တံဆိပ်အသစ်ပြောင်းထားတဲ့ စစ်တပ်က ဒီဇင်ဘာလနှောင်းပိုင်းမှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေစဉ် စစ်တပ်ရဲ့ နိုင်ငံရေးလက်တံဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ (USDP) ဟာ အမျိုးသားရေးအစွန်းရောက် အုပ်စုတွေ၊ စစ်တပ်ထောက်ခံတဲ့ အသိုက်အဝန်းတွေနဲ့ သွားရောက်တွေ့ဆုံတာတွေကို အရှိန်မြှင့် လုပ်ဆောင်နေတယ်။
အဲဒီလုပ်ရပ်ဟာ ရွေးကောက်ပွဲထောက်ခံမှုရအောင် စည်းရုံးပြီး ရွေးကောက်ပွဲဆန့်ကျင်မှုတွေကို စောင့်ကြည့်ဖို့နဲ့ ဆန့်ကျင်သူတွေကို ချေမှုန်းဖို့ ညှိနှိုင်းလှုပ်ရှားမှု တစိတ်တပိုင်းဖြစ်တယ်လို့ မြင်ကြတယ်။
ဩဂုတ်လ ၁၆ ရက်နေ့မှာ USDP ဥက္ကဋ္ဌ ဦးခင်ရီဟာ ရန်ကုန်က စစ်တပ်လိုလားတဲ့ အနုပညာရှင်တွေနဲ့ တွေ့ဆုံပြီး စစ်ကော်မရှင် စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေ ပါဝင်ရေး အားပေးဖို့ သူတို့ကို တိုက်တွန်းတယ်။
ဦးခင်ရီဟာ အရင်စစ်အုပ်စုနဲ့ အခုစစ်အုပ်စု နှစ်ခုလုံးမှာသာမက ၂၀၁၀ ပြည့်နှစ်များ အစောပိုင်းက ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ရဲ့ အရပ်သားတပိုင်းအစိုးရမှာပါ လုပ်ကိုင်ခဲ့တဲ့ လူလက်တဆုပ်စာထဲက တယောက်ဖြစ်တယ်။ သူဟာ စစ်အာဏာမသိမ်းမီ လတွေမှာ စစ်တပ်ထောက်ခံတဲ့ ဆန္ဒပြပွဲ ဒါဇင်ပေါင်းများစွာကို စီစဉ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုမှာ အဓိကအခန်းက ပါဝင်တယ်။

ဩဂုတ်လ ၁၆ ရက်နေ့ အစည်းအဝေး တက်ရောက်သူတွေမှာ စစ်တပ်ကို အမာခံ ထောက်ခံသူတွေလို့ လူသိများတဲ့ အနုပညာသမားတွေနဲ့ ကျော်ကြားသူတွေ ပါဝင်တယ်။
အဲဒီအထဲမှာ လူသတ်မှုအတွက် ၂၀၁၄ ခုနှစ်မှာ ထောင်တသက်တကျွန်း ချခံရတဲ့ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာနဲ့ အယ်ဒီတာ မင်းအုပ်စိုးလည်း ပါဝင်တယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ လွတ်လာပြီးနောက် စစ်တပ်ကို ချီးကျူးဖို့နဲ့ စစ်တပ်ဆန့်ကျင်သူအုပ်စုတွေကို စော်ကားခြိမ်းခြောက်ဖို့ လူမှုကွန်ရက်ကို အသုံးပြုပြီး စစ်တပ်ထောက်ခံသူအဖြစ်နဲ့ သူ့ကိုယ်သူ အမြန်ပုံဖော်တယ်။
USDP ရဲ့ ရန်ကုန်ရုံးမှာ စစ်တပ်ထောက်ခံသူတွေကို အရင်က အနည်းဆုံး နှစ်ကြိမ်တွေ့ဆုံပြီးနောက် ဩဂုတ်လ ၁၆ ရက်နေ့က အစည်းအဝေးကို ပြုလုပ်တာ ဖြစ်တယ်။
ဇူလိုင်လ ၃၁ ရက်နေ့မှာ ဦးခင်ရီဟာ စစ်တပ်ဝါဒဖြန့်ချိရေး ရုပ်ရှင်တွေမှာ သရုပ်ဆောင်တဲ့ ထင်ရှားတဲ့ အနုပညာသမားတွေနဲ့ တွေ့ဆုံတယ်။ နောက်တနေ့မှာ သူဟာ သဘောထားတင်းမာတဲ့ အမျိုးသားရေးဝါဒီတွေနဲ့ တွေ့ဆုံပြီး စစ်တပ်က စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို ထောက်ခံပြီး နိုင်ငံအပေါ် သစ္စာခံမှုပြသဖို့ တောင်းဆိုတယ်။

အဲဒီမှာ တက်ရောက်တဲ့ အမျိုးသားရေးအစွန်းရောက်တွေထဲမှာ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်ဝိုင်းကြည်၊ အစွန်းရောက်ဘုန်းကြီး ဦးဝီရသူရဲ့ သာဝက ဝင်းကိုကိုလတ်နဲ့ ၂၀၁၇ ခုနှစ်က ရန်ကုန်လေဆိပ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုအပေါ် ချီးကျူးတဲ့ မြတ်ဖုန်းမိုတို့ ပါတယ်။
အဲဒီအစည်းအဝေးတက်ရောက်သူတွေဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်တဲ့ စစ်တပ်ထောက်ခံပွဲတွေ လုပ်ဖို့ ဦးခင်ရီကို ကူညီပြီး မင်းအောင်လှိုင် အာဏာသိမ်းမှုကို လမ်းခင်းပေးရာမှာ အဓိကအခန်းက ပါဝင်ကြသူတွေပါ။ အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်မျှတတယ်လို့ ပြည်တွင်းနဲ့ နိုင်ငံတကာလေ့လာသူတွေက ကြေညာတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သောင်ပြိုကမ်းပြို နိုင်တယ်လို့ ကြေညာပြီးနောက် အဲဒီဆန္ဒပြပွဲတွေက UEC ကို ပစ်မှတ်ထားတယ်။ ဒါပေမဲ့ အဲဒီဆန္ဒပြပွဲတွေမှာ လူရာဂဏန်း အနည်းငယ် စုဝေးပြီး စစ်တပ်ထောက်ခံတဲ့ ကြွေးကြော်သံတွေ အော်ကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ရန်ကုန်မြို့လယ် စစ်တပ်ထောက်ခံပွဲအတွင်းမှာ စစ်တပ်ထောက်ခံသူတွေဟာ ရပ်ကြည့်နေသူတွေရဲ့ ရှုတ်ချတာခံရပြီးနောက် ပြည်သူတွေကို ရိုက်နှက်ပြီး ဓားနဲ့လိုက်ထိုးပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း လူတဒါဇင်လောက် ဒဏ်ရာရပါတယ်။
ဦးခင်ရီက စည်းရုံးတာခံရတဲ့ ထင်ရှားတဲ့ အမျိုးသားရေးဝါဒီတွေဟာ စစ်တပ်ကို ရှမ်းပြည်မြောက်ပိုင်းမှာ အမြစ်ဖြတ်ခဲ့တဲ့ စစ်အုပ်စုဆန့်ကျင်ရေး ၁၀၂၇ စစ်ဆင်ရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ၊ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ထိတွေ့ဆက်ဆံလို့ အရှေ့တီမောသမ္မတကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ၊ ဝါရင့်တက်ကြွလှုပ်ရှားသူ ဦးဂျင်မီ (ဦးကျော်မင်းယု) နဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် ဒီမိုကရေစီ လိုလားသူ လေးဦးကို စစ်ကောင်စီက ကွပ်မျက်တာကို ထောက်ခံတဲ့ပွဲတွေမှာ အမြဲတမ်း တွေ့နေရသူတွေဖြစ်ပါတယ်။

ဦးခင်ရီက အဲဒီ အမျိုးသားရေးအစွန်းရောက်တွေနဲ့ အနုပညာရှင်တွေကို “မိတ်ဆွေတွေ” လို့ ရည်ညွှန်းခေါ်ဝေါ်တယ်။

အဲဒီ အစည်းအဝေးတွေကြောင့် အစွန်းရောက် အမျိုးသားရေးသမားတွေကို ရွေးကောက်ပွဲလုံခြုံရေးအတွက် စည်းရုံးသိမ်းသွင်းပြီး လွန်ခဲ့တဲ့လက ပြဋ္ဌာန်းခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေအရ ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မတီတွေမှာ ထမ်းဆောင်ခိုင်းမယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ဖြစ်စေတယ်။
စိုးရိမ်ပူပန်မှုတွေရှိနေပေမဲ့ စစ်တပ်သစ္စာခံတွေနဲ့ အမျိုးသားရေးအစွန်းရောက်တွေရဲ့ ထောက်ခံမှုကြောင့် အားတက်နေတဲ့ ဦးခင်ရီက ဒီဇင်ဘာရွေးကောက်ပွဲ မတိုင်ခင် ဘာမှစိတ်ပူစရာမရှိဘူးလို့ လွန်ခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။
အဲဒီဥပဒေအရ လိုအပ်တဲ့ ရွေးကောက်ပွဲအတွင်း ပြည်တွင်းပြည်ပ အဖွဲ့အစည်းအတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့လည်း သူတို့ကို သုံးနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ အဲဒီဥပဒေအရ ရွေးကောက်ပွဲကို နှောင့်ယှက်တယ်လို့ သတ်မှတ်တဲ့လုပ်ရပ်တွေအတွက် အပြစ်ဒဏ်က ထောင် သုံးနှစ်ကနေ သေဒဏ်အထိ ပါဝင်တယ်။
ထင်ရှားတဲ့ စစ်တပ်ထောက်ခံသူတွေကို လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်သူတွေကို တော်လှန်ရေးအင်အားစုက ခြိမ်းခြောက်မှုတွေနောက်ပိုင်းမှာ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် တင်းကျပ်တဲ့ လုံခြုံရေးစီစဉ်ပေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သြဂုတ်လ ၁၂ ရက်နေ့ အစည်းအဝေးတခုမှာ အမိန့်ပေးတယ်။
မြို့နယ်ပေါင်း ၃၃၀ အနက် ၁၄၄ မြို့နယ်ခန့်ကို စစ်အုပ်စုဆန့်ကျင်ရေးအင်အားစုတွေက ထိန်းချုပ်ထားပြီး မြို့နယ် ၇၉ ခုမှာ ပဋိပက္ခတွေ ဖြစ်နေတယ်လို့ အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရက ပြောတယ်။
စိုးရိမ်ပူပန်မှုတွေရှိနေပေမဲ့ စစ်တပ်သစ္စာခံတွေနဲ့ အမျိုးသားရေးအစွန်းရောက်တွေရဲ့ ထောက်ခံမှုကြောင့် အားတက်နေတဲ့ ဦးခင်ရီက ဒီဇင်ဘာရွေးကောက်ပွဲ မတိုင်ခင် ဘာမှစိတ်ပူစရာမရှိဘူးလို့ လွန်ခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။
ဘာတွေပဲဖြစ်နေနေ ရွေးကောက်ပွဲတွေ ဆက်လုပ်မယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြုံးဝါးထားပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Rabid Nationalists, Celebs, and a Murderer: The Faces of Myanmar Junta’s Election ကို ဘာသာပြန်သည်။)
You may also like these stories:
ကြံ့ခိုင်ရေးပါတီ အနုပညာရှင်တွေကို ဘာ့ကြောင့်တွေ့လဲ (ရုပ်/သံ)
ရမ်းကားရိုင်းစိုင်းသော တပ်ထောက်ခံပွဲများ ဦးခင်ရီ စီစဉ်
နိုင်ငံရေးပါတီတွေ လုံခြုံရေးစိုးရိမ်မှုကြား ရွေးကောက်ပွဲအတွက် ပြင်နေ
၂၀၂၅ ရွေးကောက်ပွဲ၌ ပါတီအချို့ လက်နက်ကိုင်၍ လုံခြုံရေးယူမည်
သမ္မတဖြစ်ရေး စစ်ခေါင်းဆောင် မင်းအောင်လှိုင် မဲ စ ဆွယ်
ကြံ့ခိုင်ရေးပါတီ စည်းရုံးရေး အရှိန်မြှင့်တင်နေ