ယာယီသမ္မတ ဦးမြင့်ဆွေ အမှန်တကယ် သေဆုံးခဲ့ပါပြီ။ စစ်တပ်က တင်မြှောက်၍ ဒုသမ္မတဖြစ်လာပြီး စစ်အာဏာသိမ်းမှုပြီးမြောက်ရန် ယာယီသမ္မတအဖြစ် သတ်မှတ်ခံခဲ့ရသူ ဦးမြင့်ဆွေ ကွယ်လွန်သွားခဲ့ပါပြီ။ ယာယီသမ္မတ (တာဝန်) စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယာယီသမ္မတ ဦးမြင့်ဆွေ၏ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပမည်ဟု ကြေညာသည်။
ထိုသတင်းကို စစ်ကော်မရှင်အလိုကျ တင်ဆက်သည့် မီဒီယာဖြစ်သည့် ပေါ်ပြူလာဂျာနယ် ဝက်ဘ်ဆိုက်တွင် တင်သည့်အခါ ဗိုလ်ချုပ်ဟောင်း ဦးကိုကိုနိုင်က ‘နိုင်ငံတော် ဈာပန’ ဟု မသုံးသင့်ကြောင်း မှတ်ချက်ဝင်ရေးလေသည်။ ဦးကိုကိုနိုင်သည် ဦးရွှေမန်း၏ တပည့်ဖြစ်ခြင်းကြောင့် တိုင်းမှူးရာထူးနှင့် နားသွားရပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့သည်။ စစ်တပ်အာဏာသိမ်းမှ ‘နိုင်ငံတော်ကြီးပါ ဈာပနဖြစ်သွားပြီ၊ သင်္ဂြိုဟ်လိုက်ရပြီ’ အဓိပ္ပာယ်သက်ရောက်သွားစေနိုင်၍ ဖြစ်မည်ထင်သည်။
နိုင်ငံတော်ကဈာပန ကျင်းပပေးပါမည်ဆိုသည့် ဦးမြင့်ဆွေကရော နိုင်ငံတော်အဆင့် ကြေကွဲဝမ်းနည်းမှုနှင့် ထိုက်တန်ပါရဲ့လားဟု စဉ်းစားကြည့်မိပါသည်။ လတ်တလောကာလ သူသေဆုံးသည့်သတင်းနှင့်ပတ်သက်၍ ပြည်သူများ၏ တုံ့ပြန်မှုအများစုတွင် ဝမ်းနည်းသည့်အရိပ်အယောင်ကို မတွေ့ရပေ။
ထိုသို့ နိုင်ငံတော်ကဈာပန ကျင်းပပေးပါမည်ဆိုသည့် ဦးမြင့်ဆွေကရော နိုင်ငံတော်အဆင့် ကြေကွဲဝမ်းနည်းမှုနှင့် ထိုက်တန်ပါရဲ့လားဟု စဉ်းစားကြည့်မိပါသည်။ လတ်တလောကာလ သူသေဆုံးသည့်သတင်းနှင့်ပတ်သက်၍ ပြည်သူများ၏ တုံ့ပြန်မှုအများစုတွင် ဝမ်းနည်းသည့်အရိပ်အယောင်ကို မတွေ့ရပေ။
မသေဆုံးမီ တရက်အလို ဩဂုတ်လ ၆ ရက်ကတည်းက သူသေဆုံးသွားပြီဟု သတင်းထွက်ခဲ့ပြီး ဆိုရှယ်မီဒီယာတွင် ထိုသတင်းကို အပြန်အလှန် မျှဝေသဖြင့် ပိုမိုပျံ့နှံ့ခဲ့သည်။ စစ်ကော်မရှင်ဘက်က မသေဆုံးသေးကြောင်း ထွက်ရှင်းရသည်အထိ ဖြစ်ခဲ့သည်။
ထိုသို့ ထွက်ရှင်းခဲ့သော်လည်း နောက်တရက်တွင် အမှန်တကယ် သေဆုံးခဲ့သည်။ ပြည်သူများက စစ်ဗိုလ်ချုပ်တို့၏ ထုံးစံအတိုင်း ပြည်သူကို တရက်ကြို၍ပင် အပြည့်အဝ ပျော်ခွင့်မပေးခဲ့ကြောင်း သရော်သည့်သဘော ရေးသားခဲ့ကြသည်။

ဦးမြင့်ဆွေကို ပြည်သူက ဘာလို့မုန်းကြသလဲ
ဦးမြင့်ဆွေသည် ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) စသည်ဖြင့် အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့စဉ် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားခဲ့သည်။
အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူးသည် ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် (ပုသိမ်) တို့ကို ကွပ်ကဲရသည်။ ထို့ကြောင့် ရွှေဝါရောင်အရေးအခင်းကို နှိမ်နင်းရာတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်အတူ အနီးကပ် ကွပ်ကဲခဲ့သဖြင့် ထိုအရေးအခင်းတွင် နစ်နာခဲ့ရမှုများအတွက် တာဝန်ရှိသူဖြစ်သည်။
ထို့ပြင် ဦးမြင့်ဆွေသည် ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သေးသည်။ ရွှေဝါရောင်အရေးအခင်းကို နှိမ်နင်းမှုနှင့်ပတ်သက်၍ “သူမှားရင် ကြိုးပေးလည်းခံမယ်” ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်စဉ် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်က မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး၌ သူကိုယ်တိုင် ပြောခဲ့သေးသည်။
ထိုကဲ့သို့ ပြောဆိုခဲ့သော်လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်ကာလအတွင်း စစ်အစိုးရခေတ်ကတည်း စတင်ခဲ့သည့် လူအုပ်ကို လူအုပ်အတွင်းက လူဖြင့် ပြန်ထိန်းသည့်စနစ်ဖြစ်သော စွမ်းအားရှင်နှင့် လက်ပတ်နီများ နောက်ကွယ်တွင် ဦးမြင့်ဆွေ ရှိခဲ့ကြောင်း စွပ်စွဲမှုများလည်းရှိခဲ့သည်။ စစ်ထောက်လှမ်းရေးအလွန် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်အဖြစ် ဆောင်ရွက်ခဲ့သဖြင့် ထိုစွပ်စွဲချက်များမှာ မငြင်းသာပေ။
ထိုမျှမက ဦးမြင့်ဆွေ ရန်ကုန်တိုင်းဝန်ကြီးချုပ်လက်ထက်က စာရင်းစစ်ချုပ်၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာတွင် မြေယာလက်သိပ်ထိုး ငှားရမ်းမှုများကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ နှစ်စဉ် သန်းပေါင်း ၅၇,၀၀၀ ခန့် နစ်နာခဲ့သည်အထိ အဂတိမှုမျိုး ကျုးလွန်ခဲ့ပြန်သေးသည်။
ထိုမျှမက ဦးမြင့်ဆွေ ရန်ကုန်တိုင်းဝန်ကြီးချုပ်လက်ထက်က စာရင်းစစ်ချုပ်၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာတွင် မြေယာလက်သိပ်ထိုး ငှားရမ်းမှုများကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ နှစ်စဉ် သန်းပေါင်း ၅၇,၀၀၀ ခန့် နစ်နာခဲ့သည်အထိ အဂတိမှုမျိုး ကျုးလွန်ခဲ့ပြန်သေးသည်။
အထက်လူကြီးအကြိုက် ပြည်သူကို ဖိအားပေးနှိပ်ကွပ်ခဲ့သလို တဖက်တွင်လည်း စစ်ဗိုလ်ချုပ်ကြီးများ၏ ထုံးစံအတိုင်း အကျင့်ပျက်ခြစားမှုကို အလွန်အကျွံ လုပ်ဆောင်ခဲ့သည်။
သို့သော် သူ့ဘဝအတွက် အဆိုးရွားဆုံးလုပ်ရပ်အမှားမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အလိုကျ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ကူညီပေးခဲ့ခြင်းဖြစ်သည်။ ဒုသမ္မတနေရာကနေ ယာယီသမ္မတအဖြစ် စစ်ခေါင်းဆောင်အလိုကျ အသတ်မှတ်ခံကာ စစ်ခေါင်းဆောင်လက်ထဲသို့ အာဏာရောက်အောင် ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးခေါ်ပြီး လွှဲအပ်ခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ရပ်သည် သူ့ဘဝသမိုင်းတလျှောက် အကြီးမားဆုံး အမှားတခုလည်း ဖြစ်ခဲ့ရသည်။
ဦးမြင့်ဆွေ တကယ်စစ်သားစိတ် ရှိခဲ့သလား
အထက်က ဖော်ပြထားသည့် မြေယာလက်သိပ်ထိုး ငှားရမ်းမှုနှင့်ပတ်သက်ပြီး Myanmar Now သတင်းဌာနက ဆက်သွယ်မေးမြန်းစဉ်တွင် ဦးမြင့်ဆွေက “လုပ်ရဲရင် ခံရဲရမှာပေါ့၊ ကျနော်တို့က စစ်သားပဲ” ဟု ပြန်၍ အဖြေပေးခဲ့သည်ကို တွေ့ရသည်။
ဦးမြင့်ဆွေတယောက် တကယ်ပင် လုပ်ရဲရင် ခံရဲခဲ့ပါသလား။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ခေါင်းစဉ်ကြောင့် ဦးမြင့်ဆွေနှင့်တကွ အခြားသော စစ်ဗိုလ်ချုပ်ကြီးများ သူတို့ ကျူးလွန်ခဲ့သော အဂတိမှုများ၊ အာဏာအလွန်အကျွံချိုးဖောက်မှုများ တရားရုံးထိ မရောက်လာနိုင်ခဲ့ပေ။ ယင်းအစား ဦးမြင့်ဆွေသာ ဒုသမ္မတဖြစ်လာခဲ့သည်။ (ထိုကျေးဇူးကို ဦးမြင့်ဆွေ သိတတ်ပုံ မပေါ်ခဲ့၊ စစ်အာဏာသိမ်းခြင်းအတွက်သာ မျက်နှာသာပေးခဲ့သည်။)
ဤနေရာတွင် ဦးမြင့်ဆွေကဲ့သို့ စစ်ဗိုလ်ချုပ်များအား စစ်တပ်က နိုင်ငံတော်ဈာပနအခမ်းအနားဖြင့် ဂုဏ်ပြုချီးမြှောက်နေချိန် ထိုစစ်ဗိုလ်ချုပ်များအတွက် လူမသိသူမသိ အသက်ပေးနေရသည့် အောက်ခြေ အရာရှိ အရာခံ စစ်သည်များ၏ ဘဝနှင့် နှိုင်းယှဉ်မြင်ယောင်မိသည်။
စစ်အာဏာသိမ်းမှုကာလတွင် တကယ့်အရှိတရားမှာ စစ်တပ်တွင်းမှ အရာရှိ၊ စစ်သည်များသာမက တပ်မိသားစုဝင်များပင် အသက်ဆုံးရှံးခဲ့ရသည်။ ထိုမျှမက ထိခိုက်ဒဏ်ရာရခြင်း၊ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်းများမှာလည်း မရေမတွက်နိုင်အောင်၊ တချို့ စားရင်းပျောက် အင်းပျောက်ပင် သေရရှာသည်။
စစ်စခန်းများသာမက တပ်ဌာနချုပ်များ၊ မြို့ရွာများအထိ နယ်မြေများစွာကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ သို့သော် ထိုသို့ စစ်တပ်ရှုံးနေသည့် နိုင်ငံရေးအခြေအနေကို ကုစားရန်အတွက် စစ်အာဏာသိမ်းမှုကို ရုပ်သိမ်းပြီး အခြား ပြုပြင်ပြောင်လဲမှုမျိုး ဦးမြင့်ဆွေအနေဖြင့် လုပ်ဆောင်မပေးခဲ့ပေ။
စစ်အာဏာသိမ်းသက်တမ်းကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် အလိုကျ ခြောက်လတခါ တိုးပေးနေခဲ့သည်။ စစ်ဗိုလ်ချုပ်များ စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရပင် နှစ်နှစ်ပြည့်လျှင် အာဏာ ပြန်အပ်ရမည်ဖြစ်သော်လည်း စစ်အာဏာသိမ်းကာလ ရပ်တန့်သွားအောင် ဦးမြင့်ဆွေ မစွမ်းဆောင်ခဲ့ပေ။
စစ်အာဏာသိမ်းသက်တမ်းကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် အလိုကျ ခြောက်လတခါ တိုးပေးနေခဲ့သည်။ စစ်ဗိုလ်ချုပ်များ စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရပင် နှစ်နှစ်ပြည့်လျှင် အာဏာ ပြန်အပ်ရမည်ဖြစ်သော်လည်း စစ်အာဏာသိမ်းကာလ ရပ်တန့်သွားအောင် ဦးမြင့်ဆွေ မစွမ်းဆောင်ခဲ့ပေ။

နိုင်ငံတော်ဈာပနနှင့် အောက်ခြေက ပျောက်ဆုံးစာရင်း
စစ်ကော်မရှင်အဖြစ် ဖွဲ့စည်းပြီးနောက်တွင် ပေါ်ပေါက်လာသည့် အစိုးရအဖွဲ့၏ အစောဆုံး အစည်းအဝေးများအနက် ဦးမြင့်ဆွေ၏ ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ဆောင်ရွက်ရန် ပြုလုပ်သည့် အစည်းအဝေး ပါဝင်သွားသည်။
ထိုသို့ ကြီးကျယ်ခမ်းနားသည့် ဈာပနအဖြစ် ကျင်းပရန် စစ်ကော်မရှင်က ပြင်ဆင်နေချိန်တွင် ပျောက်ဆုံးစာရင်း သွင်းခံရသည့်တပ်တွင်းမှ အရာရှိ၊ စစ်သည်များအကြောင်း အတွေးက ရောက်သွားသည်။
စစ်အာဏာသိမ်းကာလအတွင်း ကြားသိခဲ့ရသည့် တိုက်ပွဲသတင်းများနှင့် ဖြစ်စဉ်များလည်း ပြန်လည် မြင်ယောင်လာမိသည်။ တနိုင်ငံလုံး အုံကြွပြီး သူပုန်ထသည့်ခေတ်တွင် စစ်သားအများစုသည် တပ်ခြံစည်းရိုးက ထွက်သည်နှင့် စစ်မြေပြင်ကဲ့သို့ ဖြစ်ခဲ့ရပြီး နေရာအနှံ့က တိုက်ပွဲများတွင် စစ်အာဏာရှင်အလိုကျ အသက်ပေါင်းများစွာ စတေးခဲ့ကြရသည်။
အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေးနှင့် နောက်ပိုင်းကာလများတွင် ဖြစ်သည်။ သေဆုံးခဲ့သည့် အရာရှိ၊ စစ်သည် အလောင်းများအနက် တချို့က စောင်ကြားပတ်၍ မြေမြှုပ်ခံရသလို တချို့က ကားတာယာကွင်းပတ် မီးရှို့ခံရပြီး ဈာပနကိစ္စ အပြီးသတ်ခဲ့ကြရသည်။ အများစုက အလောင်းပြန်မရ၍ သင်္ဂြိုဟ်နိုင်ခြင်း မရှိခဲ့ပေ။
အလောင်းပြန်မရသဖြင့် သေဆုံးကြောင်း အတည်ပြုနိုင်သည့် အရာရှိ၊ စစ်သည်များက အလောင်းပြန်ရသည့် အရာရှိ၊ စစ်သည်များထက်ပင် အဖြစ်ဆိုးသည်။ အလောင်းပြန်မရသဖြင့် ကျဆုံး/သေဆုံးစာရင်း မသွင်းနိုင်ဘဲ ကျန်ရစ်သူ မိသားစုများမှာ လစာနှင့်စရိတ်လည်း ဆက်မရသလို ခံစားခွင့်လည်းမရကြပေ။
အထူးသဖြင့် အခြားအဆင့်စစ်သည်များ၏ ကျန်ရစ်သူမိသားစုများဘဝက ပို၍ ပင်မွန်းကျပ်ဖွယ်ဖြစ်သည်။ အပြင်တွင်လည်း နေစရာအိမ် မရှိသဖြင့် ယောက်ျားဖြစ်သူတို့၏ လစာမရတော့သည့်တိုင် စစ်တပ်တွင်းရှိ လိုင်းခန်းများတွင် ခိုကပ်၍ နေနေကြရသည်။ ထိုသို့သော အခြေအနေတွင် အဆင့်ဆင့်သော တပ်တွင်းခေါင်းဆောင်များ၊ အရာရှိကတော်များ၏ ဖိနှိပ်ဆက်ဆံမှုကိုလည်းခံရသည်။
အခြားအဆင့် စစ်သည်၏ဇနီး (ရဲမေ) တယောက်ပြောပြသည်ကို ကြားမိတော့ မျက်ရည်ဝဲမိသေးသည်။ လင်ပျောက် ရဲမေများပါ တန်းစီရမည်ဆိုပြီး တပ်ရင်းအရာခံဗိုလ်က တန်းစီခိုင်း၍ တန်းစီခဲ့ရကြောင်း၊ တပ်ရင်းမှူးကတော်က တပ်တွင်းမှီခိုသူ ကျောင်းသားကျောင်းသူများအတွက် ကျောင်းဝတ်စုံ ဝေပေးသည့်အခါ သူတို့လို အိမ်ထောင်ဦးစီးစစ်သည် ပျောက်ဆုံးသူများ၏ သားသမီးများအတွက် မပါတော့ကြောင်း ပြော၍ဖြစ်သည်။ တပ်တွင်းလိုင်းခန်း ပြန်ရာက်သောအခါ သူများနှင့်တန်းတူ ကျောင်းဝတ်စုံမရ၍ ဖြေစရာမှာ ငိုရုံမှတပါး အဖြေမရှိခဲ့ဟု ပြောပြသည်။
ထိုသို့ အလောင်းပြန်မရခြင်း၊ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးကြောင်း အတည်မပြုနိုင်သေးသည့် ပျောက်ဆုံးစစ်သည်များ၏ ကလေးအများစုမှာ ကျောင်းပြန် မတက်နိုင်တော့ပေ။ တပ်အပြင်ထွက်၍ ရရာအလုပ်ကိုလုပ်ကာ ဝင်ငွေရှာနေရသည်။ အချို့မှာ KTV, အချိုးမှာ လိင်ဖျော်ဖြေရေးလို နေရာများကို ရောက်ရှိသွားတတ်ကြသည်။
ထိုသို့ အလောင်းပြန်မရခြင်း၊ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးကြောင်း အတည်မပြုနိုင်သေးသည့် ပျောက်ဆုံးစစ်သည်များ၏ ကလေးအများစုမှာ ကျောင်းပြန် မတက်နိုင်တော့ပေ။ တပ်အပြင်ထွက်၍ ရရာအလုပ်ကိုလုပ်ကာ ဝင်ငွေရှာနေရသည်။ အချို့မှာ KTV, အချိုးမှာ လိင်ဖျော်ဖြေရေးလို နေရာများကို ရောက်ရှိသွားတတ်ကြသည်။
ထိုကဲ့သို့အခြေအနေတွင် စစ်အာဏာသိမ်းမှုကြောင့် အသက်နှင့်ဘဝများကို စတေးခံခဲ့ရသည့် အရာရှိ၊ စစ်သည်များ၊ ပျောက်ဆုံးစာရင်း သွင်းခံထားရသည့် အမေ့လျော့ခံ အရာရှိ၊ စစ်သည်များ၏ မျက်နှာကိုပင်မထောက် နိုင်ငံတော်ဈာပန ဆောင်ရွက်ရန် စစ်ခေါင်းဆောင်များ ကြိုးစားနေကြလေသည်။ ကျနော့်အနေဖြင့် စစ်ခေါင်းဆောင်များကိုယ်စား အညတရ အရာရှိ၊ စစ်သည်များကို အားနာနေမိပါတော့သည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
ပြည်သူ့တရားစီရင်မှု မခံရမီ ကွယ်လွန်သွားတဲ့ သမိုင်းတရားခံ (ရုပ်/သံ)
အာဏာသိမ်းစစ်တပ်၏ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်
ရွှေဝါရောင် တော်လှန်ရေး နှိမ်နင်းမှု ကြိုးပေးလျှင် ခံနိုင်ဟု ဦးမြင့်ဆွေပြော
စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ
စစ်ကောင်စီ ၆ လ သက်တမ်းတိုး ဦးမြင့်ဆွေ ဖတ်မပြနိုင်တော့ပြီ














