၁၂။ တနင်္သာရီတိုင်း
တနင်္သာရီတိုင်းတွင် ထားဝယ်ခရိုင်၊ ထားဝယ်၊ လောင်းလုံ၊ သရက်ချောင်း၊ ရေဖြူမြို့နယ်၊ မြိတ်ခရိုင်၊ ကျွန်းစု၊ မြိတ်၊ ပုလော၊ တနင်္သာရီမြို့နယ်များတွင် လက်နက်ကိုင်လှုပ်ရှားမှု အားကောင်းပြီး ဘုတ်ပြင်းမြို့နယ်တွင် အတန်အသင့်ရှိသည်။ ကော့သောင်းနှင့် ခမောက်ကြီး မြို့နယ်တို့တွင် အားနည်း၏။ တနင်္သာရီတိုင်းတွင် KNU တပ်မဟာ ၄၊ PDF တပ်ရင်းများနှင့် နွေဦးတော်လှန်ရေးအင်အားစုများ ရှိသည်။
၂၀၂၄ ခုနှစ်အတွင်း တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးလှုပ်ရှားမှုနှင့် ပြောက်ကျားတိုက်ပွဲများ အားကောင်းခဲ့ပြီး ထားဝယ်မြို့ရှိ စစ်ကောင်စီ၏ အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၈)၊ စစ်ကောင်စီဝန်ကြီးများ အိမ်ရာနှင့် တနင်္သာရီတိုင်း ရဲတပ်ဖွဲ့မှူးရုံးကို ဗုံးချတိုက်ခိုက်နိုင်သည်အထိ ခြိမ်းခြောက်လာနိုင်သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်း လောင်းလုံမြို့နယ် ကျောက်နီမော်ကျေးရွာတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး ခမရ ၄၀၅ တပ်ရင်းမှူး အပါအဝင် ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးသည့်တိုက်ပွဲဖြင့် ၂၀၂၅ နှစ်သစ်ကို ကြိုခဲ့၏။
၂၀၂၅ ပထမ ခြောက်လပတ်အတွင် ထားဝယ်ခရိုင် မြို့နယ်တိုင်းတွင် လစဉ် ပြောက်ကျားတိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများ ဖြစ်ပွားသကဲ့သို့ စစ်ကောင်စီစစ်ကြောင်းများကို ဖြတ်တောက်တိုက်ခိုက်သည်ကို တွေ့ရသည်။
၂၀၂၅ ပထမ ခြောက်လပတ်အတွင် ထားဝယ်ခရိုင် မြို့နယ်တိုင်းတွင် လစဉ် ပြောက်ကျားတိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများ ဖြစ်ပွားသကဲ့သို့ စစ်ကောင်စီစစ်ကြောင်းများကို ဖြတ်တောက်တိုက်ခိုက်သည်ကို တွေ့ရသည်။
ထူးခြားသည့်တိုက်ပွဲများမှာ မတ်လ ၈ ရက်နေ့ လောင်းလုံမြို့ပေါ်ရှိ မြို့နယ်ရဲစခန်း၊ မြို့နယ်ထွေ/အုပ်ရုံးနှင့် မြို့နယ် စရဖရုံးတို့ကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း သေဆုံးသည့် တိုက်ပွဲ၊ မတ် ၂၄ ရက်နေ့ ရေဖြူနယ်၊ ညင်းထွေးရွာနှင့် ကျောက်ကညှာရွာကြား ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းတွင် လမ်းကင်းထွက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုတွင် ဗိုလ်မှူးတဦးအပါအဝင် ၂၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်များရသည့် တိုက်ပွဲ၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီး ဟာလီကွေ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဧပြီလ၂၆ ရက်တွင် တိုက်ခိုက်ခဲ့ရာ တဦးသေ၊ စစ်သုံ့ပန်း ၁၆ ဦးနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည့် တိုက်ပွဲများဖြစ်သည်။
ထို့ပြင် KNU ၏ ဦးဆောင်မှုဖြင့် ပူးပေါင်းတပ်ဖွဲ့များသည် ထိုင်းနယ်စပ်ရှိ ထီးထာဗျူဟာစခန်းကို ဧပြီလ ၁၁ ရက်က စတင် ထိုးစစ်ဆင်ခဲ့ပြီး ဧပြီလ ၁၉ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့၏။ ထီးထာဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း ဗျူဟာမှူးအပါဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၀ ခန့် သေဆုံးပြီး လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများစွာ သိမ်းဆည်းရမိခဲ့၏။
ထီးထာဗျူဟာကျပြီး ဧပြီလလယ်တွင် စစ်တပ်က အင်အားများစွာဖြင့် ထားဝယ်-ထီးခီးလမ်းအတိုင်း နယ်စပ်ဘက်သို့ ဦးတည်စစ်ကြောင်း ထိုးလာသော်လည်း ထိုင်း-မြန်မာနယ်စပ်တလျှောက် အရေးပါသည့် ထီးခီးစခန်းကို မေလ ၉ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံ သိမ်းပိုက်နိုင်ခဲ့သည်။
ဇွန်လ ၁၀ ရက်တွင် အင်အား ၆၀ ခန့် တပ်စွဲထားသည့် ပွိုင့် ၂၅၆၆ စခန်း ခေါ် ဘောဒီနယ်စပ် (အမိုနယ်စပ်) စခန်းကို မဟာမိတ်ပူးပေါင်းတပ်များက ထပ်မံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ သိမ်းပိုက်ရရှိခဲ့၏။ ထားဝယ်အရှေ့ ထိုင်းနယ်စပ်ရှိ စစ်ကောင်စီစခန်းအများစုက်ု သိမ်းပိုက်နိုင်ခဲ့သည်။
မြိတ်ခရိုင်
မြိတ်ခရိုင်အတွင်းရှိ မြို့နယ်အားလုံးတွင်လည်း ပြောက်ကျားတိုက်ပွဲ အများအပြား ဖြစ်ပွားသည်ကို တွေ့ရ၏။ စခန်းငယ်များ သိမ်းသည့်တိုက်ပွဲများ၊ လမ်းဖြတ်တိုက်ပွဲများကို မြိတ်ခရိုင်နေရာအနှံ့ ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်လုံး တွေ့ရသည်။
တော်လှန်ရေးအင်အားစုများသည် မြိတ်ခရိုင်အတွင်း အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေပြီး တိုက်ပွဲများ ဖြစ်ပွားနေသည်ကို တွေ့ရ၏။ ကျွန်းစုမြို့နယ်၌ စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် စစ်ရေယာဥ်များကို ကြားဖြတ်တိုက်ခိုက်သည်ကို တွေ့ရသည်။
တော်လှန်ရေးအင်အားစုများသည် မြိတ်ခရိုင်အတွင်း အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေပြီး တိုက်ပွဲများ ဖြစ်ပွားနေသည်ကို တွေ့ရ၏။ ကျွန်းစုမြို့နယ်၌ စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် စစ်ရေယာဥ်များကို ကြားဖြတ်တိုက်ခိုက်သည်ကို တွေ့ရသည်။

မြိတ်ခရိုင်အတွင်း ထူးခြားသည့်တိုက်ပွဲမှာ မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ရန် စစ်ကောင်စီ၏ ထိုးစစ်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်လုံးလုံး တိုက်ပွဲရာကျော် ဖြစ်ပွားခဲ့သည်ကို တွေ့ရ၏။ တိုက်ပွဲများသည် တနင်္သာရီမြို့နယ် ထုံခါ-မောတောင်လမ်းပေါ်ရှိ သိန်ခွန်းရွာအား ဗဟိုပြု၍ ရေဖြူ၊ ထုံခါ၊ ချောင်းနောက်ပြန်ရွာ၊ သိန်ခွန်းရွာ၊ ညောင်ပင်ကွင်း၊ ထုံမခါ၊ ထုံတော်၊ သိမ်ခွန်း၊ ငါးမိုင်၊ ခြောက်မိုင်၊ ကွင်းသစ်နှင့် ဗောဓိကမ်းရွာများတွင် ဖြစ်ပွားသည်ကို တွေ့ရသည်။
တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှ ၂၀၂၅ ခုနှစ်၊ မေလ ၆ ရက်နေ့ထိ သိန်ခွန်း-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်း တိုက်ပွဲများသည် အကြိမ်ရေ ၁၀၀ ကျော်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးသူ ၁၅၀ ဦးထက်မနည်းရှိကာ သေဆုံးသူများထဲတွင် တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးများ ပါဝင်သည်ဟု သိရှိရသည်။ ဇွန်လ ၁၇ ရက်ကလည်း မောတောင်လမ်းရှိ သီးခိုးနှင့် ချောင်းနှစ်ပေါက်ရွာကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က အရာရှိတဦးအပါအဝင် ၁၀ ဦး သေဆုံးသည်ဟု သိရသည်။
၂၀၂၅ ပထမ ခြောက်လပတ်လုံး တနင်္သာရီမြို့နယ်အတွင်းရှိ မောတောင်နယ်စပ် တပ်စခန်းအား တပ်လဲရန်၊ မောတောင်-ထုံခါ လမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ရန်နှင့် မောတောင်မြို့ရှိ ပျူစောထီးများအား လက်နက်တပ်ဆင်ပေးရန် စစ်ကောင်စီက တောက်လျှောက် စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ မပြတ်ဖြစ်ပွားနေပြီး မောတောင်လမ်းအား စစ်ကောင်စီ ထိန်းချုပ်နိုင်ခြင်း မရှိပေ။
မြိတ်ခရိုင်အတွင်းတွင် စစ်ကောင်စီတပ်သားသစ် အများအပြား တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင် ကူးပြောင်းကြသည်ကို တွေ့ရ၏။
ဘုတ်ပြင်းခရိုင်
ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ မြိတ်-ဘုတ်ပြင်း-ကော့သောင်း လမ်းကြောင်းတလျှောက် ပြောက်ကျားတိုက်ပွဲများ ဖြစ်ပွားသည်။
၁၃။ ဧရာဝတီတိုင်း
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဘောမိအား အာရက္ခတပ်တော် (AA) က သိမ်းပိုက်ပြီးနောက် ဧရာဝတီတိုင်းတွင် စစ်ပွဲများစတင်သည်။ ထို့နောက် AA နှင့် PDF ပူးပေါင်းတပ်များသည် စစ်ကြောင်းသုံးခုခွဲ၍ ဧရာဝတီတိုင်းတွင်းသို့ စစ်မျက်နှာဖွင့်လှစ် ဝင်ရောက်လာသည်ကို တွေ့ရ၏။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဘောမိအား အာရက္ခတပ်တော် (AA) က သိမ်းပိုက်ပြီးနောက် ဧရာဝတီတိုင်းတွင် စစ်ပွဲများစတင်သည်။ ထို့နောက် AA နှင့် PDF ပူးပေါင်းတပ်များသည် စစ်ကြောင်းသုံးခုခွဲ၍ ဧရာဝတီတိုင်းတွင်းသို့ စစ်မျက်နှာဖွင့်လှစ် ဝင်ရောက်လာသည်ကို တွေ့ရ၏။
