင်းကြေးထပ်မှု

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
41
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
4.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.6k

တရုတ်အစိုးရ၏ နောက်ကွယ်မှ ထောက်ခံမှုသည် နိုင်ငံရေး ဖိတ်ခေါ်မှုများသာမကဘဲ စစ်ကောင်စီ ရွေးကောက်ပွဲယန္တရားအတွက် နည်းပညာအကူအညီ ကတိလည်းပါဝင်သည်။ ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲမတိုင်မီ အရေးပါသောခြေလှမ်းဖြစ်သည့် မြန်မာတနိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူရေးအတွက် နည်းပညာအကူအညီနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ပိုမိုကျယ်ပြန့်စွာ ထောက်ခံရန် ကတိပြုသည်။

မြန်မာတွင်လုပ်မည့် ရွေးကောက်ပွဲများကို တရုတ်က နိုင်ငံရေးအသွင်ကူးပြောင်းမှုဟု မြင်သည်။ စစ်တပ်ခေါင်းဆောင်ပိုင်းမှ အာဏာကို အရပ်သားအုပ်ချုပ်ရေးအသွင်ယူ လွှဲပြောင်းပေးသည့် သေနင်္ဂဗျူဟာဖြစ်သည်။ ထိုချဉ်းကပ်ပုံနည်းလမ်းကို တရုတ်က ထောက်ခံပြီး ရွေးကောက်ပွဲ ရလဒ်များသည် အပေါ်ယံ သို့မဟုတ် ကြိုတင်ပြင်ဆင်ပြောင်းလဲမှု ဖြစ်စေကာမူ ထိုရလဒ်များကို လက်ခံရန် ဒေသတွင်းနိုင်ငံများကို အားပေးသည်။

မြန်မာတွင်လုပ်မည့် ရွေးကောက်ပွဲများကို တရုတ်က နိုင်ငံရေးအသွင်ကူးပြောင်းမှုဟု မြင်သည်။ စစ်တပ်ခေါင်းဆောင်ပိုင်းမှ အာဏာကို အရပ်သားအုပ်ချုပ်ရေးအသွင်ယူ လွှဲပြောင်းပေးသည့် သေနင်္ဂဗျူဟာဖြစ်သည်။ ထိုချဉ်းကပ်ပုံနည်းလမ်းကို တရုတ်က ထောက်ခံပြီး ရွေးကောက်ပွဲ ရလဒ်များသည် အပေါ်ယံ သို့မဟုတ် ကြိုတင်ပြင်ဆင်ပြောင်းလဲမှု ဖြစ်စေကာမူ ထိုရလဒ်များကို လက်ခံရန် ဒေသတွင်းနိုင်ငံများကို အားပေးသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ဟောင်း ချန်ဟိုင် အပါအဝင် တရုတ်အရာရှိများသည် ၂၀၂၃ ခုနှစ်မှ စတင်ပြီး UEC ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အစည်းအဝေး အကြိမ်ကြိမ်ကျင်းပသည်။ ထိုအစည်းအဝေးများတွင် တရုတ်က နိုင်ငံရေးပါတီများ၏ အဆင့်အတန်း၊ မဲစာရင်းပြင်ဆင်မှု တိုးတက်မှု အဓိကကျသည်။

ရွေးကောက်ပွဲ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ တိုးတက်မှုတို့ကို တရုတ်က မေးမြန်းပြီး ရွေးကောက်ပွဲ ကျင်းပရန် စစ်ကောင်စီကို တိုက်တွန်းသည်။ ထိုအချက်က မြန်မာ့ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် တရုတ်၏ တက်ကြွစွာ ပါဝင်ပတ်သက်မှုနှင့် သြဇာကို ထင်ဟပ်နေသည်။

အနောက်တိုင်းက မြန်မာကို အထီးကျန်မှု ပိုမိုနက်ရှိုင်းအောင် လုပ်နေချိန်တွင် တရုတ်က ထိတွေ့ဆက်ဆံမှု အရှိန်မြှင့်တင်ခြင်း ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် မိတ်ဖက်များသည် အရေးယူပိတ်ဆို့မှုများနှင့် နိုင်ငံရေးဖိအားများ ဆက်လက်ပြုလုပ်နေစဉ် တရုတ်သည် လစ်လပ်မှုနှင့် အခွင့်အလမ်းကိုတွေ့မြင်သွားသည်။

တရုတ်၏ အကျိုးစီးပွား နှလုံးသည်းပွတ်တွင် ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ၏ အရေးပါသော အချိတ်အဆက်ဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ရှိသည်။ အဓိကကျသည့် ပိုက်လိုင်းများ၊ ဆိပ်ကမ်းများနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများသည် မြန်မာမှ ပဋိပက္ခအားပြိုင်နေသည့် ဒေသများကို ဖြတ်သန်းနေသည်။

နယ်စပ်တည်ငြိမ်ရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အခြေခံအဆောက်အအုံ လုံခြုံရေးသည် တရုတ်၏ အဓိက စိုးရိမ်မှုမျာဖြစ်ပြီး လူ့အခွင့်အရေး သို့မဟုတ် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အလေးမထားပေ။

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် ပါတီဝင်များကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ ‌လေဆိပ်တွင် တွေ့ရစဉ် / People’s Party

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ပါတီများနှင့် UEC ကို အသုံးချရန် ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခြင်းဖြင့် တရုတ်နိုင်ငံသည် သေနင်္ဂဗျူဟာကျသည့် ခြေကုပ်ကို ခိုင်မာအောင်လုပ်ပြီး မည်သူနိုင်သည်ဖြစ်စေ၊ မည်သူ့ကို နိုင်ခွင့်ပေးသည်ဖြစ်စေ တရုတ်လိုလားသော မူဝါဒများ ဆက်လက်ထိန်းသိမ်းအောင် လုပ်ဆောင်နေသည်။

သို့သော် ပကတိအခြေအနေမှာ စစ်ကောင်စီသည် မြို့နယ် ၂၆၀ ခန့်တွင်သာ ရွေးကောက်ပွဲကို အာမခံနိုင်ပြီး ထိုမြို့နယ် အများအပြားသည်လည်း တော်လှန်ရေးအင်အားစုများ ထိန်းချုပ်မှု သို့မဟုတ် တစိတ်တပိုင်း သြဇာသက်ရောက်သည့် မြို့နယ်များ ဖြစ်သည်။ ထိုနေရာများတွင်ပင် စစ်ကောင်စီသည် ရွေးကောက်ပွဲဝန်ထမ်းများ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်သူများ၏ ဘေးကင်းလုံခြုံမှုကို အာမ မခံနိုင်ပေ။

တချိန်တည်းတွင် တော်လှန်ရေးအင်အားစုများ၊ အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်ဖွဲ့ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက စစ်ကောင်စီပြုလုပ်သည့် ရွေးကောက်ပွဲများကို အပြင်းအထန် ဆန့်ကျင်ကြပြီး စစ်မှန်သော နိုင်ငံရေးအသွင်ကူးပြောင်းမှု ခြေလှမ်းဟု မမြင်ဘဲ တရားမဝင်အုပ်ချုပ်ရေး အမြစ်တွယ်စေမည့် အသုံးချခံအဖြစ်သာ မြင်ကြသည်။

ဒေသတွင်း တွန်းအားအကြား အားလုံးပါဝင်ခြင်းဟု ထင်ယောင်ထင်မှားဖြစ်မှု

ကျယ်ပြန့်သော ဖိနှိပ်မှုများရှိသော်လည်း မြန်မာစစ်တပ်သည် လာမည့်ရွေးကောက်ပွဲက “အားလုံး အကျုံးဝင်သည်” ဟု ပုံဖော်ရန် ကြိုးစားနေသည်။ သေးငယ်သော လူမျိုးစုပါတီများနှင့် အသစ် မှတ်ပုံတင်သည့်အဖွဲ့များ ပါဝင်ရန် အားပေးနေပြီး နိုင်ငံရေးကွဲပြားစုံလင်မှု ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးနေသည်။

သို့သော် အဓိကကျသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့သည် ပြန်လည် မှတ်ပုံတင်ရန် ငြင်းဆန်ခြင်း၊ ပိတ်ပင်ခံရခြင်း၊ ပြည်ပရောက် သို့မဟုတ် ထောင်ချခံရပြီးဖြစ်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်မှ ထိရောက်စွာ ဖယ်ထုတ်ခြင်းခံရသည်။

တရုတ်နိုင်ငံသည် အားလုံးပါဝင်သည်ဆိုသည့် ထင်ယောင်ထင်မှားဖြစ်မှုကို အသုံးချပြီး ရွေးကောက်ပွဲရလဒ်ကို ဒေသဆိုင်ရာနှင့် နိုင်ငံတကာလက်ခံမှုရရန်၊ အထူးသဖြင့် အနီးကပ် အိမ်နီးချင်းနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို တွန်းအားပေးသည်။

တိတ်တဆိတ် သံတမန်ရေးမှတဆင့် တရုတ်အစိုးရသည် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားသာမက အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့မှ အစိုးရများကိုပင် မြန်မာစစ်တပ်၏ ရွေးကောက်ပွဲလမ်းပြမြေပုံသည် ဒီမိုကရေစီချို့တဲ့သော်လည်း “တည်ငြိမ်ရေး” နှင့် “အမျိုးသားပြန်လည်သင့်မြတ်ရေး” ခြေလှမ်းတခုအဖြစ်လက်ခံရန် တိုက်တွန်းနေပုံရသည်။

တိတ်တဆိတ် သံတမန်ရေးမှတဆင့် တရုတ်အစိုးရသည် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားသာမက အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့မှ အစိုးရများကိုပင် မြန်မာစစ်တပ်၏ ရွေးကောက်ပွဲလမ်းပြမြေပုံသည် ဒီမိုကရေစီချို့တဲ့သော်လည်း “တည်ငြိမ်ရေး” နှင့် “အမျိုးသားပြန်လည်သင့်မြတ်ရေး” ခြေလှမ်းတခုအဖြစ်လက်ခံရန် တိုက်တွန်းနေပုံရသည်။

မြန်မာအကျပ်အတည်းကို မည်သို့ကိုင်တွယ်မည်နှင့် ပတ်သက်ပြီး သဘောထားကွဲလွဲနေပြီးဖြစ်သည့် အာဆီယံအတွက် မည်သည့် ညီညွတ်ရေးတပ်ဦးကိုမဆို အားနည်းစေနိုင်သည်။ အန္တရာယ်မှာ တရုတ်၏ တရားဝင်မှု ရှုထောင့်သည် မြန်မာမြေပြင်မှ ပကတိအခြေအနေများကို ဖုံးကွယ်နေခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်က တရုတ်နိုင်ငံ၊ ရှန်ဒေါင်းပြည်နယ်ရှိ Shandong Grad Group ၏ လေအေးပေးစက် စက်ရုံသို့ သွားရောက်သည့် ဦးခင်ရီနှင့် ကိုယ်စားလှယ်များ / USDP

တရုတ်၏ တိတ်ဆိတ်သော ထောက်ခံမှု

စစ်တပ်ကျောထောက်နောက်ခံပြုပါတီများနှင့် UEC အရာရှိများ တရုတ်သို့ သွားရောက် လည်ပတ်ခြင်းသည် အသေးအဖွဲဖြစ်ပုံရသော်လည်း ထိုခရီးစဉ်များသည် လက်တွေ့တွင် အစီအစဉ်ရှိရှိ သိမ်မွေ့သော ထောက်ခံမှုကို ထင်ဟပ်နေသည်။ သံတမန်ရေးကြေညာချက်များအစား တရုတ်နိုင်ငံသည် နိုင်ငံရေးဖိတ်ခေါ်မှုများ၊ စီးပွားရေးမက်လုံးများနှင့် ဒေသတွင်းထောက်ခံမှု လှုံ့ဆော်ခြင်းဖြင့် စစ်ကောင်စီကို ထောက်ခံနေသည်။

မြန်မာနိုင်ငံသည် အပြစ်အနာအဆာ အလွန်မကင်းသည့် ရွေးကောက်ပွဲနှင့် နီးကပ်လာချိန်တွင် တရုတ်နိုင်ငံသည် မဲရေတွက်ခြင်းဖြင့် မဟုတ်ဘဲ ရွေးကောက်ပွဲဝင်သူများ ရွေးကောက်ပွဲဝင်ရန် ပုံဖော်ပေးခြင်းဖြင့် ရလဒ်၊ စည်းမျဉ်းနှင့် ထိုလုပ်ရပ် နောက်ဆုံးရလဒ်ကို ပုံဖော်နေသည်။

ရွေးကောက်ပွဲ ခေါင်းစဉ်နှင့် ဇာတ်တိုက်ထားသည့် မဲဆွယ်ပွဲမိန့်ခွန်းများ နောက်ကွယ်တွင် တရုတ်နိုင်ငံက ပေးပို့သည့် သတင်းစကားသည် သိသာပြီး ရှင်းလင်းသည်။ တရားဝင်မှုကို မဲပုံးများတွင် မတည်ဆောက်ဘဲ ကမကထပြု၊ လေ့ကျင့်ထားမှုနှင့် ဇာတ်သွင်းနိုင်သည်ဆိုသည့် သတင်းစကား ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Athena Awn Naw ၏ Behind the Scenes: China’s Hand in Myanmar’s Election ကို ဘာသာပြန်သည်။ အက်သန်နာ အောင်နော်သည် စီးပွားရေးကဏ္ဍများတွင် တရုတ်၏ ကျယ်ပြန့်လာသောသြဇာကို အာရုံစိုက်ပြီး မြန်မာမှ လူမျိုးစုပဋိပက္ခအရွေ့များ သရုပ်ခွဲလေ့လာခြင်းကို အထူးပြုသည်။ သူ၏ ကျွမ်းကျင်သော နယ်ပယ်များတွင် တရုတ်ပါဝင်ပတ်သက်မှု၏ လူမှုစီးပွားအကျိုးဆက်များ၊ မြန်မာ့လက်နက်ကိုင်ပဋိပက္ခနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်၏အခန်းကဏ္ဍ၊ ဒေသတွင်း အစီအစဉ်များတွင် တရုတ်ပတ်သက်မှုတို့ ပါဝင်သည်။)

You may also like these stories:

ရွေးကောက်ပွဲဝင်မယ့်ပါတီတွေကို တရုတ်ကွန်မြူနစ်ပါတီ ဆက်တိုက်ခေါ်တွေ့နေ (ရုပ်/သံ)

ငြိမ်းချမ်းရေးဖိုရမ်မှာ ရွေးကောက်ပွဲအပေါ်သဘောထား တရုတ်ထုတ်ပြော (ရုပ်/သံ)

တရုတ်ခိုင်းတဲ့ ရွေးကောက်ပွဲ (ရုပ်/သံ)

တရုတ် ကျားကန်မှုဖြင့် စစ်ကောင်စီ ရွေးကောက်ပွဲ ကျင်းပမည်

ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

အတုအယောင် ရွေးကောက်ပွဲဖြင့် မင်းအောင်လှိုင် အာဏာ ဆွဲဆန့်ဖို့ ပြင်

Your Thoughts …
Tags: BRICMECCPCNLDNUGSNLDUSDPစစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးစင်္ကြံတရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်လှန်ရေးအင်အားစုရင်းနှီးမြှုပ်နှံမှုရွေးကောက်ပွဲအရေးယူပိတ်ဆို့မှုအာဆီယံ
Athena Awn Naw

Athena Awn Naw

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
Black Box တွေ ဘယ်မှာလဲ

Black Box တွေ ဘယ်မှာလဲ

ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ AA ကြိုဆို (ရုပ်/သံ)

မိုးဗြဲ-နောင်ချိုကို စစ်ကောင်စီ ပြန်သိမ်းနိုင်တာ ဘာကြောင့်လဲ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved