ကချင်ပြည်နယ်၊ ပန်ဝါဒေသမှာ မြေရှားသတ္တုတွင်းတွေ တိုးချဲ့တူးဖော်နေကြောင်း ဒေသခံတွေနဲ့ မြေရှားသတ္တုတွင်းမှာ လုပ်ကိုင်နေသူတချို့က ဧရာဝတီကို ပြောပါတယ်။
ပန်ဝါဒေသကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားတာဖြစ်ပြီး မြေရှားတွင်းသစ်တွေ တိုးချဲ့ တူးဖော်နေသလို တွင်းဟောင်းတွေလည်း ပုံမှန်အတိုင်း လည်ပတ်နေပြီလို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပန်ဝါဒေသကို KIA က ထိုးစစ်ဆင်တိုက်ခိုက်တဲ့ အချိန်မှာ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းမှုရှိခဲ့ပေမယ့် အချိန်တိုအတွင်းမှာ ပြန်လည်ပတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ KIA က ပန်ဝါဒေသမှာ မြေရှားသတ္ထု တူးဖော်ဖို့ လက်မှတ်အသစ်တွေ မပေးရသေးတာကြောင့် ကျင်းအသစ်တူးဖော်မှုက မရှိနိုင်ဘူးလို့ ပြောပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













