• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကြံ့ခိုင်ရေးပါတီ စည်းရုံးရေး အရှိန်မြှင့်တင်နေ

by ဧရာဝတီ
15 March 2023
in သတင်း
A A
၂၀၂၃ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် USDP ဥက္ကဋ္ဌ ဦးခင်ရီက ပါတီဝင်များ၊ မြို့ခံများနှင့် တွေ့ဆုံစဉ် / USDP

၂၀၂၃ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် USDP ဥက္ကဋ္ဌ ဦးခင်ရီက ပါတီဝင်များ၊ မြို့ခံများနှင့် တွေ့ဆုံစဉ် / USDP

7.2k
VIEWS
Share on FacebookShare on Twitter

စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် စစ်ကောင်စီက ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်အရ ပြန်လည်မှတ်ပုံတင်သည့် ပထမဆုံး နိုင်ငံရေးပါတီဖြစ်ပြီး တနိုင်ငံလုံးတွင် စည်းရုံးရေး အရှိန်မြှင့် လုပ်ဆောင်နေသော်လည်း အခြားနိုင်ငံရေးပါတီများမှာ စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ခြင်းဖြင့် ဂုဏ်သိက္ခာထိခိုက်ခံမည်လော သို့မဟုတ် မှတ်ပုံမတင်သောကြောင့် ဖျက်သိမ်းခံမည်လော ဆိုသည်ကို စဉ်းစားနေဆဲဖြစ်သည်။

ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များသည် နိုင်ငံအနှံ့အပြားမှ အဖွဲ့ဝင်များနှင့် တွေ့ဆုံရန် လွန်ခဲ့သော ရက်သတ္တပတ်ကုန်တွင် နေပြည်တော်ရှိဌာနချုပ်မှ ထွက်ခွာခဲ့ကြသည်။ အမုန်းစကားဖြန့်ချိခြင်း၊ နိုင်ငံတွင် လူထုထောက်ခံမှု အများဆုံးရသည့် ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဝေဖန်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည့် ပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်သို့ သွားသည်။

အခြား ကြံ့ခိုင်ရေး ခေါင်းဆောင်များဖြစ်သော ဒုဥက္ကဋ္ဌ ဦးလှထွန်း၊ အတွင်းရေးမှူး ဦးပိုက်ထွေးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးတင်လှိုင်မြင့်တို့သည် စစ်ကောင်စီဆန့်ကျင်ရေး အမာခံဒေသတခုဖြစ်သော မကွေးတိုင်းသို့ သွားရောက်သည်။ အချို့ ဗဟိုအလုပ်အမှုဆောင်များသည် ဧရာဝတီတိုင်းသို့ သွားသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် USDP ဥက္ကဋ္ဌ ဦးခင်ရီက ပထမဆုံး မဲပေးခွင့်ရသူများနှင့် တွေ့ဆုံစဉ်

ရခိုင်ပြည်နယ်တွင် ဦးခင်ရီသည် ပါတီဝင် ၃၀၀ ခန့်နှင့် တွေ့ဆုံပြီး ပါတီဝင်ဟောင်း ၈၀ ပါတီသို့ပြန်လာရန် စည်းရုံးသည်။ သူသည် ဒေသခံ ပရဟိတအဖွဲ့များ၊ ပါတီဝင်လူငယ် ၃၇၀ ခန့်နှင့်လည်း တွေ့ဆုံဆွေးနွေးသည်ဟု ပါတီ Facebook စာမျက်နှာအရ သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
52

လွန်ခဲ့သောလနှောင်းပိုင်တွင် သူသည် ရန်ကုန်၌ ပါတီဝင်မဟုတ်သည့် လူငယ် ၃၂၀၀ နှင့်လည်း တွေ့ဆုံခဲ့သည်။

မကွေးတိုင်းသို့သွားသည့် ဒုဥက္ကဋ္ဌ ဦးလှထွန်း ခေါင်းဆောင်သော အဖွဲ့သည် စစ်မှုထမ်းဟောင်းအဖွဲ့များ၊ လူမှုရေးနှင့် ပရဟိတအဖွဲ့များနှင့် တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးသည်ဟု ပါတီ Facebook စာမျက်နှာတွင် ဖော်ပြသည်။

USDP ဒုဥက္ကဋ္ဌ ဦးလှထွန်းက ပါတီဝင်များ၊ ပရဟိတအဖွဲ့အစည်းများနှင့် မကွေးတိုင်းတွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က တွေ့ဆုံစဉ်

ဧရာဝတီတိုင်းတွင် ပါတီ ဗဟိုအလုပ်အမှုဆောင်များသည် အမျိုးသမီးနှင့်လူငယ် ၃၀၀ ခန့်နှင့် တွေ့ဆုံသည်။ ဧရာဝတီတိုင်းသည် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ငြိမ်းချမ်းတည်ငြိမ်သော ဒေသအနည်းငယ်အနက် တခုဖြစ်သည်ဟု အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ကြံ့ခိုင်ရေးပါတီကို မျက်နှာသာပေးသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသည် ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် စတင် အသက်ဝင်သည်။ ထိုအချိန်မှစတင်ပြီး ကြံ့ခိုင်ရေးပါတီသည် စည်းရုံးရေး အရှိန်မြှင့်တင်ပြီး အမျိုးသားရေးအစွန်းရောက် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအသင်း (မဘသ) ခေါင်းဆောင်ဟောင်းများကို ငွေကြေးလှူဒါန်း၊ အကြံဉာဏ်များ တောင်းခံသည်။ လုံခြုံရေးအကြောင်းပြပြီး နေပြည်တော်မှ ပါတီဝင်များကို ဝါးရင်းတုတ်များ၊ ဝါးချွန်များဖြင့် လက်နက်တပ်ဆင်ပေးသည်။

မြန်မာမှ လက်ရှိ နိုင်ငံရေးပါတီ ၉၀ ကျော်တွင် ၂၁ ပါတီသည် ဥပဒေသစ်အရ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် (UEC) တွင် ပြန်လည် မှတ်ပုံတင်ကြသည်။ ထိုပါတီများအနက် အများစုသည် စစ်ကောင်စီနှင့် နီးစပ်သောပါတီများ ဖြစ်ကြသည်။

USDP အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး မန္တလေးတွင် ပါတီဝင်များနှင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့က တွေ့ဆုံစဉ်

စစ်ကောင်စီထိန်းချုပ်သည့် UEC သည် တရားမဝင်ကြောင်းနှင့် ထို့ကြောင့် NLD သည် စစ်ကောင်စီက ကျင်းပသည့် ရွေးကောက်ပွဲ ဝင်မည် မဟုတ်ကြောင်း NLD က ပြောကြားထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံရေးပါတီများသည် နှစ်လအတွင်း ပြန်လည် မှတ်ပုံမတင်က ဖျက်သိမ်းခံရမည်ဖြစ်သည်။

ထိုဥပဒေသစ်အရ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်မည့် ပါတီများသည် ပါတီဝင် ၁ သိန်းကို ၃ လအတွင်း စည်းရုံးကာ နိုင်ငံအတွင်း မြို့နယ်ပေါင်း ၃၃၀ အနက် ထက်ဝက်တွင် ရုံးများဖွင့်ရမည်ဖြစ်ပြီး ရန်ပုံငွေ ကျပ်သိန်း ၁,၀၀၀ ရှိရမည်ဖြစ်သလို မဲဆန္ဒနယ်စုစုပေါင်း၏ ထက်ဝက်တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ထိုစည်းကမ်းချက်များသည် နိုင်ငံရေးပါတီအများစုက ခက်ခဲသည်ဟုယူဆသည့် စည်းကမ်းချက်များ ဖြစ်သည်။

You may also like these stories:

ပါတီဝင်များကို ဝါးရင်းတုတ်များ ကြံ့ဖွံ့ တပ်ဆင်

ဦးအောင်မင်း၏ သား USDP မဲဆွယ်ပွဲတွင် တွေ့ရ

တိုင်းရင်းသားပါတီတွေ ပြည်ထောင်စုအဆင့်မှာ ရပ်တည်မရအောင် တင်းကျပ်လိုက်တာ

ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ရေးက လူမှုရေးအသင်းများနှင့် တွေ့ဆုံ

USDP ဥက္ကဋ္ဌက တော်လှန်ရေးကို ချေမှုန်းရန် ကတိပြု

Your Thoughts …
Tags: NLDUECUSDPစစ်ကောင်စီစစ်အာဏာသိမ်းမှုနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းပရဟိတအဖွဲ့မဘသမဲဆွယ်စည်းရုံးရေးရွေးကောက်ပွဲရွေးကောက်ပွဲကော်မရှင်ဦးခင်ရီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဖယ်ခုံမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ / ဖယ်ခုံ PDF

ကရင်နီဒေသကို အင်အားထောင်ကျော်ဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်

၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလ ၂၁ရက်မှ ၂၃ ရက်နေ့အတွင်း မီးရှို့ခံခဲ့ရသည့် ရွှေဘိုမြို့နယ် ထူးကြီးရွာမှ ရက်ကန်းစင်များ

ရက်ကန်းသံတွေ ဆိတ်သုဉ်းသွားတဲ့ အညာ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved