ကမ္ဘာ့နိုင်ငံကြီးတွေက စိတ်ဝင်စားနေကြတဲ့ မြေရှားသတ္တုဟာ မြန်မာနိုင်ငံမှာလည်း ထွက်ရှိပြီး အထူးသဖြင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အတွင်းမှာ အင်တိုက် အားတိုက် ထုတ်ယူနေကြပါတယ်။
လက်ရှိအခြေအနေမှာတော့ ကချင်ပြည်နယ်က မြေရှားလုပ်ကွက်တွေဟာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အောက်မှာရှိပြီး ရှမ်းပြည်နယ်အတွင်းက လုပ်ကွက်တွေကတော့ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အောက်မှာ ရှိနေတာဖြစ်ပါတယ်။
ထွက်ရှိနေတဲ့ မြေရှားသတ္တုအားလုံးနီးပါးကို လက်ဝါးကြီးအုပ်ထားသူကတော့ အိမ်နီးချင်းတရုတ်နိုင်ငံဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းက ထွက်ပေါ်လာတဲ့ သတင်းတွေအရ အမေရိကန်ဟာ မြန်မာနိုင်ငံက ထွက်တဲ့ မြေရှားသတ္တုတွေကို စိတ်ဝင်စားနေတယ်ဆိုပြီး ဖော်ပြလာကြပါတယ်။
မြန်မာ့မြေရှားသတ္တုကို အမေရိကန်က တကယ် စိတ်ဝင်စားနေသလား၊ မြန်မာက ထွက်တဲ့ မြေရှားက ဘယ်လောက် အရေးပါလဲ၊ နိုင်ငံကြီးတွေက မြေရှားကို ဘာကြောင့် လိုအပ်နေကြတာလဲ၊ မြေရှားထုတ်လုပ်မှုနောက်မှာ ဘယ်လို ထိခိုက်ဆုံးရှုံးမှုတွေ ရှိနိုင်လဲ ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး သယံဇာတ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ပညာရေး လုပ်ဆောင်နေသူ ဦးဇုန်းသိန်း ကို ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ ကတွေ့ဆုံမေးမြန်းထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













