၁၀။ မန္တလေးတိုင်း
မန္တလေးတိုင်းအတွင်း၌ ၂၀၀၄ ခုနှစ် စစ်ရေးလှုပ်ရှားမှုများအတွင်း မန္တလေးမြောက်ပိုင်းရှိ တကောင်း၊ မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျင်း မြို့လေးမြို့ လွတ်မြောက်ပြီးဖြစ်၏။ မန္တလေးတိုင်းတွင် ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်အတွင်း စစ်ရေးလှုပ်ရှားမှု မြင့်မားသည်မှာ မန္တလေးမြောက်ဘက် သပိတ်ကျင်းခရိုင်နှင့် တောင်ဘက် မြင်းခြံခရိုင်တို့တွင်ဖြစ်ပြီး ညောင်ဦးခရိုင်နှင့် နေပြည်တော်တို့တွင် အတန်အသင့်တွေ့ရကာ မိတ္ထီလာ၊ ကျောက်ဆည်၊ ပြင်ဦးလွင်ခရိုင်တို့တွင် လှုပ်ရှားမှုနည်းသည်ကို တွေ့ရသည်။
မန္တလေးမြောက်ပိုင်း
မန္တလေးမြောက်ပိုင်း မတ္တရာမြို့နယ်အရှေ့ခြမ်းကို ရှမ်း-မန်း စစ်ဆင်ရေးတွင် မန္တလေး PDF က စစ်စခန်းနှင့် ရဲစခန်း ၄၀ ကျော်ကို သိမ်းပိုက်ပြီး ထိန်းချုပ်ထားခြင်းဖြစ်၏။ မတ္တရာမှအထက် တကောင်းအထိ လမ်းကြောင်းနှင့် မိုးမိတ်၊ မိုးကုတ်ဒေသများကို ၂၀၂၄ ခုနှစ်ကတည်းက သိမ်းပိုက်ထားပြီး လွတ်မြောက်ဒေသဖြစ်သည်။
သို့သော် သပိတ်ကျင်းမြို့နယ်အတွင်း အမှတ် (၂) စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၂)၊ အမှတ် (၁၃) တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တကက ၁၃)၊ အမှတ် (၁) သုတေသနနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးတပ် (သနသ ၁) နှင့် စစ်ဆေးရုံတခုကို မသိမ်းနိုင်ဘဲ ဝိုင်းပတ်ထားခဲ့၏။ ယင်းတပ်များတွင် မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျင်း တိုက်ပွဲများအတွင်း ထွက်ပြေးလာသူ အများစုအပြင် လေကြောင်းမှ အင်အားဖြည့်တင်းသူများဖြင့်ပါ စုဖွဲ့နေ၏။
သို့ဖြစ်ရာ စစ်တပ်က ၂၀၂၄ နှစ်ကုန်ပိုင်းမှစ၍ မတ္တရာမြို့နယ် အနောက်ပိုင်း ကျေးရွာများကို ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပြီး ၂၀၂၅ နှစ်ဆန်းပိုင်းကစ၍ မန္တလေး PDF ထိန်းချုပ်ထားသည့် မတ္တရာမြို့နယ် အရှေ့ပိုင်းကို ပြန်လည် ထိုးစစ်ဆင်သိမ်းယူရန် ကြိုးစားခဲ့၏။
သို့ဖြစ်ရာ စစ်တပ်က ၂၀၂၄ နှစ်ကုန်ပိုင်းမှစ၍ မတ္တရာမြို့နယ် အနောက်ပိုင်း ကျေးရွာများကို ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပြီး ၂၀၂၅ နှစ်ဆန်းပိုင်းကစ၍ မန္တလေး PDF ထိန်းချုပ်ထားသည့် မတ္တရာမြို့နယ် အရှေ့ပိုင်းကို ပြန်လည် ထိုးစစ်ဆင်သိမ်းယူရန် ကြိုးစားခဲ့၏။
ထို့ပြင် တွင်းငယ် တတက ၁၃ သို့ လူ၊ လက်နက်ခဲယမ်း၊ ရိက္ခာ ပြန်လည်ပို့ဆောင်ပြီး မိုးမိတ်၊ မိုးကုတ်ဒေသသို့ ဦးတည်ကာ ပြန်လည်ထိုးစစ်ဆင်ခြင်းကို ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်တွင် ပြုလုပ်ခဲ့၏။ သို့ဖြင့် ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်တွင် မန္တလေးမြောက်ခြမ်းတွင် စစ်ကောင်စီ၏ ပြန်လှန်ထိုးစစ်ကို တွေ့ခဲ့ရ၏။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း၌ မတ္တရာမြို့နယ်အား စစ်ကောင်စီက ထိုးစစ်ဆင်သဖြင့် ဖယောင်းတောင်၊ ထန်းပင်ကုန်းကျေးရွာနှင့် မြို့ကုန်းကျေးရွာတဝိုက်တွင် တိုက်ပွဲများဖြစ်ပွားသကဲ့သို့ မတ္တရာမြို့နယ် အနောက်မြောက်ခြမ်းရှိ တော်လှန်ရေးတပ်များ ပြန်လည်သိမ်းယူထားသည့် မြွေထိန်ပင်စောက်ကျေးရွာ အပါအဝင် စစ်ကြောင်းထိုးသဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့၏။
ဖေဖော်ဝါရီလနှင့် မတ်လအတွင်း စစ်ကောင်စီ၏ ထိုးစစ်ကြောင့် မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ မြောင်းသစ်ကျေးရွာ၊ စီတိုင်းကန်ရွာ၊ ကျောက်တံတားရွာ၊ ဗိုလ်ကုန်းရွာ၊ ထန်းပင်ကုန်းရွာနှင့် ကျပ်ပြင်ရွာတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း စစ်ကောင်စီထိုးစစ် ရပ်တန့်နေသည်။
၂၀၂၅ ခုနှစ်၊ မေလအတွင်း မန္တလေး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) နန်းတွင်းသို့ စစ်ကောင်စီ အင်အားဖြည့်တင်းသည်ကို တွေ့ရ၏။ မေလကုန်ပိုင်းတွင် မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ အယ်လ်ဖာ ဘိလပ်မြေစက်ရုံ၊ မြကန်သာရွာ၊ ထန်းပင်ကုန်းကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားသည်ကို တွေ့ရသည်။
ဇွန်လအတွင်း မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ ကျောက်တံတားရွာ၊ ထန်းပင်ကုန်းရွာ၊ ဘိုကုန်း၊ ပတ်လည်အင်းကျေးရွာ အနီး၌ စစ်ကောင်စီထိုးစစ်ကြောင့် တိုက်ပွဲများဖြစ်ပွားနေသည်ကို တွေ့ရ၏။ ကျောက်တံတားရွာတွင် ၂၀၂၄ နှစ်လယ်ပိုင်းကတည်းက တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး မည်သည့်ဘက်ကမှ မထိန်းချုပ်နိုင်ခဲ့သည့်ရွာဖြစ်သည်။
သပိတ်ကျင်း ၇ မိုင်နှင့် တွင်းငယ်ရွာအနီး စစ်ကောင်စီ၏ထိုးစစ်များကို မတ်လအတွင်း တွေ့ရ၏။ တွင်းငယ်ကျေးရွာအနီးရှိ ရေညာဦးကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၁၇ ရက်တွင် ပြန်လည်သိမ်းပိုက်ခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း တွင်းငယ်ရှိ စစ်ကောင်စီတပ်များသို့ လေကြောင်းမှသာမက ဧရာဝတီမြစ် အနောက်ဘက်ခြမ်းမှလည်း စစ်ကူများပို့သည်ကို တွေ့ရသည်။
တွင်းငယ်အနီး ၆ မိုင် စခန်းသာရွာကို စစ်ကောင်စီတပ်က ဇွန်လဆန်းတွင် ထိုးစစ်ဆင် သိမ်းပိုက်ထားခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များက ဇွန်လ ၈ ရက်တွင် ပြန်လည် သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးမှုများပြားခဲ့သည်ဟု သိရသည်။ တဖန် ဇွန်လကုန်တွင် စစ်ကောင်စီက ပြန်လည် အင်အားဖြည့် ထိုးစစ်ဆင်သဖြင့် ၅ မိုင်နှင့် ၆ မိုင်ကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်သွားနိုင်၏။
တွင်းငယ်အနီး ၆ မိုင် စခန်းသာရွာကို စစ်ကောင်စီတပ်က ဇွန်လဆန်းတွင် ထိုးစစ်ဆင် သိမ်းပိုက်ထားခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များက ဇွန်လ ၈ ရက်တွင် ပြန်လည် သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးမှုများပြားခဲ့သည်ဟု သိရသည်။ တဖန် ဇွန်လကုန်တွင် စစ်ကောင်စီက ပြန်လည် အင်အားဖြည့် ထိုးစစ်ဆင်သဖြင့် ၅ မိုင်နှင့် ၆ မိုင်ကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်သွားနိုင်၏။
ချုပ်၍ဆိုရလျှင် သပိတ်ကျင်း၊ တွင်းငယ်တွင် စစ်ကောင်စီ၏ ပြင်းထန်သည့် ထိုးစစ်များရှိနေပြီး အကြိတ်အနယ် ရင်ဆိုင်တိုက်ခိုက်နေဆဲဖြစ်သည်ကို တွေ့ရသည်။
မြင်းခြံခရိုင်
မြင်းခြံခရိုင်သည် ပြောက်ကျားဒေသဖြစ်သော်လည်း တော်လှန်ရေးတပ်ဖွဲ့များက တက်ကြွသည့် စစ်ဆင်ရေးများ ပြုလုပ်နေသည်ကို တွေ့ရပြီး စစ်ကောင်စီ၏ နယ်မြေရှင်းလင်းရေး ထိုးစစ်ဆိုသည်များက အောင်မြင်မှုရသည်ကို မတွေ့ရပေ။
၂၀၂၄ နှစ်ကုန် ဒီဇင်ဘာလ ၃၁ ရက်တွင် တောင်သာမြို့နယ်၊ ဇဂျမ်းတိုက်နယ် ရဲကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ပြီး ၂၀၂၅ ခုနှစ်ကို ကြိုခဲ့၏။ ဇန်နဝါရီလအတွင်း မလှိုင်မြို့နယ်၊ သုံးတောင်ကျေးရွာနှင့် သရက်ကောင်းပင်ကျေးရွာ အကြားရှိ တပ်စခန်း၊ မြို့သာ-နဘူးအိုင်-မြင်းခြံလမ်းပေါ်မှ မင်းနေကုန်းကျေးရွာရဲစခန်း၊ တောင်သာမြို့နယ်၊ အထက (၁) ကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်၊ လှုပ်ရှားစစ်ကြောင်းနှင့် ရိက္ခာပို့ယာဉ်တန်းများကို ဖြတ်တောက်တိုက်ခိုက်ခဲ့၏။
ထင်ရှားသည့် ချေမှုန်းရေးတိုက်ပွဲများမှာ တောင်သာမြို့နယ်၊ နန်းမြင့်ကျေးရွာဘက်သို့ ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့များနှင့်အတူ နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂၀ ဦးခန့် ထိခိုက်သေဆုံးပြီး သေနတ် ၁၀ လက်၊ ဂျန်ဘာ၊ ဒရုန်းဟန့်တားစက်နှင့် ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့၏။
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာမှ ထွက်လာသော စစ်ကောင်စီ ပူးပေါင်းအင်အား ၅၀ ခန့်ကို ဇန်နဝါရီလ ၃၀ ရက်က မြတောင်ရွာနှင့် စိန်ပန်းကန်ရွာကြား၌ တိုက်ခိုက်ရာ အလောင်း ၂၁ လောင်းရရှိပြီး ရှစ်ဦးဖမ်းမိကာ လက်နက် ၃၉ လက် သိမ်းဆည်းရမိသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီအတွင်း မြစ်သားမြို့၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံ၊ တောင်သာမြို့နယ်၊ ထနောင်းကုန်း ပျူစောထီးကျေးရွာ၊ မြင်းခြံ-နဘူးအိုင် လမ်းပိုင်း၊ ကျောက်ပြုတ်ရွာ၊ လယ်သစ်ကျေးရွာတို့တွင် လမ်းဖြတ်တိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲများ ဖြစ်ပွားခဲ့၏။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီအတွင်း မြစ်သားမြို့၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံ၊ တောင်သာမြို့နယ်၊ ထနောင်းကုန်း ပျူစောထီးကျေးရွာ၊ မြင်းခြံ-နဘူးအိုင် လမ်းပိုင်း၊ ကျောက်ပြုတ်ရွာ၊ လယ်သစ်ကျေးရွာတို့တွင် လမ်းဖြတ်တိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲများ ဖြစ်ပွားခဲ့၏။
မတ်လအတွင်း ထင်ရှားသည့် ချေမှုန်းရေးတိုက်ပွဲ ဖြစ်ပွားခဲ့၏။ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှ ထွက်လာသည့် အင်အား၂၀၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းအား နွားထိုးကြီးမြို့ အရှေ့မြောက်ဘက် ကျတွင်းဘိုးရွာအနီးတွင် တော်လှန်ရေးတပ်များက မတ်လ ၉ ရက်နေ့တွင် ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၄၇ ဦး သေဆုံး၊ စစ်သုံ့ပန်း ၁၄ ဦး ဖမ်းဆီးရမိခဲ့သည့်အပြင် လက်နက်မျိုးစုံ ၄၄ လက်နှင့် လက်နက်ကြီးကျည်များ၊ စစ်သုံးပစ္စည်းများ သိမ်းရဆည်းရမိခဲ့၏။
၂၀၂၅ ခုနှစ်၊ မေလတွင် မြင်းခြံခရိုင်အတွင်း PDF များ စစ်တပ်အထိုင်စခန်း အများအပြားအား ထိုးစစ်ဆင် တိုက်ခိုက်ခိုက်သည့် စစ်ဆင်ရေးတရပ်ကို မေလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့၏။ မေလ ၁၅ ရက် နံနက်ပိုင်းမှ စတင်၍ တော်လှန်ရေးပူးပေါင်းတပ်များက ၉/အညာမြေစစ်ဆင်ရေးဖြင့် တပြိုင်တည်း တိုက်ခိုက်ခဲ့၏။
မေလ ၁၅ ရက်မှ မေလ ၁၉ ရက်အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဝင် ၅၀ ထက်မနည်း သေဆုံးကာ လက်နက် ၃၀ ခန့် သိမ်းဆည်းရရှိကြောင်း သိရ၏။ အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင်စစ်ဌာနမှ ခရိုင်ကွပ်ကဲရေးမှူး၏ စီမံကွပ်ကဲမှုဖြင့် မြင်းခြံမြို့နယ်ရှိ ဆီမီးခုံရဲစခန်း၊ ကျောက်ပြုတ်ရွာ ပျူစောထီးစခန်း၊ တောင်ရှေ့ဂိတ် အထိုင်စခန်း၊ (၁၈) ရပ်ကွက်နှင့် ခရိုင်ထွေအုပ်ရုံးတို့အပြင် နွားထိုးကြီးမြို့နယ်ရှိ ဝက်လူးရဲစခန်း၊ ဓာတ်ငွေ့ပိုက်လိုင်းနှင့် မြို့မစခန်း၊ ဇီရွာအနီး စစ်ကူစစ်ကြောင်း၊ တောင်သာမြို့နယ်ရှိ ထနောင်းကုန်း ပျူစောထီးရွာစခန်း၊ မြို့ဝင်ဂိတ် ဓာတ်ငွေ့ပိုက်လိုင်းနှင့် ငါန်းဇွန်မြို့နယ်ရှိ မြို့ဝင်ဂိတ်၊ မြို့သာ ဘဏ်စောင့်ကင်းစခန်းတို့ရှိ စစ်ကောင်စီတပ်သားများကို တပြိုင်တည်း တိုက်ခိုက်ခဲ့သည်ဟု သိရ၏။
မေလကုန်ထိ မြင်းခြံ၊ တောင်သာမြို့၊ နွားထိုးကြီးတို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ကို တွေ့ရ၏။ ဇွန်လအတွင်းတွင် မြင်းခြံမြို့နယ်၊ တောင်သာ၊ ဝက်လူး၊ နွားထိုးကြီးမြို့နယ်တို့တွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ်များက နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးသော်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ဖြတ်တောက် တိုက်ခိုက်မှုကြောင့် တပ်ပြန်လန်သွားသည့်အပြင် ဆယ်နှင့်ချီ၍ သေဆုံးသည်။

ညောင်ဦးခရိုင်
မတ်လ၊ ဧပြီလများအတွင်း ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲနှင့် ကျောက်ပန်းတောင်မြို့နယ်များအတွင်း တိုက်ပွဲများ ဖြစ်ပွားသည်ကို တွေ့ရသည်။ ဇွန်လကုန်ပိုင်းတွင် ညောင်ဦးမြို့နယ်ထဲမှ မကွေး-နတ်မောက်သွားသည့် ကားလမ်းတွင်ရှိသော ကျေးရွာများသို့ စစ်ကောင်စီက သံချပ်ကာကား၊ တင့်ကားများအသုံးပြုပြီး စစ်ကြောင်းထိုးခဲ့၍ ကျေးရွာ ၂၀ ခန့် ထွက်ပြေးနေရသည်။
နေပြည်တော်
ဧပြီလ ၁၉ ရက် ညက နေပြည်တော် ဧလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ပြင် မတ်လ၊ ဧပြီလ၊ ဇွန်လတို့တွင် နေပြည်တော်အနီး အမြန်လမ်းပိုင်း၌ တော်လှန်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
၁၁။ ပဲခူးတိုင်း
ပဲခူးတိုင်းသည် ၂၀၂၁၊ ၂၀၂၂ ခုနှစ်များက စစ်မျက်နှာ မကျယ်ပြန့်သေးဟု ဆိုနိုင်သော်လည်း ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်တွင် စစ်မျက်နှာ ကျယ်ပြန့်နေပြီဖြစ်သည်။ ပဲခူးတိုင်းတွင် ပဲခူးအရှေ့ခြမ်း စစ်မျက်နှာ၊ ပဲခူးအနောက်ခြမ်း စစ်မျက်နှာ၊ စစ်တောင်မြစ်ဝှမ်း စစ်မျက်နှာနှင့် ညောင်ကျိုး-ပန်းတောင်း စစ်မျက်နှာဟူ၍ စစ်မျက်နှာ လေးခုတွေ့ရသည်။
ပဲခူးတိုင်းသည် ၂၀၂၁၊ ၂၀၂၂ ခုနှစ်များက စစ်မျက်နှာ မကျယ်ပြန့်သေးဟု ဆိုနိုင်သော်လည်း ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်တွင် စစ်မျက်နှာ ကျယ်ပြန့်နေပြီဖြစ်သည်။ ပဲခူးတိုင်းတွင် ပဲခူးအရှေ့ခြမ်း စစ်မျက်နှာ၊ ပဲခူးအနောက်ခြမ်း စစ်မျက်နှာ၊ စစ်တောင်မြစ်ဝှမ်း စစ်မျက်နှာနှင့် ညောင်ကျိုး-ပန်းတောင်း စစ်မျက်နှာဟူ၍ စစ်မျက်နှာ လေးခုတွေ့ရသည်။
ပဲခူးအရှေ့ခြမ်း စစ်မျက်နှာ
ပဲခူးအရှေ့ခြမ်းတွင် နယ်ခံ တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများကို ပဲခူး၊ တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်၊ ရေတာရှည်နှင့် သံတောင်ကြီးမြို့နယ်များတွင် တွေ့ရ၏။၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်အတွင်း ပြောက်ကျားတိုက်ပွဲများ၊ စစ်ကောင်စီ ထိုးစစ်စစ်ကြောင်းများကို ဖြတ်တောက် တိုက်ခိုက်သည့်တိုက်ပွဲများ အများအပြား ဖြစ်ပွားသည်။ ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဇီးတောကျေးရွာရှိ စစ်ကောင်စီတပ်၏ ရှေ့တန်းကာကင်းစခန်းကို မေလ ၁၈ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ သေနတ် ၁၄ လက် ရရှိခဲ့သည်ကို တွေ့ရသည်။
ထို့ပြင် ထူးခြားချက်အနေဖြင့် စစ်ကောင်စီ၏ အရေးပါသောတပ်များအား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်နိုင်ခဲ့သည်။ ဇန်နဝါရီလ ၄ ရက်တွင် တောင်ငူ လေတပ်စခန်းဌာနချုပ်ကိုလည်းကောင်း၊ ဧပြီလ ၃၀ ရက်နေ့က တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကိုလည်းကောင်း၊ မေလ ၁၈ ရက်နေ့က ကေတုမတီ လေတပ်စခန်းကိုလည်းကောင်း၊ မေလ ၁၉ ရက်နေ့က သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ စစ်ကောင်စီ၏ တိုက်ခိုက်ရေးသင်တန်းကျောင်းကိုလည်းကောင်း ရှော့တိုက်ဒုံးများဖြင့် အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
နောက် ထူးခြားချက်တခုမှာ ရန်ကုန်-မန္တလေး အမြန်လမ်း ဝဲယာတွင် တိုက်ပွဲများ ဖြစ်ပွားလာခြင်းဖြစ်၏။ ၂၀၂၅ ခုနှစ်၊ မေလ ၂၁ ရက်တွင် တောင်ငူမြို့အနောက်ဘက် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး ၁၄၇ မိုင်၊ တောင်ငူမြို့နယ် စပါးကြွယ်ကျေးရွာအနီးရှိ ဓာတ်အားခွဲရုံ လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ကို PDF တို့ ဝင်ရောက် တိုက်ခိုက်ရာမှ တိုက်ပွဲစတင် ဖြစ်ပွားခဲ့သည်။ တောင်ငူအနောက်ဘက် အမြန်လမ်းတလျှောက် မေလ ၂၃ ရက်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။ မေလ ၃၀ ရက်တွင် စပါးကြွယ်ရွာ အနောက်ဘက် ကြို့ပင်ဆိပ်ကျေးရွာတွင် ပြန်လည် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ပဲခူးရိုးမအရှေ့ခြမ်းရှိ စစ်တောင်မြစ်ဝှမ်း စစ်မျက်နှာအား သီးခြားဖော်ပြပါမည်။
ပဲခူးအနောက်ခြမ်း စစ်မျက်နှာ
သာယာဝတီ အနောက်ခြမ်းတွင် ပြည်၊ ပေါက်ခေါင်း၊ သဲကုန်း၊ ဇီးကုန်း၊ နတ္တလင်း၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှ၊ လက်ပံတန်း၊ သာယာဝတီမြို့နယ်များတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားကောင်းသည်ကို တွေ့ရ၏။ စစ်ကောင်စီ၏ လှုပ်ရှားစစ်ကြောင်းများအား ကြားဖြတ် တိုက်ခိုက်ခြင်းအပါအဝင် ပြောက်ကျားတိုက်ပွဲများစွာ ဖြစ်ပွားခဲ့သည်။
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်တွင်းတွင် မင်းလှမြို့နယ်အပိုင် ရန်ကုန်-ပြည်လမ်းပိုင်းရှိ စစ်တပ်၏ အုတ်တွင်း တာဆုံဂိတ်နှင့်စခန်း၊ ပေါင်းတည်ရှိ သိမ်ကုန်းတာဝါတိုင်တပ်စခန်း၊ နတ္တလင်းမြို့နယ်ရှိ ဒမငယ်ရဲကင်းစခန်း၊ မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်း၊ နတ္တလင်းမြို့နယ်၊ ကွင်းကျယ်ကျေးရွာရှိ စစ်ကောင်စီစခန်း၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအစပ် ထန်းပင်ကုန်းကျေးရွာ၊ ဗိုလ်ရုံစု ဂိတ်စခန်းများကို စီးနင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ပြင် အင်အား ၅၀ မှ ၁၀၀ ကြား လှုပ်ရှားလာသည့် စစ်ကောင်စီ စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဖြတ်တောက်တိုက်ခြင်းများစွာ ပြုလုပ်ခဲ့သည်။
ပဲခူးရိုးမအနောက်ခြမ်းတွင် တွေ့ရသည့် ထူးခြားသည့် တိုက်ပွဲမှာ ရန်ကုန်-ပြည်လမ်းမပေါ်ရှိ မင်းလှတာဆုံ အနီးတဝိုက်တွင် ဖြစ်ပွားသည့်တိုက်ပွဲများဖြစ်သည်။ ဧပြီလ ၂၂ ရက်နေ့က မင်းလှမြို့နယ်အပိုင် ရန်ကုန်-ပြည်လမ်းပေါ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ရှစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရသွားသည်။ စစ်တပ်က မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမ အစပ်ရှိ ကျေးရွာများကို လေယာဉ်ဖြင့် ဆက်တိုက် ပစ်ခတ် ဗုံးကြဲတိုက်ခိုက်သည်။
ပဲခူးရိုးမအနောက်ခြမ်းတွင် တွေ့ရသည့် ထူးခြားသည့် တိုက်ပွဲမှာ ရန်ကုန်-ပြည်လမ်းမပေါ်ရှိ မင်းလှတာဆုံ အနီးတဝိုက်တွင် ဖြစ်ပွားသည့်တိုက်ပွဲများဖြစ်သည်။ ဧပြီလ ၂၂ ရက်နေ့က မင်းလှမြို့နယ်အပိုင် ရန်ကုန်-ပြည်လမ်းပေါ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ရှစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရသွားသည်။ စစ်တပ်က မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမ အစပ်ရှိ ကျေးရွာများကို လေယာဉ်ဖြင့် ဆက်တိုက် ပစ်ခတ် ဗုံးကြဲတိုက်ခိုက်သည်။
တဖန် ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ရန်ကုန်-ပြည်လမ်းပိုင်းပေါ်တွင် ဇွန်လ ၁၆ နှင့် ၁၇ ရက်တို့တွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိလေးဦးအပါအဝင် ၂၀ ကျော် သေဆုံးသည်။ ထို့နောက် စစ်ကောင်စီက အင်အားဖြည့်တင်းပြီး မင်းလှမြို့နယ်အတွင်း ထိုးစစ်ဆင်ကာ အရပ်သားကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရသည်။
စစ်တောင်းမြစ်ဝှမ်း စစ်မျက်နှာ
စစ်တောင်းမြစ်ဝှမ်း စစ်မျက်နှာသည် ပဲခူးအရှေ့ခြမ်း စစ်မျက်နှာထဲမှ ဖြစ်သော်လည်း ထူးခြားချက်ရှိ၏။ ပထမထူးခြားချက်မှာ တပ်အင်အား ထူးခြားချက်ဖြစ်သည်။ နယ်မြေခံ ပဲခူးခရိုင် PDF တပ်ရင်းနှင့် KNU တပ်ရင်းသာမက PDF တောင်ပိုင်းတိုင်းမှ ဗျူဟာသုံးခုပါ စုစည်း၍ ဟန်ချက်ညီလှုပ်ရှားနေသည်။ ထို့ပြင် ပဲခူးရိုးမမှတဆင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းမှ PDF နှင့် ပကဖ တပ်ဖွဲ့များလည်း လှုပ်ရှားနေသည်။
ဒုတိယထူးခြားချက်မှာ ပဲခူးရိုးမအရှေ့ဘက် စစ်တောင်းမြစ်၏ အနောက်ဘက်ရော အရှေ့ဘက်မှာပါ လှုပ်ရှားနေခြင်းဖြစ်သည်။
စစ်တောင်းမြစ်ဝှမ်း စစ်မျက်နှာတွင် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ကွမ်းဆိပ်၊ ရွှေကျင်၊ ကျောက်ကြီး၊ မုန်းတို့ ပါသကဲ့သို့ အနောက်ဘက်ကမ်းတွင် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်ရှိ ဒိုက်ဦး၊ ပြွန်တန်ဆာ၊ ညောင်လေးပင်၊ ပိန်းဇလုပ်၊ ကျောက်တံခါး၊ ပဲနွယ်ကုန်း၊ ကညွတ်ကွင်း၊ ဖြူးတို့ပါဝင်သည်။
စစ်တောင်းမြစ်ဝှမ်း စစ်မျက်နှာ၏ ထူးခြားချက်မှာ အဆိုပါ နယ်မြေများအတွင် စခန်းသိမ်းတိုက်ပွဲများ၊ လမ်းဖြတ်တိုက်ပွဲများ၊ ထိုးစစ်ဝင်လာသည့် စစ်ကြောင်းများအား တိုက်ခိုက်ခြင်းများ တွေ့ရသကဲ့သို့ တောင်ပိုင်းတိုင်းမှ PDF ဗျူဟာသုံးခု ပူးပေါင်းပြီး စစ်ဆင်ရေးပြုလုပ်ခြင်း ဖြစ်သည်။
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်တွင် စစ်တောင်းမြစ်ဝှမ်းအတွင်း ညောင်လေးပင်မြို့နယ်၊ မုက္ခမူကျေးရွာရှိ စစ်ကောင်စီဂိတ်နှင့် ကြံဘိုကုန်းကျေးရွာ ဂိတ်စခန်း၊ ခမရ ၅၆၀ လက်အောက်ခံ နရွဲပင်တပ်စခန်း၊ တောဝိရွာနှင့် ထိန်တပင်ကြား တပ်စခန်း၊ ကျွန်းကုန်းကျေးရွာတွင် တပ်စွဲထားသည့် တပ်စခန်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ တောင်စုကျေးရွာနှင့် တမာခေါကျေးရွာတို့တွင် တပ်စွဲထားသော စစ်တပ်စခန်း သုံးခု၊ ကျွဲပွဲမြို့နှင့် ညောင်ခြေထောက်မြို့ကြား ရန်ကုန်-မန္တလေး ကားလမ်းအနီး ကျောက်တိုင်ကျေးရွာရှိ စစ်တပ်ကင်းစခန်း၊ ကျောက်တံခါးမြို့အနီး စဉ့်အိုးလဟာကျေးရွာရှိ စစ်တပ်စခန်း၊ စစ်ကောင်စီအင်အား ၁၀၀ ကျော် တပ်စွဲထားသည့် ရွှေကျင်မြို့နယ် ညောင်ခြေထောက်ကျေးရွာ၊ ရွှေကျင်မြို့နယ်တွင်းရှိ ကွမ်းဆိပ်ရွာ နယ်မြေရဲစခန်း၊ မုန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် ခြေကုပ်ယူထားသည့် နောက်ကုန်း၊ ရင်းတိုက်ကုန်း၊ ရန်မျိုးအောင်၊ ရွာကြီးအင်းကျွန်းကုန်း (နိုကလော်)၊ တောင်စုကျေးရွာများရှိ စခန်းများကို တိုက်ခိုက်ခဲ့သည်။
ထို့ပြင် မုန်းမြို့နယ် အုန်းပင်စု၊ ဥသျှစ်ကုန်းကျေးရွာတို့ရှိ စစ်စခန်းများ၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းရွာထိပ်ရှိ စစ်တပ် ဂိတ်စခန်း၊ ဇေယျဝတီမြို့ ဘူတာရုံနှင့် ဇေယျဝတီမြို့ အရှေ့ဘက် သကြားစက်တို့တွင် ကင်းပုန်းချထားသော စစ်ကောင်စီတပ်သားများ၊ ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုကျေးရွာအခြေစိုက် တပ်စခန်း စသည့် စခန်းငယ်များစွာ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့ပြင် စစ်တောင်းမြစ်ဝှမ်းအတွင်း ထိုးစစ်ဆင်သည့်တပ်များအားလည်း တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့၏။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ညက PDF ဗျူဟာများ စုစည်း၍ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းတောရကျောင်း၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့အဝင် သံလမ်းဂုံးပေါ်တွင်းရှိသည့် ကာကင်းဂိတ်စခန်း၊ ပဲနွယ်ကုန်းမြို့အဝင်ရှိ ခမရ ၃၀၇ ထိပ် သံလမ်းဂုံးပေါ်ရှိ ကားကင်းဂိတ်စခန်း၊ ဖြူးမြို့နယ်၊ ဆင်တဲကုန်းကျေးရွာရှိ စခန်း၊ ဖြူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးရှိ ဆာဂွန်းဂိတ်၊ ပဲနွယ်ကုန်း-ကွင်းချောင်းဝ လမ်းပေါ်ရှိ နရွဲပင်ရွာ၊ ညောင်လေးပင်မြို့နယ်၊ တော်ဝိနှင့် ထိန်တပင်ရွာကြား ရန်ကုန်-မန္တလေး ရထားလမ်း ကာကင်းဂိတ်စခန်း စသည့် စစ်ကောင်စီ၏ ကာကင်းစခန်း ခုနှစ်ခုကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့သည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ တွင် ကျောက်တံခါးမြို့နယ်ရှိ ရထားသံလမ်း တံတားအမှတ် ၁၄၅၊ ၁၄၆၊ ၁၄၇၊ ၁၄၈၊ ၁၄၉ ရှိ စစ်တပ် သံလမ်းကင်းတဲ ဂိတ်စခန်းများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ တွင် ကျောက်တံခါးမြို့နယ်ရှိ ရထားသံလမ်း တံတားအမှတ် ၁၄၅၊ ၁၄၆၊ ၁၄၇၊ ၁၄၈၊ ၁၄၉ ရှိ စစ်တပ် သံလမ်းကင်းတဲ ဂိတ်စခန်းများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် ပဲခူးတိုင်း ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြိုနယ်အတွင်း ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ စစ်တပ်စခန်း ကိုးခုကို PDF နှင့် KNLA ပူးပေါင်းတပ်တို့ တပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲဝင် ၂၀ ဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများစွာ ရှိခဲ့သည်။ ထို့ပြင် ရဲအုပ်တဦး အပါအဝင် စစ်သုံ့ပန်း သုံးဦး ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိသည်ဟု သိရ၏။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးအဖြစ် ပြုလုပ်ခဲ့ရာ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေ၊ ၂၂ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့ပြီး လက်နက်မျိုးစုံ ၂၈ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် (၅၉၈) ခြေမြန်တပ်ရင်း (ခမရ ၅၉၈) ကို တော်လှန်ရေးပူးပေါင်းတပ်များက မေလ ၉ ရက်၌ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်က ၃၀ ဦးထက်မနည်း သေဆုံးပြီ ၁၃ ဦး ဖမ်းမိထားကာ လက်နက်ကြီးများ အပါအဝင် လက်နက်မျိုးစုံ ၈၃ လက် သိမ်းဆည်းနိုင်ခဲ့သည်။

ညောင်ကျိုး- ပန်းတောင်း စစ်မျက်နှာ
တောင်ကုတ်နှင့် ပဲခူးအစပ်ရှိ တောင်ပုံကြီးစခန်းကို AA သိမ်းပိုက်ပြီးနောက် AA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းထိစပ်သည့် နယ်နိမိတ်နေရာရှိ မိုးထိတောင်စခန်းကို ဇန်နဝါရီလ ၂၆ ရက်၌ သိမ်းယူနိုင်ခဲ့သည်။
ထို့နောက် ပုဂံကွဲနှင့် ညောင်ကျိုးစခန်းများကို ဆက်လက်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီလ ၁၆၊ ၁၇ တွင် ပုဂံကွဲစခန်းကို ထပ်မံသိမ်းယူနိုင်ခဲ့သည်။ ထို့ပြင် ညောင်ကျိုးစခန်းနှင့် ညောင်ကျိုးစခန်း၏ ကာကင်းစခန်းကုန်းဖြစ်သည့် နတ်တောင် တာဝါတိုင်စခန်းကုန်းတို့တွင် AA နှင့် တိုက်ပွဲအပြင်းအထန် ဆက်လက် ဖြစ်ပွားခဲ့၏။ နတ်တောင် ကာကင်းစခန်းကို AA က ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ညောင်ကျိုး ဗျူဟာစခန်းကုန်းကို ဧပြီလ ၂ ရက်နေ့တို့တွင် အပြီးသတ်သိမ်းယူခဲ့သည်။
ညောင်ကျိုး၊ ညောင်ခြေထောက်၊ ပန်းတောင်းနှင့် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များတွင် စစ်ကောင်စီက အင်အား အများအပြား ဖြည့်တင်းသော်လည်း AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်ကို မခံနိုင်ဘဲ အကျအဆုံးများသည့်အပြင် စစ်ကောင်စီတပ်မှ စစ်ပြေး များလာသည်ကို တွေ့ရသည်။
ညောင်ကျိုး၊ ညောင်ခြေထောက်၊ ပန်းတောင်းနှင့် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များတွင် စစ်ကောင်စီက အင်အား အများအပြား ဖြည့်တင်းသော်လည်း AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်ကို မခံနိုင်ဘဲ အကျအဆုံးများသည့်အပြင် စစ်ကောင်စီတပ်မှ စစ်ပြေး များလာသည်ကို တွေ့ရသည်။
ညောင်ကျိုး ဗျူဟာစခန်းကျပြီးနောက် စစ်ကောင်စီဘက်က ညောင်ကျိုးစခန်းကို ပြန်လည် ရရှိရန်အတွက် ညောင်ခြေထောက်တွင်ရှိသည့် ကပစ ၆ မှတဆင့် ပြန်လည် ထိုးစစ်ဆင်နေပြီး နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့၏။ ပြည်၊ ပန်းတောင်းမြို့တို့မှ အင်အားအများအပြား ပို့ဆောင်နေသည်ဟု သိရသည်။
၂၀၂၅ ခုနှစ်၊ မေလကုန်ပိုင်းတွင် ညောင်ကျိုးတောင်ဘက် ကပစ ၅ ရှိရာ မသုံရွာတဝိုက်တွင် စစ်ကောင်စီနှင့် AA ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး ကပစ ၁၆ အတွင်းမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည့်သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နောက်ဆက်တွဲသတင်းများ မကြားသိရပေ။
ဇွန်လကုန်ပိုင်းတွင် ညောင်ကျိုး-ပန်းတောင်း စစ်မျက်နှာတွင် AA နှင့် ပူးပေါင်းတပ်များက ညောင်ကျိုးအား သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်များက ပြန်လည်ထိုးစစ်ဆင်၍ တိုက်ပွဲများ ဖြစ်ပွားနေသည်။
စစ်ကောင်စီအတွက်မူ ညောင်ကျိုး၊ ပန်းတောင်းစစ်မျက်နှာသည် AA နှင့် ပူးပေါင်းတပ်များ အလုံးအရင်းနှင့် ထိုးစစ်ဆင်သည်ကို ကြုံတွေ့နေရပြီး ပြန်လှန်ထိုးစစ်ဆင်သော်လည်း လန်ကျနေသည့် စစ်မျက်နှာဖြစ်၏။
ပဲခူးတိုင်းတွင် စစ်မျက်နှာများ ကျယ်ပြန့်လာနေပြီး တိုက်ပွဲမပြတ် ဖြစ်ပွားနေသည်ကို တွေ့ရသည်။
(ဆက်လက်ဖော်ပြပါမည်။)
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၁
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃
၂၀၂၅ အတွက် ပြည်သူတွေနဲ့ တထပ်တည်းကျမယ့် တခုတည်းသောဆန္ဒ
မြန်မာပြည်တွင်းစစ် မည်သို့ အဆုံးသတ်မည်နည်း
ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ













