မြန်မာနိုင်ငံဘက်က သတ္တုတူးဖော်မှုတွေဟာ ထိုင်းနိုင်ငံအဆိပ်သင့်နေတာကြောင့် စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ ထိုင်းနိုင်ငံသား ပရော်ဖက်ဆာ ဒေါက်တာ Suebsakun Kidnukorn က ဧရာဝတီနဲ့ သီးသန့် အင်တာဗျူးမှာ ပြောပါတယ်။
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အတွင်း ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေထဲမှာ မြေရှားသတ္တု အပါအဝင် သတ္တုမိုင်းလုပ်ငန်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနဲ့ အဆိပ်ဓာတ်တွေဟာ မြစ်ကြောင်းတွေက တဆင့် ထိုင်းနိုင်ငံကို ဆိုးကျိုးသက်ရောက်စေခဲ့တယ်လို့ ဆိုပါတယ်။
ဒီပြဿနာတွေကို ဒီမိုကရေစီအစိုးရကသာ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ထိထိရောက် ဖြေရှင်းနိုင်လိမ့်မယ်လို့ ထောက်ပြပါတယ်။ ထိုင်းအစိုးရဘက်ကလည်း မြန်မာနိုင်ငံဘက်က မဂ္ဂနစ်၊ ခဲ၊ ခနောက်စိမ်းနဲ့ ခဲမဖြူတွေကို နယ်စပ်ဂိတ်တွေကတဆင့် တင်သွင်းပြီး တတိယနိုင်ငံကို တင်ပို့တာတွေ ရပ်သင့်တယ်လို့ မှတ်ချက်ပြုပါတယ်။
Dr. Suebsakul Kidnukorn ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းမြို့က Mae Fah Luang တက္ကသိုလ်၊ ဒေသအခြေပြု လူမှုဆန်းသစ်တီထွင်မှု သုတေသနစင်တာ (Ab-SIRC) ရဲ့ ဒါရိုက်တာတဦးလည်းဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ထိုင်း #မြေရှားသတ္တု #အဆိပ် #သဘာဝတ်ဝန်းကျင် #Environment #ClimateChange #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













