• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

by အေးချမ်းဆု
18 July 2025
in ဆောင်းပါး
A A
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

မန္တလေး-ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ/AFP

3.5k
VIEWS
Share on FacebookShare on Twitter

လက်ရှိ မြန်မာပြည်တွင် တိုင်းနှင့်ပြည်နယ် ၁၄ ခုလုံး၌ စစ်ကောင်စီအား ဆန့်ကျင်သည့် လက်နက်ကိုင်ပုန်ကန်မှုများ ဖြစ်ပွားသည်ကို တွေ့မြင်နိုင်၏။ ဤအချက်သည် ၁၉၄၈ လွတ်လပ်ရေးနှင့်အတူ ကြုံခဲ့ရသည့် မြန်မာပြည် ပြည်တွင်းစစ်တွင် ပထမဆုံးအကြိမ်ဖြစ်သည်။ ၁၉၄၈၊ ၁၉၄၉ ရန်ကုန်အစိုးရဟု နိုင်ငံတကာမှ ခေါ်ဆိုသမုတ်ခြင်းပြုကြသည့် ကာလတုန်းကပင် တပြည်လုံးအတိုင်းအတာအရ လက်နက်ကိုင်ပုန်ကန်မှု မရှိပေ။

၂၀၂၄ ခုနှစ်မှစ၍ တရုတ်၏ အကူအညီရရှိခြင်း၊ တပ်သားသစ်စု ဆောင်းနိုင်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုကို အများအပြား အသုံးပြုနိုင်ခြင်း၊ နည်းပညာမြင့် ဒရုန်းများအသုံး ပြုနိုင်ခြင်း၊ စက်တပ်လေထီးများ အသုံးပြုခြင်းများရှိလာပြီး ဆုံးရှုံးသွားသော နေရာအားလုံးကို ပြန်လည်သိမ်းပိုက်မည်ဟု စစ်ကောင်စီက ကြွေးကြော်ခဲ့သော်လည်း ယခင် ဆောင်းပါးများက ဖော်ပြခဲ့သည့် ဒေသအားလုံး၏ လက်တွေ့မြေပြင် အခြေအနေများအရ အောက်ပါအတိုင်း သုံးသပ်ရပါသည်။

စစ်ကောင်စီ၏ ထိုးစစ်

ဆုံးရှုံးခဲ့သော မြို့အားလုံးကို ပြန်လည်သိမ်းပိုက်မည်ဟု ဆိုနေသော်လည်း ယခုအထိ ခြောက်လကျော်ကြာ စစ်ဆင်မှ မိုးဗြဲတမြို့သာပြန်ရပြီး နောင်ချိုမြို့ကို ထိုးစစ်ဆင်နေဆဲဖြစ်သည်။

တိုင်းနှင့် ပြည်နယ် ၁၄ ခု၌ အင်အားအလုံးအရင်း စုစည်း၍ ထိုးစစ်ဆင်ခြင်းကို ကချင်ပြည်နယ် မိုးကောင်းမှ ဖားကန့်ဒေသ၊ ချင်းပြည်နယ် ကလေးမှ သိုင်းငင်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ ရှမ်းပြည်နယ် နောင်ချိုနှင့် ရှမ်းတောင် မိုးဗြဲ၊ ကရင်ပြည်နယ် အောင်ဇေယျစစ်ဆင်ရေး၊ မကွေးတိုင်း ပဒါန်းမှ နတ်ရေကန်၊ ပဲခူးတိုင်း ပန်းတောင်းမှ ညောင်ကျိုး၊ မန္တလေးတိုင်း မတ္တရာနှင့် သပိတ်ကျင်းတို့တွင် တွေ့ရသည်။

တိုင်းနှင့် ပြည်နယ် ၁၄ ခု၌ အင်အားအလုံးအရင်း စုစည်း၍ ထိုးစစ်ဆင်ခြင်းကို ကချင်ပြည်နယ် မိုးကောင်းမှ ဖားကန့်ဒေသ၊ ချင်းပြည်နယ် ကလေးမှ သိုင်းငင်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ ရှမ်းပြည်နယ် နောင်ချိုနှင့် ရှမ်းတောင် မိုးဗြဲ၊ ကရင်ပြည်နယ် အောင်ဇေယျစစ်ဆင်ရေး၊ မကွေးတိုင်း ပဒါန်းမှ နတ်ရေကန်၊ ပဲခူးတိုင်း ပန်းတောင်းမှ ညောင်ကျိုး၊ မန္တလေးတိုင်း မတ္တရာနှင့် သပိတ်ကျင်းတို့တွင် တွေ့ရသည်။

အဆိုပါ ထိုးစစ်များတွင် ဇွန်လကုန်အထိ ရှမ်းပြည်နယ်၊ နောင်ချိုတွင် စစ်ကောင်စီ လုံးဝ အသာစီးရပြီဟု မဆိုနိုင်သေးသော်လည်း အောင်မြင်မှုများရသည်ဟု ဆိုနိုင်၏။ ကရင်နီ၊ မိုးဗြဲထိုးစစ်ကမူ ပထမ ခြောက်လပတ်အတွင်း အကြိတ်အနယ် တိုက်ခိုက်နေဆဲဖြစ်ပြီး ဇူလိုင်လဆန်းတွင် မိုးဗြဲမြို့ပေါ်အား စစ်ကောင်စီက ထိန်းချုပ်သွားနိုင်၏။ ဇူလိုင်လ ၁၀ ရက်ခန့်တွင် မိုးဗြဲ-လွိုင်ကော်လမ်းအား ထိန်းချုပ်သွားနိုင်သည်ကို တွေ့ရသည်။

ကချင်ပြည်နယ် ထိုးစစ်သည် ဖားကန့်သို့ အနာခံ ရောက်ရှိသွားသော်လည်း ဖားကန့်အား မထိန်းချုပ်နိုင်သည့်အပြင် ဖားကန့်-မိုးကောင်း လမ်းကြောင်းကိုလည်း ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

ချင်းပြည်နယ် ကလေးမှ သိုင်းငင်းသို့ ထိုးစစ်သည် ပြန်လန်ကျနေ၏။ ရခိုင်ပြည်နယ် ကျောက်ဖြူထိုးစစ်သည် ပြန်လန်ကျနေသည့်အပြင် နောက်ဆုတ်နေရ၏။ ကရင်ပြည်နယ် အောင်ဇေယျထိုးစစ်သည်လည်း ရှေ့တိုးနိုင်ခြင်း မရှိပေ။ မကွေးတိုင်း နတ်ရေကန်ထိုးစစ်နှင့် ပဲခူးတိုင်း ညောင်ကျိုး ထိုးစစ်များသည် ပြန်လန်ကျနေပြီး ခံစစ်အဖြစ် ကူးပြောင်းနေသည်ကို တွေ့ရ၏။

မန္တလေးတိုင်းတွင် မတ္တရာနှင့် သပိတ်ကျင်းဒေသတို့၌ အင်အားစုစည်းပြီး ထိုးစစ်ဆင်နေသော်လည်း အကြိတ်အနယ် တိုက်ခိုက်နေဆဲဖြစ်သည်ဟု ဆိုရပါမည်။ စစ်ကောင်စီသည် အကယ်၍ နောင်ချိုကို သိမ်းနိုင်ပါက မတ္တရာနှင့် သပိတ်ကျင်း ထိုးစစ်အား ပို၍ အားထည့်လာမည်ဟု ခန့်မှန်းရပါသည်။

ကျန် မွန်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ တနင်္သာရီ၊ ဧရာဝတီတိုင်း အင်အားအလုံးအရင်းထိုးသည့် ထိုးစစ်များ မတွေ့ရပေ။ စစ်တပ်၊ ရဲ၊ ပျူစောထီး ပူးပေါင်းစစ်ကြောင်းများဖြင့် တကြောင်းထိုးဖြင့်သာ နယ်မြေရှင်းလင်းရာ တော်လှန်ရေးတပ်ဖွဲ့များကို ချေမှုန်းရန် မဖြစ်နိုင်ပါ။ ထိုစစ်ကြောင်းများသည် အကုန်လု၊ အကုန်မီးရှို့၊ အကုန်သတ် ပေါ်လစီကိုသာ ကျင့်သုံးနေပြီး လူထုကို ဦးတည် သတ်ဖြတ်နေကြရာ လူထုထောက်ခံမှု မရသည့်အပြင် လူထုဆန့်ကျင်မှု ပိုလာမည်သာဖြစ်သည်။

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်အတွင်း တွေ့ရသည့် ထူးခြားချက်မှာ ပြည်နယ်များတွင် တိုက်ပွဲဖြစ်ပွားသည်ထက် ပြည်မ တိုင်း ခုနစ်တိုင်းတွင် လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားမှု ပိုမိုမြင့်မားသည်ဆိုသည့် အချက်ဖြစ်၏။

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်အတွင်း တွေ့ရသည့် ထူးခြားချက်မှာ ပြည်နယ်များတွင် တိုက်ပွဲဖြစ်ပွားသည်ထက် ပြည်မ တိုင်း ခုနစ်တိုင်းတွင် လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားမှု ပိုမိုမြင့်မားသည်ဆိုသည့် အချက်ဖြစ်၏။

စစ်ကောင်စီ၏ ခံစစ်များ

စစ်ကောင်စီသည် မြန်မာပြည်နယ်မြေ အများစုတွင် ခံစစ်ဆင်နေပြီး အချို့ ခံစစ်စခန်းများသည် တောင့်ခံနိုင်သည်ကို တွေ့ရ၏။

အကြာဆုံး တောင့်ခံနိုင်သည့် ခံစစ်စခန်းများမှာ ကရင်ပြည်နယ် ဖာပွန်ဗျူဟာ၊ ကတိုင်တိဗျူဟာနှင့် ကြာအင်းဆိပ်ကြီး မှ အနန်းကွင်းဗျူဟာတို့ဖြစ်ပြီး ခံစစ်ဆင်နေနိုင်သည်မှာ တနှစ်ကျော်ရှိပြီဖြစ်၏။

သို့သော် ဝေါ်လေဗျူဟာကမူ တောင့်ခံရန် ခက်ခဲနေပြီဖြစ်၏။ ချင်းပြည်နယ်မှ ထန်တလန် ခံစစ်သည်လည်း တနှစ်ကျော်သည်အထိ တောင့်ခံနိုင်သည်ကို တွေ့ရသည်။ ကချင်ပြည်နယ်၊ ဗန်းမော်ခံစစ်ကမူ ခုနစ်လခန့် ရှိနေကြောင်း တွေ့ရသည်။ ကရင်နီ၊ ဘောလခဲတွင် ဝိုင်းပတ်ပိတ်ဆို့ထားပြီး ထိုးစစ်ဆင်သည်ကို လနှင့်ချီ ခံစစ်ဆင်ထားနိုင်ဆဲ ဖြစ်သည်။

ကရင်နီ၊ ဖားဆောင်းတွင် မြို့နှင့် တပ်ရင်းဌာနချုပ်နှစ်ခုအနက် တခုမှာ ခံစစ်မဆင်နိုင်တော့ဘဲ ဆုံးရှုံးခဲ့ပြီဖြစ်၏။ ဧရာဝတီ မြောက်စမ်းခံစစ်တွင် ကာကင်းစခန်းများ အများစုကျသွားပြီး မြောက်စမ်းသို့ တော်လှန်ရေးအင်အားစုများ တဖြည်းဖြည်း နီးကပ်လာသကဲ့သို့ ကွင်းကောက်နှင့် ရေနံ့သာကြား ပုသိမ်-မုံရွာ ကားလမ်းရှိ ရွာအချို့ကိုလည်း ထိန်းချုပ်နိုင်သည်ကို တွေ့ရသည်။

မကွေးတိုင်အတွင်း အမ်းတောင်ကြားလမ်းတွင် တာဝါတိုင်ကုန်း ကျသွားပြီး နတ်ရေကန်တွင် ခံစစ်ဆင်နေရ၏။ ပဲခူး၊ တောင်ကုတ်တောင်ကြားလမ်းတွင် ညောင်ကျိုး ခံစစ်စခန်းကို လက်လွှတ်ခဲ့ရပြီဖြစ်၏။ စစ်ကိုင်းတိုင်း၊ အင်းတော်၊ ကရင်တွင် ဒေါနတောင်တန်းနှင့် ထိုင်းနယ်ကြား စခန်းများ၊ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းရှိ စခန်းများကမူ တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်မှုကို တောင့်မခံနိုင်ဘဲ လက်လွှတ်နေရသည်ကို တွေ့ရသည်။

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်တွင် တပြည်လုံး စစ်ရေးအခြေအနေအရ စစ်ကောင်စီက စစ်ရေးအရ အသာစီးရသည့် အခြေအနေတွင် မရှိကြောင်း ရှင်းလင်းစွာ မြင်တွေ့ရ၏။

သို့ဖြစ်ရာ ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်တွင် တပြည်လုံး စစ်ရေးအခြေအနေအရ စစ်ကောင်စီက စစ်ရေးအရ အသာစီးရသည့် အခြေအနေတွင် မရှိကြောင်း ရှင်းလင်းစွာ မြင်တွေ့ရ၏။

မန္တလေး-ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ/AFP

လေကြောင်းတိုက်ခိုက်မှုများ

စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုကို အားသာချက်အဖြစ် အသုံးပြု၏။ ထိုးစစ်၊ ခံစစ်အားလုံးတွင် လေကြောင်းပစ်ကူ အသုံးပြုသည်သာမက ပျူစောထီးအဖွဲ့များ အတိုက်ခံရလျှင်ပင် လေကြောင်းပစ်ကူ ပေးသည်ကို တွေ့ရ၏။

ထို့ပြင် တိုက်ပွဲ မရှိသော်လည်း အရပ်ဘက် လူနေအဆောက်အအုံများ၊ မြို့ရွာများ၊ ဆေးရုံ၊ စာသင်‌ကျောင်းများပါမကျန် ဗုံးကြဲတိုက်ခိုက်ပြီး လုထုကို အကြောက်တရားသွင်းခြင်း၊ လူထုအား သတ်ဖြတ်ပြီး တော်လှန်ရေးအင်အားစုများကို မထောက်ခံရဲအောင် ပြုလုပ်လုပ်ခြင်း၊ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် လွတ်မြောက်ဒေသ၊ ပြောက်ကျားဒေသများကို မတည်ငြိမ်အောင်ပြုလုပ်ခြင်း ရည်ရွယ်ချက်ဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည်ကို တွေ့ရ၏။

လေကြောင်းတိုက်ခိုက်မှုတွင် ယခင်က လေယာဉ်၊ ရဟတ်ယာဉ်များကိုသာ အသုံးပြုသော်လည်း ယခုအခါ ဒရုန်းနှင့် စက်တပ်လေထီးများကိုပါ အသုံးပြုသည်ကို တွေ့ရ၏။ ညဘက်ပါ အသုံးပြုသည့် နည်းပညာမြင့် ဒရုန်းများအသုံးပြုပြီး အချို့စစ်မြေပြင်တွင် ထိရောက်မှုရှိသည်ဟု ဆိုကြသည်။ စစ်ကောင်စီသည် ဒရုန်းနှင့် စက်တပ်လေထီးကို နယ်မြေအကန့်အသတ်နှင့်သာ အသုံးပြုနိုင်သည်ကို ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်တွင် တွေ့ရ၏။

နည်းပညာမြင့် ဒရုန်းများနှင့် စက်တပ်လေထီး အသုံးပြုခြင်းသည် စစ်ကောင်စီအတွက် အားသာချက် ဖြစ်နိုင်သော်လည်း လောလောဆယ် စစ်တပ်၏ထိုးစစ်နှင့် ခံစစ်အခြေအနေများကို သုံးသပ်ကြည့်ပါက အဆုံးအဖြတ်ပေးနိုင်သည့် အနေအထားတွင် မရှိပေ။ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ယခင်ကထက် သတိကြီးစွာထားရန်၊ ဂရုစိုက်ရန်၊ မပေါ့ဆရန်လိုပြီး တုံ့ပြန်နိုင်မည့် နည်းလမ်းများကို စဉ်းစားပေးရန်သာ လိုသည်။

တပ်သားသစ်များ

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်တွင် စစ်ကောင်စီအတွက် ထူးခြားချက်မှာ တပ်သားသစ်များ သင်တန်းဆင်းသည်မှာ တနှစ်ပြည့်ပြီး အင်အား ၆၀,၀၀၀ ခန့် ဖြည့်တင်းနိုင်ခြင်း ဖြစ်၏။ သို့ဖြစ်ရာ စကခ ၉ နှင့် ၁၅ အား ပြန်လည်ဖွဲ့စည်းနိုင်ခြင်း မရှိသော်လည်း ကျန်တပ်အများစုကို ပြန်လည်ဖွဲ့စည်းနိုင်သည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်အတွက် အားသာချက်မှာ တပ်ရင်းများအား အင်အား ၂၀၀ ကျော်အထိ ပြန်လည် ဖြည့်တင်းနိုင်ပြီး ရှေ့တန်းစစ်ဆင်ရေးအတွက် အင်အား ၁၀၀ ကျော်၊ နောက်တန်းလုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေးအတွက် အင်အား ၁၀၀ ခန့် အသုံးပြုနိုင်သည်။ နိုင်ငံအနှံ့ စစ်ကြောင်းယူနစ် ၁,၀၀၀ ခန့်ကို အသုံးပြုနိုင်သည်။

စစ်သားသစ်များအား အတင်းဆွဲလာသော်လည်း စစ်တပ်အတွင်း တပ်ပုံစံသွင်းပြီး အဖွဲ့အစည်းစိတ်ဓာတ်ပေါ်အောင် အင်အားအချို့အား ပြုလုပ်လာနိုင်သည်။ စစ်မြေပြင် တိုက်ပွဲများကြားတွင် သူပစ်ကိုယ်ပစ်မှ ရှင်သန်သည်ဖြစ်ရာ တပ်သားသစ်များသည်လည်း ရှောင်လွှဲ၍မရဘဲ ပစ်အားများ ဖြစ်လာသည်။ တပ်သားသစ်များထဲမှ အနည်းငယ် ပညာတတ်သူများအား ဒရုန်း၊ စက်တပ်လေထီး အသုံးပြုခြင်းတို့တွင် တာဝန်ပေးနိုင်ပြီး သေဘေးနှင့် ဝေးသည့်တာဝန်ဖြစ်၍ ကောင်းစွာအသုံး ချနိုင်သည်။

စစ်သားသစ်များအား အတင်းဆွဲလာသော်လည်း စစ်တပ်အတွင်း တပ်ပုံစံသွင်းပြီး အဖွဲ့အစည်းစိတ်ဓာတ်ပေါ်အောင် အင်အားအချို့အား ပြုလုပ်လာနိုင်သည်။ စစ်မြေပြင် တိုက်ပွဲများကြားတွင် သူပစ်ကိုယ်ပစ်မှ ရှင်သန်သည်ဖြစ်ရာ တပ်သားသစ်များသည်လည်း ရှောင်လွှဲ၍မရဘဲ ပစ်အားများ ဖြစ်လာသည်။ တပ်သားသစ်များထဲမှ အနည်းငယ် ပညာတတ်သူများအား ဒရုန်း၊ စက်တပ်လေထီး အသုံးပြုခြင်းတို့တွင် တာဝန်ပေးနိုင်ပြီး သေဘေးနှင့် ဝေးသည့်တာဝန်ဖြစ်၍ ကောင်းစွာအသုံး ချနိုင်သည်။

တဖက်ကလည်း အဓမ္မစု‌ဆောင်းလာသည့် တပ်သားသစ်များဖြစ်၍ တိုက်စိတ်ခိုက်စိတ် မြင့်မားခြင်း မရှိသကဲ့သို့ တိုက်ရည်ခိုက်ရည်လည်း မရှိပါ။ ထိုတပ်သားသစ်များ ထွက်မပြေးရန် စောင့်ကြည့်ရခြင်း၊ ထွက်ပြေး၍ လိုက်ဖမ်းရခြင်း၊ ထွက်ပြေးလွတ်မြောက်ခြင်းတို့ကြောင့် စစ်တပ်တွင်း အမြဲတစေ မတည်ငြိမ်ဖြစ်၏။

တပ်သားသစ်များသည် အစောပိုင်းကာလတွင် စစ်ရေးအတွေ့အကြုံ မရှိသဖြင့် စစ်မြေပြင်တွင် ထိန်းသိမ်းရခက်သည်ကို ကြုံရသည်။ တပ်သားသစ်များအား နှစ်နှစ် စစ်မှုထမ်းဥပဒေနှင့် စုဆောင်းလာသည်ဖြစ်ရာ ၂၀၂၆ ခုနှစ်မှစ၍ နှစ်နှစ်ပြည့်ကြမည်ဖြစ်ပြီး နုတ်ထွက်လိုသူများဖြင့် တပ်တွင်း ပြန်လည် မငြိမ်မသက်ဖြစ်လိမ့်မည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လ တတိယပတ်အထိ စစ်သား၊ ရဲ၊ ပျူစောထီးတို့မှ ဖမ်းမိ၊ အလင်းဝင်စာရင်းမှာ ၁,၄၂၉ ဦးရှိသည်ဟု ပြည်သူ့ပန်းတိုင်မှ ထုတ်ပြန်ထားပြီး တပ်သားသစ် အများအပြား လက်နက်ချ အလင်းဝင်သည်ကို တွေ့ရ၏။ တပ်သားသစ် စုဆောင်းခြင်းသည် စစ်ကောင်စီအတွက် အကျိုးရော အပြစ်ပါ နှစ်ခုလုံးပေးသည်ကို တွေ့ရသည်။

တစုံလုံး စစ်ရေးအခြေအနေ

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်တွင် တွေ့ရသည် စစ်ရေးအခြေအနေကို သုံးသပ်ကြည့်ပါက ရှမ်းမြောက်နှင့် ရှမ်းတောင်တွင် စစ်ကောင်စီသည် စစ်ရေးအရ အသာစီးရသည့်အနေအထား၊ ထိုးစစ်ဆင်နိုင်သည့် အနေအထားကို တွေ့ရသော်လည်း ကျန်တပြည်လုံးတွင် စစ်ရေးအရ အသာစီးရသည့်အခြေအနေ မရှိပါ။

သို့သော် နောက်ထပ် တနှစ်ကြာလျှင် စစ်အင်အား ၅၀,၀၀၀ မှ ၆၀,၀၀၀ ထပ်ဖြည့်လာနိုင်သည်ကို ထည့်သွင်းတွက်ချက်ထားရန် လိုသည်။ စစ်အင်အားဖြည့်တင်းနိုင်ပါက ယခု ခံစစ်ဆင်နေသည် ဗန်းမော်ကဲ့သို့ နေရာမျိုးသို့ စစ်ကူစေလွှတ်နိုင်ပြီး ပြန်လှန်ထိုးစစ်ဆင်နိုင်သည့် အခြေအနေကို ထည့်သွင်းတွက်ချက်ရန် လိုသည်။ သို့ဖြစ်ရာ ဗန်းမော်ကဲ့သို့ ခံစစ်စခန်းများကို ပိတ်ဆို့ထားပြီး ရန်သူ့စစ်ကူစစ်ကြောင်းများကို ချေမှုန်းသည့် စစ်ဗျူဟာကဲ့သို့သော စစ်ဗျူဟာ အပြောင်းအလဲပြုလုပ်ရန် လိုအပ်ပေလိမ့်မည်။

စစ်ကောင်စီ၏ ခံနိုင်ရည်ရှိသော ခံစစ်စခန်းအချို့ကို ကြည့်ပါက အဓိကအားဖြင့် စစ်ကောင်စီ၏ ခံနိုင်ရည်အား၊ လက်နက်အင်အားထက် တော်လှန်ရေးတပ်ဖွဲ့များတွင် စခန်းသိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲများအတွက် လိုအပ်သည့်၊ လုံလောက်သည့် လက်နက်ခဲယမ်း မရှိခြင်းဖြစ်သည်ဟု သုံးသပ်ရသည်။

စစ်ကောင်စီ၏ ခံနိုင်ရည်ရှိသော ခံစစ်စခန်းအချို့ကို ကြည့်ပါက အဓိကအားဖြင့် စစ်ကောင်စီ၏ ခံနိုင်ရည်အား၊ လက်နက်အင်အားထက် တော်လှန်ရေးတပ်ဖွဲ့များတွင် စခန်းသိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲများအတွက် လိုအပ်သည့်၊ လုံလောက်သည့် လက်နက်ခဲယမ်း မရှိခြင်းဖြစ်သည်ဟု သုံးသပ်ရသည်။

တော်လှန်ရေးတပ်ဖွဲ့များဘက်မှကြည့်ပါက တိုင်းရင်းသားနယ်မြေများဖြစ်သည့် ကချင်၊ ချင်း၊ ရခိုင်၊ ကရင်၊ ကရင်နီ၊ မွန်တို့တွင် ဆက်လက်၍ စစ်ရေးအရ အားကောင်းလာနိုင်ပြီး ရှမ်းပြည်တွင်လည်း စစ်‌ကောင်စီ၏ ထိုးစစ်‌ကြောင့် စစ်ရေးလှုပ်ရှားမှု လျော့ကျဖွယ် မရှိပေ။

ပြည်မတွင် စစ်ကိုင်းတိုင်း၌ လက်ရှိအခြေအနေကို ဆက်လက်ထိန်းထားနိုင်ပြီး မကွေး၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ တနင်္သာရီတို့တွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်တိုးချဲ့နိုင်မည့် အလားအလာရှိ၏။

တော်လှန်ရေးတပ်ဖွဲ့များဘက်က စစ်ရေးအရ အဓိကကျသည့် အားနည်းချက်မှာ လက်နက်ခဲယမ်း တပ်ဆင်မှု၊ ဖြည့်တင်းမှုနှင့် ပတ်သက်သည့် လိုအပ်ချက်ဖြစ်၏။ ဤသို့ လိုအပ်ချက်ရှိသည်ကိုသိသည့် စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များအား ကျည်ဖြုန်းသည့်တိုက်ပွဲများ ဖန်တီးနေသည်ကို သတိပြုရန်လိုသကဲ့သို့ ရှောင်ရှားရန်လည်း လိုအပ်လိမ့်မည်။

မန္တလေး-ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ/AFP

တိုင်းရင်းသားတပ်ဖွဲ့များ

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးမှစ၍ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ ဖြစ်ကြသည့် KIA, KNU, CNF နှင့် ချင်းညီနောင်၊ ကရင်နီအင်အားစုများ၊ မွန်အင်အားစုများ၊ အာရက္ခတပ်တော်၊ TNLA, MNDAA, PNLO နှင့် ပအိုဝ်းဖက်ဒရယ်ကောင်စီတို့သည် စစ်ကောင်စီအား ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြ၏။ ထိုတပ်ဖွဲ့များထဲမှ ကိုးကန့် MNDAA ကမူ ရပ်တန့်သွားပြီဖြစ်သော်လည်း စစ်ကောင်စီနှင့် ဆက်လက် ဆွေးနွေးမှုများပေါ် မူတည်၍ အပြောင်းအလဲရှိနိုင်၏။ ကျန်တပ်ဖွဲ့များကမူ ဆက်လက် တိုက်ပွဲဝင်နေဆဲဖြစ်သည်။

အဆိုပါ တိုင်းရင်းသားတပ်ဖွဲ့များသည် သက်ဆိုင်ရာနယ်မြေအလိုက် PDF, နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပေါင်းစပ်ပြီး တိုက်ပွဲဝင်နေကြသည်ကို တွေ့ရသည်။ ထိုတိုင်းရင်းသားတပ်ဖွဲ့များတွင် AA က ရခိုင်ပြည်နယ်တွင်သာမက ကချင်၊ ရှမ်း၊ ချင်း၊ ကရင်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီစသည့် တိုင်းနှင့်ပြည်နယ် ရှစ်ခုတွင် စစ်ရေးအရ လှုပ်ရှားတိုက်ခိုက်နိုင်သည့် တခုတည်းသော တပ်ဖွဲ့ဖြစ်သကဲ့သို့ အခြားတပ်ဖွဲ့များထက် စစ်ရေးတည်ငြိမ်ပြီး ရှေ့သို့ အနည်းငယ်ပိုရောက်သည်ဟု ဆိုနိုင်သည်။

လက်ရှိ စစ်ရေးအခြေအနေအရ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန်၊ အောင်ပွဲရရှိရန်၊ လက်ရှိ ရရှိထားသည့် စစ်ရေးအောင်ပွဲများကို ထိန်းသိမ်းနိုင်ရန် PDF, နွေဦးတော်လှန်ရေး အင်အားစုနှင့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ အပြန်အလှန် ပူးပေါင်းရန် လိုအပ်သည်ဆိုခြင်းကို ဘက်အားလုံးက သဘောပေါက်နေကြပြီဖြစ်ပြီး နိုင်ငံရေးနှင့်စစ်ရေးအရ အခိုင်အမာ‌ ခြေလှမ်းသာ လိုအပ်နေပေသည်။

လက်ရှိ စစ်ရေးအခြေအနေအရ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန်၊ အောင်ပွဲရရှိရန်၊ လက်ရှိ ရရှိထားသည့် စစ်ရေးအောင်ပွဲများကို ထိန်းသိမ်းနိုင်ရန် PDF, နွေဦးတော်လှန်ရေး အင်အားစုနှင့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ အပြန်အလှန် ပူးပေါင်းရန် လိုအပ်သည်ဆိုခြင်းကို ဘက်အားလုံးက သဘောပေါက်နေကြပြီဖြစ်ပြီး နိုင်ငံရေးနှင့်စစ်ရေးအရ အခိုင်အမာ‌ ခြေလှမ်းသာ လိုအပ်နေပေသည်။

အလားအလာ

တရုတ်တို့၏ အကူအညီရရှိထားသော်လည်း ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်အတွင်း စစ်ကောင်စီသည် စစ်ရေးအရ နှစ်နေရာခန့်တွင် အောင်မြင်မှု ရရှိသော်လည်း တပြည်လုံး အတိုင်းအတာအရ အသာစီးယူနိုင်ခြင်း မရှိသည်ကို ရှင်းလင်းစွာမြင်နိုင်၏။ စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုသည်မှာလည်း တရုတ်နှင့် နိုင်ငံအချို့၏ ထောက်ခံမှု ရရှိနိုင်သော်လည်း အာဆီယံနှင့် နိုင်ငံအများစု ထောက်ခံမှု မရရှိနိုင်ပါ။

ရွေးကောက်ပွဲအပြီးပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုသည်မှာလည်း တရုတ်၊ အိန္ဒိယအပြင် ဆွစ်ဇာလန်နှင့် နော်ဝေတို့၏ အားပေးထောက်ခံမှု ရနိုင်သော်လည်း ၂၀၀၈ နှင့် အပစ်အခတ်ရပ်စဲရေး NCA ကို ဆုပ်ကိုင်ထားထားသည့် စစ်တပ်၏ တင်းမာသည့်သဘောထား၊ တော်လှန်ရေးတပ်ဖွဲ့များ လက်နက်စွန့်ရေးသဘောထား၊ တိုင်းရင်းသားများနှင့် NUG, PDF ကြား သွေးခွဲရေးသဘောထားများကြောင့် အောင်မြင်မှု မရနိုင်ပေ။

သို့ဖြစ်ရာ စစ်ကောင်စီနှင့် သူ၏လော်ဘီများသည် ညာသံပေးနေသော်လည်း နိုင်ငံရေးအရရော စစ်ရေးအရပါ တခုလုံးအရ အသာစီးရနိုင်သည့် အခြေအနေမရှိပေ။ စစ်ကောင်စီ၏ တပြည်လုံးအရ နိုင်ငံရေးနှင့် စစ်ရေးအခြေအနေကို လျှော့မတွက်ရန် လိုသကဲ့သို့ ပိုမတွက်ရန်လည်း လိုအပ်သည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် ဤအခြေအနေအား သုံးသပ်ပြီး လက်နက်ကိုင်တပ်ကို တောင့်တင်းအောင် တည်ဆောက်ကာ စစ်ရေးအရ အသာစီးရအောင် တိုက်ပွဲဝင်ရန် လိုအပ်သည်။ အကယ်၍သာ တိုင်းရင်းသား တပ်ဖွဲ့များနှင့် နွေဦးအင်အားစုများ ပူးပေါင်းနိုင်ပြီး လက်နက်ခဲယမ်းပြဿနာကို ဖြေရှင်းနိုင်ပါက စစ်ဆင်ရေးအကြီးများ ဆောင်ရွက်နိုင်မည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် ဤအခြေအနေအား သုံးသပ်ပြီး လက်နက်ကိုင်တပ်ကို တောင့်တင်းအောင် တည်ဆောက်ကာ စစ်ရေးအရ အသာစီးရအောင် တိုက်ပွဲဝင်ရန် လိုအပ်သည်။ အကယ်၍သာ တိုင်းရင်းသား တပ်ဖွဲ့များနှင့် နွေဦးအင်အားစုများ ပူးပေါင်းနိုင်ပြီး လက်နက်ခဲယမ်းပြဿနာကို ဖြေရှင်းနိုင်ပါက စစ်ဆင်ရေးအကြီးများ ဆောင်ရွက်နိုင်မည်။

အကယ်၍ လက်နက်ခဲယမ်း စုပုံရန် မပြည့်စုံသေးပါကလည်း စစ်ကောင်စီစစ်ကြောင်းများကို ချေမှုန်းပြီး ရန်သူ့လက်နက်ခဲယမ်းနှင့် ဖြည့်တင်းခြင်းကို ဦးစားပေးရန် လိုလိမ့်မည်။ စစ်နည်းပရိယာယ် ပြောင်းလဲကျင့်သုံးရန်သာ လိုအပ်ပေလိမ့်မည်။

စစ်ကောင်စီကမူ ရွေးကောက်ပွဲလုပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုသည်ကို ကြွေးကြော်မည်ဖြစ်သော်လည်း အောင်မြင်ရန် အခွင့်အလမ်း မရှိပေ။ တော်လှန်ရေးအင်အားစုများကို နိုင်ငံရေးအရရော စစ်ရေးအရပါ ဆက်လက်ချေမှုန်းရန်သာ ကြိုးစားပေလိမ့်မည်။

စစ်ကောင်စီက တိုင်းရင်းသားတပ်ဖွဲ့များနှင့် NUG နှင့် PDF ကြားသွေးခွဲခြင်းတို့ကို ဆက်လက် ပြုလုပ်မည်သာဖြစ်၏။ စစ်ကောင်စီသည် NUG, PDF အား တွေ့ဆုံဆွေးနွေးရန် ငြင်းပယ်ပြီး လက်နက်ချရန်သာ တောင်းဆိုပေလိမ့်မည်။

သို့ဖြစ်ရာ NUG,PDF အပါအဝင် နွေဦးအင်အားစုများအနေဖြင့် လက်နက်ကိုင်တိုက်ပွဲကို အာရုံစိုက်ရန်နှင့် လက်နက်ကိုင်တပ်အင်အား တောင့်တင်းရေးကို အဓိကအာရုံစိုက်ရန် လိုအပ်လိမ့်မည်။ အောင်မြင်စွာလည်း လုပ်ဆောင်၍ ရသည်ကို ရှင်းလင်းစွာ တွေ့မြင်ရသည်။

(ပြီးပါပြီ။)

(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၁

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

RelatedPosts

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
1.8k
လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
103
ကျောက်ဖြူတိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာ

ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

7 January 2026
1.5k

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

မြန်မာပြည်တွင်းစစ် မည်သို့ အဆုံးသတ်မည်နည်း

Your Thoughts …
Tags: NUGငြိမ်းချမ်းရေးဆွေးနွေးပွဲစစ်ကောင်စီစစ်မှုထမ်းဥပဒေစစ်အာဏာသိမ်းမှုတရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်လှန်ရေးအင်အားစုဒရုန်းတိုက်ခိုက်မှုနွေဦးတော်လှန်ရေးပြည်တွင်းစစ်ပြောက်ကျားစစ်မြို့သိမ်းတိုက်ပွဲရွေးကောက်ပွဲလေကြောင်းတိုက်ခိုက်မှုအောင်ဇေယျစစ်ဆင်ရေး
အေးချမ်းဆု

အေးချမ်းဆု

အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ (ရုပ်/သံ)

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ (ရုပ်/သံ)

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved