မြန်မာမှ ငွေလိမ်ဂိုဏ်းကို လုပ်ကိုင်နေသူများသည် ထိုနေရာတွင် မည်သည်တို့ ဖြစ်ပျက်နေသည်ကို ကမ္ဘာက မသိစေလိုကြပေ။ ငွေလိမ်ဂိုဏ်းခေါင်းဆောင်များသည် ၎င်းတို့၏ ရာဇဝတ်မှုများကို ဖုံးကွယ်ထားရန် ကြိုးစားပမ်းစား လုပ်ကိုင်သောကြောင့် မည်သူမဆို ရောက်ရှိချိန်တွင် ဖုန်းများကို သိမ်းယူပြီး မထွက်ခွာမီ အလုပ်လုပ်သော ကိရိယာများကို ရှင်းလင်းပစ်သည်။
မြန်မာနှင့် ထိုင်း နယ်စပ်တလျှောက်မှ ရာဇဝတ်ဂိုဏ်းများအနက် တခုတွင် အတင်းအကျပ် စေခိုင်းခံရသည့် ဖိလစ်ပိုင်နိုင်ငံသား နှစ်ဦး ဖြစ်သော ဂျိန်းနှင့် မက်စ် တို့သည် ၎င်းတို့ကို နောက်ဆုံးလွှတ်ပေးသည့် အချိန်မတိုင်မီ ဒဏ်ရာများ ပျောက်ကင်းစေရန် ၁၀ ရက် ထပ်မံစောင့်ရသည်။
“ကျမတို့ရဲ့ဒဏ်ရာတွေ ရောင်ကိုင်းနေလို့ သူတို့က ကျမတို့ကို ဆက်ဖမ်းထားတယ်” ဟု ဂျိန်းက သူ၏ကျောနှင့် ပုခုံးမှ ဒဏ်ရာများကို ပြသပြောကြားသည်။ “ဒီဒဏ်ရာတွေကို သူတို့က ဘယ်သူမှ မမြင်စေချင်ဘူး” ဟုလည်း ပြောသည်။
ထိုသို့ဖုံးကွယ်ရန် ကြိုးစားသော်လည်း ကျယ်ပြန့် ပြင်းထန်သည့် ညှဉ်းပန်းနှိပ်စက်မှု အထောက်အထားများ များပြားလာနေသည်။
ဗီဒီယိုများတွင် လျှပ်စစ်ရှော့တိုက်ခြင်းနှင့် ရိုက်နှက်ခြင်းများ၊ အလုပ်သမားများကို လက်ထိပ်ခတ်၊ မျက်နှာကို အဝတ်ဖြင့်စီးကာ ကျပ်တည်းသောအခန်းများတွင် အိပ်စက်ရသည်များကို တွေ့ရသည်။
ဖမ်းဆီးထားခံရသူများနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူများက This Week in Asia သို့ ပေးပို့သည့် ဗီဒီယိုများတွင် လျှပ်စစ်ရှော့တိုက်ခြင်းနှင့် ရိုက်နှက်ခြင်းများ၊ အလုပ်သမားများကို လက်ထိပ်ခတ်၊ မျက်နှာကို အဝတ်ဖြင့်စီးကာ ကျပ်တည်းသောအခန်းများတွင် အိပ်စက်ရသည်များကို တွေ့ရသည်။
ထိုဗီဒီယိုများကို ဖုန်းကင်မရာများဖြင့် ရိုက်ကူးထားခြင်းဖြစ်ပြီး အချိန်နှင့်နေရာများကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသော်လည်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် ပတ်ဝန်းကျင်မှ ငွေလိမ်ဂိုဏ်းများက ကျူးလွန်နေသည့် ညှဉ်းပန်းနှိပ်စက်မှုများ၏ ဆိုးရွားလှသော ရုပ်ပုံလွှာကို ပြသနေသည်။
ကမ္ဘာတဝန်းမှ သောင်းနှင့်ချီသော အလုပ်သမားများကို ထိုလုပ်ငန်းသို့ လူမှောင်ခိုကူးပြီး ၂၀၁၉ ခုနှစ်ခန့်ကပင် စတင်ကာ အမြစ်တွယ်လာပြီး မြန်မာတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် ပိုမိုဆိုးရွားလာသည်။
လူကုန်ကူး ဖမ်းဆီးခံထားရသူများသည် ငွေကြေးလိမ်လည်မှု ပြုလုပ်ခိုင်းသူများ သတ်မှတ်ထားသည့် ပမာဏ မပြည့်လျှင် သို့မဟုတ် အိမ်ပြန်မည်ဟုပြောလျှင် အပြစ်ပေးခံကြရသည်။
“ဒီမှာနေရတာ စက္ကန့်တိုင်းက ညှဉ်းပန်းနှိပ်စက်ခံနေရသလိုပဲ” ဟု နီပေါမှ လူကုန်ကူးခံရသူ အက်ရှ်ရက်က ဇူလိုင်လနှောင်းပိုင်းက မလွတ်မြောက်မီ Thia Week in Asia သို့ ပြောသည်။
အချို့သူများသည် သေလောက်အောင် ညှဉ်းပန်းနှိပ်စက်ခံကြရသည်။
အသက် ၂၂ နှစ်အရွယ် ကင်ညာနိုင်ငံသူ မာတာသည် သတိလစ်နေပြီး ထိုင်းနိုင်ငံသို့ ပို့ဆောင်ခံရကာ သေလုမျောပါးဒဏ်ရာဖြင့် ထိုင်းနယ်စပ် မဲဆောက်မှ ဆေးရုံတခုတွင် တင်ရသည်။ နောက် နှစ်ပတ်ကြာသောအခါ ကွယ်လွန်သည်။
ဂရေ့စ် မာတာသည် မြဝတီရှိ KK Park သို့ လွန်ခဲ့သောနှစ် ဇူလိုင်လက လူကုန်ကူးခံရသည်။ နောင် လေးလကြာသောအခါ အသက် ၂၂ နှစ်အရွယ် ကင်ညာနိုင်ငံသူ မာတာသည် သတိလစ်နေပြီး ထိုင်းနိုင်ငံသို့ ပို့ဆောင်ခံရကာ သေလုမျောပါးဒဏ်ရာဖြင့် ထိုင်းနယ်စပ် မဲဆောက်မှ ဆေးရုံတခုတွင် တင်ရသည်။ နောက် နှစ်ပတ်ကြာသောအခါ ကွယ်လွန်သည်။
ထိုကင်ညာသူကို KK Park အတွင်းမှ ဆေးရုံတခုတွင် မအောင်မြင်သော တရားမဝင် ခွဲစိတ်မှု ခံခဲ့ရကြောင်း မဲဆောက်အခြေစိုက် လူကုန်ကူးမှုတိုက်ဖျက်ရေး အစိုးရမဟုတ်သော အဖွဲ့အစည်း Global Alms မှ အမှုဆောင်အရာရှိချုပ် မစ်ချဲလီ မိုးက ပြောသည်။
“သူ့မိသားစုကို ဒီကိုခေါ်ဖို့ ကျမတို့ ကြိုးစားပေမယ့် အချိန်မလုံလောက်တော့ဘူး။ နောက်ဆုံးကျတော့ ကျမကပဲ စက်ကို ပိတ်လိုက်ရတယ်” ဟု သူကပြောသည်။ ထိုင်းနိုင်ငံရှိ ကင်ညာသံရုံးက မိုးကို မာတာအတွက် ကိုယ်စားလှယ်လွှဲစာ ထုတ်ပေးခဲ့သည်။ “ပိုက်ကို ကျမပဲဖြုတ်လိုက်ရပြီး သူတဖြည်းဖြည်း သေသွားတာကိုပဲ ကြည့်နေလိုက်ရတယ်” ဟု ၎င်းကပြောသည်။
မာတာကို KK Park တွင် ခွဲစိတ်ရန် ခေါ်ယူခဲ့သော ဆရာဝန်များသည် သူ့ထံမှ ခန္ဓာကိုယ်အစိတ်အပိုင်းများ ထုတ်ယူရန် ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု မိုးက ယုံကြည်သည်။ ထိုအလေ့အထသည် ပြန်လည် လွတ်မြောက်လာသူများက ကြားခဲ့ရသည်ဟု This Week in Asia ကို ပြောပြသည်။ ယခုနှစ်အတွင်း KK Park သို့ အသစ်ရောက်လာသည့် လူကုန်ကူးခံရသူများသည် မစစ်မနေရ သွေးစစ်ရန် လိုအပ်လာကြောင်း ဂျိန်းက ပြောသည်။ ထိုကိစ္စသည် ခန္ဓာကိုယ် အစိတ်အပိုင်း ထုတ်ယူရန် ပြုလုပ်ခြင်းဖြစ်သည်ဟု အများက ယူဆကြောင်း ၎င်းကပြောသည်။
ငွေကြေးလိမ်လည်မှု လုပ်ငန်းကြီးတခုလုပ်ရန် အလုပ်သမားအများအပြား လိုသည်။ ကပ်ရောဂါနောက်ပိုင်းတွင် အဓိကအားဖြင့် အင်္ဂလိပ်နှင့် တရုတ်ဘာသာစကားပြောသော အလုပ်သမားများ လိုအပ်သည်။
လူကုန်ကူးခံရသူ အများစုသည် အလွန်နောက်ကျသော အချိန်ရောက်မှသာ ၎င်းတို့သည် မြန်မာပိုင်နက်သို့ ရောက်နေကြောင်း သိကြရသည်။
ထိုခြံဝန်းကြီးများသို့ လူကုန်ကူးခံရသူ အများစုသည် အလွန်နောက်ကျသော အချိန်ရောက်မှသာ ၎င်းတို့သည် မြန်မာပိုင်နက်သို့ ရောက်နေကြောင်း သိကြရသည်။ ဖိလစ်ပိုင်လူငယ် ဂရေးသည် မြန်မာအလံ လွှင့်ထားသည်ကို တွေ့ရမှ သူသည် ထိုင်းနိုင်ငံ မဟုတ်တော့ကြောင်း သိရသည်။
ဂရေးသည် ဘန်ကောက်သို့ ရောက်လာပြီးနောက် ထိုင်းကိုဖြတ်သန်းကာ မြန်မာသို့ ရောက်သွားသည်။ အများစုသည် ထိုလမ်းကြောင်းအတိုင်း လူကုန်ကူးခံရသည်။ နီပေါနိုင်ငံသား အက်ရှ်ရက် ကဲ့သို့သော လူနည်းစုသည် မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ ရန်ကုန်သို့ ရောက်လာပြီးမှ စစ်ဖြစ်နေသောနယ်မြေကို ကားဖြင့်ဖြတ်သန်းပြီး လူကုန်ကူးခံရခြင်း ဖြစ်သည်။
သူအလုပ်လုပ်ရမည်ဆိုသည့် ထိုင်းနိုင်ငံသို့ ရောက်ပြီဟု ထင်သောကြောင့် အက်ရှ်ရက်သည် ထိုနေရာသို့ ရောက်ရှိပြီး ခြောက်လ ကြာသည့်တိုင် သူမည်သည့်နေရာ ရောက်နေသည်ကို အတည်ပြုရန် ကြိုးစားနေဆဲ ဖြစ်သည်။ “ဒါဘယ်နိုင်ငံလဲ၊ ပြောပြပါဦး” ဟု သူရောက်နေသည့် တည်နေရာကို တိုက်ရိုက်လွှင့်ပြီး This Week in Asia သို့ ဇွန်လတွင် မေးသည်။
လူကုန်ကူးခံရသည့် တောင်အာရှမှ လူများကိုယ်စား လူကုန်ကူးခြံဝင်းအတွင်းမှ စကားပြောသည့် အာဂျန်က ၎င်းတို့သည် မတ်လမှ စတင်ပြီး လခမရတော့ကြောင်း ပြာသည်။ ဧပြီလတွင် ၎င်းတို့သပိတ်မှောက်သောအခါ ၎င်းတို့ကို လျှပ်စစ်မရှိသော အခန်းတခုတွင် သုံးရက်ကြာ အစာမကျွေးဘဲ ပိတ်ထားသည်။ ထိုအဖွဲ့၏ လုံခြုံရေးအတွက် ထိုခြံဝန်း၏ အမည်ကို မဖော်ပြသေးခြင်း ဖြစ်သည်။
“အဲဒီကုမ္ပဏီက ကျနော်တို့ကို တိရိစ္ဆာန်တွေလို ဆက်ဆံတယ်။ ကျနော်တို့ကို ကူညီဖို့ တောင်းပန်ပါတယ်” ဟု သူက ရေးသည်။
သူက ရန်ကုန်ရှိ အိန္ဒိယသံရုံးသို့ အကူအညီတောင်းသည့် ဆက်သွယ်မှုများနှင့် ထိုသံရုံးက မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနသို့ အကူအညီတောင်းသည့် ဧပြီလက စာကိုလည်း This Week in Asia သို့ ပြသခဲ့သည်။
အာဂျန်၏ ကိစ္စအကြောင်း မေးမြန်းသောအခါ အမည်မဖော်လိုသည့် သံရုံးကိုယ်စားလှယ်တဦးက လုပ်ရကိုင်ရသည်မှာ လွန်စွာ ခက်ခဲနေကြောင်း ပြောသည်။
“အဲဒီနေရာက ရဲတွေသွားပြီး လူတွေကယ်လို့ ရတဲ့နေရာ မဟုတ်ဘူး။ အဲဒီခြံဝန်းကြီးတွေကို အစိုးရက တိုက်ရိုက်သြဇာ သက်ရောက်မှု မရှိဘူး”
“အဲဒီနေရာက ရဲတွေသွားပြီး လူတွေကယ်လို့ ရတဲ့နေရာ မဟုတ်ဘူး။ အဲဒီခြံဝန်းကြီးတွေကို အစိုးရက တိုက်ရိုက်သြဇာ သက်ရောက်မှု မရှိဘူး” ဟု လွန်ခဲ့သော နှစ်နှစ်ကျော်က အာဏာသိမ်းခဲ့သော စစ်ကောင်စီကို ရည်ညွှန်းပြောကြားသည်။
တရားဥပဒေစိုးမိုးရေး လမ်းကြောင်းများ မရှိသောကြောင့် အစိုးရများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် လူကုန်ကူးခံရသူများ ထိုင်းနိုင်ငံသို့ ပြန်ရောက်လာမှသာ ကူညီနိုင်သည်။
ထိုအလုပ်သမားများ ပြန်လည်ရောက်ရှိရေးအတွက် အမြန်ဆုံးနှင့် အလွယ်ဆုံးနည်းလမ်းမှာ ထိုငွေလိမ်လည်ဂိုဏ်းများကို သူတို့ မည်မျှ ငွေရှာပေးထားသည်ဆိုသည့် ပမာဏမှ ၎င်းတို့ကို သယ်ယူပို့ဆောင် စုဆောင်းရသည့် မြင့်မားလှသော ကုန်ကျစရိတ်များကို နုတ်ယူကာ တွက်ချက်သည့် စာချုပ်ဖျက်သိမ်းကြေးငွေ အမြောက်အများပေးခြင်းသာ ဖြစ်သည်။
အလုပ်သမားများသည် ၎င်းတို့၏ စုဆောင်းငွေများ အားလုံးကို ထုတ်ယူ၊ ချေးငွေများထုတ်ယူ သို့မဟုတ် မိသားစုနှင့် ဆွေမျိုးများထံမှချေးယူကာ လူကုန်ကူးသူများကို ပေးရသောကြောင့် အကြွေးများ ပိနေသည်။ အက်ရှ်ရက်သည် ထိုနည်းဖြင့် အမေရိကန် ဒေါ်လာ တသောင်းကျော် ရှာကာ ဇူလိုင်လလယ်တွင် ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။
မြင့်မားသောလစာများကို ကတိပြုထားသော်လည်း အများစုသည် ၎င်းတို့ ထိုအလုပ်မဝင်မီက အခြေအနေထက် ပိုမိုဆိုးရွားသည့် ဘဏ္ဍာရေးအခြေအနေများကို ရင်ဆိုင်ကြရသည်။
“သူတို့က ကျမတို့ကို လခမပေးဘူး။ ကျမတို့ငွေကို လုယူတယ်၊ လက်ဝတ်လက်စားကို လုယူတယ်”
“သူတို့က ကျမတို့ကို လခမပေးဘူး။ ကျမတို့ငွေကို လုယူတယ်၊ လက်ဝတ်လက်စားကို လုယူတယ်” ဟု ဂျိန်းက ပြောသည်။
မြန်မာရှိ ငွေလိမ်ဂိုဏ်းများမှ လွတ်မြောက်လာသောအခါ ထုံးစံအားဖြင့် ထိုင်းနိုင်ငံဘက်သို့ ပြန်လာရသောကြောင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် ထိုသူများကို ကူညီပါက ၎င်းတို့ကိုယ်တိုင်ပင် လူကုန်ကူးသူများဟု စွပ်စွဲခံရနိုင်သည်။
အခြေအနေကို ပိုမိုဆိုးရွားစေသောအချက်မှာ လူကုန်ကူးခံရသူ အများစုသည် ထိုင်းသို့ ကမ္ဘာလှည့်ခရီးသည်များအဖြစ် ဝင်ရောက်လာပြီးမှ မြန်မာသို့ ခေါ်ဆောင်သွားခံရသောကြောင့် ၎င်းတို့၏ ပြည်ဝင်ခွင့် ဗီဇာများသက်တမ်းကုန်ပြီး လွန်စွာကြာမှသာ ထိုင်းနိုင်ငံသို့ ပြန်ရောက်ခြင်းဖြစ်သည်။
သက်တမ်းကျော်လွန် နေထိုင်သည့် စွပ်စွဲချက်များကို ရင်ဆိုင်ရပြီး တရားရုံးသို့ ပို့သည့် လူဝင်မှုကြီးကြပ်ရေး အရာရှိများထံ သွားရောက်အဖမ်းခံရပြီး ထောင်ချ၊ ဒဏ်ငွေရိုက်ပြီး ထိုင်းသို့ ထပ်မံလာရောက်ခြင်း ယာယီပိတ်ပင်ခံရသည်။
အခြားရွေးချယ်စရာ နည်းလမ်းဖြစ်သည့် လူကုန်ကူးခံရသူများအတွက် စီစဉ်ပေးရန် လွန်ခဲ့သောနှစ်က ထူထောင်ခဲ့သည့် ထိုင်းနိုင်ငံ၏ National Referral Mechanism သို့ ဆက်သွယ်ရန်ဖြစ်ပြီး လပေါင်းများစွာ စုံစမ်းစစ်ဆေးမှု ခံယူရန်ဖြစ်သည်။
သူ ကူညီပေးခဲ့သူ ၄၅၀ ကျော်အနက် ၉၀ ရာခိုင်နှုန်းသည် တရားဝင် တိုင်ကြားခြင်းမရှိဘဲ လူဝင်မှုကြီးကြပ်ရေး အရာရှိများထံ သွားရောက်အဖမ်းခံပြီး အိမ်သို့ အမြန်ဆုံးပြန်လိုကြောင်း မိုးက ပြောသည်။
“ဒါတွေအားလုံးက လူသိရှင်ကြားဖြစ်နေတာ။ ပြဿနာက ဘယ်လောက်ကြီးလဲဆိုတာတောင် မသိဘူး” ဟုလည်း ၎င်းကပြောသည်။
(Pulitzer Center ပါ Alastair McCready နှင့် Allegra Mendelson တို့၏ Survivors of Myanmar’s scam mills talk torture, death, organ harvesting – and the battle to escape ကို ဘာသာပြန်သည်။)
You may also like these stories:
ရွှေကုက္ကိုလ်ကို တရုတ်အစိုးရက သိမ်းဖို့ ကြိုးစားနေဟု အဖမ်းခံ တရုတ်ပိုင်ရှင် ပြော
ဒေသတွင်း တည်ငြိမ်မှုကို ရွှေကုက္ကို ခြိမ်းခြောက်လာနေ
ရွှေကုက္ကိုလ်စီမံကိန်း တရုတ်လုပ်ငန်းရှင် ထိုင်းဖမ်းဆီး၊ စီမံကိန်းထိခိုက်မည်မဟုတ်ဟု BGF ပြော
တရုတ်မြေအောက်လောကနဲ့ သောင်ရင်းမြစ်ဘေးက နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ
နာမည်ဆိုးထွက်နေတဲ့ KK Park က KNU ထိန်းချုပ်နယ်မြေတွင် ဖြစ်