ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းက ထန်းရှောက်ခံရွာအနီး တွေ့ရှိရတဲ့ အရိုးစုတွေနဲ့ ရုပ်အလောင်းတွေဟာ အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့စစ်အဖြစ် စုဆောင်းခံထားရတဲ့ ရိုဟင်ဂျာတွေသာဖြစ်တယ်လို့ ထန်းရှောက်ခံရွာသားတွေနဲ့ ထန်းရှောက်ခံရွာတိုက်ပွဲမှာပါဝင်ခဲ့တဲ့ စကခ (၁၅) ဒုတိယစကခမှူးတို့က ဧရာဝတီကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၄ ရက်နေ့က အာရ်ကန် ရိုဟင်ဂျာ အမျိုးသားကောင်စီ (ARNC) က ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံကျေးရွာမှာ အနည်းဆုံး ရိုဟင်ဂျာ ၆၀၀ ကို အာရက္ခတပ်တော် (AA) က သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာပါ။ ထုတ်ပြန်ချက်ထဲမှာတော့ ထန်းရှောက်ခံရွာက ရိုဟင်ဂျာတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုဟာ ၂၀၂၄၊ မေလ ၂ ရက်နေ့ က ဖြစ်ပြီး ဓါတ်ပုံ သက်သေ အထောက်အထားတွေ ရရှိထားတယ်လို့ဆိုပါတယ်။
AA ထံ လက်နက်ချခဲ့တဲ့ စကခ (၂၁) ဒုစကခမှူး ဗိုလ်မှူးကြီးကောင်းမြတ်ရဲ့ အဆိုအရ ၂၀၂၄ ခုနှစ် မေလ ၃ ရက်နေ့ တရက်လုံးနဲ့ တညလုံးမှာ တိုက်ပွဲပြင်းထန်ခဲ့ကာ တိုက်ပွဲမှာသေဆုံးသွားသူတွေရဲ့ ရုပ်အလောင်း ၁၀၀ ကျော်ကို ကောက်ယူနိုင်ခြင်းမရှိပဲ ရွာပတ်လည် လမ်းဘေးနဲ့ လယ်ကွင်းတွေမှာ ကျန်ရှိခဲ့တယ်လို့ဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













