အာဏာသိမ်းစစ်တပ်သည် သူကိုယ်တိုင် ကျရောက်ခဲ့ရသည့် ထောင်ချောက်အတွင်းသို့ အာရက္ခတပ်တော် (AA) ကိုလည်း ကျရောက်စေရန် လုပ်ဆောင်နေကြောင်း တွေ့လာရသည်။
မြန်မာစစ်ခေါင်းဆောင်များသည် ရိုဟင်ဂျာများနှင့် ပတ်သက်၍ သူတို့ ပြစ်မှုကျူးလွန်ခဲ့သည့် ဖြစ်စဉ်များ ဖော်ထုတ်ခံရ၍ ဖုံးသမျှပေါ်ကာ နိုင်ငံတကာ၏ ပိတ်ဆို့ခံရမှု ထောင်ချောက်အတွင်း ကျရောက်နေခဲ့ခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးတွင် စစ်တပ်နှင့် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်တပ်က အရပ်သား ရိုဟင်ဂျာများအပေါ် သတ်ဖြတ်မှုများ ကျုးလွန်ခဲ့သည်။
ထို့သို့ စစ်တပ်က ကျူးလွန်သည့် ဖြစ်စဉ်များကို နိုင်ငံတကာအဖွဲ့အစည်းအချို့က ဖော်ထုတ်ခဲ့ကြပြီး ဂမ်ဘီယာနိုင်ငံကလည်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာကို တရားစွဲထားခဲ့သည်။
မြန်မာနိုင်ငံတွင် လူသုံးအများဆုံး ဆိုရှယ်မီဒီယာ ဖြစ်သည့် Facebook ကဲ့သို့ အဖွဲ့အစည်းများကလည်း မြန်မာစစ်ဗိုလ်ချုပ်များအပေါ် စွပ်စွဲထားသည့် စစ်ရာဇဝတ်မှုနှင့်ပတ်သက်ပြီး သန်းနှင့်ချီသည့် အချက်အလက်များကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) သို့ ပေးပို့ထားခဲ့သည်။
ယခုကာလတွင် စစ်ကော်မရှင်သည် ရိုဟင်ဂျာတို့အပေါ် သူတို့ ကျုးလွန်ခဲ့ဖူးသလို AA ကလည်း ကျူးလွန်နေကြောင်း ပုံဖော်လာသည်ကို တွေ့လာရသည်။ ရခိုင်မြောက်ပိုင်းဒေသများတွင် ထိုသို့ဖြစ်ရပ်များသည် ဖြစ်ရိုးဖြစ်စဉ်သဘောမျိုး ဝါဒဖြန့်လာပြီး စစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် ၎င်းတို့ကျုးလွန်ခဲ့သည့် ပြစ်မှုများ မှေးမှိန်စေရန် ကြိုးစားလာခြင်းဟုလည်း ဆိုနိုင်သည်။
ယခုကာလတွင် စစ်ကော်မရှင်သည် ရိုဟင်ဂျာတို့အပေါ် သူတို့ ကျုးလွန်ခဲ့ဖူးသလို AA ကလည်း ကျူးလွန်နေကြောင်း ပုံဖော်လာသည်ကို တွေ့လာရသည်။ ရခိုင်မြောက်ပိုင်းဒေသများတွင် ထိုသို့ဖြစ်ရပ်များသည် ဖြစ်ရိုးဖြစ်စဉ်သဘောမျိုး ဝါဒဖြန့်လာပြီး စစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် ၎င်းတို့ကျုးလွန်ခဲ့သည့် ပြစ်မှုများ မှေးမှိန်စေရန် ကြိုးစားလာခြင်းဟုလည်း ဆိုနိုင်သည်။
တဆက်တည်း ၎င်းတို့စစ်ရှုံးနေရသည့် ပြိုင်ဘက် AA ကိုလည်း ပုံဖျက်ပြီး နိုင်ငံတကာက အထင်အမြင် လွဲမှားစေရန် ဆောင်ရွက်ခြင်းဟုလည်း ယူဆရသည်။ ထိုဆောင်ရွက်မှုမှာ AA က ဘူးသီးတောင်မြို့နယ်၊ အတွင်းငှက်သေကျေးရွာအုပ်စု၊ ထန်းရှောက်ခံကျေးရွာတွင် ဒေသခံ ရိုဟင်ဂျာရွာသား ၆၀၀ ကျော်ကို လူမျိုးတုံးသတ်ဖြတ်ခဲ့သည်ဟု စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ပြီး စွပ်စွဲလာခြင်းဖြစ်သည်။
ထန်းရှောက်ခံရွာ ဖြစ်စဉ်သတင်းကို သြဂုတ်လ ၃ ရက်နေ့ကမှ လူအများက စတင်ကြားသိလာခဲ့ခြင်း ဖြစ်သည်။ ထွက်ပေါ်လာသည့်သတင်းအရ ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ အတွင်းငှက်သေကျေးရွာအုပ်စု၊ ထန်းရှောက်ခံရွာ (ရိုဟင်ဂျာအခေါ် ဟောယ်ယာစီးရီး) တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုရွာရှိ ရွာသူရွာသား၊ ကလေး၊ လူကြီး၊ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်၊ မသန်စွမ်းပါမကျန် အနည်းဆုံး ၆၀၀ နီးပါးကို AA တပ်ဖွဲ့ဝင်များက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲထားသည်။ ထိုစွပ်စွဲချက်ကို ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က သြဂုတ်လ ၃ ရက်နေ့တွင် ၎င်း၏ Facebook လူမှုကွန်ရက်စာမျက်နှာ၌ စတင်ရေးသားခဲ့ရာမှ ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။
ထိုကိစ္စပျံ့နှံ့လာပြီး ရက်သတ္တပတ် နှစ်ပတ်နီးပါအကြာ ဩဂုတ်လ ၁၆ ရက်တွင် စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ခါတော်မီ ချော်လဲရောထိုင်ကာ AA က လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြောလာသည်။
ဖြစ်စဉ်ဖြစ်ပွားသည့် ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့သည် နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၁၅) ကို AA က သိမ်းပိုက်ခဲ့သည့်အချိန်ဖြစ်ကြောင်း၊ ထို့ကြောင့် ထန်းရှောက်ခံရွာ ဖြစ်စဉ်ဖြစ်ပွားသည့် အချိန်တွင် မေယုမြစ်၏ အရှေ့ဘက်ခြမ်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့က မရှိတော့ကြောင်း၊ AA က ဖြေရှင်းရာတွင် ပထမပိုင်းက စစ်တပ်က လုပ်ခဲ့သည်ဟု လွှဲချကြောင်း၊ နောက်ပိုင်းတွင် စစ်သားများ၏ အလောင်းများဖြစ်သည်ဟု ပြောပြန်ကြောင်း၊ ရှေ့နောက် မညီမှုကိုကြည့်လျှင် အဆိုပါဖြစ်စဉ်ကို AA က ဒေသခံဘင်္ဂါလီများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည်ဆိုသည်ကို ပိုပြီး သိသာထင်ရှားကြောင်း၊ လူမျိုးစုများအကြားတွင် လူမျိုးရေးပဋိပက္ခများ ဖြစ်ပေါ်လေ့ရှိကြောင်း၊ အထူးသဖြင့် ရခိုင်နှင့် ဘင်္ဂါလီများအကြားက ပဋိပက္ခ ပိုပြီးကြီးမားကြောင်း၊ အခုလိုအခြေအနေမျိုးတွင် AA က ဘင်္ဂါလီများအပေါ် လူမျိုးရေးအရ အငြိုးထားပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို ရည်ရွယ်ချက်ရှိရှိနှင့် ကျူးလွန်နေခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ AA ပြောခွင့်ရသူ ခိုင်သုခက နိရဉ္ဇရာသတင်းဌာနကို ဖြေကြားရာတွင် စစ်ကော်မရှင်ဘက်က ပွဲလန့်တုန်းဖျာခင်း၊ ချော်လဲရောထိုင်သည့် သဘောမျိုးဖြစ်ကြောင်း၊ သူတို့ကျူးလွန်ထားသည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို ဖုံးကွယ်ရန်အတွက် ဘင်္ဂါလီ မွတ်ဆလင်အကြမ်းဖက်အဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့ အချင်းချင်း ပူးပေါင်းချိတ်ဆက်ပြီး အချိန်ကိုက် စွပ်စွဲထုတ်ပြန်လာခြင်းဖြစ်ကြောင်း၊ မွတ်ဆလင်အကြမ်းဖက်အဖွဲ့များကို မည်သူများက မည်သို့ ကြံစည်မွေးထုတ်ခဲ့သလဲဆိုသည်ကို မြန်မာပြည်သူတရပ်လုံး ရှင်းရှင်းလင်းလင်း မြင်လာရပြီဖြစ်ကြောင်း၊ AA အနေနှင့် အမှန်တရားအပေါ်တွင် ရပ်တည်ပြီး ဆက်လက်ဖော်ထုတ် တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုထားသည်။
ထို့ပြင် သူက ထန်းရှောက်ခံရွာတွင် ၂၀၁၇ စာရင်းအရ စုစုပေါင်းလူဦးရေ ၉၉၃ ယောက်ရှိပြီး ရွာလူကြီးအပြောအရ ၉၁၀ ယောက် ရှိကြောင်း၊ စစ်ရှောင်ပြီးနောက် ပြန်လည် နေရာချသည့်အခါ ၇၉၁ ယောက်ရှိပြီး လျော့သွားသူများမှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများကို ပြေးသွားခြင်း၊ ရန်ကုန်ဘက်ကို ပြေးသွားခြင်း၊ မလေးရှားဘက်ကို သွားခြင်းတို့ကြောင့်ဖြစ်သည်ဟု သိရကြောင်း၊ ထို့ကြောင့် စွပ်စွဲထားသလို ရွာသား ၆၀၀ ခန့်ကို ULA/AA က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းမှာ လုံးဝမဟုတ်ပါကြောင်း ရှင်းလင်းပြောဆိုထားသေးသည်။
ထို ထန်းရှောက်ခံရွာ ဖြစ်စဉ်သတင်းနှင့် ပတ်သက်၍ ရခိုင်ဒေသအခြေစိုက် မီဒီယာဖြစ်သည့် နိရဉ္ဇရာတွင် ဩဂုတ်လ ၂၂ ရက်နေ့က သတင်းဖော်ပြချက်အရ ထိုအလောင်းများရှိသည့်နေရာတွင် အရပ်သားများ၏ အသုံးအဆောင်၊ အဝတ်အစားများအား မတွေ့ရဘဲ မြန်မာစစ်တပ် အသုံးပြုခဲ့သည့် ဦးထုပ်၊ အီကွေ့မန့်၊ စစ်အင်္ကျီ၊ စစ်တပ်သုံးရေဘူးကိုသာ သတင်းသမားများက တွေ့ရှိခဲ့ကြကြောင်း ဖော်ပြထားသည်။
ထို ထန်းရှောက်ခံရွာ ဖြစ်စဉ်သတင်းနှင့် ပတ်သက်၍ ရခိုင်ဒေသအခြေစိုက် မီဒီယာဖြစ်သည့် နိရဉ္ဇရာတွင် ဩဂုတ်လ ၂၂ ရက်နေ့က သတင်းဖော်ပြချက်အရ ထိုအလောင်းများရှိသည့်နေရာတွင် အရပ်သားများ၏ အသုံးအဆောင်၊ အဝတ်အစားများအား မတွေ့ရဘဲ မြန်မာစစ်တပ် အသုံးပြုခဲ့သည့် ဦးထုပ်၊ အီကွေ့မန့်၊ စစ်အင်္ကျီ၊ စစ်တပ်သုံးရေဘူးကိုသာ သတင်းသမားများက တွေ့ရှိခဲ့ကြကြောင်း ဖော်ပြထားသည်။
ထိုသတင်းဖော်ပြမှု၌ပင် ရပ်မိရပ်ဖတဦးက လူပေါင်း ၆၀၀ လောက်ကို သတ်ဖြတ်ခြင်းမှာ လုံးဝ မဟုတ်ကြောင်း၊ ရွာသားများ သေဆုံးခြင်း မရှိဘဲ မွတ်ဆလင်လက်နက်ကိုင် ပြည်သူ့စစ်အချို့ သေဆုံးခဲ့ကြောင်း ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။
ထို့ပြင် စကခ ၁၅ မှ ဒု စကခမှူး ဖြစ်သူ ဗိုလ်မှူးကြီး ကောင်းမြတ်ကလည်း စကခ ၁၅ လက်လွှတ်ရပြီးသည့်နောက် ခမရ ၅၅၁ ကို သွားရောက် ပူးပေါင်းခဲ့ကြောင်း၊ စကခ ၁၅ နှင့် ခမရ ၅၅၁ အကြားတွင် ထန်းရှောက်ခံကျေးရွာရှိသဖြင့် ထိုရွာကိုရောက်သည့် အချိန်တွင် တပ်မ ၂၂ က တပ်အချို့မှ အင်အား ၅၀ ခန့်ကို ထိုရွာတွင် ဖြန့်ကြက်ပြီး နေရာချပေးခဲ့ကြောင်း၊ ထိုအချိန်တွင် ရွာသားအများစုမှာ မရှိတော့ကြောင်း၊ ရွာသားနည်းနည်းသာရှိတော့ကြောင်း၊ ရွာသားများကို မသွားရန်တားသော်လည်း သူတို့ မနေရဲကြဟုဆိုကာ အထုပ်အပိုးများနှင့် ထွက်သွားကြကြောင်း၊ တပ်များ နေရာချပြီးသည့်အချိန်တွင် ရွာသားများ မရှိတော့ကြောင်း ပြောဆိုထားသည်ကို တွေ့ရသည်။
ထန်းရှောက်ခံကျေးရွာအတွင်း ကျေးရွာသားများ မရှိတော့သည့်နောက်ပိုင်း ကျေးရွာအတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့်အတွက် သေဆုံးသွားခဲ့ရသည့်သူများမှာ စစ်တပ်က တပ်ဖွဲ့ဝင်များနှင့် စစ်သင်တန်းပေးထားသည့် မွတ်ဆလင်များသာဖြစ်ကြောင်းလည်း သူက ဝန်ခံပြောဆိုထားသည်။
ထန်းရှောက်ခံရွာ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ထွက်ပေါ်လာသည့် သတင်းများကို ကြည့်ရှုနားထောင်ပြီးသည့် နောက်ပိုင်းတွင် ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် လေ့လာကြည့်မိသည်။
အချိန်အားဖြင့် ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် AA က ဘူးသီးတောင်၊ ဝါးခုတ်ချောင်း အခြေစိုက် စကခ ၁၅ ဌာနချုပ်ကို သိမ်းပိုက်ပြီးဖြစ်သည်မှာ မှန်သည်။ ထန်းရှောက်ခံရွာ (ဟောယ်ယာစီးရီး) ဖြစ်စဉ်သည် မေလ ၄ ရက်နေ့က ဖြစ်စဉ်ဟု ထွက်ပေါ်နေသည့်သတင်းအရ သိရသည်။
ထိုစဉ်က စကခ ၁၅ ဒုစကခမှူး၏ ထွက်ဆိုချက်အရ စကခ ၁၅ မှ ဆုတ်ခွာလာသည့် စစ်သားများသည် အတွင်းငှက်သေကျေးရွာအုပ်စု၊ ထန်းရှောက်ခံရွာဘက်သို့ ဆုတ်ခွာပြီး ယာယီခံစစ်ဆင်ခဲ့ကြောင်း တွေ့ရသည်။ ဆုတ်ခွာသွားသည့် စစ်တပ်စစ်ကြောင်းကို AA က လိုက်လံရှင်းလင်းစဉ် ကျေးရွာအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့်အတွက် စစ်တပ်က တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် မွတ်ဆလင် အများအပြား သေဆုံးခဲ့ကြောင်း ကြားသိရသည်။
ထိုစဉ်က စကခ ၁၅ ဒုစကခမှူး၏ ထွက်ဆိုချက်အရ စကခ ၁၅ မှ ဆုတ်ခွာလာသည့် စစ်သားများသည် အတွင်းငှက်သေကျေးရွာအုပ်စု၊ ထန်းရှောက်ခံရွာဘက်သို့ ဆုတ်ခွာပြီး ယာယီခံစစ်ဆင်ခဲ့ကြောင်း တွေ့ရသည်။ ဆုတ်ခွာသွားသည့် စစ်တပ်စစ်ကြောင်းကို AA က လိုက်လံရှင်းလင်းစဉ် ကျေးရွာအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့်အတွက် စစ်တပ်က တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် မွတ်ဆလင် အများအပြား သေဆုံးခဲ့ကြောင်း ကြားသိရသည်။
ထွက်ပေါ်လာသည့် ထန်းရှောက်ခံရွာမှ သတင်းမှတ်တမ်းဓာတ်ပုံများအရ မြန်မာစစ်တပ်သုံး ပျက်စီးနေသည့် ကျည်ကာဦးထုပ်များ၊ ကျည်ကာအင်္ကျီများနှင့် စစ်ဖိနပ်အချို့ကို တွေ့ရသည်။ ရွာရှိ ရပ်မိရပ်ဖတဦး၏ ထွက်ဆိုချက်အရလည်း ရွာသားများ သေဆုံးခြင်းမရှိဘဲ မွတ်ဆလင် လက်နက်ကိုင် ပြည်သူ့စစ်အချို့သာ သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အကြောင်းအရာများကို ဆက်စပ်ကြည့်ပါက သေဆုံးအလောင်းများသည် စစ်တပ်မှ အရာရှိ၊ စစ်သည်များ၏ ရုပ်အလောင်းများနှင့် စစ်သင်တန်းပေးထားသည့် မွတ်ဆလင်များ၏ ရုပ်အလောင်းများသာ ဖြစ်နိုင်ကြောင်း ယူဆရသည်။

AA ပြောခွင့်ရသူ ခိုင်သုခ၏ ပြောဆိုချက်အရ ၂၀၁၇ ခုနှစ်တွင် ဘူးသီးတောင်မြို့နယ်၊ အတွင်းငှက်သေကျေးရွာအုပ်စု၊ ထန်းရှောက်ခံရွာရှိ လူဦးရေစုစုပေါင်းမှာ ၉၉၃ ယောက် ရှိကြောင်း၊ စစ်ဘေးရှောင်ပြီးနောက် ပြန်လည်နေထိုင်သည့် လူဦးရေမှာ ၉၁၀ ယောက်ဖြစ်သဖြင့် လူဦးရေအနေနှင့် ၈၃ ယောက်သာ ကွာခြားချက်ရှိနေသည်။
ထိုဒေသမှ ရိုဟင်ဂျာများသည် တောင်ကျော်လမ်းများနှင့် ပင်လယ်ရေကြောင်းများမှ တဆင့် ရေကြည်ရာမြက်နုရာသို့ တရားမဝင် ရွှေ့ပြောင်းသွားလာတတ်ကြသဖြင့် ထိုကွာခြားသည့် လူအရေအတွက်သည်လည်း ဒုက္ခသည်စခန်းများ၊ အခြား နိုင်ငံများနှင့် ပြည်တွင်းရှိ မြို့များသို့ ပျံ့နှံ့ရောက်ရှိသွားနိုင်ဖွယ်ရှိသည်။
လူအခွင့်အရေးလှုပ်ရှားသူများ အနေဖြင့်လည်း ရိုဟင်ဂျာသေလျှင် အသတ်ခံရသည့်သဘော သရုပ်ဖော်တတ်သလို နိုင်ငံကြီးများနှင့် အစိုးရများအနေဖြင့် နိုင်ငံရေးအရ အမြတ်ထုတ်လိုသည့်အခါ ရိုဟင်ဂျာအရေး ထုတ်ကစားတတ်သည်ကိုလည်း သတိပြုရန်လိုမည်ဟု ထင်မြင်မိသည်။
စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း၏ စကားများကို လေ့လာကြည့်သည့်အခါ လူမျိုးရေးပဋိပက္ခ ဖြစ်အောင် မီးမွှေးနေသည့်သဘောကို တွေ့ရသည်။ AA အပါအဝင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများနှင့် ရိုဟင်ဂျာများအကြား သဟဇာတဖြစ်မှုကို စစ်တပ်အနေဖြင့် မလိုလားကြောင်းလည်းတွေ့ရသည်။
စစ်တပ်သည် ၂၀၁၇ ခုနှစ်အတွင်းက ရိုဟင်ဂျာများအပေါ် နှိပ်ကွပ်ပြပြီး ဒေသခံလူမျိုးစုများ၏ ထောက်ခံမှုကို ရယူဖို့ ကြိုးစားခဲ့သော်လည်း ထောက်ခံမှုမရဘဲ နိုင်ငံတကာခုံရုံးကိုသာ အတင်ခံခဲ့ရသည်။
ထို့ပြင် စစ်တပ်သည် ဘူးသီးတောင်ဒေသ တိုက်ပွဲများတွင် ခွက်ခွက်လန်အောင် ရှုံးခဲ့ရခြင်း၊ ဘူးသီးတောင်မြို့ကို မီးရှို့ပြီး ရိုဟင်ဂျာနှင့် ရခိုင်တိုင်းရင်းသားတို့အကြား ပဋိပက္ခဖြစ်အောင် မီးမွှေးပေးခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ နောက်ကွယ်က လက်မည်းကြီးမှာ စစ်တပ်ဖြစ်ကြောင်း ထုတ်ဖော်ခြင်းကို ခံခဲ့ရသည်။
ထို့သို့ မရှုမလှ အရှက်ရခဲ့ရသည့် စစ်တပ်သည် AA အပေါ်တွင် ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ရ၏။ AA က သူတို့ သိမ်းပိုက်ရရှိခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အုပ်ချုပ်မှုယန္တရား တည်ဆောက်ရာတွင် ရိုဟင်ဂျာများကိုပါ ပါဝင်စေလျက်ရှိချိန်တွင် မင်းသား မလုပ်ရသည့်စစ်တပ်က ချော်လဲရောထိုင်ပြီး ပတ်မကြီးကို အချိန်ကိုက် ထိုးဖောက် လက်စားချေခြင်းဟုလည်း ယူဆရသည်။
ထို့သို့ မရှုမလှ အရှက်ရခဲ့ရသည့် စစ်တပ်သည် AA အပေါ်တွင် ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ရ၏။ AA က သူတို့ သိမ်းပိုက်ရရှိခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အုပ်ချုပ်မှုယန္တရား တည်ဆောက်ရာတွင် ရိုဟင်ဂျာများကိုပါ ပါဝင်စေလျက်ရှိချိန်တွင် မင်းသား မလုပ်ရသည့်စစ်တပ်က ချော်လဲရောထိုင်ပြီး ပတ်မကြီးကို အချိန်ကိုက် ထိုးဖောက် လက်စားချေခြင်းဟုလည်း ယူဆရသည်။
တနည်းအားဖြင့် ရိုဟင်ဂျာအရေး လှုပ်ရှားသူထံက ထွက်လာသည့်စကားကိုလိုက်ကာ စစ်တပ်သည် ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ AA အပေါ် လူတစုက အများအမြင်မှားသွားလည်း အမြတ်ပဲဆိုသည့် သဘောဖြင့် ပြောခြင်းလည်းဖြစ်သည်။
စစ်ခေါင်းဆောင်များသည် ရိုဟင်ဂျာ အခွင့်အရေးလှုပ်ရှားသူတဦးထံက ထွက်လာသည့် စကားကို အခွင့်ကောင်းယူကာ စိတ်ဓာတ်စစ်ဆင်ရေးတွင် အကျိုးရှိအောင် အသုံးချနေခြင်းဟုလည်း ယူဆရသည်။
တနည်းအားဖြင့် စစ်တပ်က ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများအပေါ် သူတို့ ကျုးလွန်ခဲ့သည့် ရာဇဝတ်မှုများကို မှေးမှိန်စေပြီး AA ကိုလည်း စစ်တပ်က သူတို့ကျခဲ့သည့် ထောင်ချောက်အတွင်းသို့ ကျရောက်အောင် ဆောင်ရွက်နေကြောင်း တွေ့ရပါသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
ထန်းရှောက်ခံရွာမှာ ဘာတွေဖြစ်ခဲ့လဲ (ရုပ်/သံ)
ကျနော်တို့ စစ်သည်တွေနဲ့ လေ့ကျင့်ပေးထားတဲ့ ရိုဟင်ဂျာတွေရဲ့ အရိုးစုပဲ
ဘူးသီးတောင်ရိုဟင်ဂျာအမှု ကာ/လုံထုတ်ပြန်ချက် ပွဲလန့်တုန်းဖျာခင်းခြင်းဟု AA တုံ့ပြန်
ရိုဟင်ဂျာ ၆၀၀ ကျော်ကို သတ်ဖြတ်မှုမရှိခဲ့ကြောင်း AA ငြင်းဆို (ရုပ်/သံ)
စစ်ကောင်စီက ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လုံးကို လူမျိုးရေးနှင့် လှည့်တိုက်နေ
ရှင်သန်ရေးအတွက် ရိုဟင်ဂျာ ဒုက္ခသည်များ မြန်မာစစ်တပ်ထဲ ဝင်တိုက်နေ












