• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

တော်လှန်ရေးဗွက်ထခြင်း

by မသီတာ(စမ်းချောင်း)
20 July 2025
in သူ့အတွေး သူ့အမြင်
A A
တော်လှန်ရေးဗွက်ထခြင်း

NUG "ဖျက်သိမ်းပါ၊ လူလဲပါ၊ ပြုပြင်ပါ"ဆိုတာကို ဗွက်ထလောက်အောင် အုန်းအုန်းကြွက် ပြောနေကြတုန်းပါပဲ

3.8k
VIEWS
Share on FacebookShare on Twitter

လတ်တလော အခင်းအကျင်းကို နိုင်ငံသားတယောက်နေရာက မဟုတ်ဘဲ အပြင်နိုင်ငံခြားသားတယောက်နေရာက ကြည့်ကြည့်ရင် တော်လှန်ရေးဗွက်ထနေတာကိုသာ မြင်ပြီး စကစရဲ့ “ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲ”ကသာ မြန်မာနိုင်ငံ အနာဂတ်အတွက် အလားအလာ ရှိနေသယောင် မြင်ကြတာဟာ သိပ်တော့လည်း အဆန်းတကြယ် မဟုတ်ဘူးလို့ ဆိုရမှာပါပဲ။

စကစဟာ မြေပြင်မှာ အပစ်ရော အကြဲရော မရပ်တဲ့အပြင် အဓမ္မစုဆောင်းထားတဲ့ စစ်သားတွေကို အားပြုပြီး နယ်မြေပြန်သိမ်းတာတွေ လုပ်နေပေမဲ့ နိုင်ငံတကာမျက်နှာစာမှာတော့ “ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲ”ဆိုတဲ့ နိုင်ငံခြားသားအကြိုက် မက်လုံးကောင်းကို ကောင်းကောင်းကြီး ဝါဒဖြန့်ချိနိုင်နေပါတယ်။

နွေဦးဘက်တော်သားတွေကတော့ “စုစည်းကြပါ၊ စည်းလုံးပါ”လို့ အတန်တန် ပြောနေကြတယ်ဆိုတာက တဘက်၊ “ဖျက်သိမ်းပါ၊ လူလဲပါ၊ ပြုပြင်ပါ”ဆိုတာကို ဗွက်ထလောက်အောင် အုန်းအုန်းကြွက် ပြောနေကြတာက တဘက်နဲ့ ဗြောင်းသတ်နေတုန်းပါပဲ။

နွေဦးဘက်တော်သားတွေကတော့ “စုစည်းကြပါ၊ စည်းလုံးပါ”လို့ အတန်တန် ပြောနေကြတယ်ဆိုတာက တဘက်၊ “ဖျက်သိမ်းပါ၊ လူလဲပါ၊ ပြုပြင်ပါ”ဆိုတာကို ဗွက်ထလောက်အောင် အုန်းအုန်းကြွက် ပြောနေကြတာက တဘက်နဲ့ ဗြောင်းသတ်နေတုန်းပါပဲ။

လတ်တလော ထွက်လာတဲ့ Blue Shirt Initiative အဖွဲ့ရဲ့ သုတေသန စစ်တမ်းတခုကိုလည်း တွေ့ရပါတယ်။ ၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုထဲက မြို့နယ် ၂၃၇ ခုမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းကို အခြေခံထားတာပါ။ ပါဝင်ဖြေဆိုသူ ၃၁၂၈ ဦး ရှိပြီး အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား လူငယ်တွေကို မေးထားတာ ဖြစ်ပါတယ်။ ဆန်းစစ်တဲ့ အကြောင်းအရာက “အင်စတီကျူးရှင်းနှင့် လူပုဂ္ဂိုလ်များအပေါ် လူငယ်များ၏ ယုံကြည်မှု”ပါ။

ဖြေဆိုတဲ့ လူငယ်တွေဟာ နွေဦးတော်လှန်ရေးရဲ့ အဓိကကျတဲ့ လက်နက်ကိုင်တော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ အုပ်စုရဲ့ အသက်အပိုင်းအခြားပါ။ လူပုဂ္ဂိုလ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှုဟာ ၆၇ ရာခိုင်နှုန်းဆိုတော့ သုံးယောက်မှာ နှစ်ယောက်က ယုံကြည်နေတာပါ။ နွေဦးကျမှ ဖွဲ့စည်းခဲ့တဲ့ ပီဒီအက်ဖ်အပေါ်မှာ တနည်း သူတို့နဲ့ သက်တူရွယ်တူ တော်လှန်ရေးသမားတွေအပေါ်မှာတောင် ၅၇ ရာခိုင်နှုန်း (သုံးယောက်မှာ တယောက်နဲ့ တပိုင်းက)ပဲ ယုံကြည်တယ်လို့ ဆိုပါတယ်။

ဒီ့ထက် စိတ်ဝင်စားဖို့ ကောင်းတာက ဖြေဆိုသူ ၂၈၀၈ ဦးထဲက ၃၂ ရာခိုင်နှုန်းဟာ အန်ယူဂျီ၊ အီးအေအို၊ ပီဒီအက်ဖ်တွေအနေနဲ့ အနိုင်ရသည်အထိ စစ်ပွဲကို ဆက်တိုက်သင့်တယ်လို့ ဆိုပါတယ်။ ၄၄ ရာခိုင်နှုန်းကတော့ နိုင်ငံရေး-စစ်ရေး ပဋိပက္ခတွေကို ဖြေရှင်းနိုင်တဲ့ နိုင်ငံရေးနည်းလမ်းကို အမြန်ဆုံး ရှာဖွေသင့်တယ်လို့ ဆိုပါတယ်။ ၂၄ ရာခိုင်နှုန်းကတော့ မသိဘူးဆိုပဲ။ ဒါကို ကြည့်ရင် တော်လှန်ရေးမဟာဗျူဟာဆိုင်ရာ စိန်ခေါ်မှုဟာ တော်လှန်ရေးဦးဆောင်အဖွဲ့တွေထဲမှာတင်မကဘဲ သာမန်လူငယ်ထုထဲမှာပါ ရှိနေတယ်ဆိုတာ သေချာပါတယ်။

စစ်တမ်းအရ နိုင်ငံရေးနည်းလမ်းသစ်တခုကို အမြန်ဆုံး ရှာဖွေသင့်တယ်လို့ ဆိုကြသူ လူငယ်တွေက ပိုများနေပေမဲ့ လတ်တလော တွေ့မြင်နေရတဲ့ တော်လှန်ရေးဘက်တော်သားတွေကြားက အချိုးများကို ကြည့်ကြရအောင်ပါ။

နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်လမ်းစဉ်က ပိုပြီးလွှမ်းမိုးနေတာဖြစ်လို့ လက်နက်ကိုင်သူတွေကို ကယ်တင်ရှင်သူရဲကောင်းလို့ သတ်မှတ်တဲ့ ဓလေ့ဟာ အရှိန်အဟုန်နဲ့ ကြီးထွားလာခဲ့ပါတယ်။ ဒါကြောင့် တချို့လည်း နွေဦးကာလမတိုင်ခင်တလျှောက်လုံး လက်နက်ကိုင်ဘဝဟောင်းကို ဖုံးဖိသိုဝှက်ပြီး တခြားလူမှုအမှတ်သညာမျိုးနဲ့ နေထိုင်ဖြတ်သန်းခဲ့ပြီးကာမှ နွေဦးကာလ နာရေးကျတော့ တခါက လက်နက်ကိုင်ရာထူးကို ကျန်ရစ်သူတွေက ဖြည့်စွက်လှစ်ဟပြပြီး ဂုဏ်ဆာလာကြလေရဲ့။

လက်နက်ကိုင်ဩဇာဟာ နောက်ကြောင်းပြန်တောင် သက်ရောက်နိုင်သလို တွေ့မြင်ရတော့ လက်နက်ကိုင်ဂုဏ်ဒြပ်ဟာ လက်နက်မဲ့တွေအပေါ် ခေါင်းတလုံး ပိုသာကြောင်း ပြစရာသက်သေအဖြစ် ကြည်ဖြူလက်ခံကြတဲ့ ဓလေ့ဟာ အဓွန့်ရှည်နေဦးလေမလားလို့ စိတ်ပူရပါတယ်။

လက်နက်ကိုင်ဩဇာဟာ နောက်ကြောင်းပြန်တောင် သက်ရောက်နိုင်သလို တွေ့မြင်ရတော့ လက်နက်ကိုင်ဂုဏ်ဒြပ်ဟာ လက်နက်မဲ့တွေအပေါ် ခေါင်းတလုံး ပိုသာကြောင်း ပြစရာသက်သေအဖြစ် ကြည်ဖြူလက်ခံကြတဲ့ ဓလေ့ဟာ အဓွန့်ရှည်နေဦးလေမလားလို့ စိတ်ပူရပါတယ်။ အဲဒီလိုပဲ အခုအခါမှာ အန်ယူဂျီကို အားမရကြတဲ့အကြောင်းထဲမှာ လက်နက်ကိုင်အင်အားစုတွေအပေါ် စုစည်းခေါင်းဆောင်နိုင်မှု အားနည်းနေလို့ဆိုတာကို တွေ့ရတော့ နိုင်ငံရေးနည်းလမ်းက တော်လှန်ရေးမဟာဗျူဟာ ဖြစ်လာဖို့ အရိပ်အခြည်က အားနည်းနေတယ်လို့ ဆိုရပါမယ်။

တကယ်တော့ “၂၁” အခင်းအကျင်းမှာ ကိုယ်ကျိုးစီးပွါးအခြေခံ နိုင်ငံရေး-စစ်ရေးလှုပ်ရှားမှုတွေ အများကြီး တွေ့မြင်ကြရပါတယ်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုမျိုးသာမက အစုအဖွဲ့ (လူမျိုး၊ ပါတီ၊ လက်နက်ကိုင်တပ်) ကိုးကွယ်မှုမျိုးတွေလည်း တွင်ကျယ်နေကြပါတယ်။ ကိုယ် သဘောမမျှနိုင်တဲ့ လူပုဂ္ဂိုလ်နဲ့ အစုအဖွဲ့တွေကို ယုံကြည်ကြသူတွေအပေါ် မှိုချိုးမျှစ်ချိုး နှိမ်ချပြောဆိုတဲ့ အချိုးကလည်း “၂၁” ရဲ့ အချိုး ဖြစ်နေပုံပါပဲ။

ကိုယ် ကျွမ်းကျင်တဲ့ခွင်ထဲ ရောက်လာရင် ဘယ်အလိမ္မာမှ မသုံးတော့ဘဲ ပြောဆိုသုံးနှုန်းကြရာမှာ စကစကို ခွေးနဲ့ နှိုင်းသလို ကိုယ် သဘောမမျှသူ လူနဲ့အစုအဖွဲ့ကို နွားလို တိရိစ္တာန်မျိုးတွေနဲ့ ခိုင်းနှိုင်းတဲ့ အမုန်းစကားတွေကလည်း လူ့ရပိုင်ခွင့်ကို အလေးထားပါတယ်ဆိုတဲ့သူမျိုးတွေရဲ့ နှုတ်ကနေတောင် ကြားနေရတာပါပဲ။

ဒီလိုအနေအထားနဲ့ ရေရှည်မှာ ဒီမိုကရေစီကို အလေးထားပြီး လူတဦးချင်းစီကို လေးစားရမယ့် ယဉ်ကျေးမှုမျိုးကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတာကလည်း တွေးပူစရာပေါ့။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
383
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
185
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
6.5k

နောက်တမျိုး နောက်တချိုးကတော့ မကုန်နိုင် မခမ်းနိုင်တဲ့ စုဖွဲ့မှုတွေပါပဲ။ အရင်က စစ်ထောက်လှမ်းရေးတွေဟာ ဖမ်းမိထားတဲ့ ဘယ်သူ့ကိုမှ ပြန်လွှတ်မပေးချင်တော့ မိထားသူတွေအချင်းချင်း လူချင်းမသိရင်တောင် အင်မတန်ကောင်းတဲ့ ဇာတ်ညွှန်းရေးပြီး ဇာတ်လမ်းထဲ ဇွတ်ထည့်ကာ အမှုတွဲ တွဲပေးတတ်ကြပါတယ်။

လတ်တလော ထွက်လာတဲ့ Blue Shirt Initiative အဖွဲ့ရဲ့ သုတေသန စစ်တမ်း

အခု “၂၁” အခင်းအကျင်းမှာတော့ အဖွဲ့ပေါင်းများစွာက နှစ်ဖွဲ့ တတွဲ၊ သုံးဖွဲ့ တတွဲ စုဖွဲ့ကာ ပလက်ဖောင်းအသစ် အသွင်ယူကြတာမှာ တစစနဲ့ တဖွဲ့တည်းက စုဖွဲ့မှု အခု နှစ်ဆယ်လောက်မှာ ပါနေတာမျိုး၊ အဲဒီ စုဖွဲ့မှု အခု နှစ်ဆယ်ရဲ့ ဦးတည်ရာကလည်း အမျိုးမျိုး ဖြစ်နေတာမို့ အဲဒီအဖွဲ့ တကယ်ယုံကြည်သက်ဝင်ပြီး ကျွမ်းကျင်လိမ္မာမယ့်အရာဟာ ဘာပါလိမ့်လို့ မျက်ခြည်ပြတ် မျက်စိလည်ရတာမျိုးတွေကလည်း တရစပ် ဖြစ်နေတာပါ။

အစုအဖွဲ့များကြား အကျိုးစီးပွါးဆိုင်ရာ ပဋိပက္ခတွေကို ထည့်သွင်းတွက်ချက်ပြီးမှ ဆောင်ရွက်ရမယ့် ပြည်သူ့ဆက်ဆံရေးမဟာဗျူဟာဆိုတာမျိုးကို အစုအဖွဲ့တော်တော်များများက လျစ်လျူရှုနေကြတာဟာ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက်လည်း ရင်လေးစရာပါပဲ။

ဒီ့ထက်ဆိုးတာက ကိုယ် ပါဝင်တဲ့ စုဖွဲ့မှုကြီးကို ဝေဖန်ချင်တဲ့အခါ ကိုယ် ပါဝင်ထားတဲ့ တခြားစုဖွဲ့မှုကလေးဆီက ဦးထုတ်ကို ယူဆောင်းပြီး ဝေဖန်လိုက်ရင် အဆင်ပြေပြီလို့ သဘောထားလာကြတာပါ။ အစုအဖွဲ့များကြား အကျိုးစီးပွါးဆိုင်ရာ ပဋိပက္ခတွေကို ထည့်သွင်းတွက်ချက်ပြီးမှ ဆောင်ရွက်ရမယ့် ပြည်သူ့ဆက်ဆံရေးမဟာဗျူဟာဆိုတာမျိုးကို အစုအဖွဲ့တော်တော်များများက လျစ်လျူရှုနေကြတာဟာ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက်လည်း ရင်လေးစရာပါပဲ။

ဒါဆို ဘယ်နေရာမှာ ဘာတွေ လွဲနေကြလဲဆိုတာ စဉ်းစားစရာ ဖြစ်ရပါတယ်။ စစ်တမ်းထဲမှာ အဲဒီဖြေဆိုသူတွေကပဲ လူမှုကွန်ရက်မီဒီယာပို့စ်တွေဟာ လူ့အဖွဲ့အစည်းရဲ့ သဘောထားနဲ့ ဆန္ဒကို ထင်ဟပ်တယ်လို့ ယူဆလက်ခံသူဟာ ၄၀ ရာခိုင်နှုန်းနဲ့ အများဆုံးပါ။ မထင်ဟပ်ဘူးလို့ လက်ခံယူဆသူက ၃၂ ရာခိုင်နှုန်းဖြစ်ပြီး မသိဘူးလို့ ဆိုသူတွေက ၂၈ ရာခိုင်နှုန်းပါတဲ့။

ဒီတော့ တော်လှန်ရေးဦးဆောင်သူများဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအတွက် ပြောဆိုဝေဖန်သုံးသပ်နေကြတာတွေဟာ မြေပြင်က လူထုသဘောထားနဲ့ ဘယ်နှရာခိုင်နှုန်းလောက် တိုက်ဆိုင်နေသလဲဆိုတာကို ပြန်တွေးစရာတွေ ဖြစ်ရပါတယ်။ ဘာလို့လဲဆိုတော့ ဆိုရှယ်မီဒီယာပေါ်မှာ ပြောဆိုဝေဖန်သူတွေထဲမှာ မြေပြင်မှာ မရှိသူ၊ မြေပြင်နဲ့ မနီးစပ်သူတွေ အများအပြား ပါဝင်နေတာကိုလည်း ထည့်တွက်ရမှာကိုး။

တကယ်တော့ လတ်တလော ခေါင်းခဲပြီး အဖြေထုတ်ရမှာက တော်လှန်ရေးရဲ့ မဟာဗျူဟာဆိုင်ရာ လမ်းဆုံလမ်းခွပါ။ ပြောခဲ့သလို စကစက “ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲ”ကို တွဲရောင်းလာတဲ့အခါ တချို့အင်အားစုတွေကလည်း “ရွေးကောက်ပွဲ”ကိုသာ လက်မခံနိုင်ပေမဲ့ “ငြိမ်းချမ်းရေး”ကိုတော့ စိတ်ဝင်တစား ဆွေးနွေးလိုနေကြပါတယ်။ ဒါဟာလည်း သူတို့ ဖြတ်သန်းနေရတဲ့ စိန်ခေါ်မှုတွေကြောင့်ရော သူတို့ မျှော်မှန်းတဲ့ လိုအင်တစုံတရာကြောင့်ပါ ဖြစ်နိုင်တာပေါ့။ ဒီတော့ စုဖွဲ့မှုအသစ်အသစ်တွေ လှိုင်ဘောလယ်လာတာ ပြည်တွင်းရော ပြည်ပမှာပါ ဖြစ်ကုန်ပါတယ်။

တဘက်မှာလည်း နွေဦးတွေကြားက “စစ်နဲ့ စစ်သမား”တွေအပေါ် ကယ်တင်ရှင်လို အားကိုးနေမှု၊ စကစ ကင်းစင်နယ်မြေတွေမှာ “ဗျူရိုကရေစီဆန်တဲ့၊ ခရိုနီဆန်”တဲ့ အပြုအမူတွေကို နွေဦးလက်နက်ကိုင်သမားတွေကိုယ်တိုင် ဆောင်ရွက်လာနေမှု၊ တိကျခိုင်မာတဲ့ “လမ်းပြမြေပုံ” မပြော မပြနိုင်ကြသေးဘဲ အချင်းချင်း အပြစ်တင် တရားခံရှာနေကြမှုတွေကလည်း အပြင်လူတွေတောင် သိနေကြတာပါပဲ။ ဒီတော့ စကစရဲ့ (တွဲရောင်းနေတဲ့) “ဆိတ်ခေါင်း-ခွေးသား”ကိုပဲ ဝယ်လိုက်တာက လွယ်မှာပါလို့ သူတို့ တွေးလာကြမှာ စိုးရိမ်ရပါတယ်။

ဒီတော့ ပြင်ပနိုင်ငံခြားသားတယောက်နေရာကနေပြီး ဒီအခင်းအကျင်းကို မြင်ကြည့်တဲ့အခါ တော်လှန်ရေးဘက်ခြမ်းဟာ အတော်လေး ဗွက်ထနေတာကို တွေ့ရမှာပါ။ နွေဦးဘက်တော်သားများရဲ့ မဟာဗျူဟာ အထင်အရှား မရှိမှုဟာ သူတို့ကို ဝေဝါးစေပါတယ်။ “ရွေးကောက်ပွဲ”ကို “နိုး”ပြီး “ငြိမ်းချမ်းရေး”ကိုလည်း “နိုး”နေကြသေးတာဆိုရင် ဘယ်ဗျူဟာကျမှ အလုပ်ဖြစ်မလဲဆိုတာကို သူတို့က သဘောမပေါက်နေပါဘူး။

သူတို့ နားမလည်တာက နွေဦးဘက်တော်သားတွေအနေနဲ့ “စစ်အာဏာရှင်စနစ်”၊ “စစ်ခရိုနီစနစ်”၊ နဲ့ “စစ်ဗျူရိုကရေစီစနစ်”တွေကို အပြီးတိုင် ဖြေရှင်းဖို့ကသာ အခရာ ကျတယ်လို့ ခံယူထားကြတာကိုပါ။ အဲဒါတွေကို ဖြေရှင်းဖို့အတွက် စကစ လုပ်မယ့် “ရွေးကောက်ပွဲ”က အဖြေမပေးနိုင်သလို စကစက ဦးဆောင်နေသရွေ့ အဲဒီစနစ်တွေ ချုပ်ငြိမ်းမယ့် “ငြိမ်းချမ်းရေး”ကလည်း မဖြစ်နိုင်ဘူးဆိုတာကို အပြင်လူတွေက သိပ်သဘောမပေါက်ကြတာ သေချာပါတယ်။

တဘက်မှာလည်း နွေဦးတွေကြားက “စစ်နဲ့ စစ်သမား”တွေအပေါ် ကယ်တင်ရှင်လို အားကိုးနေမှု၊ စကစ ကင်းစင်နယ်မြေတွေမှာ “ဗျူရိုကရေစီဆန်တဲ့၊ ခရိုနီဆန်”တဲ့ အပြုအမူတွေကို နွေဦးလက်နက်ကိုင်သမားတွေကိုယ်တိုင် ဆောင်ရွက်လာနေမှု၊ တိကျခိုင်မာတဲ့ “လမ်းပြမြေပုံ” မပြော မပြနိုင်ကြသေးဘဲ အချင်းချင်း အပြစ်တင် တရားခံရှာနေကြမှုတွေကလည်း အပြင်လူတွေတောင် သိနေကြတာပါပဲ။ ဒီတော့ စကစရဲ့ (တွဲရောင်းနေတဲ့) “ဆိတ်ခေါင်း-ခွေးသား”ကိုပဲ ဝယ်လိုက်တာက လွယ်မှာပါလို့ သူတို့ တွေးလာကြမှာ စိုးရိမ်ရပါတယ်။

နွေဦးဘက်တော်သားတွေအနေနဲ့ ကိုယ့်ဘက်ခြမ်းက ဗွက်တွေကို နိုင်ငံတကာထိ စင်မိစွန်းမိအောင် လုပ်ကြမလား၊ ကိုယ့်ဗွက်ကို ကိုယ့်ဖာသာ အကောင်းဆုံး ဖြေရှင်းပြီး ကိုယ့်တော်လှန်ရေးမဟာဗျူဟာကောင်းကို နိုင်ငံတကာကို ရောင်းနိုင်မလားဆိုတာ အလေးအနက် တွေးကြလုပ်ကြဖို့ပါပဲ။

(စာရေးဆရာမ မသီတာ(စမ်းချောင်း)သည် ဂျာမဏီနိုင်ငံတွင် ယာယီနေထိုင်နေပြီး ၂၀၂၁ စစ်အာဏာသိမ်းဆန့်ကျင်ရေး နွေဦးတော်လှန်ရေးအကြောင်း မှတ်တမ်းတင် ရေးသားထားသော “အံ့စရာဝင်္ကပါ” စာအုပ်ကို မကြာသေးမီက ထုတ်ဝေဖြန့်ချိထားသည်။)

You may also like these stories:

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

စွမ်းသေးရဲ့လား

လွတ်မြောက်မှု ရောင်စုံပူဖောင်းများ

စိတ်ဓာတ်စစ်ဆင်ရေး၊ ဝါဒဖြန့်ချိရေးတွေက အလုပ်ဖြစ်ရဲ့လား

မီဒီယာကြီးတွေရုန်းကန်နေရချိန် ဝါဒဖြန့်မီဒီယာတွေအားကောင်းလာတယ် (ရုပ်/သံ)

Your Thoughts …
Tags: ERONUGPDFSliderကယ်တင်ရှင်ငြိမ်းချမ်းရေးတော်လှန်ရေးဗွက်ထခြင်းနွေဦးတော်လှန်ရေးရွေးကောက်ပွဲလက်နက်ကိုင်တော်လှန်ရေး
မသီတာ(စမ်းချောင်း)

မသီတာ(စမ်းချောင်း)

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
မြန်မာ့ ပထမဆုံး LGBT ဝန်ကြီးရဲ့ ဖွင့်ဟဝန်ခံချက်

မြန်မာ့ ပထမဆုံး LGBT ဝန်ကြီးရဲ့ ဖွင့်ဟဝန်ခံချက်

မိုးဗြဲ၊ နောင်ချိုမှ ပေးသော သင်ခန်းစာ

မိုးဗြဲ၊ နောင်ချိုမှ ပေးသော သင်ခန်းစာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved