• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ချာလီခါ့ သေဆုံးခြင်းအပေါ် အမေရိကန်များ အကြီးအကျယ် သဘောထားကွဲ

by ဧရာဝတီ
13 September 2025
in ဆောင်းပါး
A A
ချာလီခါ့ သေဆုံးခြင်းအပေါ် အမေရိကန်များ အကြီးအကျယ် သဘောထားကွဲ

သေနတ်ပစ်မခံရမီ ယူတားတက္ကသိုလ် ကွန်ဆာဗေးတစ် တရားပွဲတွင် တွေ့ရသော ချာလီခါ့/AFP

1.8k
VIEWS
Share on FacebookShare on Twitter

သတ်ဖြတ်ခံရသော ကွန်ဆာဗေးတစ်တက်ကြွလှုပ်ရှားသူ ချာလီခါ့အတွက် ဗုဒ္ဓဟူးနေ့က အမေရိကန် အောက်လွှတ်တော်တွင် တိတ်ဆိတ်နေရမည့် အချိန်တွင် အော်ဟစ် လက်ညှိုးထိုးအပြစ်တင်မှုများ ဖြစ်ပွားပြီး နိုင်ငံရေး မုန်းတီးမှုများကြောင့် သဘောထားကွဲနေသောနိုင်ငံကို ခါးသီးစွာဖေါ်ပြသည့် ဇာတ်ဝင်ခန်းဖြစ်လာသည်။

ယူတတ် တက္ကသိုလ်တွင် ကတ်ကို အသေပစ်ခတ်သည့် သတင်းပျံ့နှံ့နေချိန်တွင် ဥပဒေပြုအမတ်များသည် သူ့ကို မည်သို့ဂုဏ်ပြုရမည်ကို ငြင်းခုန်နေကြသည်။ ကော်လိုရာဒို ရီပတ်ဗလစ်ကန် လော်ရင် ဘိုးဘတ်က သူ၏ လက်ကို ဆန့်တန်းပြီး တစုံတဦးက ဝတ်ပြုစုတောင်းရန် ပြောပြီး “တိတ်ဆိတ်သော ဝတ်ပြုဆုတောင်းမှုသည် တိတ်ဆိတ်သော ရလဒ်များဖြစ်လာမည်” ဟု ပြောသည်။

ထိုနောက် အခြား မထင်ရှားသူများကို သတ်ဖြတ်မှုများ မည်သည့်အတွက် အလားတူ အာရုံစိုက် မခံရသနည်းဟု ဒီမိုကရက် အမတ်တချို့က မေးခွန်းထုတ်ကြချိန် နိုင်ငံရေးကြေကွဲစရာဇာတ်လမ်းနှင့် ပတ်သက်သည့် အော်ဟစ်စွပ်စွဲမှုများ ဖြစ်လာသည်ဟု တက်ရောက်သည့် အောက်လွှတ်တော် ကိုယ်စားလှယ်တဦးပြောသည်။

ရီပတ်ဗလစ်ကန် အောက်လွှတ်တော်ဥက္ကဌ မိုက်ဂျွန်ဆင်က ငြိမ်သက်စေရန် တူထုခဲ့ပြီး မည်သူမည်ဝါ မသိရသူတဦးက “လက်နက်ဥပဒေ အတည်ပြု” ဟု အော်ဟစ်သည်။

ကွန်ဆာဗေးတစ် စည်းရုံးရေးအဖွဲ့ Turning Point USA ကို ပူးတွဲတည်ထောင်သူ နှင့် သမ္မတ ထရမ့်ကို အမာခံထောက်ခံသူ အသက် ၃၁ နှစ်အရွယ် ခါ့သည် ယူတတ်ပြည်နယ် အိုရမ်တွင် ဗုဒ္ဓဟူးနေ့က စကားပြောနေစဉ် ပစ်ခတ်ခံရသည်။ မည်သည့်အကြောင်းကြောင့် ပစ်ခတ်ခံရသည်ကို ရှင်းလင်းစွာ မသိရပေ။

ကွန်ဆာဗေးတစ် စည်းရုံးရေးအဖွဲ့ Turning Point USA ကို ပူးတွဲတည်ထောင်သူ နှင့် သမ္မတ ထရမ့်ကို အမာခံထောက်ခံသူ အသက် ၃၁ နှစ်အရွယ် ခါ့သည် ယူတတ်ပြည်နယ် အိုရမ်တွင် ဗုဒ္ဓဟူးနေ့က စကားပြောနေစဉ် ပစ်ခတ်ခံရသည်။ မည်သည့်အကြောင်းကြောင့် ပစ်ခတ်ခံရသည်ကို ရှင်းလင်းစွာ မသိရပေ။

သူ သေဆုံးမှုသည် ကွန်ဆာဗေးတစ်များအကြား ဒေါသထွက်စေပြီး ထိုတိုက်ခိုက်မှုအတွက် လစ်ဘရယ်များကို အပြစ်တင်သည်။ ဒီမိုကရက်တို့သည် အများအားဖြင့် ပိုမိုထိန်းထိန်းသိမ်းသိမ်းနေပြီး နိုင်ငံရေးအကြမ်းဖက်မှုကို ယေဘုယျအားဖြင့် ရှုတ်ချကာ ပိုမိုတင်းကျပ်သည့် လက်နက်ဥပဒေကို တောင်းဆိုသည်။

ထိုကိစ္စသည် လွှတ်တော်ကိုယ်စားလှယ်များအကြား ဖြစ်နေကျ ဆွေးနွေးငြင်းခုန်မှုနှင့် ပုဂ္ဂလိက ကိစ္စဖြစ်သည်။

“ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးအကြမ်းဖက်မှုအတွက် ဘာအကြောင်းပြချက်မှ မရှိဘူး။ အဆုံးသတ်ရမယ်” ဟု အောက်လွှတ်တော် ရီပတ်ဗလစ်ကန် နံပတ် ၂ ခေါင်းဆောင် စတိဗ် စကာလိုက် ပြောသည်။ သူသည် ၂၀၁၇ ခုနှစ်က ကွန်ဂရက် ဘေ့စ်ဘောလေ့ကျင့်စဉ် ပစ်ခတ်ခံရသော်လည်း မသေဘဲ လွတ်မြောက်လာသူဖြစ်သည်။

“ဒါဟာ ကြီးထွားနေတဲ့ ပြဿနာဆိုတာကို ကျနော်တို့ တွေ့နေရတယ်။ ဒီကိစ္စကို ဖြေရှင်းရမယ်။ ရပ်တန့်အောင် လုပ်ရမယ်” ဟု သူ ပြောသည်။

ရောဂါထိန်းချုပ်ကာကွယ်ရေးဌာနက နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာအရ သေနတ်ဖြင့်အကြမ်းဖက်မှုကြောင့် ၂၀၂၃ ခုနှစ်က အမေရိကန် ပြည်ထောင်စုတွင် လူ ၄၆၇၂၈ ဦးသေဆုံးပြီး မှတ်တမ်းတင်ထားသမျှတွင် တတိယမြောက် အများဆုံးဖြစ်သည်။

လွန်ခဲ့သော ၂ နှစ်က ကွန်ဂရက်သည် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ၂ ပါတီ သဘောတူ သေနတ်ထိန်းချုပ်ရေးဥပဒေကို အတည်ပြုသည်။ ထိုဥပဒေသည် ဟာကွက်များကို ထိန်းချုပ်ပြီး နောက်ခံသမိုင်းစစ်ဆေးမှု တိုးမြှင့်သော်လည်း ပစ်ခတ်မှုများကို ဟန့်တားနိုင်ခြင်း မရှိပေ။

လွန်ခဲ့သော ၂ နှစ်က ကွန်ဂရက်သည် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ၂ ပါတီ သဘောတူ သေနတ်ထိန်းချုပ်ရေးဥပဒေကို အတည်ပြုသည်။ ထိုဥပဒေသည် ဟာကွက်များကို ထိန်းချုပ်ပြီး နောက်ခံသမိုင်းစစ်ဆေးမှု တိုးမြှင့်သော်လည်း ပစ်ခတ်မှုများကို ဟန့်တားနိုင်ခြင်း မရှိပေ။

ကွန်ဆာဗေးတစ် စည်းရုံးရေးအဖွဲ့ Turning Point USA ရုံးချုပ်ရှေ့ ချာလီခါ့အတွက် ဝမ်းနည်းဆုတောင်းခြင်း အထိမ်းအမှတ်/AP

ကျယ်ပြန့်လာသော နိုင်ငံရေးသဘောထား ကွဲလွဲမှု

ခါ့ သေဆုံးခြင်းအပေါ် မတူညီသည့် တုန့်ပြန်မှုများက လွန်ခဲ့သောနှစ် ထရမ့်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှု ၂ ခုကဲ့သို့ပင် ကျယ်ပြန့်လာနေသည့် အမေရိကန် နိုင်ငံရေး သဘောထားကွဲမှုကို ဖေါ်ပြနေသည်။ နယူးယောက်နှင့် ဝါရှင်တန်ကို ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ တိုက်ခိုက်မှုအပြီး ကြေကွဲစရာ ဇာတ်လမ်းက နိုင်ငံကို ညီညွတ်စေခဲ့သည်မှာ ရာစုနှစ် ၄ ပုံ ၁ ပုံနီးပါးရှိပြီဖြစ်သည်။

ပစ်ခတ်သူကို မသိရသေးချိန်တွင်ပင် ထင်ရှားသော လက်ယာခေါင်းဆောင်များက ထိုဖြစ်ရပ်သည် လက်ဝဲသမားများက လက်ယာ ကွန်ဆာဗေးတစ်များကို ပိုမိုကျယ်ပြန့်သည့် တိုက်ခိုက်မှု အစိတ်အပိုင်း ဖြစ်သည်ဟု ဖေါ်ပြသည်။

“အမေရိကဟာ အကြီးမားဆုံးခေါင်းဆောင်တဦးကို ဆုံးရှုံးတယ်” ဟု အိမ်ဖြူတော် ဒုတိယအရာရှိချုပ် စတီဖင် မေးလားက X တွင် ရေးသားသည်။ “ကျနော်တို့အားလုံးဟာ ချာလီကို ဒီကမ္ဘာကနေ ခိုးယူသွားတဲ့ မကောင်းဆိုးရွားကို ချေမှုန်းဖို့ လုပ်ရမယ်” ဟု သူပြောသည်။

ထရမ့်ထံ စကားပေါက်သူ MAGA သစ္စာခံ လော်ရာလွမ်းမားက အစိုးရအာဏာအပြည့်ဖြင့် လက်ဝဲသမားများကို ချေမှုန်းရန် တောင်းဆိုသည်။ အကြမ်းဖက် ဆန္ဒပြပွဲများကို ငွေကြေးထောက်ပံ့သည့် လက်ဝဲအုပ်စုတိုင်းကို ပိတ်ပင် အရေးယူရမည်။ မညှာတာရ ဟု သူပြောသည်။

X ပိုင်ရှင် ဘီလီယံနာ အီလွန်မတ်စ်က ပိုမိုပြတ်သားသည်။ “လက်ဝဲဟာ လူသတ်ပါတီပဲ” ဟု သူရေးသည်။

သူ၏ နိုင်ငံရေး ပြိုင်ဘက်များကို အမေရိက သေရေးရှင်ရေးကို ခြိမ်းခြောက်သည့် အစွန်းရောက် လက်ဝဲအရူးများဟု အမြဲတမ်းခေါ်သူ ထရမ့်က ထိုပစ်ခတ်မှုကို လွန်ကဲသော အယူအဆများ ကြီးထွားပေါက်ကွဲလာမှုဟု ပြောသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
185

“အကြမ်းဖက်မှုနဲ့ သတ်ဖြတ်မှုဟာ သင်နဲ့ သဘောထားကွဲလွဲသူတွေကို မုန်းတီးစရာအကောင်းဆုံး စက်ဆုတ်စရာအကောင်းဆုံးနည်းနဲ့ မကောင်းဆိုးရွားအဖြစ် တနေ့ပြီးတနေ့ တနှစ်ပြီးတနှစ် သတ်မှတ်လာခြင်းရဲ့ ကြေကွဲစရာ အကျိုးဆက်ပဲ” ဟု ထရမ့်က သူ၏လူမှုကွန်ရက် Truth တွင် တင်သည့် ဗီဒီယို၌ ပြောသည်။

“အကြမ်းဖက်မှုနဲ့ သတ်ဖြတ်မှုဟာ သင်နဲ့ သဘောထားကွဲလွဲသူတွေကို မုန်းတီးစရာအကောင်းဆုံး စက်ဆုတ်စရာအကောင်းဆုံးနည်းနဲ့ မကောင်းဆိုးရွားအဖြစ် တနေ့ပြီးတနေ့ တနှစ်ပြီးတနှစ် သတ်မှတ်လာခြင်းရဲ့ ကြေကွဲစရာ အကျိုးဆက်ပဲ” ဟု ထရမ့်က သူ၏လူမှုကွန်ရက် Truth တွင် တင်သည့် ဗီဒီယို၌ ပြောသည်။

ဒီမိုကရက်တို့ထံမှ တုန့်ပြန်မှုက ပိုမိုတိတ်ဆိတ်သည်။ “ချာလီခါ့ကို ပစ်ခတ်သတ်ဖြတ်သူကို ဘယ်ကိစ္စက လှုံ့ဆော်ပေးတယ်ဆိုတာ ကျနော်တို့မသိရသေးပေမဲ့ ဒီလိုစက်ဆုတ်စရာအကြမ်းဖက်မှုအတွက် ကျနော်တို့ ဒီမိုကရေစီမှာ နေရာမရှိဘူး” ဟု သမ္မတဟောင်း ဘားရက်အိုဘားမားက ကြေညာချက်တစောင်တွင် ပြောသည်။

၂၀၁၂ ခုနှစ်တွင် သေနတ်သမားတဦးကြောင့် အပြင်းအထန်ဒဏ်ရာရခဲ့သည့် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဂက်ဘီ ဂလစ်ဖို့ဒ်က “ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတွေမှာ နိုင်ငံရေးသဘောထားကွဲလွဲမှု အမြဲတမ်း ရှိပေမဲ့ အမေရိကဟာ အဲဒီသဘောထားကွဲလွဲမှုတွေကို အကြမ်းဖက်တဲ့ နိုင်ငံ မဖြစ်စေရဘူး” ဟု ပြောသည်။

ထူးခြားမှုတခုမှာ ၂၀၂၈ ခုနှစ် သမ္မတလောင်းဖြစ်ရန် အလားအလာရှိသူဖြစ်ပြီး နိုင်ငံရေးအကြမ်းဖက်မှုကို အားပေးသည့်အတွက် ထရမ့်ကို တိုက်ရိုက်အပြစ်တင်သူ အီလီနွိုက်အုပ်ချုပ်ရေးမှူး ဂျေဘီ ပရစ်ဇ်ကာ ဖြစ်သည်။

“ဒီကိစ္စကို ရပ်တန့်ပစ်ရမယ်” ဟု ပရစ်ဇ်ကာက သတင်းထောက်များကိုပြောသည်။ “ဒီလိုကိစ္စတွေကို အားပေးနေတဲ့လူတွေ ဒီနိုင်ငံမှာ ရှိတယ်လို့ ကျနော်ထင်တယ်။ သမ္မတရဲ့စကားတွေက ကြိမ်ဖန်များစွာ ဒီကိစ္စကို အားပေးနေတယ်လို့ ကျနော်ထင်တယ်” ဟု သူပြောသည်။

ဒုသမ္မတ ဂျေဒီဗန့်စ်ကိုယ်တိုင် ချာလီခါ့ ရုပ်အလောင်းကို လိုက်ပါပို့ဆောင်စဉ်

နိုင်ငံရေးအကြမ်းဖက်မှုကို လူထုက ပယ်ချ

အမေရိကန်များသည် နိုင်ငံရေးအကြမ်းဖက်မှုကို အကြီးအကျယ်ပယ်ချသည်။

နိုင်ငံရေး ရည်မှန်းချက်တခု အောင်မြင်စေရန် ခြိမ်းခြောက်သူများကို မိမိ၏ နိုင်ငံရေးပါတီတွင် ပါတီဝင်သည်အား လက်ခံနိုင်သည် ဆိုသည့် ဖော်ပြချက်ကို လက်ခံ မခံ လွန်ခဲ့သောနှစ် အောက်တိုဘာလက Reuters/Ipsos စစ်တမ်းက မေးသည်။ လူထုသဘောထားစစ်တမ်းအရ တုန့်ပြန်သူများ၏ အရေးမပါသည့် အနည်းငယ်ဖြစ်သော ၆ ရာခိုင်နှုန်းကသာ သဘောတူသည်။

ထိုပစ်ခတ်မှုသည် နိုင်ငံတွင် ပြင်းထန်နေသည့် နိုင်ငံရေးတင်းမာမှုများကို မြင့်မားစေမည့် အလားအလာရှိသည်ဟု ကတ်နှင့် လက်ယာဝါဒီများကို လေ့လာနေသည့် ဂျွန်ဟုပ်ကင်း တက္ကသိုလ် လူမှုဗေဒ ပါမောက္ခ ရတ်သ် ဘရန်စတိန်း ပြောသည်။

“ဒါဟာ ပုဂ္ဂလိကအဆင့်မှာ ကြေကွဲစရာဇာတ်လမ်းတခုဖြစ်တာ ထင်ရှားပေမဲ့ အပူချိန်အရမ်းမြင့်မားနေတဲ့ နိုင်ငံရေး ပတ်ဝန်းကျင်မှာ ထပ်မံမီးထိုးပေးမယ့် အခြေအနေရှိတယ်။ ဒါဟာ အမှန်တကယ် ဖြစ်နိုင်ခြေနဲ့ အမှန်တကယ် အန္တရာယ် ဖြစ်တယ်”

“ဒါဟာ ပုဂ္ဂလိကအဆင့်မှာ ကြေကွဲစရာဇာတ်လမ်းတခုဖြစ်တာ ထင်ရှားပေမဲ့ အပူချိန်အရမ်းမြင့်မားနေတဲ့ နိုင်ငံရေး ပတ်ဝန်းကျင်မှာ ထပ်မံမီးထိုးပေးမယ့် အခြေအနေရှိတယ်။ ဒါဟာ အမှန်တကယ် ဖြစ်နိုင်ခြေနဲ့ အမှန်တကယ် အန္တရာယ် ဖြစ်တယ်” ဟု သူပြောသည်။

ရီပတ်ဗလစ်ကန် သမ္မတ ရော်နယ်ရေဂင်ကို ၁၉၈၁ ခုနှစ်က လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုတွင် အပြင်းအထန် ဒဏ်ရာရသွားသည့် အိမ်ဖြူတော်ပြန်ကြားရေးအရာရှိဟောင်း ဂျိမ်းဘရက်ဒီ အမည်ဖြင့် ဖွဲ့စည်းထားသည့် သေနတ်ဖြင့် အကြမ်းဖက်မှုကာကွယ်ရေးအဖွဲ့ Brady ဘရက်ဒီမှ မူဝါဒဆိုင်ရာအရာရှိချုပ် ခရစ်ရှန် ဟိန်းက ပါတီများ အနေဖြင့် သေနတ်နှင့်ပတ်သက်သည့် ဘုံရပ်တည်ချက်ရှာရန် တိုက်တွန်းသည်။

“သေနတ်နဲ့ အကြမ်းဖက်မှုက ပါတီမှတ်ပုံတင် မစစ်ဘူး။ ဘယ်သူ့မှ ခွဲခြားမနေဘူး။ အားလုံးနဲ့ဆိုင်တယ်။ အမေရိကန် ပြည်သူတွေပဲ အမြဲတမ်းဆုံးရှုံးရတယ်” ဟု BlueSky လူမှုကွန်ရက်တွင် ဟိန်း ရေးသည်။ “အပြောင်းအလဲဖြစ်နိုင်တယ်ဆိုတာ ကျနော်တို့သိတယ်။ ဘက်တွေရှိတယ်လို့ ဟန်ဆောင်တာတွေ ရပ်ဆိုင်းပြီး ပိုမိုလုံခြုံတဲ့အနာဂတ်ကို တည်ဆောက်ဖို့ အတူတကွတိုက်ပွဲဝင်ရမယ်” ဟု သူပြောသည်။

အကြမ်းဖက်ခြင်း၏ နိုင်ငံရေးအရ အရေးပါမှုနှင့်ပတ်သက်ပြီး ကွန်ဆာဗေးတစ် မီဒီယာဂေဟပတ်ဝန်းကျင် လှုပ်လှုပ်ခါခါ ဖြစ်နေသည်မှာ ရက်ပေါင်းများစွာကြာနေစဉ် ခါ့ ကို ပစ်ခတ်မှုဖြစ်ပွားသည်။

မကြာသေးမီရက်များအတွင်း ထရမ့်အပါအဝင် ကျော်ကြားသူများက မြောက်ကာရိုလိုင်းနားမှ ယူကရိန်း ဒုက္ခသည် မိန်းကလေးတဦး ရထားပေါ် သတ်ဖြတ်ခံရမှုကို မီးမောင်းထိုးပြပြီး ထိုကိစ္စသည် လစ်ဘရယ် တရားစီရင်ရေးမူဝါဒများ၏ ထုတ်ကုန် ဖြစ်သည်ဟု ပြောခဲ့ကြသည်။

အငြင်းပွားမှုများကို မီးလောင်ရာလေပင့်ခြင်းနှင့် မစိမ်းသူ ခါ့ သည် ထိုကိစ္စတွင် အလွန်စိတ်ဝင်စားသည်။ အင်္ဂါနေ့က Fox သတင်းနှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ခါ့ က လွန်ခဲ့သော ၁၀ နှစ်အတွင်း လစ်ဘရယ်များက ရှေ့တန်းတင်သည့် အမြင်မှာ လူဖြူများက လူမဲများကို မညှာမတာ တိုက်ခိုက်သည်ဆိုသည့် အမြင်ဖြစ်သည်ဟု ပြောသည်။

ထိုအချက်သည် မမှန်ဟု ခါ့ ပြောသည်။ “ဒီနိုင်ငံမှာ လူဖြူတွေက တဦးချင်းအနေနဲ့ လူမဲတွေထက် ပိုမိုတိုက်ခိုက်ခံရနိုင်တယ်” ဟု သူပြောသည်။

တင်းမာမှုလျှော့ချရန် ကြိုးစားနေသည့် ရီပတ်ဗလစ်ကန်တဦးမှာ မြောက်ကာရိုလိုင်းနားမှ အထက်လွှတ်တော်အမတ် သွမ် တေးလိစ် ဖြစ်ပြီး သူက ခါ့ သေဆုံးခြင်းသည် နောက်ထပ်ရန်ပွဲအတွက် အကြောင်းရင်း မဖြစ်သင့်ကြောင်း ပြောသည်။

“ဒီကိစ္စကို ယဉ်ကျေးတဲ့ စကားနဲ့ မဟုတ်ဘဲ ရန်လိုတဲ့ တုန့်ပြန်မှုကို အားပေးတဲ့ လူတိုင်းလူတိုင်းဟာ သူသေဆုံးမှုနဲ့ မည်သူမဆိုသေဆုံးမှုအတွက် တစုံတရာ တာဝန်ရှိတယ်”

“ဒီကိစ္စကို ယဉ်ကျေးတဲ့ စကားနဲ့ မဟုတ်ဘဲ ရန်လိုတဲ့ တုန့်ပြန်မှုကို အားပေးတဲ့ လူတိုင်းလူတိုင်းဟာ သူသေဆုံးမှုနဲ့ မည်သူမဆိုသေဆုံးမှုအတွက် တစုံတရာ တာဝန်ရှိတယ်” ဟု တေးလိစ်က တွေ့ဆုံမေးမြန်းမှု တခုတွင်ပြောသည်။

သို့သော် ၂ ဘက်လုံး မည်သူမျှ တေးလိစ်၏ စကားကို နားထောင်ဖွယ်မရှိပေ။ သူသည် နိုင်ငံရေးမှ အနားယူတော့မည်ဖြစ်သည်။

( Reuters သတင်း Death of Charlie Kirk lays bare deep US political divisions ကို ဘာသာပြန်သည်။)

You may also like these stories:

ထရမ့် ဒေါသထွက်လည်း အမေရိကန်၏ ရန်သူများကို တရုတ် ပိုမိုဆွဲဆောင်လာ

ကမ္ဘာ့အာဏာရှင်များ မဟာမိတ် ရှီကျင့်ဖျင်နှင့် ပူတင် ဦးဆောင်ဖွဲ့မလား

ထရမ့်မပါတဲ့ တရုတ်ရဲ့ အာဏာရှင်များ စုဝေးပွဲ

မြန်မာစစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို တရုတ် ဝင်ရောက်စွက်ဖက်မှု နက်ရှိုင်းလာ

ကမ္ဘောဒီးယားနှင့် မြန်မာရှိ ငွေလိမ်ဂိုဏ်းများနောက်ကွယ်မှ ကုမ္ပဏီများကို အမေရိကန် အရေးယူ

Your Thoughts …
Tags: Sliderကွန်ဆာဗေးတစ်ချာလီခါ့နိုင်ငံရေး မုန်းတီးမှုသဘောထားကွဲသေနတ်ဖြင့်အကြမ်းဖက်မှုအမေရိကန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
နီပေါလူထုဆန္ဒပြပွဲကို “ဆူပူမှု” လို့ အာဏာသိမ်းခေါင်းဆောင် သုံးနှုန်း (ရုပ်/သံ)

နီပေါလူထုဆန္ဒပြပွဲကို “ဆူပူမှု” လို့ အာဏာသိမ်းခေါင်းဆောင် သုံးနှုန်း (ရုပ်/သံ)

ဆရာကြီး အိန်စတိန်းသို့ အယူခံလွှာ

ဆရာကြီး အိန်စတိန်းသို့ အယူခံလွှာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved