တရုတ်-မြန်မာ-အိန္ဒိယ သုံးနိုင်ငံ ဆက်သွယ်မယ့် လီဒိုလမ်းမ စီမံကိန်းကို စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်မှာ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းက ကချင်ပြည်နယ် ကန်ပိုက်တီမြို့၊ မြစ်ကြီးနားမြို့ကနေ စစ်ကိုင်းတိုင်း၊ နဂ္ဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ကို ဖြတ်သန်းသွားတဲ့ လီဒိုလမ်းမကြီး အစိတ်အပိုင်း အတော်များများကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ထိန်းချုပ် ထားတာ ဖြစ်ပါတယ်။
လီဒိုလမ်းမကြီးဖြတ်သန်းသွားရာ ကချင်ပြည်နယ်အတွင်းက ကန်ပိုက်တီမြို့နဲ့ ဆဒုံးမြို့တို့ဟာ လက်ရှိမှာတော့ KIA ထိန်းချုပ်မှုအောက်မှာရှိနေတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့မှာတော့ အာဏာသိမ်းစစ်တပ်နဲ့ KIA တို့ကြားတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ မြစ်ကြီးနား-တနိုင်းလမ်းပိုင်းတလျောက်မှာလည်း KIA ရဲ့ စစ်ရေးလှုပ်ရှားမှုတွေရှိနေတာပါ။
နဂ္ဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာပါဝင်တဲ့ နန်းယွန်းမြို့နယ်နဲ့ ပန်ဆောင်မြို့တွေ ကတော့ အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတာဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ လီဒိုလမ်းမကြီးကို အလုံးစုံထိန်းချုပ် ထားနိုင်ခြင်း မရှိဘဲ စီမံကိန်း လက်မှတ်ရေးထိုးခဲ့တာလို့ ဆိုရမှာပါ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













