• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

လူ ၁ သိန်းခန့် ကုန်ကူးထားတဲ့ မြန်မာငွေလိမ်လုပ်ငန်းတွေ ဆက်ကြီးထွားနေ

by Rebecca Ratcliffe
13 September 2025
in ဆောင်းပါး
A A
လူ ၁ သိန်းခန့် ကုန်ကူးထားတဲ့ မြန်မာငွေလိမ်လုပ်ငန်းတွေ ဆက်ကြီးထွားနေ

သောင်ရင်းမြစ်ဘေးရှိ KK Park / The Guardian

1.8k
VIEWS
Share on FacebookShare on Twitter

ရာဇဝတ်ဂိုဏ်းများက လည်ပတ်နေပြီး နိုင်ငံမှ စစ်အုပ်စုက အားပေးသည့် ထိုင်း-မြန်မာနယ်စပ်မှ KK Park ကဲ့သို့ ကြီးမားသည့် အဆောက်အအုံများ အရေအတွက်သည် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် နှစ်ဆတိုးလာသည်။

ထိုင်း-မြန်မာနယ်စပ်ကြားရှိ ရေစီးမြန်သည့် သောင်ရင်းမြစ်တလျှောက် မြေ ၂၁၀ ဟက်တာ (၅၂၀ ဧက) ပေါ်မှ ကြီးမားပြီး အကြီးအကျယ် အစောင့်ချထားသည့် KK Park တည်ရှိသည့် မြေနေရာသည် လွန်ခဲ့သော ငါးနှစ်က ကွင်းပြင်လွတ်များသာဖြစ်သည်။

မြဝတီမြို့တောင်ဘက် တောင်တန်းထူသော နေရာနောက်ခံဖြင့် KK Park သည် လုပ်ငန်းခွင်ဆေးရုံ၊ စားသောက်ဆိုင်များ၊ ဘဏ်နှင့် ပြုပြင်ထားသော မြက်ခင်းများ၊ သပ်ရပ်သော ဗီလာအိမ်တန်းများနှင့် KK Park သည် လက်ရှိဖြစ်နေသည့် လူကုန်ကူးမှုနှင့် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများဖြင့် တည်ဆောက်ထားသည့် ဒေါ်လာဘီလီယံပေါင်းများစွာတန်သော ရာဇဝတ်လိမ်လည်လုပ်ငန်း၏ ရှေ့တန်းစစ်မျက်နှာထက် ဆီလီကွန်တောင်ကြားမှ နည်းပညာကုမ္ပဏီတခု၏ ခြံဝင်းနှင့်ပိုတူသည်။

မကြာသေးမီ နှစ်များအတွင်း မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့သည် KK Park ကဲ့သို့ ငွေလိမ်လုပ်ငန်များကို လည်ပတ်နေသည့် နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများ ခိုလှုံရာနေရာ ဖြစ်လာသည်။ ထိုငွေလိမ်လုပ်ငန်းများသည် အကျိုးအမြတ်ကြီးစွာရသည့် ရှုပ်ထွေးသော အွန်လိုင်းငွေလိမ်မှုများကို ပြုလုပ်ရန် ကျွန်ပြုထားသည့် အလုပ်သမားများကို အသုံးပြုသည်။

KK Park အတွင်းရှိ အဆောက်အအုံများ / The Guardian

ထိုငွေလိမ်လုပ်ငန်းများကို ဖြိုခွဲပြီး ညှဉ်းပန်းနှိပ်စက် ပိတ်လှောင် ဖမ်းဆီးခံထားရနိုင်သည့် အလုပ်သမားများကို ကယ်ဆယ်ရန် အားထုတ်မှုအချို့ရှိသည်။ သို့သော် ဒရုန်းမှ ရိုက်ကူးထားသည် ပုံများနှင့် Guardian သို့ သီးသန့်မျှဝေသည့် သုတေသနသစ်အရ ထိုင်း-မြန်မာနယ်စပ်တွင် လုပ်ကိုင်နေသည့် ငွေလိမ်လုပ်ငန်း အရေအတွက်သည် ၂၀၂၁ ခုနှစ် မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် နှစ်ဆမက တိုးလာပြီး တည်ဆောက်ရေး လုပ်ငန်းများကို ယနေ့တိုင် ဆက်လက် လုပ်ကိုင်နေဆဲဖြစ်သည်။

ကင်ဘာရာမှ ကာကွယ်ရေး သုတေသနလုပ်ငန်း သြစတြေးလျ သေနင်္ဂဗျူဟာ မူဝါဒအင်စတီကျု (ASIP) မှ အချက်အလက်များကလည်း ထိုင်းနယ်စပ်မှ မြန်မာငွေလိမ်လုပ်ငန်းအရေအတွက်သည် ၁၁ ခုမှ ၂၇ ခုအထိ တိုးလာကြောင်းနှင့် ထိုလုပ်ငန်းများသည် တလျှင် ၅.၅ ဟက်တာ တိုးချဲ့နေကြောင်း ပြသနေသည်။

ကင်ဘာရာမှ ကာကွယ်ရေး သုတေသနလုပ်ငန်း သြစတြေးလျ သေနင်္ဂဗျူဟာ မူဝါဒအင်စတီကျု (ASIP) မှ အချက်အလက်များကလည်း ထိုင်းနယ်စပ်မှ မြန်မာငွေလိမ်လုပ်ငန်းအရေအတွက်သည် ၁၁ ခုမှ ၂၇ ခုအထိ တိုးလာကြောင်းနှင့် ထိုလုပ်ငန်းများသည် တလျှင် ၅.၅ ဟက်တာ တိုးချဲ့နေကြောင်း ပြသနေသည်။

KK Park နှင့် မြန်မာမှ အခြားငွေလိမ်လုပ်ငန်းများဖြစ်သည့် တိုင်ချန်နှင့် ရွှေကုက္ကိုတို့ကို Guardian က သြဂုတ်လတွင် ဒရုန်းမှ ရိုက်ကူးထားသောပုံများနှင့် ဓာတ်ပုံများတွင် သွင်ပြင်သစ်များနှင့် တက်ကြွသော တည်ဆောက်ရေး လုပ်ငန်းများကို ပြသနေသည်။

တိုင်ချန် ခြံဝင်းတွင် လွန်ခဲ့သောနှစ်အတွင်း ရေပေါ်လှေဆိပ်တခု အပါအဝင် အဆောက်အအုံသစ်များ ပေါ်ပေါက်လာသည်။ ထိုလှေဆိပ်ကို ထိုင်းမှပစ္စည်းများ ပိုမိုလွယ်ကူစွာ သယ်ဆောင်နိုင်ရေးအတွက် မကြာသေးမီလများကမှ တည်ဆောက်ခြင်းဖြစ်သည်။

တိုင်ချန်နှင့် KK Park တို့၏ ခေါင်မိုးများပေါ်တွင် ဂြိုဟ်တု အင်တာနက်ဖမ်းယူသည့် ကိရိယာများ ဖြစ်ပုံရသည့် စတုရန်းပုံအဖြူရောင် အပြားများကို Guardian ၏ ဒရုန်းရိုက်ကူးမှုများတွင် ပြသနေသည်။ ငွေလိမ်လုပ်ငန်းများ မလုပ်ကိုင်နိုင်စေရန်နှင့် ရာဇဝတ်ဂိုဏ်းများကို ရပ်တန့်စေရန် ထိုလုပ်ငန်းများကို လက်ခံထားသည့် နေရာများသို့ ထိုင်းနိုင်ငံက လျှပ်စစ်၊ အင်တာနက်ဝန်ဆောင်မှုနှင့် ဓာတ်ငွေ့များကို ယခုနှစ်အစောပိုင်းက ဖြတ်တောက်သော်လည်း ထိုပစ္စည်းများက ငွေလိမ်ဂိုဏ်းများ အွန်လိုင်းတွင် ဆက်လက်ရှိနေသည့် ပစ္စည်းများဖြစ်သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
74
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
289
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
116

အီလွန်မတ်စ်၏ ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှု စတားလင့်ခ်ကို ငွေလိမ်လုပ်ငန်းများက အသုံးပြုနေပြီး နယ်စပ်ကို ဖြတ်ကျော်ရန် ဦးတည်နေသည်ဟု ယူဆရသည့် မှောင်ခိုသွင်းလာသည့် ဂြိုဟ်တုဆက်သွယ်ရေး ပစ္စည်းများကို ကြားဖြတ်ဖမ်းဆီးခဲ့ကြောင်း ထိုင်းအာဏာပိုင်များ ယခင်က ဖော်ပြခဲ့ဖူးသည်။

ထိုင်းနယ်စပ် သောင်ရင်းမြစ်တဖက်ရှိ တိုင်ချန် ငွေလိမ်ခြံဝင်း / The Guardian

Guardian က ကြည့်ခဲ့ရသည့် မြန်မာနိုင်ငံအတွင်းမှ အခြားငွေလိမ်လုပ်ငန်းများ၏ ဒရုန်းနှင့်ဂြိုဟ်တုပုံများတွင် ခိုင်မာသော အတားအဆီးများနှင့် လုံခြုံရေးစနစ်များကို ပြသနေသည်။ Dongmei Park ခြံဝင်းကို ခြံစည်းရိုးပတ်လည် ဝိုင်းထားပြီး စစ်ဆေးရေးစခန်းတခုနှင့် ခြံစည်းရိုးတွင် ကင်းမျှော်စင်များက စောင့်ကြပ်ထားသည်ဟု ASPI ၏ သရုပ်ခွဲလေ့လာမှုအရ သိရသည်။

ထိုနေရာများတွင် အဆင့်မြင့်ဝန်ထမ်းများနှင့် ဧည့်သည်များအတွက် အဆောက်အအုံ အမျိုးမျိုးကိုလည်း တွေ့ရသည်။ အချို့ခြံဝင်းများတွင် အလုပ်သမားများကို စီမံအုပ်ချုပ်သည့် စီမံရေးအဖွဲ့များအတွက် သို့မဟုတ် ပစ်မှတ်ထားသည့် သားကောင်နှင့် ဗီဒီယိုဖုန်းခေါ်ဆိုမှုများအတွက် နောက်ခံအဖြစ် ဇိမ်ခံအိမ်များကို သီးသန့်ထားပေးသည်။ သူတို့နှင့် စကားပြောသူသည် အလွန်ချမ်းသာသူဖြစ်ကြောင်းနှင့် ထိုသူထံမှ ရင်းနှီးမြှုပ်နှံမှုအကြံပြုချက်များကို လိုက်နာသင့်ကြောင်း ယူဆစေရန် ထိုဇိမ်ခံအိမ်များကို အသုံးပြုခြင်းဖြစ်သည်။

ငွေလိမ်လုပ်ငန်းခေါင်းဆောင်များ၏လက်တွင် ၎င်းတို့ခံစားခဲ့ရသည့် အပြင်းအထန် အကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် ဒဏ်ခတ်ခြင်းများကို ထွက်ပြေးလွတ်မြောက်လာသူများက ပြန်လည်ပြောပြသောကြောင့် လူကုန်ကူးခံရပြီး ငွေလိမ်ဌာနများတွင် ပိတ်လှောင်ထားခံရသော လုပ်သမားများကို ဆက်ဆံသည့် ဆိုးရွားသော ဇာတ်လမ်းများသည် မကြာသေးမီလများတွင်း ကမ္ဘာက အာရုံစိုက်ခံလာရသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ၎င်းတို့နိုင်ငံသားများ၊ ပိတ်လှောင်ခံထားရသည့် အခြားနိုင်ငံသားများနှင့် မြန်မာစစ်တပ်၊ ထိုနယ်စပ်ဒေသများကို ထိန်းချုပ်ထားသည့် လက်နက်ကိုင်များ ပါဝင်သည့် ရှုပ်ထွေးသော ကယ်ဆယ်ရေး အားထုတ်မှုကြောင့် ယခုနှစ် အစောပိုင်းတွင် ထိုခြံဝင်းများမှ လူ ၇,၀၀၀ ခန့် လွတ်မြောက်လာသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ၎င်းတို့နိုင်ငံသားများ၊ ပိတ်လှောင်ခံထားရသည့် အခြားနိုင်ငံသားများနှင့် မြန်မာစစ်တပ်၊ ထိုနယ်စပ်ဒေသများကို ထိန်းချုပ်ထားသည့် လက်နက်ကိုင်များ ပါဝင်သည့် ရှုပ်ထွေးသော ကယ်ဆယ်ရေး အားထုတ်မှုကြောင့် ယခုနှစ် အစောပိုင်းတွင် ထိုခြံဝင်းများမှ လူ ၇,၀၀၀ ခန့် လွတ်မြောက်လာသည်။

ASPI ၏ သတင်းရင်းမြစ်အရ The Guardian က ရေးဆွဲထားသော ဂရပ်ဖစ်မြေပုံ

သို့သော် ထိုအရေအတွက်သည် သမုဒ္ဒရာအတွင်းမှ ရေတစက် အတိုင်းအတာသာရှိသည်ဟု ကျွမ်းကျင်သူများက ပြောသည်။ မြန်မာနိုင်ငံအတွင်းမှ ငွေလိမ်ဂိုဏ်းများတွင် လူ ၁ သိန်းအထိ ဖမ်းဆီးချုပ်နှောင်ထားသည်ဟု ထိုင်းရဲတပ်ဖွဲ့က ယခုနှစ်အစောပိုင်းတွင် ခန့်မှန်းသည်။

အာရှနှင့် အာဖရိက တဝန်းရှိ နိုင်ငံအနည်းဆုံး ၁၁ နိုင်ငံမှ လူကုန်ကူးခံရသူများ၏ အနည်းဆုံး ၉၀ ရာခိုင်နှုန်းသည် ထိုခြံဝင်းကြီးများတွင် ရှိနေသေးသည်ဟု လူကုန်ကူးခံရသူများ အကူအညီပေးရေး လူမှုအဖွဲ့အစည်း ကွန်ရက်က ယူဆသည်။ ထိုလူကုန်ကူးခံရသူများနက် အချို့သည် ရာဇဝတ်ခေါင်းဆောင်က ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်း၊ မျက်လုံးကန်းခြင်း၊ အမြဲတမ်း မသန်စွမ်းဖြစ်သွားကြောင်း ထိုအဖွဲ့က ပြောသည်။

ဖိလစ်ပိုင်မှ မာတီရို (အမည်လွှဲ) သည် KK Park တွင် ခြောက်လ ပိတ်လှောင်ခံခဲ့ရသည်။ သူသည် စားသုံးသူ ဝန်ဆောင်မှု ကိုယ်စားလှယ်အဖြစ် တရားဝင် အလုပ်ရသည်ဟု ယူဆသောကြောင့် လွန်ခဲ့သောနှစ်က သူ့အိမ်မှ ထိုင်းနိုင်ငံသို့ ခရီးသွားခဲ့သည်။

မြဝတီရှိ KK Park အတွင်းမှ အဆောက်အအုံများ / The Guardian

ထိုအလုပ်မရဘဲ သူ့ကို နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးကာ သူ၏ နိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းလိုက်သည်။ သူသည် အသက်အရွယ်ကြီးသော အမေရိကန်အမျိုးသားများကို လူမှုကွန်ရက်မှ စာတို ရာပေါင်းများစွာ ပေးပို့ရပြီး ၎င်းတို့၏ WhatsApp နံပါတ်ရသည်အထိ ယုံကြည်မှုတည်ဆောက်ရသည်။ ထို့နောက် ထိုအဆက်အသွယ်ကို အခြား လိမ်လည်သည့်အဖွဲ့သို့ လွှဲပြောင်းပေးရသည်။

သတ်မှတ်ထားသည့် လျာထားချက် မပြည့်မီပါက သူ့ကို လျှပ်စစ်ရှော့တိုက်ခြင်း၊ ပြင်ပမှ ပူလောင်သော နေရောင်အောက်တွင် ရုပ်ပိုင်းပြစ်ဒဏ်ချခြင်းတို့ကို ခံရသည်။ ထိုခြံဝင်းများမှ ထွက်ခွာခြင်းသည် ရွေးချယ်စရာနည်းလမ်းတခု မဟုတ်ပေ။ “လက်နက်ကိုင်အစောင့်တွေ အများကြီး ရှိတယ်” ဟု သူက ပြောသည်။

ထိုရာဇဝတ်လုပ်ငန်းများသည် အာဏာသိမ်းပြီးနောက် နိုင်ငံ၏ ပဋိပက္ခစီးပွားရေးတွင် အဓိက အစိတ်အပိုင်း ဖြစ်လာသောကြောင့် မြန်မာစစ်အုပ်စုသည် နိုင်ငံအတွင်း ငွေလိမ်ဂိုဏ်းများ ပျံ့နှံ့ခြင်းကို ခွင့်ပြုထားပြီး ဂိုဏ်းဖွဲ့ရာဇဝတ်မှုကို လက်ခံထားသည့် ကမ္ဘာ့နိုင်ငံများစာရင်းတွင် ထိပ်ဆုံးသို့ ရောက်စေသည်။

ကရင်လက်နက်ကိုင် တပ်ဖွဲ့များကြောင့် လွတ်မြောက်လာသည့် ငွေလိမ်ဂိုဏ်းတွင် ခိုင်းစေခံရသူ ဆိုသူများကို ဖေဖော်ဝါရီလက ထိုင်းနယ်စပ် မြဝတီဂိတ်တွင် တွေ့ရစည် / AFP

ASPI ၏ သရုပ်ခွဲလေ့လာမှုအရ အာဏာသိမ်းပြီးနောက် ပိုင်နက်အများအပြားကို ဆုံးရှုံးခဲ့ပြီး အာဏာချုပ်ကိုင်မှုကို ထိန်းသိမ်းရန် ရုန်းကန်နေရသော မြန်မာစစ်တပ်သည် ငွေလိမ်လုပ်ငန်းများမှ အကျိုးအမြတ်ရနေသည့် အရေးပါသော လက်နက်ကိုင်များနှင့် အန္တရာယ်များသည့် ဆက်ဆံရေးကို မထိခိုက်ဘဲ ငွေလိမ်ခြံဝင်းများကို ထိထိရောက်ရောက် အရေးယူမှု မလုပ်နိုင်ကြောင်း သိရသည်။

ASPI မှ အများပြည်သူ့အချက်အလက် သရုပ်ခွဲသုတေသီ နသန် ရူဆာက “ဒီလုပ်ငန်းဟာ ဒုက္ခရောက်နေတဲ့ မြန်မာစစ်တပ်အတွက် သေရေးရှင်ရေး လိုအပ်ချက်ဖြစ်နေတယ်” ဟု ပြောသည်။

ထိုပြဿနာကို ကိုင်တွယ်ရန်အတွက် လူကုန်ကူးခံရသူများ၏ မိခင်နိုင်ငံများ၊ ၎င်းတို့ကြားခံ ဝင်ရောက်လာသော နိုင်ငံများနှင့်အပါအဝင် တာဝန်ခွဲဝေရန် လိုအပ်ကြောင်း မြန်မာစစ်တပ် ယခင်က ပြောခဲ့ဖူးသည်။

နိုင်ငံတကာတွင် အစိုးရများက ငွေလိမ်လုပ်ငန်းများသည် အသေးစား လူကုန်ကူးမှု စိုးရိမ်စရာအဖြစ် မှားယွင်းစွာ မြင်ကြသည်ဟု လူကုန်ကူးခံရသူများအတွက် ကူညီနေသည့် အမေရိကန် ပရဟိတအဖွဲ့ Acts of Mercy International ၏ အရှေ့တောင်အာရှ ဒါရိုက်တာ အေမီ မေလာက ပြောသည်။

နိုင်ငံတကာတွင် အစိုးရများက ငွေလိမ်လုပ်ငန်းများသည် အသေးစား လူကုန်ကူးမှု စိုးရိမ်စရာအဖြစ် မှားယွင်းစွာ မြင်ကြသည်ဟု လူကုန်ကူးခံရသူများအတွက် ကူညီနေသည့် အမေရိကန် ပရဟိတအဖွဲ့ Acts of Mercy International ၏ အရှေ့တောင်အာရှ ဒါရိုက်တာ အေမီ မေလာက ပြောသည်။

ရွှေကုက္ကိုရှိ ငွေလိမ်လုပ်ငန်း အဆောက်အအုံတခု / The Guardian

“ကျမအနေနဲ့ကတော့ ဒါဟာ မသိနားမလည်မှု၊ ဒီကိစ္စရဲ့အတိုင်းအတာနဲ့ ဘယ်အထိ ကြီးထွားမယ်ဆိုတာကို နားမလည်မှုပဲဖြစ်တယ်” ဟုပြောကြားပြီး သီရိလင်္ကာနှင့် နိုက်ဂျီးရီးယားကဲ့သို့သော နိုင်ငံများတွင် အလားတူ ငွေလိမ်လုပ်ငန်းများဖြစ်လာသည့် လက္ခဏာများရှိနေသည်ဟု ဆက်လက်ပြောကြားသည်။

Acts of Mercy International အဖွဲ့မှ အေမီ မေလာ / The Guardian

မာတီရိုကို နောက်ဆုံးတွင် KK Park မှ ကယ်ဆယ်ခဲ့ပြီး ယခုအခါ အခြား လွတ်မြောက်လာသူများနှင့်အတူ ပြန်လည် နာလန်ထလာနေသည်။ ငွေလိမ်လုပ်ငန်းများမှ အတွေ့အကြုံများကို ပြန်မပြောချင်လောက်အောင် စိတ်ဒဏ်ရာရနေသော်လည်း သူနှင့်အတူ လူကုန်ကူး ပိတ်လှောင်ခံခဲ့ရသည့် သူ၏မိတ်ဆွေက ငွေလိမ်ဂိုဏ်း ခေါင်းဆောင်များအကြောင်း ပြောသည်။ “အခြားသူတွေကို ချနင်းရတာကို သူတို့ ဂရုမစိုက်ဘူး။ သူတို့အတွက် ငွေကပဲ အရေးပါတယ်” ဟု သူကပြောသည်။

ကမ္ဘာ့ မကောင်းဆိုးဝါးက ဒီခြံဝင်းတွေထဲမှာ ရှိနေသလို ခံစားရတယ်ဟု ၎င်းကပြောသည်။

(အမည်များကို လွှဲပြောင်းထားပါသည်။)

(The Guardian ပါ Rebecca Ratcliffe ၏ Revealed: the huge growth of Myanmar scam centres that may hold 100,000 trafficked people ကို ဘာသာပြန်သည်။)

You may also like these stories:

ကမ္ဘောဒီးယားနှင့် မြန်မာရှိ ငွေလိမ်ဂိုဏ်းများနောက်ကွယ်မှ ကုမ္ပဏီများကို အမေရိကန် အရေးယူ

ငွေလိမ်ဂိုဏ်းများမှ လွှတ်ပေးသူများထဲ ရာဇဝတ်ကောင်များ ပါဟု ထိုင်းရဲ ပြော

မြဝတီ ကျားဖြန့်မှ တရုတ်နိုင်ငံသား ၁၄၀၀ ကျော် BGF ထပ်လွှဲမည်

ဆိုက်ဘာငွေလိမ်ဂိုဏ်းများနဲ့ မင်းအောင်လှိုင်

မြန်မာစစ်တပ်မှာ ကျားဖြန့်တွေကိုတိုက်ဖျက်ဖို့ လုံလောက်တဲ့အစွမ်းမရှိ (ရုပ်/သံ)

ကျားဖြန့်၊ အောက်ဆိုက်ဝင်ငွေနဲ့ အကျင့်ပျက် စစ်တပ်

Your Thoughts …
Tags: ASPIKK Parkငွေလိမ်လုပ်ငန်းစစ်ကော်မရှင်စစ်အာဏာသိမ်းမှုထိုင်းနိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းရာဇဝတ်မှုလူကုန်ကူးမှု
Rebecca Ratcliffe

Rebecca Ratcliffe

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
ချာလီခါ့ သေဆုံးခြင်းအပေါ် အမေရိကန်များ အကြီးအကျယ် သဘောထားကွဲ

ချာလီခါ့ သေဆုံးခြင်းအပေါ် အမေရိကန်များ အကြီးအကျယ် သဘောထားကွဲ

နီပေါလူထုဆန္ဒပြပွဲကို “ဆူပူမှု” လို့ အာဏာသိမ်းခေါင်းဆောင် သုံးနှုန်း (ရုပ်/သံ)

နီပေါလူထုဆန္ဒပြပွဲကို “ဆူပူမှု” လို့ အာဏာသိမ်းခေါင်းဆောင် သုံးနှုန်း (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved