• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

အပြောထက် လက်တွေ့လုပ်ရအောင်

by ဧရာဝတီ
8 October 2025
in အင်တာဗျူး
A A
အပြောထက် လက်တွေ့လုပ်ရအောင်

ရခိုင်ပြည်ကို ပြန်တဲ့ခရီးစဉ်ဟာ အလွန်အင်မတန်မှ တန်ဖိုးရှိတဲ့ ကျနော်တို့ သမိုင်းရဲ့ ခြေလှမ်းတရပ် လို့ အာရက္ခတပ်တော် ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ် (ဧရာဝတီ)

2.2k
VIEWS
Share on FacebookShare on Twitter

မကြာခင်ကမှ ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောဒေသကို သွားခဲ့တဲ့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို တွေ့ဆုံပြီး ပြည်နယ်ရဲ့ အခြေအနေ၊ ရက္ခိုင်တပ်တော် (AA)ရဲ့ နိုင်ငံရေး စစ်ရေးအနေအထား၊ ရခိုင်လူထုကြုံတွေ့နေရတဲ့ စိန်ခေါ် မှုတွေ ရိုဟင်ဂျာမွတ်စလင်တို့ရဲ့ နောက်ဆုံး အခြေအနေတွေ အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး တော်လှန်ရေး အခြေအနေ နဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတွေကို အယ်ဒီတာချုပ် ဦးအောင်ဇော်က ဆွေးနွေး မေးမြန်းထားပါတယ်။

မေး ။ ။ ရခိုင်ခေါင်းဆောင် AA ခေါင်းဆောင် တယောက်အနေနဲ့ ရခိုင်ပြည်နယ်ကို ပထမဆုံး ပြန်တဲ့အခါမှာ ဘယ်လို ခံစားရလဲ ဘာတွေမြင်ခဲ့ရလဲ ဒေသခံလူထုရဲ့ တုန့်ပြန်မှုက ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ ရခိုင်ကိုယ့်ရဲ့ ဇာတိမြေကို ခြေချတဲ့အချိန်မှာ တကယ့်မိုးတွင်းပေါ့၊ ၆ လပိုင်း ၆ ရက်။ တကယ့်အမှတ်တရလည်း ဖြစ်တာပေါ့။ ဇာတိမြေကို ခြေချတဲ့အချိန်မှာ ကိုယ့်ရဲ့ ပင်လယ်ပြင်က ဖြတ်လာတဲ့ လေပြေလေညင်းလေးတွေ အဲဒီ အရသာလေးတွေက အစတကယ် ကျနော်တို့အတွက်ဆိုရင် တကယ်ထူးခြားပါတယ်။

ရခိုင်ပြည်သူတွေရဲ့ အခက်ခဲဆုံးကာလ အရမ်းပြင်းထန်တဲ့ တိုက်ပွဲတွေကို ဆင်နွှဲနေရတယ်။ ပြည်သူတွေရဲ့ အခက်အခဲ တွေနဲ့အတူ တမိုးတမြေတည်း ရပ်တည်ပြီး အခက်ခဲဆုံးအခြေအနေတွေကို ရုန်းကန်တယ်၊ အတူတကွ တိုက်ပွဲဝင် တယ် ဆိုတဲ့ ခံစားချက်နဲ့၊ ပြည်သူ့အတွက်လည်းအားရှိ ရဲဘော်တွေအတွက်လည်း အလွန်အင်မတန်မှ တန်ဖိုးရှိတဲ့ ကျနော်တို့ သမိုင်းရဲ့ ခြေလှမ်းတရပ် ဖြစ်ပါတယ်။

မေး။ ။ ရခိုင်ပြည်ကို ပြန်သွားတယ် လူထုနဲ့တွေ့တယ်၊ ရှေးဟောင်းဗလီတလုံးကို ပြန်ဖွင့်ပေးခဲ့တယ်၊ တချိန်တည်းမှာပဲ လာမယ့်လဆိုရင် ဘင်္ဂလားဒေ့ရှ်ထဲကို ရောက်နေတဲ့ မွတ်စလင်ရိုဟင်ဂျာတွေအတွက် အကူအညီတွေ ရပ်တော့မယ် ဆိုတဲ့ သတင်းတွေထွက်လာတယ်၊ သူတို့တွေ ပြန်လာဖို့ Peaceful Repatriation လို့ ခေါ်တဲ့ Dignified Repatriation ပေါ့ နိုင်ငံတကာတောင်းဆိုနေတဲ့ အခြေအနေလည်းရှိတယ် ဒါတွေနဲ့ ပတ်သက်လို့ ဘာတွေစီစဉ်ဆောင်ရွက်ထားတာ ရှိလဲ။

ဖြေ။ ။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဒီဒုက္ခသည်တွေကို ပြန်ရေးက ပထမဦးစားပေးပဲ။ သို့သော် ကျနော်တို့ မြန်မာနိုင်ငံထဲမှာ ပြည်တွင်းစစ်တွေ ဖြစ်နေတယ်။ ပြည်တွင်းစစ်နဲ့ တွဲပါလာတဲ့ ငတ်မွတ်ခေါင်းပါးမှုနဲ့ တခြားပြဿနာတွေ အများကြီး ရှိနေတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုတာက ကျနော်တို့အတွက် ပထမဦးစားပေး။

ဒီဒုက္ခသည်စခန်းမှာတွေလည်း ကမာ္ဘပြဿနာတွေနဲ့ ဆက်စပ်ပြီး အရင်လို အလှူငွေတွေ မရတော့ဘူးဆိုတော့ ဒုက္ခသည်တွေကို လက်ခံထားတဲ့ အိမ်ရှင်နိုင်ငံကလည်း သူ့အထုပ်ကြီးကို ဒီဘက် ပြန်ပို့ဖို့ အရမ်းလောနေတယ်။ ဒါပေမယ့် ဒီကိစ္စက တကမာ္ဘလုံးက လူသားချင်းစာနာမှုဆိုင်ရာကို အခြေပြုပြီးမှ ကူညီထောက်ပံ့နေတယ်၊ ဘာပဲ လုပ်လုပ် လူ့အခွင့်အရေး၊ လူသားချင်း စာနာမှု ဆိုတဲ့ဟာတွေကို အခြေခံပြီး စဉ်းစားတာ ဖြစ်တယ်။

ဒီမှာက စစ်ပွဲတွေဖြစ်နေတယ် လုံခြုံရေး ဘာမှမရှိဘူး။ အသက်မွေးဝမ်းကျောင်းအရ နိုင်ငံရေးအရ ဖြေရှင်းဖို့ အလား အလာ အခြေခံကောင်းတွေလည်း ရှိမနေဘူး။ ဒီလိုအချိန်မှာ ဒီလူတွေကို ရန်ပုံငွေမရှိတော့လို့ စစ်ဖြစ်နေတဲ့ဒေသကို အတင်းအဓမ္မတွန်းပို့ဖို့ဆိုတာ လူသားချင်းစာနာမှု အခြေခံမူမှာ ရပ်တည်ပြီးမှ စဉ်းစားတာလား။ ဘာကိုရပ်တည်ပြီးမှ စဉ်းစားတာလဲ ဆိုတာမေးခွန်း ထုတ်စရာတွေ အများကြီး ရှိနေပါတယ်။

ဒီဟာနဲ့တပြိုင်တည်းမှာပဲ စစ်သွေးကြွတွေ လှုပ်ရှားမှု အရင်ထက်ပိုပြီး ပြင်းထန်လာတဲ့ကိစ္စတွေပေါ့။ ဒါကိုလည်းပဲ ဒီနယ်စပ်မှာ ရှိနေတဲ့ လုံခြုံရေး Institution တချို့ တချို့က မြှောက်ပေးလှုံ့ဆော်ကူညီ အသုံးချနေတာတွေလည်း ရှိတယ်။

ကျနော်တို့မှာက ရန်သူဆိုတာထက် စိန်ခေါ်မှုကပိုများတယ်။ ကျနော်တို့ရဲ့ Strategyတွေကို အကောင်အထည်ဖော် ရာမှာ သိုသိုသိပ်သိပ် စနစ်တကျ လုပ်ရတယ်၊ ကျနော်တို့မှာ အရင်းအမြစ်တွေက အကန့်အသတ်အများကြီးရှိတယ်။ ဒီပစ္စည်းပစ္စယ အထောက်အပံ့ လူ စသဖြင့်ပေါ့။ ဒါတွေကို သိုသိုသိပ်သိပ်နဲ့ ဖြည်းဖြည်းချင်း အရမ်းကို အပင်ပန်းခံပြီးမှ ပြောသင့်တာ ပြောနိုင်သလောက် ပြောပြီးမှ လုပ်နိုင်တာ အကုန်လုံးကို ကျနော်တို့က မရပ်မနားလုပ်ရတဲ့ အခြေအနေ မျိုး ဖြစ်ပါတယ်။

နယ်စပ်မှာ ဖြစ်နေတဲ့ ကိစ္စတွေကို ကိုင်တွယ်တဲ့အခါ အထူးသတိထားရတာပေါ့။ အရင်တုန်းကဆိုရင် ကျနော်တို့ ဌာနချုပ်က အဝေးမှာ အဝေးကနေပြီးမှ နည်းပညာအကူအညီနဲ့ စီမံခန့်ခွဲတယ် ဟာကွက်တချို့ရှိတယ်။

ဥပမာ အောက်ခြေမှာ ရဲဘော်တွေရဲ့ စည်းကမ်းသေဝပ်မှု၊ တပ်မှူးအဆင့်ဆင့်တွေရဲ့ ညွှန်ကြားချက်အတိုင်းတော့ လုပ် တော့ လုပ်ကြပေမယ့် ဟာကွက်တွေ ရှိတယ်။ ဒါတွေကို ကိုယ်ကအနီးကပ်ဆိုတော့ ပိုပြီး ဦးဆောင်မှုပေးလို့ရတာပေါ့။

ဥပမာ ပလက်ဝဒေသမှာ ဖြစ်နေတဲ့ နားလည်မှုလွဲတာတွေ ဘူးသီးတောင် မောင်တောဒေသမှာ ဖြစ်နေတဲ့ နားလည်မှု လွဲမှားနေတဲ့ကိစ္စတွေကို အနီးကပ်ဦးဆောင်မှု ကွပ်ကဲမှုပေးနိုင်တဲ့ အနေအထား ဖြစ်သွားတာပေါ့။

ဩဂုတ်လ ၃၀ ရက်က လုပ်ခဲ့တဲ့ မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေ၊ သူတို့ရဲ့ အရပ်ဘက်လူကြီးတွေနဲ့ ကျနော် တို့နဲ့ အစည်းအဝေးကျတော့ ဒါ နိုင်ငံသားနဲ့ အခွင့်အရေး၊ အခွင့်အရေးနဲ့ တာဝန်၊ ပြီးတော့ ဒီပြဿနာတွေ ဖြစ်နေတဲ့ တကယ့်အဆုံးအဖြတ်ကာလတွေမှာ သမိုင်းရဲ့ မှန်ကန်တဲ့ဘက်မှာ ရပ်တည်ဖို့ဆိုတာ အရမ်းအရေးကြီးတယ်ဆိုတဲ့ ကိစ္စ တွေကို အလေးအနက် အကြေအလည် ဆွေးနွေးကြတာပေါ့။

လွတ်မြောက်ရေးတိုက်ပွဲ ဆင်နွှဲနေချိန်မှာ ဒီ စကစတွေရဲ့ အသုံးချခံလုပ်ပြီး သမိုင်းရဲ့ ဆန့်ကျင်ဘက်မှာ မရပ်တည်ဖို့၊ အဲဒီရပ်တည်ချက်တွေက ဘယ်လိုရှိတယ်၊ အခွင့်အရေးဆိုတာ တောင်းဆိုတာထက် တာဝန်သိသိနဲ့ လုပ်စရာရှိတာကို လုပ်ပြီဆိုရင် တကူးတက တောင်းဆိုစရာတောင်မလိုဘဲနဲ့ အလိုလိုလက်ထဲကို ရောက်လာဖို့လိုတဲ့ကိစ္စတွေကို ကျနော် တို့ ထောက်ပြဆွေးနွေး ကြပါတယ်။

သူတို့ဘက်ကလည်း ဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောတယ်၊ ကျနော်တို့ဘက်က အထူးတလည် ထောက်ပြခဲ့ တာက ဒီ နှစ်ပေါင်း ၇၀ ကျော်လောက် ကာလထဲမှာ မွတ်စလင်နဲ့ ရခိုင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ အကြိမ် များစွာ ဖြစ်ခဲ့တဲ့အတွက် သံသယတွေ ခံစားချက်တွေ နာကျည်းမှုတွေ ရှိခဲ့တယ်။ သို့သော် အာရက္ခတပ်တော်ရဲ့ ဦးဆောင်မှုအောက် ဒီဒေသတွေ ရောက်လာကတည်းက တခါမှ ကျနော်တို့ လူမျိုးရေး ဘာသာရေး ပဋိပက္ခ ဆိုတာ မရှိတော့ဘူး ဆိုတဲ့ အရှိတရားကို ထောက်ပြတာပေါ့။

