• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မိုးဗြဲ-နောင်ချိုကို စစ်ကောင်စီ ပြန်သိမ်းနိုင်တာ ဘာကြောင့်လဲ

by စွယ်တော်
22 July 2025
in သူ့အတွေး သူ့အမြင်
A A
ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ AA ကြိုဆို (ရုပ်/သံ)

မိုးဗြဲ PDF တပ်ဖွဲ့ဝင်များ/ မိုးဗြဲ PDF

2.1k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် နွေဦးတော်လှန်ရေး လေးနှစ်ကျော် ကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့များသည် မြို့ပေါင်း ၁၀၃ မြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြသည်။ လတ်တလော ကာလအထိ ထိုမြို့များအနက်က ခုနစ်မြို့ကို တော်လှန်ရေးဘက်က ပြန်၍ လက်လွှတ်ဆုံးရှုံးခဲ့ကြရသည်။

ထိုမြို့များအနက် ကရင်နီပြည်နယ် (ကယား) ရှိ မိုးဗြဲမြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့တို့ကို ပြန်လည် စွန့်လွှတ်ခဲ့ရခြင်းက တော်လှန်ရေးအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအချို့ ဖြစ်စေခဲ့သည်။

စစ်ကောင်စီဘက်ကမူ ထိုကဲ့သို့ ပြန်၍ သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် စိတ်ဓာတ်မြှင့်တင်ရေးအပိုင်းတွင် အားသာမှုများ ရှိလာခဲ့သည်။ စစ်ရေးအရ သာလွန်လာသည့်သဘောအထိ ဝါဒဖြန့်လာနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့ ယခင်ကထက် အားသာမှုအချို့ ရှိလာသည့် စစ်ကောင်စီအနေဖြင့် သူတို့ ကြေညာထားသည့်အတိုင်း ရွေးကောက်ပွဲပြုလုပ်ရန် တာဆူနေသလို ရွေးကောက်ပွဲမတိုင်မီ ပြန်ရနိုင်သည့် နယ်မြေအချို့ကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ပြီး ပြန်လည် သိမ်းပိုက်ရန် ကြိုးစားလျက်ရှိသည်ကိုလည်း တွေ့နေရသည်။

အထက်ဖော်ပြပါ မြို့ နှစ်မြို့အနက် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုးဗြဲမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်ခဲ့သည့် တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးနှင့်အတူ ထိုလအတွင်းမှာပင် ကရင်နီတပ်ပေါင်းစုများက သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပါဝင်သည့် နောင်ချိုမြို့ကိုမူ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ တနှစ်နှင့် ရှစ်လအကြာတွင် ကရင်နီတပ်ပေါင်းစုက မိုးဗြဲမြို့ကို ပြန်လည် စွန့်လွှတ်ခဲ့ရသလို တနှစ်အကြာတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကလည်း နောင်ချိုကို ပြန်၍ စွန့်လွှတ်လိုက်ရပြီ ဖြစ်သည်။

ယခုအခါ တနှစ်နှင့် ရှစ်လအကြာတွင် ကရင်နီတပ်ပေါင်းစုက မိုးဗြဲမြို့ကို ပြန်လည် စွန့်လွှတ်ခဲ့ရသလို တနှစ်အကြာတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကလည်း နောင်ချိုကို ပြန်၍ စွန့်လွှတ်လိုက်ရပြီ ဖြစ်သည်။

မိုးဗြဲမြို့ အပါအဝင် ကရင်နီပြည် စစ်ရေးနှင့်ပတ်သက်၍ ပြန်လည် သုံးသပ်မည်ဆိုပါက အာဏာသိမ်းကာလ အစောပိုင်း တနှစ်ကျော်ကစပြီး ထိုဒေသတွင် စစ်ရေးအရ တော်လှန်ရေးဘက်က အရေးသာမှုရှိလာခဲ့သည်။

ထိုအခြေအနေမှ ၁၀၂၇ စစ်ဆင်ရေးနှင့် မရှေးမနှောင်း ပေါ်ပေါက်ခဲ့သည် တစ်လေးလုံး စစ်ဆင်ရေးသည် ကရင်နီပြည်နယ်နှင့် နယ်မြေဆက်စပ်သည့် ရှမ်းတောင်ရှိ မြို့များကိုပင် အတော်အသင့် ခြိမ်းခြောက်နိုင်ခဲ့သည်ကို တွေ့ရသည်။

ရာထူးတိုးခြင်းခံရသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး (MOI)

ထို့ပြင် ကရင်နီ (ကယား) ပြည်နယ်၏ မြို့တော် လွိုင်ကော်မြို့အတွင်းက နေရာများအထိ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြသည်။ ထို့ကြောင့် စစ်ကောင်စီ၏ ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်) တို့ပင် မျက်ခုံးလှုပ်ခဲ့ကြရသည့် အနေအထားအထိ ဖြစ်ခဲ့ကြသည်ကို တွေ့ခဲ့ရ၏။

ထိုမျှမက စစ်ကောင်စီဘက်က အင်အားဖြည့် စစ်ကူစစ်ကြောင်းများကို၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်များအတွင်း မိုးဗြဲမြို့ဘက်တွင်သာမက ဖရူဆိုးမြိုနှင့် ဘောလခဲမြို့အနီးသို့ ချဉ်းကပ်၍ မရအောင် ကရင်နီတပ်ပေါင်းစုက ခုခံ ပိတ်ဆို့ ဖြတ်တောက်ထားနိုင်ခဲ့သည်ကိုလည်း တွေ့ရသည်။

သို့သော် ၂၀၂၄ ခုနှစ်၏ နှစ်လယ်ပိုင်းတွင် အကြောင်းကြောင်းကြောင့် ကရင်နီတပ်ပေါင်းစုဘက်က စစ်ရေးတန့်သွားချိန်၌ စစ်ကောင်စီဘက်က လွိုင်ကော်ကို ပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့သည်။ ထို့ပြင် နှစ်ကုန်ပိုင်းကစ၍ ပင်လောင်း-ဖယ်ခုံ-လွိုင်ကော် ကားလမ်းကိုပါ ပြန်လည် ထိန်းချုပ်ရန် စစ်ကြောင်းထိုးလာနိုင်ခဲ့သည်။

၂၀၂၅ ခုနှစ်တွင် စစ်ကောင်စီဘက်က ကရင်နီပြည်နယ်တွင် စစ်ရေးပိုင်ဆိုင်ရာ ပြောင်းလဲမှု ပြုလုပ်လာသည်။ မြေအနေအထားအရ ကရင်နီပြည်နယ်ရှိ ဆုံးရှုံးခဲ့ရသည့်နယ်မြေများကို ထိုးစစ်ဆင်ရန်အတွက် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ လမ်းကြောင်းပွင့်ရန် စစ်ကောင်စီဘက်က အလေးထား လုပ်ဆောင်လာသည်။

သူတို့အတွက် ထိုသို့ဆောင်ရွက်ရန် အရေးပါသည့်လမ်းကြောင်းမှာ ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်း ဖြစ်သဖြင့် ထိုလမ်းတလျှောက် ထိုးစစ်ဆင်ပြီး ပြန်ဖွင့်နိုင်အောင် ကြိုးစားခဲ့သည်။

စစ်ကောင်စီအနေဖြင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) ပြည်သူ့စစ်အင်အားများကို အလွန်အကျွံ အသုံးပြုပြီး ထိန်းချုပ်ထားသည့် ဟိုပုံး-ဆီဆိုင်-လွိုင်ကော်လမ်း တခုတည်းကိုသာ အသုံးပြုနေရသည်။ ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ -လွိုင်ကော်လမ်း ပွင့်ပါက စစ်ကောင်စီဘက်က နေပြည်တော်နှင့် မြန်မာအလယ်ပိုင်းဒေသများဘက်က စစ်အင်အားနှင့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ဖြည့်တင်းမှုကို တိုက်ရိုက်လုပ်ဆောင်လာနိုင်မည် ဖြစ်သည်။

ထိုပြင် မိုးဗြဲသည် လမ်းဆုံလမ်းခွမြို့ဖြစ်သဖြင့် မိုးဗြဲမှ လွိုင်ကော်ဘက်သို့သာမက ဒီးမော့ဆိုဘက်သို့ လည်းကောင်း၊ ဒီးမော့ဆိုမှ ဖရူဆိုနှင့် ဘောလခဲဘက်သို့လည်းကောင်း ဆက်၍ ထိုးစစ်ဆင်သွားနိုင်မည်ဖြစ်သည်။

ထို့ကြောင့်လည်း စစ်ကောင်စီဘက်က မိုးဗြဲ ထိုးစစ်တွင် တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) နှင့် ဖယ်ခုံအခြေစိုက် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၇) လက်အောက်ခံတပ်များက အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်ခဲ့သည်။

မြို့၏မြောက်ဘက် မိုးဗြဲဆည်အနီးရှိ ခမရ (၄၂၂) ဘက်က စစ်ကြောင်းထိုးခဲ့သလို မြို့၏အရှေ့ဘက်ဖြစ်သည့် လွိုင်ကော်ဘက်ခြမ်းတွင် ကုန်းသာဘက်က စစ်ကြောင်းထိုးခဲ့ပြန်သည်။ ထိုသို့ စစ်ကြောင်းများထိုး၍ မိုးဗြဲမြို့ ပြန်ရရေးအတွက် ရှစ်လကျော်ကြာသည့် စစ်ကောင်စီထိုးစစ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာလည်း သေဆုံးခဲ့ကြောင်း တွေ့ရသည်။

မြို့၏မြောက်ဘက် မိုးဗြဲဆည်အနီးရှိ ခမရ (၄၂၂) ဘက်က စစ်ကြောင်းထိုးခဲ့သလို မြို့၏အရှေ့ဘက်ဖြစ်သည့် လွိုင်ကော်ဘက်ခြမ်းတွင် ကုန်းသာဘက်က စစ်ကြောင်းထိုးခဲ့ပြန်သည်။ ထိုသို့ စစ်ကြောင်းများထိုး၍ မိုးဗြဲမြို့ ပြန်ရရေး အတွက်ရှစ်လကျော်ကြာသည့် စစ်ကောင်စီထိုးစစ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာလည်း သေဆုံးခဲ့ကြောင်း တွေ့ရသည်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) စစ်ဦးစီးချုပ် မာဝီက DVB သတင်းဌာနနှင့် နောက်ဆုံး ပြုလုပ်ထားသည့် အင်တာဗျူးတခုတွင် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် တဦးချင်းအပေါ် တန်ဖိုးမထားသော်လည်း တော်လှန်ရေးဘက်က တန်ဖိုးထားကြောင်း၊ ထို့ကြောင့် တော်လှန်ရေးရဲဘော်များ ထိခိုက်မှုမရှိစေရန် မိုးဗြဲမှ ပြန်လည် ခွာစစ်ဆင်ခဲ့ရကြောင်း၊ မိုးဗြဲမြို့ ကျဉ်းကျဉ်းလေးကိုပင် စစ်ကောင်စီဘက်က ရှစ်လခန့် ထိုးစစ်ဆင်ခဲ့ပြီး ထိုကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းပေါင်းများစွာကို တွေ့ခဲ့ရကြောင်း ပြောကြားထားသည်ကို တွေ့ရသည်။

၂၀၂၄ တွင် ပြုလုပ်သည့် TNLA အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲ မြင်ကွင်း/ TNLA

အလားတူ မိုးဗြဲကဲ့သို့ တော်လှန်ရေးဘက်က ပြန်လည် လက်လွှတ်ခဲ့ရသည့် နောင်ချိုဘက်ကို ကြည့်မည်ဆိုပါကလည်း စစ်ကောင်စီဘက်က အင်အား အလုံးအရင်းအသုံးပြု ထိုးစစ်ဆင်ခဲ့ကြောင်း တွေ့ရပြန်သည်။

စစ်ကောင်စီသည် အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရှိရာ တောင်ခမ်းတွင် ခံစစ်အနေအထားဖြင့် တနှစ်နီးပါး နေခဲ့ရသည်။ ထို့ပြင် TNLA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်သည် စစ်ကျောင်းကြီးများရှိရာ ပြင်ဦးလွင်အထိ ခြိမ်းခြောက်နိုင်ခဲ့သလို ကျောက်ဆည်လွင်ပြင်ကို ဖြတ်ကာ နေပြည်တော်အနီး ထိုးစစ်ရောက်လာမည့် အနေအထားအထိ မျှော်လင့်ခဲ့ကြသည်။

ထိုအခြေအနေမှ တရုတ်ဖိအားကြောင့် စစ်ကောင်စီဘက်က လားရှိုးကို ပြန်ရပြီးနောက် TNLA ဘက်ကလည်း ထိုဖိအားကြောင့်ပင် ထိုးစစ်အရှိန် လျှော့ချခဲ့ရသည်။ ထိုသို့ TNLA ဘက်က စစ်ရေးအရှိန် လျှော့ချချိန်တွင် စစ်ကောင်စီ၏ တောင်ခမ်းဘက်က ခံစစ်သည် တပ်အချို့ကို အနားပေး လဲလှယ်ပြီးသည့်နောက်တွင် အရှိန်ကောင်းသော တန်ပြန်ထိုးစစ်ပုံ ပြောင်းလဲသွားခဲ့သည်။

အင်းတိုင်အခြေစိုက် တပ်မ ၁၁၊ ကလောအခြေစိုက် တပ်မ ၅၅ တို့က စစ်အင်အား အများအပြားဖြင့် တောင်ခမ်းဘက်မှ စစ်ကြောင်း နှစ်ကြောင်း၊ ပြင်ဦးလွင်ဘက်မှ စစ်ကြောင်း တကြောင်းထိုးကာ နောင်ချိုဘက်သို့ ထိုးစစ်ဆင်လာနိုင်ခဲ့သည်။

ထိုးစစ်ဆင်နေချိန်တွင် တရုတ်ဘက်က နိုင်ငံရေး ဖိအားပေးခဲ့သလို စစ်ကောင်စီဘက်က TNLA ထိန်းချုပ်နယ်မြေ အတွင်းရှိ ဒေသခံပြည်သူများ နေထိုင်ရာနေရာများသို့ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။ ထိုအခြေအနေကြောင့်လည်း TNLA အနေဖြင့် ပြည်သူများနှင့် တပ်ဖွဲ့ဝင်များကို ငဲ့ညှာကာ ခွာစစ်ဆင်ခဲ့ရဖွယ်ရှိမည် ထင်သည်။

RelatedPosts

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
35
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
856
ကျောက်ဖြူတိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာ

ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

7 January 2026
1.2k

ယခုကဲ့သို့ စစ်ကောင်စီဘက်က ပြန်လည် ထိန်းချုပ်သွားနိုင်ခဲ့သော မြို့ နှစ်မြို့နှင့် ပတ်သက်သည့် တန်ပြန်ထိုးစစ်များကို လေ့လာကြည့်သည့်အခါ ၁၀၂၇ စစ်ဆင်ရေးကို ပြန်၍ သတိရမိစေသည်။ စစ်ကောင်စီအနေဖြင့် ယခုနောက်ပိုင်း ထိုးစစ်များတွင် သူတို့ ခွက်ခွက်လန်အောင် ရှုံးခဲ့သည့် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးက စစ်နည်းဗျုဟာကို ပြန်၍ အတုယူလာခဲ့ကြောင်း တွေ့ရသည်။

ညီနောင်မဟာမိတ် သုံးဖွဲ့သည် ဘေးနံတပ်များနှင့် ပူးပေါင်း၍ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်သည်။ ထိုနည်းအတိုင်း စစ်ကောင်စီက မိုးဗြဲထိုးစစ်တွင် ရပခကွပ်ကဲမှုအောက် တပ်များ၊ စကခ ၇ ကွပ်ကဲမှုအောက် တပ်များက အင်အားအလုံးအရင်းကို အသုံးပြုခဲ့သလို နောင်ချိုထိုးစစ်တွင် တပ်မ ၁၁ နှင့် တပ်မ ၅၅ တို့က အင်အားအလုံးအရင်းကို အသုံးပြုခဲ့ကြောင်း တွေ့ရသည်။

ထိုတပ်များတွင် တပ်ဖွဲ့စည်းပုံ အင်အားပြည့်မီရန် ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းပြုပြီး စုဆောင်းထားသည့် တပ်သားအများအပြားကို အင်အားဖြည့်တင်းခဲ့ကြောင်းလည်း တွေ့ရသည်။

ထို့ပြင် ၁၀၂၇ စစ်ဆင်ရေးတွင် ဒရုန်းတိုက်ခိုက်မှုကြောင့် အထိနာခဲ့သည့် စစ်ကောင်စီသည် ယခု ထိုးစစ်များတွင် ဒရုန်းတပ်ဖွဲ့များကိုလည်း စနစ်တကျ ပြင်ဆင်ဖွဲ့စည်းလာခဲ့ကြောင်း တွေ့ရသည်။ ဒရုန်းတပ်ဖွဲ့များတွင် ရုရှားနှင့် တရုတ်လုပ် အဆင့်မြင့်နည်းပညာသုံး ဒရုန်းများကို အသုံးပြုလာခဲ့ပြီး စစ်ကြောင်းများတွင် တွဲဖက်အသုံးပြုသည့် ဒရုန်းအရေအတွက်လည်း ယခင်ကထက် ပိုမို၍ ပါဝင်လာခဲ့သည်။

ထို့ပြင် ၁၀၂၇ စစ်ဆင်ရေးတွင် ဒရုန်းတိုက်ခိုက်မှုကြောင့် အထိနာခဲ့သည့် စစ်ကောင်စီသည် ယခု ထိုးစစ်များတွင် ဒရုန်းတပ်ဖွဲ့များကိုလည်း စနစ်တကျ ပြင်ဆင်ဖွဲ့စည်းလာခဲ့ကြောင်း တွေ့ရသည်။ ဒရုန်းတပ်ဖွဲ့များတွင် ရုရှားနှင့် တရုတ်လုပ် အဆင့်မြင့်နည်းပညာသုံး ဒရုန်းများကို အသုံးပြုလာခဲ့ပြီး စစ်ကြောင်းများတွင် တွဲဖက်အသုံးပြုသည့် ဒရုန်းအရေအတွက်လည်း ယခင်ကထက် ပိုမို၍ ပါဝင်လာခဲ့သည်။

ဒရုန်းများကို ဗုံးကြဲသည့်နေရာတွင်သာမကဘဲ စောင့်ကြိုတိုက်ခိုက်နိုင်သည့် နေရာများနှင့် လက်နက်ကြီး ပစ်ခတ်ရန် ပစ်မှတ်နေရာများ ရှာဖွေရန်အတွက် ကင်းထောက်ရာတွင်လည်း အသုံးပြုလာခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စိတ်ဓာတ်တက်ကြွလာစေရန် ဝါဒဖြန့်သည့်သဘောဖြင့် စစ်တပ်ထောက်ခံ Telegram ချန်နယ်များတွင် ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့သည့်ရုပ်သံများကို ပြန်လည်ဖော်ပြလာခဲ့ကြကြောင်းလည်း တွေ့ရသည်။

တောင်းခမ်းနှင့် နောင်ချိုဒေသပြ မြေပုံ (ဧရာဝတီ)

ပို၍ ထူးခြားသည်မှာ ထိုမြို့များကို ပြန်လည်သိမ်းပိုက်သည့် စစ်ဆင်ရေးများတွင် လူမြင်ကွင်းမှ ပျောက်ကွယ်နေပြီး လားရှိုးကို လက်လွှတ်ရသဖြင့် အရန်စာရင်းသွင်းခံရသူ ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးကို ပြန်မြင်လာခဲ့ရသည်။

မိုးဗြဲကို ပြန်၍ထိန်းချုပ်ပြီးစအချိန်တွင် မြို့အတွင်း၌ သူကိုယ်တိုင် သွားလာကြည့်ရှုနေသည့် မှတ်တမ်းဓာတ်ပုံများ ထွက်ပေါ်လာခဲ့သလို နောင်ချိုမြို့အနီး ထိုးစစ်ရောက်ချိန်တွင်လည်း ပြင်ဦးလွင်မှလာကာ အနီးကပ် ကြီးကြပ်သည်ဆိုသည့် ဓာတ်ပုံများကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်များတွင် တွေ့လာရသည်။

နောက်ဆုံးထွက်ပေါ်လာသည့် မှတ်တမ်းဓာတ်ပုံများအရ ဒရုန်းမောင်းနေသည့် စစ်သည်တဦး၏ ဘေးတွင် ကစထမှူးကိုယ်တိုင် ဆောင့်ကြောင့်ထိုင်၍ ကြည့်နေသည့်ပုံဖြစ်သည်။ ကစထမှူးကိုယ်တိုင် အောက်ခြေနှင့် တသားတည်းရှိနေကြောင်း ပြောဆိုဝါဒဖြန့်ကာ စစ်ကောင်စီအောက်ခြေကို စည်းရုံးနေကြောင်း တွေ့ရသည်။

ထို့ပြင် မိုးဗြဲနှင့်နောင်ချိုထိုးစစ်တွင် ပါဝင်ခဲ့သူသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်များအား ဘွဲ့တံဆိပ်နှင့် စစ်မြေပြင် အဆင့်တိုးများ ချီးမြှင့်မည်ဖြစ်ကြောင်း ဝါဒဖြန့်ပြောဆိုနေကြသည်။

ထိုသို့ စစ်ကောင်စီဘက်က သူတို့၏ အားနည်းချက်ကို ပြင်ဆင်ပြီး ထိုးစစ်များဆင်နေချိန်တွင် တော်လှန်ရေးဘက်တွင် အားနည်းချက်အချို့ကို တွေ့လာရသည်။ စစ်ကောင်စီ၏ ပြောင်းလဲလာသည့် စစ်နည်းဗျူဟာကို စနစ်တကျတုံ့ပြန်မည့် အစီအမံပိုင်း အားနည်းခြင်း၊ မိုင်းနှင့်အတားအဆီး တွဲဖက်၍ ခံစစ်ဆင်နိုင်မှု အားနည်းခြင်း၊ အရပ်သားနေရာများကို ဖိအားပေးသည့်အနေဖြင့် လေကြောင်းက တိုက်ခိုက်နေသည့် စစ်ကောင်စီ၏ အတွင်းပိုင်းနေရာများကို တန်ပြန် ချေမှုန်းတိုက်ခိုက်နိုင်မှု မရှိခြင်း အစရှိသည့် အားနည်းချက်အချို့ကို တွေ့လာရသည်။

မိမိတို့၏ တော်လှန်ရေးတပ်ဖွဲ့ဝင်များကို တန်ဖိုးထားခြင်းနှင့် အင်အားကြီး အိမ်နီးချင်း တရုတ်နိုင်ငံ၏ ဖိအားကို တန်ပြန်ရန် ခက်ခဲခြင်းတို့ကို စာရေးသူအနေဖြင့် နားလည်ပေးနိုင်ပါသည်။ သို့သော် ယခုလို ကာလတွင် စစ်ကောင်စီဘက်က စနစ်တကျ တန်ပြန်တိုက်ခိုက်နေစဉ် တော်လှန်ရေးအင်အားစုများဘက်တွင် အဖွဲ့အချင်းချင်းအကြား နယ်မြေလုသည့် ပြဿနာများ၊ အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုများ၊ မူးယစ်ဆေးဝါး ပြဿနာများ စသည်ဖြင့် တော်လှန်ရေးပုံရိပ်ကို ထိခိုက်စေသည့်ကိစ္စများစွာကို အချိန်ကိုက်လိုပင် ဖော်ထုတ်လာကြသည်ကို တွေ့လာရသည်။

မညီညွတ်ဖြစ်ရာမှ အားနည်းသည့်အဖွဲ့အချို့ကို စစ်ကောင်စီက မက်လုံးပေး၍ ခွဲထုတ်စည်းရုံးလာနိုင်ပါသည်။ အရေးအကြီးဆုံးအချက်မှာ ယခုအချိန်တွင် စစ်ကောင်စီသည် သူတို့ရှုံးနိမ့်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကို ပြန်၍အတုယူပြီး အားနည်းချက်များကို ပြင်ဆင်ကာ နယ်မြေအချို့ကို ပြန်ရအောင် ဆောင်ရွက်နေသည်ဆိုသည်ကိုမူ တော်လှန်ရေးဘက်တော်သားများအနေဖြင့် သတိပြုရန် လိုအပ်မည်ဟု ထင်မိပါသည်။

(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)

You may also like these stories:

မိုးဗြဲ၊ နောင်ချိုမှ ပေးသော သင်ခန်းစာ

တော်လှန်ရေးဗွက်ထခြင်း

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

ရှေ့တန်းမှာ ပြည်သူ့စစ်မှုထမ်းတွေကြီးပဲ (ရုပ်/သံ)

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေး၁၁၁၁ စစ်ဆင်ရေးKNDFTNLAစစ်ကောင်စီစစ်မှုထမ်းဥပဒေစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ် သုံးဖွဲ့တရုတ်တော်လှန်ရေးအင်အားစုနောင်ချိုနွေဦးတော်လှန်ရေးမိုးဗြဲမြို့သိမ်းတိုက်ပွဲရွေးကောက်ပွဲလေကြောင်းတိုက်ခိုက်မှု
စွယ်တော်

စွယ်တော်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ (ရုပ်/သံ)

နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ (ရုပ်/သံ)

ကြွက်မနိုင် ကျီမီးရှို့၍ ပျက်ခဲ့ရသည့် မြို့ပေါက်တော

ကြွက်မနိုင် ကျီမီးရှို့၍ ပျက်ခဲ့ရသည့် မြို့ပေါက်တော

No Result
View All Result

Recommended

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

1 day ago
872

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved