အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရှိခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မဲစာရင်း မှားယွင်းမှု၊ မဲမသမာမှုတွေ ရှိနေတယ်ဆိုပြီး အကြောင်းပြ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ သူဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲ မဲစာရင်းမှာ အမှားအယွင်းများစွာရှိနေတယ်လို့ နိုင်ငံရေးပါတီနဲ့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုဝင်ဘာ၃၀ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ပထမအကြိမ် မဲစာရင်းမှာ သေဆုံးသူနာမည်တွေပါနေတာ၊ လူနာမည်တွေ ထပ်နေတာ ၊ လမ်းနာမည် တွေ ထပ်နေတာနဲ့ မဲစာရင်းကွာဟမှုတွေရှိနေတာလို့ဆိုကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှု ၁၁ သန်းကျော်ရှိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ကြေညာထားတာပါ။
အရင်အရပ်သားအစိုးရလက်ထက်ကျင်းပတဲ့ ရွေးကောက်ပွဲမှာတော့ မဲစာရင်းကို ပြည်သူတွေကစိတ်ဝင်တစားလာရောက်ကြည့်ရှုပြီး မဲစာရင်း မှားယွင်းမှုတွေရှိခဲ့ရင်လည်း ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ဖြည့်စွက်မှုတွေ ရှိခဲ့တယ်လို့ ရွေးကောက်ပွဲ အရေးလေ့လာ စောင့်ကြည့်သူတွေက ပြောပြပါတယ်။
လက်ရှိမှာတော့ ပြည်သူလူထုဟာ မဲစာရင်းကို သွားရောက်ကြည့်ရှုခြင်းမရှိသလို အမှားမှားအယွင်းယွင်းဖြစ်နေတဲ့ ရွေးကောက်ပွဲမဲစာရင်းတွေကို ပြည်လည်ပြင်ဆင်ဖို့ကိုလည်းစိတ်ဝင်စားမှု နည်းပါးနေကြတာ ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













