အာဏာသိမ်း စစ်အုပ်စုမှာ ယာယီသမ္မတအဖြစ်ပါဝင်ခဲ့တဲ့ ဦးမြင့်ဆွေဟာ ဒီကနေ့ ဩဂုတ်လ ၇ ရက် မနက် ၈ နာရီ ၂၈ မိနစ်အချိန်က ရန်ကုန် အမှတ်(၂) ကုတင် ၁၀၀၀ စစ်ဆေးရုံမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
ဦးမြင့်ဆွေရဲ့ နာရေးကို နိုင်ငံတော်ဈာပနအနေနဲ့ ကျင်းပသွားမယ်လို့လည်း ထုတ်ပြန်ထား ပါတယ်။
၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကစတင်ပြီး အာရုံကြောနှေးကွေးတုန့်ဆိုင်းတဲ့ ရောဂါကို ခံစားနေရတယ်လို့ဆိုတဲ့ ဦးမြင့်ဆွေဟာ ကွယ်လွန်ချိန်မှာ အသက် ၇၄ နှစ် ရှိပြီဖြစ်ပါတယ်။
သူဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ စစ်အာဏာရှင်တွေရဲ့ သမိုင်းဝင် ရက်စက်ကြမ်းကြုတ်မှုတွေ ထဲက တခုဖြစ်တဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးလို့ လူသိများခဲ့တဲ့ သံဃာ့အရေးအခင်း အကြမ်းဖက်ဖြိုခွင်းမှုကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။
သူ ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ယူထားချိန် ၂၀၁၅ ခုနှစ်မှာလည်း ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြကြတဲ့ကျောင်းသားတွေကို စွမ်းအားရှင်လို့ အမည်တပ်ထားတဲ့ လက်ပတ်နီဝတ်တွေ အသုံးပြု ကာ အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းခဲ့ပါသေးတယ်။
#မြန်မာ #ဧရာဝတီ #ဦးမြင့်ဆွေ #ရန်ကုန်တိုင်းဝန်ကြီးချုပ် #စစ်တိုင်းမှူး #ရွှေဝါရောင်တော်လှန်ရေး #ကျောင်းသား #စွမ်းအားရှင် #လက်ပတ်နီ #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