ပထမတကြောင်းမှာ ဘောမိမှ အရှေ့တောင်ဘက် သာပေါင်းသို့ ဦးတည်သည်။ ဒုတိယစစ်ကြောင်းမှာ အရှေ့ဘက် ဂွ-ငသိုင်းချောင်း ကားလမ်းအတိုင်း ရေကြည်မြို့နယ်၊ ငသိုင်းချောင်း၊ မြောက်စမ်း အခြေစိုက် အမြောက်တပ် အမတ ၃၄၄ သို့ ဦးတည်၏။ တတိယစစ်ကြောင်းက အရှေ့မြောက်ဘက်၊ အင်္ဂပူ၊ လေးမျက်နှာမြို့နယ်ဘက်သို့ ဦးတည်သည်။
သာပေါင်း စစ်မျက်နှာ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ တွင် သာပေါင်းသို့ ဦးတည်သည့်လမ်းပေါ်ရှိ ကျားခေါင်းရွာအား စတင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် သိမ်းပိုက်ခဲ့၏။ ကျားခေါင်းမှ သာပေါင်းသွားရာ လမ်းကြောင်းပေါ်ရှိ ကြက်သွန်ကွင်း၊ သဲဖြူ၊ ဘုရားကုန်း၊ စက်ဒေါင့်ကြီး စစ်လမ်းကြောင်း ကျသွားပြီး တိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့၏။
ဖေဖော်ဝါရီလ၊ မတ်လများအတွင်း၌ သာပေါင်းမြို့နယ်ရှိ သာပေါင်းလေးရွာ၊ ကျွန်းလျားကြီးအုပ်စု၊ သဲဖြူအနီးရှိ ကမွန်းချဉ်ကုန်းနှင့် သစ်ဖြူအုပ်စု သစ်ဝမ်းပူ၊ ကျားခေါင်းတို့တွင် တိုက်ပွဲများဖြစ်ပွားသည်ကို တွေ့ရသကဲ့သို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရ၏။
ငသိုင်းချောင်း၊ မြောက်စမ်း စစ်မျက်နှာ
ဒုတိယစစ်မျက်နှာအနေဖြင့် ဂွမြို့မှ ငသိုင်းချောင်းကားလမ်းပေါ်ရှိ ဗေဒါစစ်ဆေးရေးဂိတ်ကို ဇန်နဝါရီလ ၂ ရက်နေ့က စတင် တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီ ၆ ရက်တွင် သိမ်းပိုက်နိုင်သည်။ ထို့နောက် ဖေဖော်ဝါရီလ ၁၄ ရက်တွင် AA နှင့် ပူးပေါင်းတပ်များသည် မြောက်စမ်းအခြေစိုက် အမှတ် ၃၄၄ အမြောက်တပ်ရှိရာသို့ ဦးတည်ချီတက်လာပြီး လမ်းတလျှောက်ရှိ စစ်တပ်ကာကင်းများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။
၂၀၂၅ ခုနှစ်၊ မတ်လ၊ ဧပြီလ၊ မေလ၊ ဇွန်လများအတွင်း နဂါးရစ်တောင်ခြေအနီး အမတ ၃၄၄ နှင့် ၂၂ မိုင်ခန့်အကွာ ဧရာဝတီနှင့် ရခိုင်ပြည်နယ်အစပ် နယ်ခြားကျောက်တိုင်၊ စပြင်ကျေးရွာအနီးရှိ ကာကင်းစခန်း၊ ၁၇ မိုင်ခန့်အကွာ လက်ပံပင်ကျေးရွာအနီးရှိ ကာကင်းစခန်း၊ အမတ ၃၄၄ နှင့် ၇ မိုင်ခန့်အကွာ ကျောက်တိုင်ဗွေရှိ ကာကင်းစခန်း၊ အမတ ၃၄၄ အနီး မိဿလင်ကျေးရွာ အပြင်ဘက် တောင်ကုန်းပေါ်တွင် ရှိသည့် ကာကင်းစခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပြီး ဇွန်လကုန်တွင် မြောက်စမ်း အမတ ၃၄၄ ဌာနချုပ်နှင့် နီးကပ်လာသည်ကို တွေ့ရသည်။
လေးမျက်နှာ၊ ကွင်းကောက် စစ်မျက်နှာ
တတိယစစ်မျက်နှာအနေဖြင့် မတ်လလယ်မှ ၁၅ ရက်မှစ၍ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း ပုသိမ်-မုံရွာလမ်းဘေးရှိ ရိုးမတောတွင်း နေရာအချို့နှင့် လေးမျက်နှာမြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စု၊ အောင်ဇံကွင်း၊ ကွင်းကြီး၊ စက်စက်ယို၊ လဲခုံလေး၊ လဲခုံကြီး၊ ချင်းလယ်ရွာကျေးရွာနှင့် ကညင်တိုင်ကျေးရွာအနီး ကျားအောင်းတောင်တို့တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။
မတ်လမှ ဇွန်လကုန်အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး လေးမျက်နှာနှင့် ရခိုင်ရိုးမအစပ်ရှိ ပုသိမ်-မုံရွာကားလမ်းဘေး စက်စက်ယိုရွာနှင့် တုံးတောရွာများတွင် တိုက်ပွဲများဖြစ်ပြီး ဧပြီလ ၁၇ ရက်ညတွင် ပန်းတောကြီးအား ပူးပေါင်းတပ်များ သိမ်းပိုက်လိုက်နိုင်၏။ ပုသိမ်-မုံရွာကားလမ်းမအား ဖြတ်တောက်ထားနိုင်ခဲ့သည်။
AA နှင့် ပူးပေါင်းတပ်များက ပန်းတောကြီးအား သိမ်းပိုက်လိုက်သဖြင့် မြောက်ဘက် အမှတ် (၅) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၅) အခြေစိုက်သည့် ကွင်းကောက်၊ အရှေ့ဘက် လေးမျက်နှာကိုသာမက တောင်ဘက် ပုသိမ်-မုံရွာလမ်းကို ဖြတ်သည့် ရေနံ့သာဂိတ်ကိုပါ ခြိမ်းခြောက်လာ၏။
AA နှင့် ပူးပေါင်းတပ်များက ပန်းတောကြီးအား သိမ်းပိုက်လိုက်သဖြင့် မြောက်ဘက် အမှတ် (၅) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၅) အခြေစိုက်သည့် ကွင်းကောက်၊ အရှေ့ဘက် လေးမျက်နှာကိုသာမက တောင်ဘက် ပုသိမ်-မုံရွာလမ်းကို ဖြတ်သည့် ရေနံ့သာဂိတ်ကိုပါ ခြိမ်းခြောက်လာ၏။

ဇွန်လကုန်ပိုင်းတွင် AA နှင့် ပူးပေါင်းတပ်များသည် သဲနုကုန်း၊ စောပြာ၊ ကျားကိုက်ကွင်းရွာများကိုသာမက အင်္ဂပူမြို့နယ်အတွင်းရှိ ဘယ်ပြားကုန်းနဲ့ စာစီကုန်းကျေးရွာများမှ စစ်ကောင်စီစခန်းများကိုပါ သိမ်းပိုက်ထားပြီး စစ်ကောင်စီအနေဖြင့် ပုသိမ်-မုံရွာလမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်မှုကို စွန့်လွှတ်ထားရသည်ကို တွေ့ရသည်။
ဧရာဝတီစစ်မျက်နှာတွင် AA နှင့်အတူ PDF အမှတ် ၂၉ ဗျူဟာ လက်အောက်ခံတပ်ရင်း နှစ်ရင်း၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLF) တို့ စစ်ဆင်ရေး ပူးပေါင်းဆင်နွှဲနေပြီး စစ်ဆင်ရေးကွပ်ကဲမှုအား AA က တာဝန် ယူထား၏။ ဧရာဝတီတိုင်းအတွင်း ပြောက်ကျားတိုက်ပွဲထက် AA နှင့် ပူးပေါင်းတပ်များသည် အင်အားအလုံးအရင်းဖြင့် လှုပ်ရှားစစ်ဆင်နေသည်ကို တွေ့ရသည်။
၁၄။ ရန်ကုန်တိုင်း
စစ်ကောင်စီ အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြမှုများကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းခံရပြီးနောက် ရန်ကုန်မြို့တွင် ရရာလက်နက်ဖြင့် တုံ့ပြန်တိုက်ခိုက်ကြသည့် မြို့ပြတိုက်ပွဲများသည် ကျေးလက်အခြေခံသည့် တော်လှန်ရေးထက် စောလျင်စွာ ပေါ်ပေါက်လာခဲ့သည်။
၂၀၂၁၊ ၂၀၂၂ ခုနှစ်တွင် တိုက်ခိုက်မှု အများအပြားဖြစ်ခဲ့ပြီး ရန်ကုန်မြို့ပေါ်တွင် စစ်ကောင်စီ၏ လုံခြုံရေးတင်းကျပ်မှု၊ နည်းပညာအသုံးပြုမှု၊ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရ၊ သတ်ဖြတ်ခံမှုတို့ကြောင့် ရန်ကုန်ကုန်မြို့ပြတိုက်ပွဲများသည် တဖြည်းဖြည်း အရှိန်လျော့ကျလာခဲ့သည်မှာ အမှန်ဖြစ်၏။
သို့သော် ရန်ကုန် မြို့ပြပြောက်ကျားတိုက်ပွဲများ လုံးဝ ရပ်တန့်သွားသည်တော့ မဟုတ်ပေ။ ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်တွင် ရန်ကုန် မြို့ပြပြောက်ကျားတိုက်ပွဲများ ကျားကုတ်ကျားခဲ တိုက်ပွဲဝင်နေသေးသည်ကို တွေ့ရသည်။
သို့သော် ရန်ကုန် မြို့ပြပြောက်ကျားတိုက်ပွဲများ လုံးဝ ရပ်တန့်သွားသည်တော့ မဟုတ်ပေ။ ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်တွင် ရန်ကုန် မြို့ပြပြောက်ကျားတိုက်ပွဲများ ကျားကုတ်ကျားခဲ တိုက်ပွဲဝင်နေသေးသည်ကို တွေ့ရသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့က ထောက်ကြန့်ရဲစခန်း၊ ဇန်နဝါရီလ ၃၁ ရက်ညက ရွှေပြည်သာမြို့နယ်ရှိ စစ်ကောင်စီ၏ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ပိုင်ဆိုင်သည့် Army Rum စက်ရုံ၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က ထောက်ကြန့်၊ ရဲအကြပ်အတတ်သင်ကျောင်း (လှော်ကား) ရှိ ဝန်ထမ်းတန်းလျား၊ ဖေဖော်ဝါရီလ ၂၀ ရက် ညက လှိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ချည်မျှင်နှင့်အထည်စက်ရုံနှင့် လှိုင်သာယာမြို့မရဲစခန်းတို့ကို တိုက်ခိုက်ခဲ့သည်။
ထို့ပြင် ဖေဖော်ဝါရီလ ၂၁ ရက်က သန်လျင်မြို့နယ်ရှိ တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံး၊ ဖေဖော်ဝါရီလ ၂၃ က မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ မတ်လ ၃ ရက်ကလည်း ရွှေပြည်သာရဲစခန်း၊ မတ်လ ၄ ရက်နေ့ က မြောက်ဥက္ကလာနှင့် တောင်ဥက္ကလာအစပ်ရှိ ခမရ ၄၃၅ တပ်ရင်းဂိတ်၊ မတ်လ ၈ရက်က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၄၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ မတ်လ ၁၉ ရက်က အင်းစိန်မြို့၊ အောက်မင်္ဂလာဒုံ လမ်းမကြီးပေါ်ရှိ အမှတ် (၂) မှုခင်းတပ်ဖွဲ့ခွဲ (CID) ရုံးကို တိုက်ခိုက်ခဲ့သည်။
ရန်ကုန်တိုင်းအတွင်း စစ်ဆင်ရေးများ ဖော်ဆောင်ရန် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ကို တိုင်းတိုက်ခိုက်ရေးတပ်ဖွဲ့ ၅ ဖွဲ့၊ ခရိုင်တိုက်ခိုက်ရေးတပ်ဖွဲ့များဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်း PDF ကို တပ်ရင်းနှစ်ရင်းဖြင့်လည်းကောင်း KNU နယ်မြေအတွင်း အခြေပြုဖွဲ့စည်းခဲ့ကြပြီး ယခုအခါ စစ်တောင်းမြစ်ကို ဖြတ်၍ ပဲခူးရိုးမကို အခြေပြုပြီး ရန်ကုန်တိုင်းအတွင်းသို့ ထိုးဖောက်နေကြပြီ ဖြစ်သည်။
ဧပြီလ ၅ ရက်က မရမ်းကုန်း၊ အောင်သပြေစစ်ကြောရေး ရဲဝင်း၊ ဧပြီလ ၄ ရက်က တိုက်ကြီးမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၁) ကို ဒုံးကျည်များဖြင့်ပစ်ခတ်မှု၊ ဧပြီလ ၇ ရက်က မင်္ဂလာဒုံ တပ်နယ်မှူးရုံး၊ ဧပြီလ ၁၁ က အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာလမ်းမပေါ်ရှိ လေတပ်၏ အိမ်ထောင်သည်လိုင်းခန်း၊ ဧပြီလ ၁၄ ရက်က တာမွေမြို့နယ်ရဲစခန်း၊ ဧပြီလ ၁၈ ရက်က ကမာရွတ်မြို့နယ်ရဲစခန်း၊ မေလ ၁၁ ရက်နေ့က စမ်းချောင်းမြို့နယ်၊ မဟာမြိုင် ရဲရိပ်သာ၊ မေလ ၁၉ ရက်နေ့က စမ်းချောင်းမြို့နယ်၊ တောင်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၊ မေလ ၂၂ ရက်က မရမ်းကုန်းမြို့နယ်တွင် တာဝန်ထမ်းဆောင်ဆဲ အငြိမ်းစားဗိုလ်မှူးချုပ်တဦး၊ ဇွန်လ ၂၇ ရက်က မှော်ဘီမြို့မရဲစခန်းတို့ကို အသီးသီး တိုက်ခိုက်ပစ်ခတ်ခဲ့ကြောင်း တွေ့ရသည်။
မပြည့်စုံသေးသော စာရင်းအရ ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်အတွင်း ရန်ကုန်တွင် မြို့ပြတိုက်ပွဲ ၂၁ ကြိမ်ဖြစ်ပွားခဲ့ပြီး ပျမ်းမျှ တလလျှင် သုံးကြိမ်ကျော် ဖြစ်ပွားခဲ့သည်ကို တွေ့ရ၏။ သို့ဖြစ်ရာ ရန်ကုန်သည် စစ်ကောင်စီအတွက် လုံခြုံရေးစိတ်ချရသည့်မြို့တမြို့မဟုတ်သေးပေ။
ထို့ပြင် ရန်ကုန်တိုင်းအတွင်း စစ်ဆင်ရေးများ ဖော်ဆောင်ရန် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ကို တိုင်းတိုက်ခိုက်ရေးတပ်ဖွဲ့ ၅ ဖွဲ့၊ ခရိုင်တိုက်ခိုက်ရေးတပ်ဖွဲ့များဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်း PDF ကို တပ်ရင်းနှစ်ရင်းဖြင့်လည်းကောင်း KNU နယ်မြေအတွင်း အခြေပြုဖွဲ့စည်းခဲ့ကြပြီး ယခုအခါ စစ်တောင်းမြစ်ကို ဖြတ်၍ ပဲခူးရိုးမကို အခြေပြုပြီး ရန်ကုန်တိုင်းအတွင်းသို့ ထိုးဖောက်နေကြပြီ ဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်။)
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၁
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄













