စစ်ကောင်စီက ပစ လို့ခေါ်တဲ့ ပြည်သူစစ်မှုထမ်းတွေကိုသင်တန်းဆင်းတာနဲ့ ရှေ့တန်းစစ်မျက်နှာပြင်ကိုချက်ချင်းပို့ဆောင်တာဖြစ်တယ်လို့အာရက္ခတပ်တော် (AA) ဆီမှာ အလင်းဝင်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း တပ်သားနှစ်ယောက်ရဲ့ပြောကြားချက်တွေသိရှိရပါတယ်။
လက်ရှိအထိ စစ်မှုထမ်းအပတ်စဉ် ၁၅ ခုခေါ်ယူထားပြီး စစ်ကောင်စီရဲ့ ပြောဆိုမှု တွေအရ တကြိမ်ကို ၅၀၀၀ ခေါ်ယူထားတာဖြစ်လို့လက်ရှိအချိန်ထိ ပြည်သူ့စစ်မှုထမ်းအင်အားက ၇၅၀၀၀ လောက် ရှိမှာဖြစ်ပါတယ်။
သာမန်ကာလတွေမှာ အခြေခံစစ်သင်တန်းတွေက ၆ လ အနည်းဆုံးတက်ရတာ ဖြစ်ပေမယ့် လက်ရှိပြည်သူ့စစ်မှုထမ်းတွေက ၃ လနီးပါးခန့်ပဲ စစ်သင်တန်း တက်ရောက်ခဲ့ကြရတယ်လို့ သိရပါတယ်။
စစ်ပညာမပြည့်ဝပေမယ့် စစ်ကောင်စီအနေနဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ လိုအပ်သလို လူအလုံးအရင်းသုံးလာနိုင်တယ်လို့ CDM အသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy












