အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး LGBT ဝန်ကြီးဖြစ်ပါတယ်။
ဦးအောင်မျိုးမင်းဟာ အရင်က လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး ညီမျှခြင်းမြန်မာ ရဲ့ ဒါရိုက်တာတဦးလဲဖြစ်ခဲ့ပါတယ်။
၁၉၈၈ စစ်တပ်အာဏာသိမ်းချိန်က ကျောင်းသားတဦးဖြစ်ခဲ့တဲ့ ဦးအောင်မျိုးမင်းဟာ ၈၈ အရေးတော်ပုံကိုဖြတ်သန်းခဲ့ဖူးသူဖြစ်သလို စစ်တပ်ရဲ့ ခေတ်အဆက်ဆက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မျက်မြင်ကြုံတွေ့ခဲ့သူလည်းဖြစ်ပါတယ်။
စစ်တပ်ဟာ အရင်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုင်းရင်းသားဒေသတွေ၊ နယ်စပ်ဒေသတွေ၊ နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေအပေါ်ကိုသာ ကျူးလွန်ခဲ့ပေမယ့် အခုကတော့ လူတိုင်းအပေါ် လူ့အခွင့်ရေးချိုးဖောက်မှုကို လုပ်ဆောင်နေတာလို့ သူက ဆိုပါတယ်။
ပထမဆုံး LGBT ဝန်ကြီးဖြစ်လာခဲ့တဲ့သူ၊ သူ့ဘဝတလျှောက်လုံး လူ့အခွင့်အရေးအတွက် ဘာကြောင့် ဇောက်ချလုပ်ခဲ့ရသလဲနဲ့ သူ့ဝန်ကြီးဌာန ရှေ့ရေးအကြောင်း ဦးအောင်မျိုးမင်းကို ဧရာဝတီ အယ်ဒီတာ ကိုရဲနည်က တွေ့ဆုံမေးမြန်းထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