နယ်စပ်မှာ စစ်သွေးကြွတွေကြောင့် လုံခြုံရေး အစီအမံတွေ တင်းကျပ်ပေမယ့် ရခိုင်ပြည်အလယ်ပိုင်းမှာ မွတ်စလင် တွေနဲ့ ရခိုင်တွေ အတူတကွနေထိုင် ရောင်းဝယ်ဖောက်ကား ဆက်ဆံရေးတွေ တိုးတက်မှု ပကတိအခြေအနေတွေကို ထောက်ပြရင်း ဒါတွေဟာ ဘာကြောင့်လဲ ဒီဟာတွေကို ကျနော်တို့ဆက်ပြီး ပိုကောင်းအောင် ကြိုးစားကြမယ် ဆိုတဲ့ သဘောတူညီမှုတွေ၊ သူတို့ရဲ့ သာသနာရေးကောင်စီကနေပြီးမှ ဘာသာရေး ဝတ်ပြုမှုနဲ့ ပတ်သက်ပြီး ပြောဆိုကြတဲ့ အချိန်မှာ ဒီဗလီကြီးကိစ္စက ပေါ်လာပါတယ်။

လူမျိုးစုတစု အခွင့်အရေးဆိုတာထက် နိုင်ငံသားတဦးချင်းစီ ရပိုင်ခွင့်နဲ့ တာဝန်တွေကို ထောက်ပြရင်း ဒါဟာနိုင်ငံသား တွေ ရသင့်တဲ့အခွင့်အရေးပဲ။ ဖွင့်ကိုဖွင့်ရမယ်။ ဒီဗလီကို ဖွင့်ပြီဆိုခဲ့ရင် ဗလီဂေါပကအဖွဲ့နဲ့ အစ္စလာမ်သာသနာရေး ကောင်စီက ဘာသာရေး အစွန်းရောက်မှုတွေနဲ့ တခြား ရည်ရွယ်ချက်တွေအတွက် အသုံးချခံမဖြစ်အောင် သေချာ ထိန်းကျောင်းပေးဖို့ လိုတယ်ဆိုတာ ကျနော်တို့ မှာခဲ့ပါတယ်။ ကျန်တာတော့ စည်းစည်းလုံးလုံးနဲ့ သဘောတူညီမှုတွေ ကို ကျနော်တို့ ချနိုင်ခဲ့တယ်။

ပြီးခဲ့သည့် ဇွန်လက ရခိုင်ပြည်ခရီးစဉ်အတွင်း ဒေသခံလူထုနှင့် တွေ့ဆုံနေသည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်

မေး ။ ။ Militancy တွေ ပိုပြီးတော့ များလာအောင် အဖက်ဖက်ကနေ ဖန်တီးနေတဲ့သူတွေရှိတယ်ဆိုတော့ လက်သည် တရားခံတွေကရော ဘယ်သူတွေလဲဆိုတာ သိထား သုံးသပ်ထားတာ ရှိသလား။

ဖြေ။ ။ လက်သည်တရားခံတွေကတော့ လက်ကတခုတည်း မဟုတ်ပါဘူး။ လက်တွေကအများကြီး။ ဒီကိုယ်ဝန်ကို လက်နဲ့မွေးခဲ့တာကတော့ စစ်ကော်မရှင် အဲ့ဒီအချိန်က စစ်ကောင်စီပေါ့၊ ကျနော်တို့က ဘူးသီးတောင် မောင်တော ဒေသကို အပြီးပိုင်သိမ်းတော့မယ် ဆိုတဲ့ ကာလပေါ့။

အဲ့ဒီအချိန်မှာ သူက နဂိုကတည်းက စထားပြီးသားဟာကို လူစုသင်တန်းပေးတာတို့ အယူဝါဒမှိုင်းတိုက်တာတို့ ပိုလုပ် လာတယ်၊ ဒီဒေသက ရခိုင်တွေနဲ့ မဆိုင်ဘူးဆိုတာတွေကအစ ရွာသားတွေကို ပြောတယ်၊ မင်းတို့ဟာ မင်းတို့တိုက် ပြီးရင် မင်းတို့ကို အခွင့်အရေးတွေ ပေးမယ် နိုင်ငံသားပေးမယ်ဆိုတာတွေနဲ့ ပိုပြီးမှ မီးမွှေးကြပေမယ့် သူတို့ မတားနိုင်ခဲ့ ပါဘူး။

ဒီလူတွေကလည်း စစ်ကောင်စီကို အရမ်းယုံလို့လည်း မဟုတ်ဘူး။ အခွင့်အရေးပေါ်နေပြီ၊ ဒီအခွင့်အရေးကို ယူမယ်ဆို ပြီးမှ ယူခဲ့တာ။

စစ်ကောင်စီ ထွက်ပြေးချိန်မှာ ဘင်္ဂလားလုံခြုံရေး Institution တွေမှာ တာဝန်ထမ်းနေတဲ့ အရာရှိတချို့က ဒီ Militancy ကို အားပေးတဲ့ နဂိုအခံကရှိပြီးသား။ ဒီအဖွဲ့တွေကို စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်တာ ကျယ်ကျယ် ပြန့် ပြန့် မလုပ်ခင်ကတည်းက ဟိုဘက်ကမ်းမှာ RSO (Rohingya Solidarity Organization) ကို သူတို့ ကောက်မွေး ထားပြီးသား။

သူတို့က ပထမဆုံး RSO ကို မွေးတယ် အသုံးမတည့်တော့ အာဆာ ARSA (Arakan Rohingya Salvation Army) ဆိုတာဖြစ်လာတယ်။ အာဆာကို မွေးတဲ့အချိန် အင်အားကြီးလာတော့ ဒီမူးယစ်ရာဇဝတ်ဂိုဏ်းတွေ ကျယ်ပြန့်လာတဲ့ အချိန်မှာ သူမွှေးတဲ့မီး သူဖော်တဲ့ဆေးကို သူ မစားနိုင်တော့ဘူး။ အဲဒီတော့ အာဆာကို အရေးယူဖို့ အနေအထား ဖြစ် လာတယ်၊ အာဆာခေါင်းဆောင်ပိုင်းကို အရေးယူလိုက်ပြီးမှ သူက RSO ကို ပြန်ပြီး စင်ပေါ် တင်တယ်။

စင်ပေါ်ကိုတင်ပြီးမှ သူက ကျနော်တို့ကို ဖိအားပေးတယ်။ မင်းတို့ ဒီအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ပါ။ ဒီအဖွဲ့တွေက မင်းတို့ရဲ့ ဘုံရန်သူကို တိုက်မှာပဲဆိုပြီး ကျနော်တို့ကို ပုံစံမျိုးစုံနဲ့ ဖိအားပေးတာပေါ့။ RSO တို့ တခြား ဒီအဖွဲ့အစည်း တွေနဲ့ ပေါင်းပြီးမှ တိုက်ခိုင်းတာပေါ့။

ကျနော်တို့ အဲ့ဒီအဆိုပြုချက်ကို လက်မခံခဲ့တဲ့အတွက် သူ့မှာအငြိုးအတေးရှိခဲ့တယ်။ ကျနော်တို့ ဒီဒေသတခုလုံးကို ထိန်းချုပ်လိုက်တဲ့ အချိန်မှာ သူက ဒါကို အရမ်းမနာလို ဖြစ်တာပေါ့။ သူ အရမ်းခံစားရတယ်။ ဒီစစ်သွေးကြွတွေကို မွေးတဲ့လူတွေက ဒီကိစ္စမှာ သူတို့ အချင်းချင်း မိတ်ဆွေတွေတော့ မဟုတ်ပေမယ့် ဒီအခြေအနေမှာ သူတို့အချင်းချင်း ဘုံအကျိုးတွေ ဖြစ်ထွန်းနေကြတယ်။

စစ်ကော်မရှင်က ကျနော်တို့ကို နောက်ကျောက ဝင်တိုက်တယ်ဆိုရင် ကျနော်တို့ရဲ့ စစ်ဦးက တဖက်ကိုလှည့်နေမယ်။ ဟိုဘက်ခြမ်းက စစ်သွေးကြွတွေကို အားပေးတဲ့ ဘင်္ဂလားစစ်အရာရှိတွေက မင်းတို့လည်းတိုက်၊ မင်းတို့ တောင်ပြိုကို တိုက်လို့မရရင် တောင်ပြိုရဲ့ မြောက်ဘက်မှာ ရှိတဲ့နေရာတွေကို မရ ရအောင်တိုက်ပါ။ မရှိရင် ရှိတဲ့ဟာနဲ့ ဝင်တိုက်ပါ ဆိုပြီး ပြောလာတဲ့အတွက် မနေ့ညကစပြီး ကျနော်တို့စခန်းကို ဝိုင်းတိုက်နေတဲ့ တိုက်ပွဲ အခုထိ ဖြစ်နေတုန်းပဲ။

မေး ။ ။ အခုတလော AA နဲ့ ပတ်သက်ပြီး စွပ်စွဲမှု အတော်ထွက်လာတာတွေ့ရတယ်။ မကြာခင်ကပဲ ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ နိုင်ငံတကာကွန်ဖရင့် တခုလုပ်သွားတယ်၊ အချိန်ကိုက်ပဲ AA တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု သတ်ဖြတ်မှုကိစ္စတွေ ထွက်လာတာတွေ့ရတယ်၊ ထန်းရှောက်ခံဖြစ်စဉ်ပေါ့ ဒီစွပ်စွဲချက်တွေကို ဘာပြော ချင်လဲ။

ဖြေ ။ ။ ဒီ နိုင်ငံတကာညီလာခံတွေက ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရခေါင်းဆောင် ဒေါက်တာယူနွတ်ရဲ့ Proposition ဖြစ်တယ်။ သူက Activist နောက်ခံကနေပြီး နိုင်ငံရေးစင်ပေါ် ရောက်လာတာဆိုတော့ သူ့ရဲ့ Policy တွေကို Activist ဆန်ဆန် တင်ဆက်တာတွေကို သတိထားမိတယ်။ နောက်လာမယ့် အိဒ်နေ့မတိုင်ခင် မင်းတို့ ဇာတိမြေကို ပြန်ရမယ် ဆိုတာမျိုးပေါ့။

လက်ရှိ ရခိုင်ဒေသအခြေအနေနဲ့ ဖြစ်နိုင် မဖြစ်နိုင် ဆိုတာထက် သူ့ရဲ့ Proposition ကိုပဲ သူကစဉ်းစားပြီး တင်လာ တယ်။ နိုင်ငံတကာညီလာခံကို လုပ်တယ်ဆိုတာကလည်း ဒီဒုက္ခသည်တွေအတွက် အလှူငွေ ရန်ပုံငွေတွေ ကျလာ တယ်။ အဲ့ဒီအချိန်မှာ ဒီ Issue ကို တင်ဖို့လိုတယ်။ ဒီ Issue ကို တင်ပြီးမှ သူက နိုင်ငံတကာဒိုနာတွေဆီကနေ ရန်ပုံ ငွေရမယ်။ ပြန်ပြီးမှ သူတို့ရဲ့ Strategy ကို အကောင်အထည်ဖော်ဖို့ပေါ့။ Repatriation ဆိုတာ ကတော့ ပုံစံအမျိုးမျိုးနဲ့ ပြောကြပါတယ်။

RelatedPosts

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
4.6k
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
130
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.5k

တကယ့်ကို ငြိမ်းချမ်းစွာနဲ့ ပြန်လာပြီးမှ မြန်မာနိုင်ငံအပေါ်ကို သစ္စာရှိတဲ့ ဥပဒေကို လိုက်နာတဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ သာမန်ပြည်သူတွေ ရှိသလို စစ်သွေးကြွတွေက အကြံအစည် အမျိုးမျိုးနဲ့ နိုင်ငံတကာရဲ့ ကြားဝင်မှုနဲ့ R2P ပေါ့။ သူတို့ရဲ့ သီးခြားအစီအစဉ်တွေကို အကောင်အထည် ဖော်ဖို့က အဓိကဖြစ်တယ်။ ဒီနေရာမှာ ဥရောပနိုင်ငံတွေမှာ အခြေပြုထား တဲ့ Diaspora community လို့ခေါ်တဲ့ ပုဂ္ဂိုလ်တွေပေါ့။

ဘူးသီးတောင် မောင်တောဒေသသို့ သွားရောက်ကာ ဒေသခံ မွတ်စလင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်

မေး။ ။ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ပြောတာက အဲ့ဒီ ဥရောပမှာ အခြေပြု Diaspora ဆိုတာက ရိုဟင်ဂျာ မွတ်စလင် ကမ်ပိန်း အုပ်စုတွေကို ပြောတာလား။

ဖြေ။ ။ အဲ့ဒီ ပုဂ္ဂိုလ်တွေကို ရည်ညွှန်း ပြောကြားခြင်း ဖြစ်ပါတယ်။ အဲ့ဒီပုဂ္ဂိုလ်တွေက တကယ်က Activist လိုမျိုး လူ့ အခွင့်အရေး၊ Civil Rights ခေါင်းစဉ်နဲ့ မျက်နှာဖုံးတွေ အမျိုးမျိုးတပ်ထားပေမယ့် တကယ့်နောက်ကွယ်မှာက ဒီ စစ်သွေးကြွအဖွဲ့တွေရဲ့ အဓိက Policy maker တွေ ဖြစ်ပါတယ်။

သူတို့ရဲ့ Online အသံဖိုင်တွေက အစ ကျနော်တို့ တွေ့မိတယ်။ ဒီ လူငယ်တွေကို ဒေါ်လာ ၂၀၀၀ ပေးမယ်။ ရခိုင်ဒေသ ကို ဝင်တိုက်ပါ။ အခု မင်းတို့တမျိုးလုပ်ရတော့မယ်။ ကျန်တဲ့ဟာတွေက အစပေါ့။ ကြေညာချက်ရေးတာတွေက အစ သူတို့က အခါတော်ပေး Policy တွေကို လမ်းညွှန်နေတဲ့ ခေါင်းဆောင်တွေ ဖြစ်ပါတယ်။

ဒီလူတွေကျတော့ ဒုက္ခသည် ပြန်ပို့ရေးဆိုတဲ့ကိစ္စက ငြိမ်းချမ်းစွာနဲ့ မြန်မာနိုင်ငံရဲ့ ဥပဒေကို လိုက်နာတဲ့ သာမန် ပြည်သူ တွေလိုမျိုး မဟုတ်ဘဲ လက်နက်ကိုင်ပြီးမှ ငါတို့ဝင်လာမယ် ပြီးရင် နိုင်ငံတကာအစီအမံနဲ့ ဖြစ်ဖြစ် R2P ကို ဖြစ်ဖြစ် သူတို့က ထွင်မယ်ဆိုတဲ့ Strategy နဲ့ ရည်မှန်းချက်ပဲ ရှိတယ်။

သူတို့က ဒီရည်မှန်းချက်နဲ့ Strategy ကိုအကောင်အထည်ဖော်နေတာဆိုတော့ အခု နိုင်ငံတကာညီလာခံဆိုတာ ကျနော်တို့ကို တဆင့်ခံပေါ့၊ သူ့ရဲ့ နိုင်ငံတကာအဆက်သွယ်တွေ သံတမန်တွေကတဆင့် ဖြစ်ဖြစ်၊ တချို့ ဘင်္ဂလားဒေ့ရှ် က ကျနော်တို့နဲ့ အဆက်အသွယ်ရှိတဲ့ လူတွေဆီကပဲ ဖြစ်ဖြစ်၊ ကျနော်တို့ကို ဒီညီလာခံတက်ဖို့ အတွက် ဟတာပေါ့။

ဒါပေမယ့် ကျနော်တို့က အရမ်းသတိထားတယ်၊ သူတို့ကတော့ တက်ဖို့ခေါ်တဲ့ အချိန်မှာ တက်ခြင်းရဲ့ အကျိုးကျေးဇူး တွေကို သူက မက်လုံးပေးပြီး ခေါ်တာပေါ့။ ကျနော်တို့က လူကိုယ်တိုင်တက်ရင်၊ သူ့မှာ အားသာချက်၊ အားနည်းချက် ရှိတယ်။ တက်ရင် ဘာဖြစ်မယ်၊ ပြီးတော့ ဒီညီလာခံကို စစ်သွေးကြွတွေက Hijack လုပ်သွားမယ် ဆိုရင် ဒီညီလာခံရဲ့ လားရာက ငြိမ်းချမ်းပြီးမှ စည်းလုံးတဲ့ နိုင်ငံရေးအဖြေတွေ ထွက်လာဖို့ထက် စစ်သွေးကြွတွေ ထောင်ထားတဲ့ အကွက် ကို အဲ့ဒီလမ်းကြောင်းကို ဖြောင့်ဖြောင့်ကြီး ရောက်သွားမယ်။

အခု ပထမညီလာခံကို လုပ်သွားတာကို ကျနော်တို့ တောက်လျှောက် Monitor လုပ်ကြည့်တယ်။ သူတို့မှာလည်း ဒုက္ခ တွေ ရှိပါတယ်ဆိုတာ ပြောရင်းနဲ့ နိုင်ငံတကာ ဒိုနာတွေကနေ ရန်ပုံငွေရရှိရေး သူတို့ရဲ့ အခက်အခဲတွေကို တင်ပြရင်းနဲ့ ဒီဘက်မှာဖြစ်နေတဲ့ ပြဿနာတွေကို အဆမတန် ပုံကြီးချဲ့ပြီး ကျနော်တို့ကို အပြစ်ဖို့တာပေါ့။

သူတို့က ဒုက္ခသည် တကယ့်ကြီးမားတဲ့ ဒုက္ခရောက်နေပါတယ်ဆိုပြီး Media narrative International headline တွေ ကို ဖန်တီးပြီးမှ ဒိုနာတွေကို ဆွဲတဲ့အကွက်ပါပဲ။ ရန်ပုံငွေလည်းလိုနေတယ်။ ပြီးမှ ဒီညီလာခံမှာ သူတို့ဟာလူမျိုးတုံး အသတ်ခံနေရပါတယ်၊ သူတို့ အပြောပေါ့နော်၊ Genocide ဖြစ်နေပါတယ် ဆိုတာကို ပြနိုင်ပြီးမှပဲ နိုင်ငံတကာရဲ့ အကူအညီနဲ့ ဒီ ဆုံးဖြတ်ချက်တွေက ပီပီပြင်ပြင် ဖြစ်လာမှာပေါ့။

ဒါကို မပြောနိုင်ဘူးဆိုရင် သူ့အတွက် အဆင်မပြေဘူး။ ဒါကြောင့် ကျနော်တို့ ထိန်းချုပ်ထားတဲ့အချိန်မှာ ဒီဒေသမှာ ဖြစ်နေတဲ့ သာမန်အမှုတွေရှိမယ်။ ဒါမှမဟုတ် ဒီဒေသမှာ လူတွေထောင်ချီပြီးမှ တိုက်ပွဲကြီးတွေ ဖြစ်တာ အရိုးစုတို့ ဦးခေါင်းခွံတို့ ဆိုတာက နေရာတိုင်းမှာ ရှိတာပဲ။ ဒါတွေကို ကြည့်ပြီးမှ သူက Alternative fact တွေပေါ့။ ဒီအခြေအနေ တွေကို Manipulate လုပ်ပြီးမှ သူလိုချင်တဲ့ ပုံစံနဲ့ Present လုပ်တယ်၊ ထင်ရှားတာဆိုရင် ထန်းရှောက်ခံကိစ္စပေါ့။

အဲ့ဒီ ထန်းရှောက်ခံ ကိစ္စကလည်း လူ ၉၀၀ ကျော်လောက် နေတဲ့ ရွာတရွာ၊ အခု ၈၀၀ လောက် ရှိသေးတယ်။ အရင် ဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး ဟောင်းလည်း ရှိနေတုန်းပဲ။ ကျနော်တို့က ထန်းရှောက်ခံရွာသစ် ဆိုတဲ့နေရာကို ချထားပေးထား တယ်။ အရင် ဥက္ကဋ္ဌလည်း ရှိနေတုန်းပဲ။ အရင်ဘာသာရေး လူကြီးတွေလည်း ရှိနေတုန်းပဲ။ အတင်းအဓမ္မ ဖိအားပေး တယ်လို့ ပြောသည့်တိုင်အောင် လူ ၉၀၀ ကျော် ရှိတဲ့ရွာမှာ လူ ၈၀၀ ကျန်သေးတယ်။ အဲ့ဒီထဲက တယောက်ယောက် တော့ သူတို့ကို ပြောလို့ရမှာပဲလေ အမှန်တရားကို။ အခုက တရွာလုံးလည်း ရှိတယ်။

အုပ်ချုပ်ရေးမှူးဟောင်းလည်း ရှိတယ် အုပ်ချုပ်နေတုန်းပဲ။ သူတို့ပြောတဲ့ လူ ၆၀၀ ဆိုရင် လူ ၂၀၀ လောက်ပဲ ကျန်ရ မယ်လေ ထွက်ပြေးသွားတဲ့ လူကနေ။ ရွာသားတွေတင်မကဘူး အဲ့ဒီတိုက်ပွဲမှာ ပါခဲ့တဲ့ တပ်မမှူး၊ ဒုတပ်မမှူး အဆင့် ကနေ အဲ့ဒီ စကစ တပ်ရဲ့ မိသားစုဝင်တွေ အကုန်လုံး ကျနော်တို့မှာ သက်သေအနေနဲ့ ရှိနေတုန်းပဲ။

အဲ့ဒီဖြစ်စဉ်တွေမှာ အရိုးစုတခုကို ဓာတ်ပုံ ရိုက်လိုက်တော့ ဒီအရိုးစုကို ဆွဲထုတ်လိုက်တဲ့ အချိန်မှာ စစ်ဖိနပ်ကြီးတွေနဲ့ သံခမောက်ကြီးတွေနဲ့ ဆောင်းပြီး ပါလာတာကို သူက အလောသုံးဆယ်နဲ့ သူ့ရဲ့ Narrative ကို ဖန်တီးချင်စိတ်နဲ့ပေါ့ ဇောနဲ့ လုပ်လိုက်တော့ အမှန်တရားက ဒီမှာ သက်သေတွေကိုယ်တိုင်၊ သူလုပ်တဲ့ အလုပ်မှာ ကိုယ်တိုင် သက်သေတွေ က ပြနေတယ်။

၂၀၂၄ မေလ ၂ ရက်နေ့မှာ အကုန်လုံးကို သတ်လိုက်ပါတယ်လို့ သူ ပြောနေတဲ့ အချိန်မှာ စကစ တပ်တွေက အဲ့ဒီရွာ ကို ဆုတ်ခွာလာတဲ့နေ့ပဲ။ အဲ့ဒီနေ့မှာ တိုက်ပွဲလည်း မဖြစ်သေးဘူး။ အဲ့ဒီနေ့မှာ ကျနော်တို့က မွတ်စလင်ဘာသာရေး ခေါင်းဆောင်တွေနဲ့ တခြားရွာဘက်ကနေ လော်စပီကာနဲ့ ရွာသားတွေကို ရွှေ့ပြောင်းဖို့လာဖို့ မိုက်တွေနဲ့ အော်နေတဲ့ အချိန်ပဲ ဖြစ်တယ်ဆိုတော့ သူပြောတဲ့ နေ့စွဲတွေကလည်း ဟိုရောက် ဒီရောက်နဲ့ပေါ့။

နိုင်ငံတကာမီဒီယာတွေမှာ အဲ့ဒီလိုမျိုး ပြောနေတာတွေကို ကျနော်တို့ သတိထားမိတယ်။ ဒါကြောင့် ဒီထန်းရှောက်ခံ ကိစ္စကတော့ တဖက်ကလည်း သက်သေ အထောက်အထား မရှိဘဲနဲ့ ရှိပါတယ်ဆိုပြီး ဘာမှ မပြနိုင်တဲ့ဟာတွေကို ပြောပြီး မျက်လှည့်ဆရာလိုမျိုး လုပ်နေတာကို ကျနော်တို့က သဘောကျတယ်။

ဘာကြောင့်လဲဆိုတော့ သူက ဒါမျိုး မဟုတ်ကဟုတ်ကပြောတာကို ကျနော်တို့က သက်သေပြနိုင်တယ်ဆိုရင် ရေရှည် မှာ သူများတွေကလည်း သူတို့ရဲ့ ဒီ ပုံပြင်တွေကို သံသယပိုကြီးလာမှာပေါ့၊ အရင် ဖြစ်စဉ်တွေမှာလည်း ရှိဖူးပါတယ်။ တခြားနိုင်ငံက လူသေ အလောင်းတွေကို ပြပြီးမှ ဒီရခိုင်ဒေသမှာ ဖြစ်ခဲ့ပါတယ်ဆိုပြီး လိမ်လည်ဝါဒ ဖြန့်တဲ့ ကိစ္စတွေ လည်း အရင်လည်း ရှိဖူးတယ်။

အခု ကိစ္စမှာလည်းပဲ အမှန်တရားက ဒီထက်ပိုပြီး ထင်ရှားလာရင် ဒါ တဖက်ကလည်း အခက်အခဲကြားက ကောင်းမွန်တဲ့ အဖြေလည်း ပေါ်လာနိုင်ပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မွတ်စလင်ခေါင်းဆောင်များ တွေ့ဆုံပြီးနောက် မောင်တောမြို့မ ဂျာမေဗလီကြီးကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည် (ဧရာဝတီ)

မေး။ ။ ရခိုင်မှာ မွတ်စလင်ရိုဟင်ဂျာတွေ အပေါ် AA ကနေ လူ့အခွင့်အရေးချိုးဖောက်ခဲ့တာတွေ ရှိပါတယ်၊ Evidence လည်း ရှိခဲ့ပါတယ်၊ ဒီနှစ်ခုကြားမှာရှိတဲ့ ပဋိပက္ခတွေကလည်း အများကြီး ရှိနေတာ တွေ့ရတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဖြေရှင်းမလဲ။ Reconciliation ကို ဘယ်လို တည်ဆောက်ကြမလဲ။

ဖြေ။ ။ ဒီကာလက စစ်ကာလ ဖြစ်တယ်ဆိုတော့ ဒီ ရခိုင်ဒေသကို ရေကြောင်း လေကြောင်း ကုန်းကြောင်းအကုန်လုံး အဖက်ဖက်က ပိတ်ဆို့ထားတာ ၄ နှစ် ကျော်လာပြီ။ ဒီပိတ်ဆို့မှုတွေ မစတင်ခင် ရှေ့နှစ်တွေကလည်း ရခိုင်ဒေသကို အမျိုးမျိုးနဲ့ ပိတ်ဆို့ထားခဲ့တယ်။ ကိုဗစ် ကာလမှာလည်း ပိတ်ဆို့ထားတယ်။

ကိုဗစ်ကာလ မတိုင်ခင်လည်း ကျနော်တို့ တိုက်ပွဲတွေကြားမှာ ပြည်သူတွေ တကယ် ဆင်းရဲဒုက္ခတွေနဲ့ ကြုံခဲ့ရတယ်။ ဒီအချိန်မျိုးမှာ ပြည်သူတွေက အရမ်းခက်ခဲတယ်။

မြန်မာနိုင်ငံရဲ့ အခက်အခဲဆုံး ပြည်သူတွေဆိုရင် ရခိုင်ဒေသပဲ ဖြစ်လိမ့်မယ်။ ဒီခက်ခဲမှုတွေကြားမှာ ပြည်သူတွေက အပြင်ကို ထွက်ပြေးကြတာတွေ ရှိတယ်။ ရန်ကုန်မှာ ကျနော်တို့ ရခိုင်တွေ အများကြီးပဲ။ တခြားဒေသတွေမှာလည်း အများကြီးပဲ ထွက်ပြေးလာကြတာ။

ဒီ နယ်စပ်ဒေသမှာ ရှိတဲ့ မွတ်စလင် Community လည်း ဒီအကြပ်အတည်းတွေကြောင့် ထွက်ပြေးရတာပါပဲ။ ပြီးတော့ စစ်ပွဲကာလရဲ့ ရှုပ်ထွေးမှုတွေက တော်တော်လေးကို များတယ်။ တဖက်ကို တဖက်က အသုံးချပြီးမှ ပြဿနာတွေနဲ့ ထောင်ချောက်ဆင်၊ ဒီကြားထဲမှာ လူ့အခွင့်အရေးကို တဖက်တခုပဲ မြင်တဲ့ လူတွေကတော့ ဘယ်အရာပဲ ဖြစ်ဖြစ် လူ့အခွင့်အရေးပဲ။

ဥပမာ- အမျိုးသမီးအခွင့်အရေးကို ပြောတဲ့ လူတွေဆိုရင်လည်းပဲ နှုတ်ဆက်လို့ အစ်မ ဝလာတယ်နော်လို့တောင် မပြောရဲတော့ဘူး။ ဝလာတယ်လို့ ပြောလိုက်တာနဲ့ Body shaming လုပ်ပြီဆိုပြီးမှ အဲ့လိုမျိုး အပြောခံဖူးတယ်လေ။ ဒါကြောင့် စိုးရိမ်နေရတယ် ကိုယ်က ပဋိသန္ဓာရစကား တခွန်းတောင်မှ သူ့ရဲ့ ပေတံနဲ့ဆိုရင် အပြစ်မလွတ်ဘူး ဖြစ်နေ တာပေါ့။

ကျနော်တို့က နိုင်ငံတကာမီဒီယာမှာလည်း တဖက်သက် ပုံဖော်ခံရတဲ့ဟာတွေ များပါတယ်။ ရခိုင်ဒေသမှာ နိုင်ငံတကာ Narrative တွေ အရပေါ့ ဒီ မွတ်စလင် Community က Genocide ခံရတဲ့ သားကောင်တွေပါ ဆိုတဲ့ဟာက အရမ်း လွှမ်းမိုးတယ်။ တကယ် ဘူးသီးတောင် မောင်တော နယ်စပ်ဒေသမှာ Genocide ခံရတာက Non-Muslim တွေက များ ပါတယ်။ တကယ် ဒါ အရှိတရားပဲ။

Non-Muslim ဆိုတာက မွတ်စလင် မကိုးကွယ်တဲ့ ဟိန္ဒူ အပါအဝင်ပေါ့။ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာတွေ၊ ဘာသာ ဘာမှ မရှိတဲ့ လူမျိုးစုတွေရောပေါ့။ ၄ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ အရင်တုန်းကတော့ ၁၀ရာခိုင်နှုန်းလောက် ရှိတယ်။ အခုက တဖြည်းဖြည်း လုံးပါးပါးပြီးမှ မနေရဲတော့ဘူး၊ ထွက်ပြေးသွားတယ်။ တချို့ဆိုရင်လည်း အသတ်ခံရတယ်။

ဥပမာ- ဒီရက်ပိုင်း စစ်သွေးကြွတွေကို ဘင်္ဂလားအာဏာပိုင်တွေက အစည်းအဝေးခေါ်တယ်။ ပြီးမှ မင်းတို့ ရှိတာနဲ့ ဝင်ကို ဝင်ရမယ် ဆိုပြီးမှ ဖိအားပေးပြီးမှ အတင်းတွန်းပြီးမှ သွင်းတာ။ မနေ့ညကဆို တိုက်ပွဲ ဖြစ်တယ်။ အခုလည်း ဖြစ်နေတုန်းပဲ။ အခုလည်း ဖြစ်နေတုန်းပဲ။

သူတို့အဖွဲ့တွေ ဝင်လာပြီဆိုတာနဲ့ နယ်စပ်မှာ တွေ့တဲ့ လူတွေကို သတ်လိုက်ပြီ။ အလောင်းတွေကို AA ယူနီဖောင်း ဝတ်တယ်။ ဒါမှမဟုတ်ရင် Equipment တွေ ဘာတွေ ဝတ်ပြီးမှ AA နဲ့ တိုက်ပွဲ ဖြစ်တယ်ဆိုပြီး မီဒီယာမှာတင်ပြီ ဒါဆို သူ အရပ်သားတွေကို သူ သတ်ထားလိုက်ပြီ။ ဒါမျိုးတွေကို နားလည်ဖို့ လိုတယ်။ ကျနော်တို့က ကာတာရဲ့ အလှူငွေ လည်း မရှိဘူး။ Al Jazeera လိုမျိုး ကျနော်တို့ရဲ့ Narrative တွေကို တင်ပြပေးမယ့် မီဒီယာ အဆင့်လည်း မရှိဘူးလေ။

အခုလည်းပဲ ဒီမီဒီယာတွေ ဒီရန်ပုံငွေတွေကနေပြီးမှ သိမ်မွေ့စွာနဲ့ပဲ ကျနော်တို့ကို Legal harassment လို့ ပြောမလား၊ Legal intimidation ပေါ့။ Lawfare ပေါ့။ ဥပဒေနဲ့ ထိုးစစ်ဆင်တာပေါ့ဗျာ။ အဲ့ဒါတွေနဲ့ အနှောင့်အယှက်ပေးတာပေါ့။

တဖက်ကလည်းပဲ လူ့အခွင့်အရေး ဆိုတဲ့ ဟာတွေနဲ့ ကျနော်တို့ကို တိုက်ကွက်ဖော်သလို စစ်သွေးကြွတွေကိုလည်း မြှောက်ပေး၊ သင်တန်းပေး၊ ထောက်ပံ့ပြီးမှ တကယ့် Well synchronized တကယ့် Comprehensive strategy နဲ့ကို သူတို့ချဖို့အတွက် ခြေလှမ်းတွေကို တင်လာတာ။ တပြိုင်တည်းမှာ နိုင်ငံတကာ ညီလာခံတွေ လုပ်တယ်။

နိုင်ငံတကာညီလာခံမှာ ULA ထိန်းချုပ်ထားချိန် ရခိုင်ဒေသမှာ မွတ်စလင်နဲ့ ရခိုင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ တခုမှ မရှိတော့ဘူး ဆိုတဲ့ဟာကို သူတို့ ဘယ်တော့မှ မပြောဘူး။ ကျနော်တို့ ဒီလူတွေနဲ့ ဆက်ဆံရေးတိုးတက် လာ တာ၊ ယုံကြည်မှုတွေ တည်ဆောက်နေတာ၊ မွတ်စလင် Community အတွက် အခြေခံကျတဲ့ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေးတွေ မရှိတဲ့ကြားက ဘယ်လိုမျိုး ကူညီဆောင်ရွက်နေတယ် ဆိုတာကို ဘာမှ လုံးဝ Ignore, Disregard လုပ်ပြီးမှ ဒီ စစ်မြေပြင်မှာ ခုနကပြောတဲ့ စစ်သွေးကြွတွေနဲ့ အကုန် ရောပြွမ်းပြီးမှ ကျနော်တို့က စစ်ဆေးရတယ်။

ဒီကိစ္စ အင်မတန် ခက်ခဲတယ်။ ဒီလိုမျိုး စွပ်စွဲမှုတွေကို ကမာ္ဘမီဒီယာတွေကို ထိန်းချုပ်ထားတဲ့ အမေရိကန်လည်း မရှောင်နိုင်ဘူး။ တရုတ်နိုင်ငံလည်း မရှောင်နိုင်ပါဘူး။ တခြား ဘယ်နိုင်ငံမှလည်း မရှောင်နိုင်ဘူး။ ကျနော်တို့ဆိုရင် ပိုပြီးမှ ထိတာပေါ့။ မြန်မာနိုင်ငံမှာဆို ဘယ်ခေါင်းဆောင်ပဲ တက်တက် စစ်အုပ်စုက အာဏာကို ကိုင်ပြီးမှ နိုင်ငံကို အုပ်ချုပ်ရင်လည်း စစ်အုပ်စုကို အဲ့ဒီပုဒ်မနဲ့ အညှီလူးမှာပဲ။ NLD က ခေါင်းဆောင်က တက်လာ ရင်လည်း NLD ကို လူးမှာပဲ။ အဲ့ဒီ ပုဒ်မတွေ တပ်မှာပဲ။ NUG က တကယ်လို့ နိုင်ခဲ့တယ် ဆိုဦးတော့ တက်လာရင်လည်း သူလည်း ဒါနဲ့ ဆွဲချခံရမှာပဲ။

ဒါကြောင့် ကျနော်တို့ ဆွဲချခံရတာ သိပ်တော့ မအံ့ဩဘူး။ ဒါပေမယ့် အမှန်တရားကို ကျနော်တို့ ယုံယုံကြည်ကြည်နဲ့ ဆက်ကိုင်သွားမယ်။ ဒီ မွတ်စလင် နိုင်ငံသားတွေကို တဆင့်ပြီး တဆင့်ပေါ့။ စောစောက ပြောတဲ့ အခွင့်အရေးနဲ့ တာဝန် မြန်မာနိုင်ငံ အပေါ်မှာ ဘယ်လောက် သစ္စာရှိမလဲ။ အာရက္ခဒေသ အပေါ်မှာ ဘယ်လို သစ္စာရှိမလဲ။

ငြိမ်းချမ်းမှုနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက် မလဲ ဆိုတဲ့ အရာတွေကို ကျနော်တို့က ဒီဟာ လုပ်ပြီးမှ ငါတို့ တည်ဆောက် ရအောင်၊ အပြောထက် လက်တွေ့လုပ်ရအောင် ဆိုတဲ့ဟာတွေနဲ့ ကျနော်တို့က ယုံကြည်မှု တည်ဆောက်ဖို့ ရှိနေပါ တယ်။ ။

You may also like these stories:

မောင်တော မြို့မဂျာမေဗလီ ဖွင့်ပွဲ တက်ရောက်ခြင်း

ရိုဟင်ဂျာတွေ အသတ်ခံရတယ်ဆိုတဲ့ ထန်းရှောက်ခံရွာသို့

AA နှင့် ရိုဟင်ဂျာ မွတ်စလင်အရေး လေ့လာကြည့်ခြင်း

ရခိုင်မြောက်ပိုင်းမှာ စစ်တပ်က AA ကို အမှုဆင်နေ

ULA/AA အုပ်ချုပ်ရေးအကြံပေး ဂျူရီအဖွဲ့ဆိုတာ ဘာလဲ

ဂုဏ်သိက္ခာရှိရှိ တာဝန်ထမ်းဆောင်ခွင့်ရတာ ကျနော် ဝမ်းသာတယ်

ကျနော်တို့ စစ်သည်တွေနဲ့ လေ့ကျင့်ပေးထားတဲ့ ရိုဟင်ဂျာတွေရဲ့ အရိုးစုပဲ

Your Thoughts …
Tags: AASliderထွန်းမြတ်နိုင်ဗိုလ်ချုပ်ဘင်္ဂလားဒေ့ရှ်ရခိုင်ရိုဟင်ဂျာအင်တာဗျူးအာရက္ခတပ်တော်ဧရာဝတီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
တော်လှန်ရေးတပ်တွေ ဝေါလေဗျူဟာကို လက်လွှတ်ထားရတော့မလား

တော်လှန်ရေးတပ်တွေ ဝေါလေဗျူဟာကို လက်လွှတ်ထားရတော့မလား

စစ်တပ်နယ်မြေကျယ်လာသည်နှင့်အမျှ ကရင်နီစစ်ရှောင်တို့ ပိုကျပ်တည်းလာ

စစ်တပ်နယ်မြေကျယ်လာသည်နှင့်အမျှ ကရင်နီစစ်ရှောင်တို့ ပိုကျပ်တည်းလာ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved