• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဟာဆီနာထွက်ပြေးပြီး တနှစ်ကျော်လာသော်လည်း ဘင်္ဂလားဒေ့ရှ် ယိမ်းယိုင်နေ

by Moudud Ahmmed Sujan
25 August 2025
in ဆောင်းပါး
A A
ဟာဆီနာထွက်ပြေးပြီး တနှစ်ကျော်လာသော်လည်း ဘင်္ဂလားဒေ့ရှ် ယိမ်းယိုင်နေ

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့က ဒါကာမြို့တွင် ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာကို ဆန့်ကျင်ဆန္ဒပြပွဲ၌ ဦးခေါင်းဒဏ်ရာရရှိသွားသည့် စင်သီယာ မာရင် ဆိုကယ်ကို ကျောင်းသားများက သယ်ယူသွားစဉ်

357
VIEWS
Share on FacebookShare on Twitter

စင်သီယာ မာရင် ဆိုကယ်သည် လွန်ခဲ့သောနှစ် ဇူလိုင်လ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာတွင် ဘဝတူ ကျောင်းသားကျောင်းသူ ထောင်ပေါင်းများစွာနှင့်အတူ အငြင်းပွားဖွယ် အစိုးရအလုပ်အကိုင် ဝေစုစနစ်ကို ဆန့်ကျင်ဆန္ဒပြချီတက်စဉ် သူ၏ဦးခေါင်းအား အရိုက်ခံရသည်ကို မှတ်မိနေသည်။

ထိုစဉ်က ဝန်ကြီချုပ် ရှိတ်ခ် ဟာဆီနာ၏ အဝါမီအဖွဲ့ချုပ်ပါတီ ကျောင်းသားအဖွဲ့မှ တက်ကြွလှုပ်ရှားသူတဦး၏ တိုက်ခိုက်မှုကြောင့် ဒါကာတက္ကသိုလ်၊ ရာဇဝတ်ဗေဒ နောက်ဆုံးနှစ်ကျောင်းသူ ဆိုကယ် ခေါင်းကို ၁၀ ချက် ချုပ်ရပြီး ယာယီမှတ်ဉာဏ်ဆုံးရှုံးမှု ဖြစ်စေခဲ့သည်။

နောက်တရက်ကြာသောအခါ ဒါကာမြို့မြောက်ဘက် ၃၀၀ ကီလိုမီတာခန့် (၁၈၆ မိုင်) မှ ရန်ပါခရိုင်၊ ဘီဂမ် ရိုကီယာ တက္ကသိုလ်တွင် ဆန္ဒပြနေစဉ် အသက် ၂၃ နှစ်အရွယ်ကျောင်းသား အဘူဆေယက်သည် ရဲတပ်ဖွဲ့၏ ပစ်ခတ်ခံရသည်။

လက်များဆန့်တန်းပြီး လဲကျသွားသည့် သူ၏ ဗီဒီယို ပျံ့နှံ့သွားသော ဟာဆီနာ အစိုးရကို မကြုံစဖူး ဆန့်ကျင်မှုများဖြစ်စေသည်။ ဟာဆီနာသည် လွန်ခဲ့သော သြဂုတ်လတွင် ဖြုတ်ချခံရသည်အထိ နိုင်ငံကို ၁၅ နှစ်ကြာ ဖိနှိပ်အုပ်ချုပ်ခဲ့သည်။

ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များနှင့် ဘာသာရေးကျောင်းများမှ ကျောင်းသားများ လမ်းမများပေါ်ထွက်လာကာ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်ဖြိုခွဲမှုကို အာခံကြသည်။ မကြာမီ လူငယ်ဆန္ဒပြသူများကို ၎င်းတို့၏မိဘများ၊ ဆရာများနှင့် အခြားနိုင်ငံသားများက ပူးပေါင်းပါဝင်ကြသည်။

ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များနှင့် ဘာသာရေးကျောင်းများမှ ကျောင်းသားများ လမ်းမများပေါ်ထွက်လာကာ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်ဖြိုခွဲမှုကို အာခံကြသည်။ မကြာမီ လူငယ်ဆန္ဒပြသူများကို ၎င်းတို့၏မိဘများ၊ ဆရာများနှင့် အခြားနိုင်ငံသားများက ပူးပေါင်းပါဝင်ကြသည်။

ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) နှင့် ဘင်္ဂလားဒေ့ရှ် ဂျမက် အီ-အစ္စလမ်မီ အပါအဝင် အတိုက်အခံပါတီများက အရေးပါသော ထောက်ခံမှုပေးပြီး ယခင်က မဖြစ်နိုင်ဟု ယူဆကြသည့် ညီညွတ်သော တပ်ပေါင်းစုဖွဲ့ကြပြီး ဟာဆီနာ အစိုးရကို ဆန့်ကျင်ကြသည်။

“ဝေးလံခေါင်ဖျားဒေသတွေက ကျောင်းသားတွေတောင်မှ ထွက်လာပြီး ထောက်ခံကြတယ်။ စစ်မှန်တဲ့ အပြောင်းအလဲ ဖြစ်လာတော့မယ်လို့ ခံစားရတယ်” ဟု ဆိုကယ်က Al Jazeera သတင်းဌာနသို့ ပြောသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်က ဒါကာမြို့ရှိ ဝန်ကြီးချုပ် ဟာဆီနာ နေအိမ်ကို ဆန္ဒပြသူများက စီးနင်းဝင်ရောက်စဉ် / AFP

သောင်းနှင့်ချီသော ဆန္ဒပြသူများက ဒါကာရှိ ဟာဆီနာ၏ နန်းတော်သဖွယ် ခမ်းနားသောအိမ်ကြီးနှင့် ရုံးများကို ဝင်ရောက်စီးနင်းသောကြောင့် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့တွင် အသက် ၇၇ နှစ်အရွယ် ဟာဆီနာသည် စစ်ရဟတ်ယာဉ်ဖြင့် သူ၏အဓိက မဟာမိတ် အိမ်နီးချင်း အိန္ဒိယသို့ ထွက်ပြေးသည်။

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများနှင့် အခြားစွပ်စွဲချက်မျာအတွက် တရားခွင်ကို ရင်ဆိုင်ရန် ဘင်္ဂလားဒေ့ရှ် တရားရုံး၏အမိန့်ကို အိန္ဒိယမှနေ၍ သူက ဆက်လက်အာခံနေသည်။

ဟာဆီနာ ထွက်ပြေးချိန်တွင် လူပေါင်း ၁,၄၀၀ ကျော်ကို သတ်ဖြတ်ပြီးဖြစ်ကာ အများစုမှာ အစိုးရတပ်များက ဆန္ဒပြသူများကို ပစ်ခတ်သောကြောင့် သေဆုံးခြင်းဖြစ်ပြီး အခြားသူ ထောင်ပေါင်းများစွာ ဒဏ်ရာရသည်ဟု ကုလသမဂ္ဂ၏ အဆိုအရသိရသည်။

ဟာဆီနာ ထွက်ပြေးပြီး သုံးရက်ကြာသောအခါ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် ဆန္ဒပြသူများသည် နိုင်ငံ၏ တဦးတည်းသော နိုဘယ်ဆုရှင် မစ္စတာ မူဟာမက် ယူနွတ် ဦးဆောင်သည့် ကြားဖြတ်အစိုးရကို ခန့်အပ်ခဲ့သည်။

လွန်ခဲ့သောနှစ်က ဆန္ဒပြသူများကို သတ်ဖြတ်မှု တရားခွင်များ မပြီးဆုံးသေးသမျှ အဝါမီအဖွဲ့ချုပ်က နိုင်ငံရေးလှုပ်ရှားမှု မလုပ်ရန် ကြားဖြတ်အစိုးရက ယခုနှစ် မေလတွင် ပိတ်ပင်ထားသည်။ ထိုပါတီ၏ ကျောင်းသားအဖွဲ့ဖြစ်သည့် ချထရာအဖွဲ့ချုပ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ပိတ်ပင်ခဲ့သည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
106
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
388
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
190

သို့သော် ဟာဆီနာအစိုးရနိဂုံး ပထမအကြိမ် နှစ်ပတ်လည်နေ့ကို ဩဂုတ်လ ၅ ရက်နေ့က ကျင်းပသောအခါ ၂၀၂၄ ခုနှစ် အရေးတော်ပုံကို ဖွင့်ဆိုသည့် ညီညွတ်မှုနှင့် မျှော်လင့်ချက်အမြင်သည် စိတ်ပျက်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းကို အရှုံးပေးလာရသည်ဟု ဆိုကယ်က ပြောသည်။

သို့သော် ဟာဆီနာအစိုးရနိဂုံး ပထမအကြိမ် နှစ်ပတ်လည်နေ့ကို ဩဂုတ်လ ၅ ရက်နေ့က ကျင်းပသောအခါ ၂၀၂၄ ခုနှစ် အရေးတော်ပုံကို ဖွင့်ဆိုသည့် ညီညွတ်မှုနှင့် မျှော်လင့်ချက်အမြင်သည် စိတ်ပျက်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းကို အရှုံးပေးလာရသည်ဟု ဆိုကယ်က ပြောသည်။

“သူတို့က တော်လှန်ရေးကို ရောင်းစားနေကြတယ်” ဟု လာမည့်နှစ်တွင် ကျင်းပမည်ဟု မျှော်လင့်ရသည့် အထွေထွေ ရွေးကောက်ပွဲမတိုင်မီ အာဏာငမ်းငမ်းတက်နေသည့် နိုင်ငံရေးအုပ်စုများကို ရည်ရွယ်ပြီး ၎င်းကပြောသည်။

“ကျမတို့ တိုက်ပွဲဝင်ခဲ့တဲ့ အပြောင်းအလဲက အလှမ်းဝေးနေဆဲပဲ။ ကြားဖြတ်အစိုးရက အရေးတော်ပုံကို မပိုင်တော့ဘူး” ဟုလည်း သူက ဆက်လက်ပြောကြားသည်။

“ကျမသားကို ဘာအတွက် စတေးလိုက်ရတာလဲ”

ကြားဖြတ်အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေးအတွက် သဘောတူညီချက်ရရန် ကြိုးစားနေသည့်တိုင် ဘင်္ဂလားဒေ့ရှ်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဦးဆောင်သည့် အသက် ၈၅ နှစ်အရွယ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မစ္စတာ ယူနွတ်သည် မြင့်မားနေသည့် နိုင်ငံရေးဖိအားကို ရင်ဆိုင်နေရသည်။

ဟာဆီနာ ဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း ပုခုံးချင်းယှဉ် ချီတက်ခဲ့ကြသည့် ပြိုင်ဘက်အုပ်စုများသည် ယခုအခါ ဘင်္ဂလားဒေ့ရှ် ရှေ့ဆက်ရမည့်ခရီးအတွက် နိုင်ငံရေးတိုက်ပွဲများတွင် ပိတ်မိနေကြသည်။

ဩဂုတ်လ ၅ ရက်နေ့တွင် မစ္စတာ ယူနွတ်သည် ဟာဆီနာကို ဖြုတ်ချသည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စာတမ်းဖြစ်သည့် ဇူလိုင်ကြေညာချက်ကို ထုတ်ပြန်မည်ဟု ထင်ခဲ့သော်လည်း မျှော်လင့်ချက်ထားသူ များများမရှိခဲ့ပေ။

ဒါကာတက္ကသိုလ်၊ ရာဇဝတ်ဗေဒ နောက်ဆုံးနှစ်ကျောင်းသူ စင်သီယာ မာရင် ဆိုကယ် ခေါင်းကို ၁၀ ချက် ချုပ်ရပြီး ယာယီမှတ်ဉာဏ်ဆုံးရှုံးမှု ဖြစ်စေခဲ့သည်

“တရားမျှတ ဒီမိုကရေစီကျ အချုပ်အခြာအာဏာပိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်လာဖို့ ကျမတို့ကလေးတွေ လမ်းမပေါ် ထွက်ခဲ့ကြတယ်။ ဒါပေမယ့် အဲဒါကို ကျမတို့ မရဘူး” ဟု မစ္စ ဆန်ဂျီဒါ ခန် ဒိပတီက ပြောသည်။ သူ၏ အသက် ၁၇ နှစ်အရွယ်သားဖြစ်သူ အနာ့စ်သည် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့တွင် ဒါကာမှ ချန်ခါပူဒေသအနီးတွင် ငြိမ်းချမ်းစွာ ချီတက်စဉ် ရဲတပ်ဖွဲ့က ပစ်သတ်ခံရသည်။

အနာ့စ်သည် ရဲတပ်ဖွဲ့၏ကျည်ဆံ ကျောကိုထိမှန်စဉ် လက်နက်ကိုင်ဆောင်ထားခြင်း မရှိဘဲ အကာအကွယ်ယူရန် ပြေးလွှားနေသည်ဟု မျက်မြင်သက်သေများက ပြောသည်။ သူသည် ထိုနေရာတွင် အမျိုးသားအလံကိုကိုင်ရင်း ပွဲချင်းပြီး သေဆုံးသည်။

“ဇူလိုင် လူသတ်ပွဲအတွက် ကျမတို့ မျှော်လင့်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တရားမျှတမှု ဖြစ်မလာဘူး။ ကျမတို့က ပိုမိုကောင်းမွန်၊ ငြိမ်းချမ်းပြီး တရားမျှတတဲ့ နိုင်ငံအတွက် လမ်းမပေါ်ထွက်ခဲ့ကြတယ်။ အဲဒီလိုဖြစ်မလာရင် ကျမသားကို ဘာအတွက်စတေးလိုက်ရတာလဲ” ဟု အသက် ၃၆ နှစ် အရွယ် အနာ့စ်၏မိခင်က Al Jazeera သို့ ပြောသည်။

“ဇူလိုင် လူသတ်ပွဲအတွက် ကျမတို့ မျှော်လင့်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တရားမျှတမှု ဖြစ်မလာဘူး။ ကျမတို့က ပိုမိုကောင်းမွန်၊ ငြိမ်းချမ်းပြီး တရားမျှတတဲ့ နိုင်ငံအတွက် လမ်းမပေါ်ထွက်ခဲ့ကြတယ်။ အဲဒီလိုဖြစ်မလာရင် ကျမသားကို ဘာအတွက်စတေးလိုက်ရတာလဲ” ဟု အသက် ၃၆ နှစ် အရွယ် အနာ့စ်၏မိခင်က Al Jazeera သို့ ပြောသည်။

သို့သော် အချို့သူများသည် ကြားဖြတ်အစိုးရအပေါ် ယုံကြည်မှု ဆက်လက် ခိုင်မာနေဆဲဖြစ်သည်။

“နောင်တမရဘူး” ဟု ခိုကွန် ချန်ဒရာ ဘားမင်းက ပြောသည်။ သူသည် နာရာယန်ဂန့်ခရိုင်တွင် ရဲက ပစ်ခတ်ခံရပြီး သူ့မျက်နှာတခုလုံးနီးပါး ထိခိုက်ခဲ့သည်။

“ကျနော့် စွန့်လွှတ်အနစ်နာခံမှုက ခွဲခြားဆက်ဆံမှုနဲ့ တည်ဆောက်ထားတဲ့ အစိုးရကို ဖြုတ်ချဖို့ အထောက်အကူပြုလို့ ကျနော်ဂုဏ်ယူတယ်” ဟု Al Jazeera သို့ ပြောသည်။

နိုင်ငံသည် မစ္စတာ ယူနွတ် ဦးဆောင်သည့် ကြားဖြတ်အစိုးရလက်ထက်တွင် အခြေအနေ ပိုမိုကောင်းမွန်သည်ဟု ၎င်းကမြင်သည်။ “မကောင်းဆိုးရွားဟောင်းတွေက ညတွင်းချင်း ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့ မျှော်လင့်ချက်ရှိလာပြီ” ဟု ဘားမင်းက ပြောသည်။

အတီကူ ဂါဇီကလည်း သဘောတူသည်။ “မစ္စတာ ယူနွတ်က စွမ်းဆောင်ရည်ရှိပြီး အကောင်းဆုံး ကြိုးစားနေတယ်။ နိုင်ငံရေးပါတီတွေက အင်တိုက်အားတိုက် သူနဲ့ ပူးပေါင်းရင် ပိုကောင်းနိုင်တယ်” ဟု သူက Al Jazeera သို့ ပြောသည်။

ဒါကာမြို့၏ ဥတ္တရာဒေသမှ အသက် ၂၁ နှစ်အရွယ် TikTok အသုံးပြုသူ အတီကူသည် ၂၀၂၄ ခုနှစ်တွင် အနီးကပ် ပစ်ခတ်ခံရပြီး အသက်မသေသော်လည်း လက်ဝဲဘက်လက်ကို ဆုံးရှုံးခဲ့သည်။

လက်တဖက် ဆုံးရှုံးသော်လည်း လွန်ခဲ့သောနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က သူတင်သည့် ပြုံးနေသော ဆယ်လ်ဖီ ဗီဒီယိုသည် ပျံ့နှံ့သွားပြီး သူသည် ကြံ့ကြံ့ခံနိုင်ရည်၏ သင်္ကေတဖြစ်လာသည်။

“ကျနော် မကြောက်ဘူး။ ကျနော် လှုပ်ရှားမှုထဲကို ပြန်ရောက်လာပြီ။ လက်တဖက်ကို ဆုံးရှုံးပေမဲ့ ကျနော့်ဘဝ အသစ်ပြန်စဖို့ အဆင်သင့်ဖြစ်နေပြီ”

“ကျနော် မကြောက်ဘူး။ ကျနော် လှုပ်ရှားမှုထဲကို ပြန်ရောက်လာပြီ။ လက်တဖက်ကို ဆုံးရှုံးပေမဲ့ ကျနော့်ဘဝ အသစ်ပြန်စဖို့ အဆင်သင့်ဖြစ်နေပြီ” ဟု ၎င်းကပြောသည်။

မတည်ငြိမ်မှု တိုးလာနိုင်

အခြားသူများသည် ထိုမျှလောက် အကောင်းမမြင်ပေ။ “အဲဒီကာလက မကြုံစဖူးညီညွတ်တဲ့ ကာလပဲ” ဟု ဒါကာမြို့စွန်ရှိ ဂျဟန်ဂါနဂါတက္ကသိုလ်မှ သမိုင်းပါမောက္ခ မိုဟာမက် ဂိုလမ် ရက်ဘနီက ပြောသည်။

နာရာယန်ဂန့်ခရိုင်တွင် ရဲက ပစ်ခတ်ခံရပြီး ခိုကွန် ချန်ဒရာ ဘားမင်း၏ မျက်နှာတခုလုံးနီးပါး ထိခိုက်ခဲ့သည်

ပါမောက္ခ ရက်ဘနီသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့က ကျောင်းဝင်းအတွင်း ဆန္ဒပြပွဲတွင် ကဗျာတပုဒ် ရွတ်ဆိုခဲ့သည်။ ထိုအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် လွန်ခဲ့သောလက မိန့်ခွန်းပြောစဉ် “အဲဒီညီညွတ်ရေးကို ကာကွယ်စောင့်ရှောက်ဖို့ဟာ အစိုးရသစ်အတွက် ပထမဆုံးတာဝန်ပဲ။ ဒါပေမဲ့ သူတို့ အဲဒါကို လက်လွတ်သွားတယ်” ဟု ၎င်းကပြောသည်။

ခွဲခြားဆက်ဆံမှု ဆန့်ကျင်သော ကျောင်းသားများဟု အမည်ပေးထားပြီး ဟာဆီနာအစိုးရကို ဖြုတ်ချခဲ့သည့် ကျောင်းသားများ၊ ပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများ၏ တပ်ပေါင်းစုသည် ယူနွတ် တာဝန်မယူစဉ်ကပင် စတင်ပြီး အစိတ်စိတ်အမွှာမွှာကွဲသည်။

အဝါမီအဖွဲ့ချုပ်ကို ဆန့်ကျင်သည့် ကြီးမားသော စိတ်ခံစားချက်များကို အသုံးချရန် မျှော်လင့်ပြီး အဓိက အတိုက်အခံ BNP က အရေးတော်ပုံပြီးနောက် ရွေးကောက်ပွဲများ ချက်ချင်းကျင်းပရန် တောင်းဆိုနေသည်။

သို့သော် ၂၀၂၄ ခုနှစ် ဆန္ဒပြပွဲများတွင် ကျောင်းသားခေါင်းဆောင်များက ဖွဲ့စည်းထားသည့် အမျိုးသားနိုင်ငံသားများပါတီ (NCP) နှင့် ဘင်္ဂလားဒေ့ရှ် ဂျမက် အီ-အစ္စလမ်မီက မည်သည့် ရွေးကောက်ပွဲမဆို မကျင်းပမီ ပိုမိုလေးနက်သော စနစ်ဆိုင်ရာပြောင်းလဲမှုများ လိုလားသည်။

ထိုသို့သော တောင်းဆိုမှုများကို ပြေလည်စေရန် ယူနွတ်အစိုးရသည် အမျိုးသား ဘုံသဘောတူညီချက် ကော်မရှင်ကို ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ၎င်း၏ လုပ်ပိုင်ခွင့်မှာ ကျွမ်းကျင်သူအဖွဲ့များက ဖော်ပြသည့် အမျိုးမျိုးသော ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို တခုတည်းသော နိုင်ငံရေးအစီအစဉ်အဖြစ် ပေါင်းစည်းရေးဖြစ်သည်။ လာမည့် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရသည့် မည်သည့်ပါတီ သို့မဟုတ် တပ်ပေါင်းစုမဆိုသည် ထိုပဋိညာဉ်ကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။

သို့သော် လက်ရှိအချိန်အထိ ထိုကော်မရှင်၏ အစည်းအဝေးများသည် အကွဲအပြဲများနှင့် သဘောထားကွဲလွဲမှုများသာ ဖြစ်စေပြီး အဓိကအားဖြင့် ပါလီမန်တွင် လွှတ်တော် နှစ်ရပ်ထားရှိရေး၊ လွှတ်တော် နှစ်ရပ်လုံးတွင် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေး၊ ပိုမိုကြီးမားသည့် ကြားနေမှုနှင့် ဘက်မလိုက်မှု ရှိစေရန် ဝန်ကြီးချုပ်၏ သြဇာကို ထိန်းချုပ်ခြင်းအားဖြင့် အဓိကကျသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အဖွဲ့အစည်းများ ခန့်အပ်သည့် လုပ်ငန်းစဉ် ပြုပြင်ပြောင်းလဲရေးတို့တွင် သဘောထားကွဲလွဲကြသည်။

“နိုင်ငံရေးအင်အားစုတွေက ပြုပြင်ပြောင်းလဲရေးကို သဘောမတူနိုင်ရင် မတည်ငြိမ်မှု တိုးလာနိုင်တယ်” ဟု သုတေသီ ရီဇော ကာရင် ရွန်နီက ပြောသည်။

“နိုင်ငံရေးအင်အားစုတွေက ပြုပြင်ပြောင်းလဲရေးကို သဘောမတူနိုင်ရင် မတည်ငြိမ်မှု တိုးလာနိုင်တယ်” ဟု သုတေသီ ရီဇော ကာရင် ရွန်နီက ပြောသည်။

သို့သော် အနောက်ပိုင်း ဆစ်ဒနီတက္ကသိုလ်၊ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး သုတေသန အစီအစဉ်မှ အချိန်ပိုင်း သုတေသီ မူဘာရှာ ဟာဆန်က နိုင်ငံရေးအကျပ်အတည်း မဖြစ်နိုင်ဘဲ သက်ဆိုင်သူအများစုသည် လာမည့်နှစ် ရွေးကောက်ပွဲဆီသို့ ဦးတည်နေကြောင်း ယူဆသည်။

သို့သော် ဟာဆန်သည် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ သံသယရှိနေပြီး အပေါ်ယံ အပြောင်းအလဲဟု မြင်သည်။

“ဒီမိုကရေစီတိုးတက်မှု နည်းနည်းရှိမှာဖြစ်ပေမဲ့ စစ်မှန်တဲ့ အပြောင်းအလဲမဟုတ်ဘူး” ဟု Al Jazeera သို့ ၎င်းကပြောသည်။ တချိန်က လူသန်းပေါင်းများစွာကို ကိုယ်စားပြုသည့် အဝါမီအဖွဲ့ချုပ်သည် ဆက်လက် ပိတ်ပင်ထားခံရကြောင်း သူကထောက်ပြသည်။

ထိုအချက်သည် ဘင်္ဂလားဒေ့ရှ်၏ ရွေးကောက်ပွဲ ဒီမိုကရေစီအပေါ် အယုံအကြည်ရှိမှုကို အားနည်းစေသည်ဟု သုတေသီအချို့က ထောက်ပြသည့် အချက်ဖြစ်သည်။

ဒါကာမြို့၏ ဥတ္တရာဒေသမှ အသက် ၂၁ နှစ်အရွယ် အတီကူသည် ၂၀၂၄ ခုနှစ်တွင် အနီးကပ် ပစ်ခတ်ခံရပြီး အသက်မသေသော်လည်း လက်ဝဲဘက်လက်ကို ဆုံးရှုံးခဲ့သည်

နိုင်ငံရေးပါတီများသည် အာဏာငမ်းငမ်းတက်နေကြောင်းနှင့် လွန်ခဲ့သောနှစ် ဆန္ဒပြပွဲများအတွင် ဟာဆီနာ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုကို ကူညီသောသူများကို မဆန့်ကျင်ကြကြောင်း ဆန္ဒပြပွဲများအတွင်း ဆယ်ကျော်သက်အရွယ် သားကို ဆုံးရှုံးခဲ့သည့် မစ္စ ဒိပတီက ပြောသည်။

“အကြမ်းဖက်မှုတွေမှာ ပါဝင်ခဲ့တဲ့ အရာရှိအများစုနဲ့ တရားဥပဒေစိုးမိုးရေးအရာရှိတွေ လွတ်မြောက်နေပြီး နိုင်ငံရေးပါတီတွေက အာဏာရရေးကိုပဲ အာရုံစိုက်နေကြတယ်” ဟု Al Jazeera သို့ သူကပြောသည်။

တရားမျှတမှုနှင့် ပြုပြင်ပြောင်းလဲမှု မရှိသော ရွေးကောက်ပွဲများသည် နိုင်ငံကို ဖက်ဆစ်ဝါဒလက်အတွင်း ပြန်လည် ကျရောက်စေမည်ဖြစ်ကြောင်း အရေးတော်ပုံမှ ပေါ်ပေါက်လာသည့် ဘက်မလိုက်ယဉ်ကျေးမှု အဖွဲ့အစည်း Inquilab Manch (တော်လှန်ရေးတပ်ဦး) ပြောခွင့်ရသူ ရှရစ် အော့စမန် ဘင် ဟာဒီက သတိပေးသည်။

တရားမျှတမှုနှင့် ပြုပြင်ပြောင်းလဲမှု မရှိသော ရွေးကောက်ပွဲများသည် နိုင်ငံကို ဖက်ဆစ်ဝါဒလက်အတွင်း ပြန်လည် ကျရောက်စေမည်ဖြစ်ကြောင်း အရေးတော်ပုံမှ ပေါ်ပေါက်လာသည့် ဘက်မလိုက်ယဉ်ကျေးမှု အဖွဲ့အစည်း Inquilab Manch (တော်လှန်ရေးတပ်ဦး) ပြောခွင့်ရသူ ရှရစ် အော့စမန် ဘင် ဟာဒီက သတိပေးသည်။

ခရိုင် ၂၅ ခုတွင် အဖွဲ့ဝင် ၁,၀၀၀ ကျော်ရှိသော သူ၏အဖွဲ့သည် နိုင်ငံတဝန်း ပျက်စီးယိုယွင်းနေသည့် တရားဥပဒေစိုးမိုးမှုအပေါ် စိုးရိမ်မှုများအကြား ၂၀၂၄ ခုနှစ် အရေးတော်ပုံ အထိမ်းအမှတ် ကဗျာရွတ်ပွဲများ၊ ပြပွဲများနှင့် လမ်းမပေါ် သရုပ်ပြပွဲများကို စီစဉ်ပြီး တာဝန်ခံမှု တောင်းဆိုသည်။

ဆန္ဒပြပွဲမြို့တော်

ရဲတပ်ဖွဲ့သည် အယုံအကြည်ကင်းမဲ့မှု ဆက်လက်ခံနေရပြီး ဟာဆီနာ၏ လက်နက်ကိုင်အုပ်ချုပ်မှု သက်ဆိုးရှည်ခြင်းတွင် ကြံရာပါဖြစ်ခြင်း အစွန်းအထင်းမှ နာလန်မထသေးချိန်တွင် စစ်သားများသည် ဘင်္ဂလားဒေ့ရှ်လမ်းများတွင် ကင်းလှည့်နေသည်ကို တွေ့နေရပြီး ဖမ်းဆီးထိန်းသိမ်းရန်နှင့် အချို့ အလွန်အကျွံကိစ္စများတွင် ဥပဒေချိုးဖောက်သူများအား ပစ်ခွင့်ကိုပင် ပေးထားသည်။

ယခုနှစ် ဧပြီလနှင့် ဇွန်လအတွင်း နိုင်ငံရေး အကြမ်းဖက်မှုများတွင် လူအနည်းဆုံး ၇၂ ဦး သတ်ဖြတ်ခံရပြီး အခြားသူ ၁,၆၇၇ ဦး ဒဏ်ရာရသည်ဟု မကြာသေးမီက အစီရင်ခံစာတခုတွင် လူ့အခွင့်အရေးအဖွဲ့ အိုဒီကာ (Odhikar) က ဖော်ပြသည်။ ထိုကာလအတွင်း ရဲနှင့် အမည်ဆိုးကျော်ကြားသည့် လျှပ်တပြက် တိုက်ခိုက်ရေးတပ်ကဲ့သို့ စစ်ရဲတပ်များက ဥပဒေမဲ့ သတ်ဖြတ်မှု ရှစ်ခု မှတ်တမ်းတင်ထားသည်ဟုလည်း ထိုအဖွဲ့က ပြောသည်။

အခြား ရာဇဝတ်မှုများလည်း မြင့်မားလာသည်။

ယခုနှစ် ဇန်နဝါရီလမှ မေလအတွင်း လူသတ်မှု ၁,၅၈၇ ခုကို ရဲတပ်ဖွဲ့က မှတ်တမ်းတင်ထားပြီး လွန်ခဲ့သော အလားတူ ကာလကထက် ၂၅ ရာခိုင်နှုန်း ပိုမိုမြင့်မားသည်။ ဓားပြတိုက်မှု နှစ်ဆနီးပါး တိုးလာပြီး ၃၁၈ ခုရှိသည်။ အမျိုးသမီးများနှင့် ကလေးများကို ကျူးလွန်သည့် ရာဇဝတ်မှုများသည် ထိပ်ဆုံးရောက်လာပြီး ၉,၁၀၀ အထိရှိကာ ဓားပြတိုက်မှု အလွန်မြင့်တက်နေသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က ဒါကာမြို့တွင် ဘင်္ဂလားဒေ့ရှ် ဂျမက် အီ-အစ္စလမ်မီပါတီ ချီတက်ပွဲ / AFP

“ဒေါသထွက်နေတဲ့လူအုပ်ကြီးနဲ့ ပစ်မှတ်ထားသတ်ဖြတ်မှု မြင့်မားနေပြီး အများအပြားဟာ နိုင်ငံရေးနဲ့ ပတ်သက်နေတယ်။ နိုင်ငံရေးပါတီတွေက သူတို့ရဲ့လုပ်ဆောင်မှုတွေကို မထိန်းချုပ်ရင် စိတ်ဓာတ်ကျနေတဲ့ ရဲတွေက အဲဒီပြဿနာကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး” ဟု အကျိုးအမြတ်မယူသည့် Human Rights Support Society အဖွဲ့ အမှုဆောင်ဒါရိုက်တာ မိုဟာမက် အီဂျာဂျူ အစ္စလမ်က Al Jazeera သို့ ပြောသည်။

ရဲတပ်ဖွဲ့အတွင်း စိတ်ဓာတ်ကျဆင်းခြင်းသည် အဓိကအားဖြင့် ၂၀၂၄ ခုနှစ် အရေးတော်ပုံကြောင့်လည်း ဖြစ်သည်။ ထိုစဉ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတဝန်း ရဲစခန်း ၅၀၀ ကျော် တိုက်ခိုက်ခံရပြီး တရားဥပဒေစိုးမိုးရေး အရာရှိများသည် သီတင်းတပတ်ကျော် လမ်းမများမှ ပျောက်ကွယ်နေသည်။

“ရဲတပ်ဖွဲ့က စိတ်ဓာတ်ကျတဲ့ အခြေအနေကနေ ပြန်လည် စတင်နေရတယ်” ဟု အီဂျာဂျူက ပြောသည်။

Al Jazeera က စကားပြောခဲ့သည့် အောက်ခြေအဆင့် ရဲအများအပြားက အခြားပြဿနာတခုကို ထောက်ပြသည်။ ကျေးလက်ဒေသများတွင် အလွတ်သဘော နိုင်ငံရေးစနစ် ပြိုလဲသည့်ပြဿနာဖြစ်သည်။

“အဝါမီအဖွဲ့ချုပ်ခေတ်တုန်းက ရဲတွေဟာ အာဏာရပါတီ ခေါင်းဆောင်တွေနဲ့ ကြုံသလိုလုပ်ရတယ်။ သူတို့က ဒေသဆိုင်ရာ အငြင်းပွားမှုတွေကို ကြားဝင်စေ့စပ်ပေးတယ်” ဟု အိန္ဒိယနယ်စပ်အနီး ကူရီဂရမ်ခရိုင်ရှိ ရူမာရီရဲစခန်းမှ အဆင့်မြင့်အရာရှိတဦးက ပြောသည်။

“အဲဒီစနစ်က မရှိတော့ဘူး။ BNP, ဘင်္ဂလားဒေ့ရှ် ဂျမတ် အီ-အစ္စလမ်မီနဲ့ တခြားအဖွဲ့ အများအပြားက ဈေးကွက်တွေ၊ သယ်ယူပို့ဆောင်ရေး အချက်အချာနေရာတွေနဲ့ အစိုးရတင်ဒါတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေကြတယ်” ဟု မီဒီယာနှင့် စကားပြောရန် တာဝန်မရှိသောကြောင့် အမည်မဖော်လိုသည့် ထိုအရာရှိက ပြောသည်။

ဒါကာတွင်လည်း အခြေအနေ တိုးတက်လာခြင်း မရှိပေ။

“နေ့တိုင်းနေ့တိုင်း လမ်းမပေါ်ဆန္ဒပြပွဲတွေကို စီမံဖို့က ကျနော်တို့ရဲ့ အဓိကတာဝန်ဖြစ်လာတယ်” ဟု ဒါကာမြို့တော်ရဲတပ်ဖွဲ့ ဒု ရဲမင်းကြီး တာလီဘာ ရာမန်က ပြောသည်။

“ဒါကာက ဆန္ဒပြပွဲမြို့တော် ဖြစ်လာတယ်လို့ ခံစားရတယ်။ ပြည်သူတွေက သူတို့ဆန္ဒကို ဖော်ပြဖို့အတွက်နဲ့တင် အစိုးရရုံးတွေကို ချိုးဖောက်ဝင်ရောက်ကြတယ်” ဟု ဒု ရဲမင်းကြီး ရာမန်က ပြောသည်။

“ဒါကာက ဆန္ဒပြပွဲမြို့တော် ဖြစ်လာတယ်လို့ ခံစားရတယ်။ ပြည်သူတွေက သူတို့ဆန္ဒကို ဖော်ပြဖို့အတွက်နဲ့တင် အစိုးရရုံးတွေကို ချိုးဖောက်ဝင်ရောက်ကြတယ်” ဟု ဒု ရဲမင်းကြီး ရာမန်က ပြောသည်။

သို့သော် ဒု ရဲမင်းကြီး ရာမန်က မြို့တော်၏ ငြိမ်ဝပ်ပိပြားမှုအခြေအနေသည် ၂၀၂၄ ခုနှစ် အရေးတော်ပုံပြီးနောက်ပိုင်း အခြေအနေထက် တိုးတက်လာသည်ဟု ပြောသည်။ ဇူလိုင်လ ၁၅ ရက်နေ့က ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းမှုတွင် မစ္စတာ ယူနွတ်၏ ပြောခွင့်ရသူ ရှာဖီကျူ အလမ်က “စာရင်းအားလုံးကို ခြုံကြည့်ရင် အခြေအနေ တည်ငြိမ်လာနေတယ်” ဟု ဒါကာတွင် ငြိမ်ဝပ်ပိပြားမှုနှင့် ပတ်သက်ပြီး Somoy Television ကွန်ရက်သို့ ပြောသည်။

အရေးတော်ပုံအတွင်းအပါအဝင် နှစ်ပေါင်းများစွာ တရားမျှတမှု မရရှိသူ အများအပြားသည် အမှုများကို တိုင်ကြားလာကြောင်းလည်း အလမ်က ပြောသည်။

အချို့က သဘောတူသည်။

“အခြေအနေ တဖြည်းဖြည်း တိုးတက်လာတယ်” ဟု ဒါကာရှိ လူကုံထံရပ်ကွက် ဘာရှန်ဒရာမှ အသက် ၃၈ နှစ်အရွယ် ဆိုက်ကားသမား မိုဟာမက် ရှိုင်နာက ပြောသည်။

အချက်တချက်မှာ စီးပွားရေးတိုးတက်လာသည့် လက္ခဏာအချို့ ရှိသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာ့ ၃၅ ခုမြောက် အကြီးမားဆုံးနှင့် တောင်အာရှတွင် ဒုတိယအကြီးမားဆုံး စီးပွားရေးဖြစ်ပြီး အဓိကအားဖြင့် အောင်မြင်သော အထည်ချုပ်လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းကြောင့် ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့က ဒါကာတွင် ဟာဆီနာ ရုပ်ပုံကို ဆန္ဒပြသူများက ဖျက်ဆီးထားစဉ် / Reuters

တရားမဝင် ငွေရင်းစီးဆင်းမှုကို နှိမ်နင်းခြင်း၊ စံချိန်တင် ငွေလွှဲပို့မှုနှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ ငွေကြေးထောက်ပံ့မှုသစ်များကြောင့် နိုင်ငံခြားအရန်ငွေသည် ၂၀၂၄ ခုနှစ်၊ မေလတွင် ဒေါ်လာ ၂၄ ဘီလီယံမှ ယခုနှစ် ဇွန်လတွင် ဒေါ်လာ ၃၂ ဘီလီယံသို့ တက်လာသည်။ ငွေကြေးဖောင်းပွမှုသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လက ၁၁.၇ ရာခိုင်နှုန်းရှိရာမှ ယခုနှစ်ဇွန်လတွင် ၈.၅ ရာခိုင်နှုန်းသို့ ကျဆင်းသည်။

သို့သော် အလုပ်လက်မဲ့ဖြစ်မှုလည်း များပြားပြီး ဘင်္ဂလားဒေ့ရှ်လူငယ် ၃၀ ရာခိုင်နှုန်းနီးပါးသည် အလုပ်မရှိသလို ပညာသင်ယူခြင်းလည်း မရှိဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က ပြောသည်။

“အရေးတော်ပုံအတွင်းက အာဇာနည်တွေနဲ့ ဒဏ်ရာရတဲ့ ကျနော်တို့ကို ပြည်သူတွေ သတိရပါစေ။ အဲဒီလွတ်လပ်မှုရဲ့ သက်ရှိသင်္ကေတတွေ ကျနော်တို့ ဆက်လက်ဖြစ်စေချင်တယ်”

ထို့ပြင် ဘင်္ဂလားဒေ့ရှ် အဝတ်အထည်ကို အဓိက ဝယ်ယူသည့် အမေရိကန် ပြည်ထောင်စုက သွင်းကုန်အခွန် ၂၀ ရာခိုင်နှုန်း ချမှတ်ခြင်းကြောင့် ထိုကဏ္ဍတွင် လုပ်ကိုင်နေသည့် လူ ၄ သန်း၏ အသက်မွေးဝမ်းကြောင်းကို ခြိမ်းခြောက်နေသည်။

ဒါကာတွင် ဂါဇီသည် ၂၀၂၄ ခုနှစ် ဆန္ဒပြပွဲများကို အမှတ်တရ ထိန်းသိမ်းထားသည်။

“အရေးတော်ပုံအတွင်းက အာဇာနည်တွေနဲ့ ဒဏ်ရာရတဲ့ ကျနော်တို့ကို ပြည်သူတွေ သတိရပါစေ။ အဲဒီလွတ်လပ်မှုရဲ့ သက်ရှိသင်္ကေတတွေ ကျနော်တို့ ဆက်လက်ဖြစ်စေချင်တယ်” ဟု Al Jazeera သို့ ၎င်းကပြောသည်။

“ကျနော်လက်တဖက် ဆုံးရှုံးသွားပေမဲ့ နောင်တမရဘူး။ လိုအပ်ရင် အသက်ပေးမယ်။ ဘယ်သူအာဏာရရ ဒီနိုင်ငံကို ကောင်းကောင်းအုပ်ချုပ်ရမယ်” ဟု ဂါဇီက ပြောသည်။

(Al Jazeera ပါ Moudud Ahmmed Sujan ၏ Bangladesh teeters between hope and deadlock a year after Hasina’s fall ကို ဘာသာပြန်သည်။)

You may also like these stories:

ဘင်္ဂလားဒေ့ရှ် ဒီမိုကရေစီ အားသစ်လောင်းနေရ

မြန်မာဆိုင်ရာ သံအမတ်နှင့် စစ်သံမှူး ဘင်္ဂလားဒေ့ရှ် ရုပ်သိမ်း

ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင်သစ် ပါမောက္ခ ယူနွတ်သို့ အိဖွင့်ပေးစာ

ဟာစီနာအလွန် ဘင်္ဂလားဒေ့ရှ်သစ်အတွက် စိန်ခေါ်မှုများ

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲများနှင့် “ရာဇာကာများ”

Your Thoughts …
Tags: ငွေကြေးဖောင်းပွမှုဖွဲ့စည်းပုံအခြေခံဥပဒေဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲလူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများဟာဆီနာအမေရိကန်
Moudud Ahmmed Sujan

Moudud Ahmmed Sujan

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

Next Post
ကျနော်တို့ စစ်သည်တွေနဲ့ လေ့ကျင့်ပေးထားတဲ့ ရိုဟင်ဂျာတွေရဲ့ အရိုးစုပဲ

ကျနော်တို့ စစ်သည်တွေနဲ့ လေ့ကျင့်ပေးထားတဲ့ ရိုဟင်ဂျာတွေရဲ့ အရိုးစုပဲ

မဲခေါင်မြစ်အနီး မိုင်းလားနယ်မြေ၌ မြေရှားသတ္တုတွင်း ၁၉ ခုရှိ

မဲခေါင်မြစ်အနီး မိုင်းလားနယ်မြေ၌ မြေရှားသတ္တုတွင်း ၁၉ ခုရှိ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved