အရပ်သားအစိုးရထံမှ အာဏာလုယူလိုက်သဖြင့် တိုင်းပြည်သည် ပျက်စီးသွားရ၏။ တနိုင်ငံလုံးက အာဏာသိမ်းမှုကို ဆန့်ကျင်သော်လည်း စစ်တပ်သည် သမိုင်းမှတ်တမ်းတွင်မည့် စစ်ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်ပြီး အာဏာသိမ်းဆန့်ကျင်သူများကို နှိပ်ကွပ်ခဲ့သည်။
ရလဒ်အနေဖြင့် တိုင်းပြည်တပြည်လုံး မီးဟုန်းဟုန်းတောက်ပြီး ပြည်တွင်းစစ်ဖြစ်ပွားကာ အရှေ့တောင်အာရှတွင် အနိမ့်ကျဆုံး စစ်မီးတောက်လောင်နေသော ကျရှုံးနိုင်ငံတခု ဖြစ်သွားခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီက ‘အာရှတွင် ထပ်မံပေါ်ထွက်လာတော့မည့် စီးပွားရေးနိုင်ငံ’ အဖြစ် တင်စားခံရသည့် အနေအထားမှ လေးနှစ်အတွင်း အဆင်းရဲ အစုတ်ပြတ်ဆုံး နိုင်ငံဘဝ ရောက်ရှိသွားခဲ့သည်။
ပုံမှန်အားဖြင့် ရွေးကောက်ပွဲဆိုသည်မှာ တိုင်းပြည်အေးချမ်းသာယာနေပြီး နိုင်ငံရေးပါတီများအားလုံး လွတ်လပ်စွာ မဲဆွယ်စည်းရုံး လှုပ်ရှားနိုင်သော အခြေအနေတွင် ကျင်းပလေ့ရှိကြသည်။ စစ်ဖြစ်နေချိန်၊ တိုင်းပြည်ပြိုကွဲပျက်စီးနေချိန်၊ အုပ်ချုပ်ရေးယန္တရား ပျက်စီးနေချိန်တွင် မည်သည့်နိုင်ငံမှ ရွေးကောက်ပွဲ ကျင်းပလေ့မရှိ။
ယခု နိုင်ငံ့အာဏာကို လုယူထားသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ၏ အာဏာသက်တမ်းကို ဆွဲဆန့်ရန် ရွေးကောက်ပွဲ ကျင်းပတော့မည်ဟု ဆိုသည်။ ပုံမှန်အားဖြင့် ရွေးကောက်ပွဲဆိုသည်မှာ တိုင်းပြည်အေးချမ်းသာယာနေပြီး နိုင်ငံရေးပါတီများအားလုံး လွတ်လပ်စွာ မဲဆွယ်စည်းရုံး လှုပ်ရှားနိုင်သော အခြေအနေတွင် ကျင်းပလေ့ရှိကြသည်။ စစ်ဖြစ်နေချိန်၊ တိုင်းပြည်ပြိုကွဲပျက်စီးနေချိန်၊ အုပ်ချုပ်ရေးယန္တရား ပျက်စီးနေချိန်တွင် မည်သည့်နိုင်ငံမှ ရွေးကောက်ပွဲ ကျင်းပလေ့မရှိ။
သို့သော် သမိုင်းမှတ်တမ်းအရ ခြွင်းချက်အနည်းငယ်တော့ ရှိသည်။ ထိုသမိုင်းမှတ်တမ်း ခြွင်းချက်ကလည်း အခြားနိုင်ငံမဟုတ်။ ဒုတိယကမ္ဘာစစ်ပြီးခါစ၊ လွတ်လပ်ရေးရပြီးခါစ မြန်မာနိုင်ငံမှာပဲဖြစ်သည်။
ဦးနု ဦးဆောင်သော ဖဆပလအစိုးရလက်ထက် (၁၉၅၁-၁၉၅၂) က ကျင်းပခဲ့သော ရွေးကောက်ပွဲမှာ ပြည်တွင်းစစ် ဖြစ်ပွားနေပြီး နိုင်ငံအနှံ့ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက နယ်မြေများ ထိန်းချုပ်ထားချိန် ကျင်းပခဲ့သော ရွေးကောက်ပွဲဖြစ်သည်။
သို့သော် အခြေအနေချင်းက မတူပါ။ ဖဆပလအစိုးရ ဝန်ကြီးချုပ် ဦးနုသည် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီး လူထုဆန္ဒအရ ဝန်ကြီးချုပ်ဖြစ်လာသူဖြစ်သည်။ အတင်းအဓမ္မ အာဏာသိမ်းထားသော စစ်ခေါင်းဆောင်မဟုတ်။ ပါလီမန်ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲ ကျင်းပခြင်းဖြစ်သည်။
၁၉၄၇ ခုနှစ်၊ ပထမအကြိမ် ပါလီမန်ဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လေးနှစ်အကြာ ၁၉၅၁ ခုနှစ်တွင် ရွေးကောက်ပွဲ ထပ်မံကျင်းပခြင်းဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကျင်းပမည့် ရွေးကောက်ပွဲကမူ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန်၊ သူ၏ အာဏာကို ဆွဲဆန့်ထားရန် ရည်ရွယ်ပြုလုပ်သော ရွေးကောက်ပွဲဖြစ်သည်။ မြန်မာ့သမိုင်းတွင် လွတ်လပ်ရေးရပြီးစ ၁၉၅၁ ခုနှစ်၊ ပါလီမန်ခေတ်က ကျင်းပခဲ့သော ရွေးကောက်ပွဲမှအပ ကျန်ရွေးကောက်ပွဲအားလုံး တချိန်တည်း တပြိုင်တည်း ကျင်းပခဲ့သော ရွေးကောက်ပွဲများ ဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကျင်းပမည့် ရွေးကောက်ပွဲကမူ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန်၊ သူ၏ အာဏာကို ဆွဲဆန့်ထားရန် ရည်ရွယ်ပြုလုပ်သော ရွေးကောက်ပွဲဖြစ်သည်။ မြန်မာ့သမိုင်းတွင် လွတ်လပ်ရေးရပြီးစ ၁၉၅၁ ခုနှစ်၊ ပါလီမန်ခေတ်က ကျင်းပခဲ့သော ရွေးကောက်ပွဲမှအပ ကျန်ရွေးကောက်ပွဲအားလုံး တချိန်တည်း တပြိုင်တည်း ကျင်းပခဲ့သော ရွေးကောက်ပွဲများ ဖြစ်သည်။
စစ်အာဏာသိမ်း လေးနှစ်တာအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့ အသီးသီးက ရှမ်းပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တခုလုံးနီးပါး၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း အစရှိသည့် ပြည်နယ်နှင့်တိုင်းဒေသ အသီးသီးရှိ မြို့ပေါင်း ၉၀ ကျော်ကို ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့သည်။
ပြန်လည် လက်လွှတ်လိုက်ရသည့် မြို့နယ်အချို့ရှိသော်လည်း တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မြို့နယ်အများအပြား ကျန်နေသေးသည်။ ထိုအချိန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။
အာဆီယံနှင့်တကွ နိုင်ငံတကာအဖွဲ့အစည်းများက ရွေးကောက်ပွဲကျင်းပရေးထက် သက်ဆိုင်သူများအားလုံး ပါဝင်သည့် ပဋိပက္ခဖြေရှင်းရေးကို ဦးစားပေးရန် တိုက်တွန်းခဲ့သော်လည်း စစ်ခေါင်းဆောင်သည် နားထောင်ခြင်း မရှိခဲ့။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရွေးကောက်ပွဲကို တရုတ်နိုင်ငံက ထောက်ခံသည်ဆိုသော်လည်း မကြာမီက တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့် စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ အန်နင်းမြို့၌ တွေ့ဆုံခဲ့စဉ် မစ္စတာ ဝမ်ယိက ရွေးကောက်ပွဲမှတဆင့် စစ်ကော်မရှင်က လိုက်နာရန် အချက်သုံးချက်ကို တိုက်တွန်းခဲ့သည်။
(၁) ပြည်သူတို့၏ ဆန္ဒနှင့်အညီ ပဋိပက္ခတွင် ပါဝင်နေသူများနှင့် အမျိုးသားအစိုးရတို့ကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမှတဆင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရန်။ (၂) အမျိုးသားရင်ကြားစေ့ရေးနှင့် ကျယ်ပြန့်သော စည်းလုံးညီညွတ်မှု ရရှိရန်။ (၃) လူမှုသဟဇာတဖြစ်မှု၊ ငလျင်ဘေးအလွန် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ တိုးတက်ရေးနှင့် ပြည်သူတို့၏ လူနေမှုဘဝတိုးတက်ရန် ဆိုသည့်အချက်များ ပါဝင်သည်။
မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများသည် ရွေးကောက်ပွဲ ကျင်းပလိုက်ရုံနှင့် မပြီးဘဲ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများနှင့် တရုတ်ဝန်ထမ်းများ၏ လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး၊ တရုတ်-မြန်မာ နယ်စပ်တလျှောက် တည်ငြိမ်အေးချမ်းရေး အာမခံချက်ပေးရန် တရုတ်က လိုလားသည်။
မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများသည် ရွေးကောက်ပွဲ ကျင်းပလိုက်ရုံနှင့် မပြီးဘဲ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများနှင့် တရုတ်ဝန်ထမ်းများ၏ လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး၊ တရုတ်-မြန်မာ နယ်စပ်တလျှောက် တည်ငြိမ်အေးချမ်းရေး အာမခံချက်ပေးရန် တရုတ်က လိုလားသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကျင်းပမည့် ရွေးကောက်ပွဲကို ပြည်သူလူထု ပါဝင်ခြင်းမရှိ၊ ပြည်သူလူထု အများစုကို ကိုယ်စားပြုခြင်းမရှိသဖြင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးတင်မောင်သန်းက “ဆယ်ပြားရွေးကောက်ပွဲ” ဟု သမုတ်ခဲ့သည်။
ရွေးကောက်ပွဲတွင် ပြည်သူလူထုထောက်ခံမှု အများဆုံးရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဘေးဖယ်ထားသလို ပါတီခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားပြီး ကျင်းပမည့် ရွေးကောက်ပွဲဖြစ်သည်။ တော်လှန်ရေးတပ်ဖွဲ့များ၏ ခုခံစစ်ပွဲများကြောင့် တနိုင်ငံလုံးအတိုင်းအတာနှင့် ကျင်းပနိုင်ခြင်းမရှိဘဲ အပိုင်းလိုက်ခွဲပြီး ကျင်းပမည့် ရွေးကောက်ပွဲဖြစ်သည်။ ရွေးကောက်ပွဲဟု ဆိုသော်လည်း အင်္ဂါမစုံသော၊ အားလုံးပါဝင်ခြင်းမရှိသော “အတုအယောင်” ရွေးကောက်ပွဲဖြစ်သည်။
ယခုရက်ပိုင်းအတွင်း ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များစာရင်း ထွက်ပေါ်လာသည်။ တနိုင်ငံလုံးအတိုင်းအတာနှင့် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင်သာ အပိုင်း (၁) အနေဖြင့် ကျင်းပမည်။
စစ်ကော်မရှင်က မြို့နယ်ပေါင်း ၂၆၇ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ဆိုထားသည်။ ၎င်းတို့ ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့သည့် ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး လေယာဉ်ဖြင့် အဆက်မပြတ် ဗုံးကြဲလျက်ရှိသည်။ တဖက်က ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေပြီး တဖက်က ဗုံးကြဲနေသည်။ ဗုံးကြဲမှုကြောင့် အပြစ်မဲ့အရပ်သားများ၊ ကျောင်းသားများနှင့် ရဟန်းတော်များ သေဆုံးနေရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး မြို့နယ်အချို့သာ ပါသည်။ ရန်ကုန်တွင် ၁၂ မြို့နယ်၊ မန္တလေးတွင် ၈ မြို့နယ်သာ ပါဝင်သည်။ ရခိုင်တွင် ၃ မြို့နယ်၊ ရှမ်းတွင် ၁၂ မြို့၊ မွန်တွင် ၅ မြို့၊ ချင်းတွင် ၂ မြို့၊ ကရင်နီ ၂ မြို့၊ စစ်ကိုင်း ၁၂ မြို့၊ ပဲခူး ၈ မြို့၊ မကွေး ၉ မြို့၊ တနင်္သာရီ ၄ မြို့၊ နေပြည်တော် ၈ မြို့၊ ဧရာဝတီ ၈ မြို့ဟု စာရင်းတွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲ အပိုင်း (၁) ကို ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည်ဟု ကြေညာထားပြီး အစိုးရဝန်ကြီးများ မဲဆွယ်စည်းရုံးနိုင်ပြီဟု ကြေညာသည်ကိုလည်း တွေ့ရသည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်များ ထုတ်ပြန်နေသော်လည်း ပြည်သူလူထုက ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု လုံးဝမရှိ။ စစ်အာဏာသိမ်း လေးနှစ်တာအတွင်း စစ်ကော်မရှင်သည် မိမိတို့ မဲပေးခဲ့ကြသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပြီး မတရား အာဏာလုထားသည်ဟုသာ ပြည်သူလူထုက ယူဆသည်။ စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲကို စိတ်မဝင်စားသလို မဲလည်းသွားထည့်မည်မဟုတ်ဟု ဆိုသည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်များ ထုတ်ပြန်နေသော်လည်း ပြည်သူလူထုက ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု လုံးဝမရှိ။ စစ်အာဏာသိမ်း လေးနှစ်တာအတွင်း စစ်ကော်မရှင်သည် မိမိတို့ မဲပေးခဲ့ကြသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပြီး မတရား အာဏာလုထားသည်ဟုသာ ပြည်သူလူထုက ယူဆသည်။ စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲကို စိတ်မဝင်စားသလို မဲလည်းသွားထည့်မည်မဟုတ်ဟု ဆိုသည်။
“ကျမတို့က ၂၀၂၀ မှာ မဲပေးခဲ့ကြပြီးပြီ။ ကျမတို့ မဲပေးခဲ့ကြတဲ့ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က အာဏာသိမ်းပြီး ဖျက်ဆီးပစ်လိုက်သလို ကျမတို့ ခေါင်းဆောင်တွေကိုလည်း အခုထိ ဖမ်းထားတုန်းပဲ။ ဒီရွေးကောက်ပွဲကို လုံးဝအယုံအကြည် မရှိသလို စိတ်လည်း မဝင်စားဘူး။ မဲလည်း သွားထည့်မှာ မဟုတ်ဘူး” ဟု ရန်ကုန် မိုဘိုင်းဖုန်းဆိုင်တခုမှ အရောင်းစာရေးမတဦးက ပြောသည်။
“ရွေးကောက်ပွဲ ကျင်းပမယ်လို့သာ ပြောတာ၊ နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ။ မဲရုံတာဝန်ကျသူတွေရော ကိုယ်စားလှယ်လောင်းတွေပါ အသက်အန္တရာယ် အရမ်းများတယ်။ ကျုပ်ကတော့ ရွေးကောက်ပွဲတောင် ဖြစ်ပါ့မလား သံသယရှိတယ်” ဟု အငြိမ်းစားအရာရှိတဦးက ဆိုသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လေ့လာသုံးသပ်သူတဦးကမူ “ဒီရွေးကောက်ပွဲက စစ်တပ်က လုပ်နေကျအတိုင်း အဖြစ်ပဲ လုပ်မှာပါ။ ရွေးကောက်ပွဲကျင်းပတယ်လို့ နိုင်ငံတကာကို ပြောလို့ကောင်းအောင် လုပ်မယ့် ရွေးကောက်ပွဲပါ။ စစ်တပ်က အာဏာသိမ်းဖို့ အကြောင်းပြချက်အနေနဲ့ NLD အစိုးရကို မဲမသမာမှုပြုတယ်လို့ စွပ်စွဲခဲ့တယ်။ မဲစာရင်းတွေ မှားယွင်းနေတာ၊ မမှန်မကန်ဖြစ်နေတာက ဟိုအရင်ကတည်းက။ ၂၀၀၈ အခြေခံဥပဒေအတည်ပြုပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲ အားလုံး မဲစာရင်းတွေ မမှန်ကန်ဘူး။ ဒါပေမယ့် ဘယ်သူမှ ဘာမှ မပြောဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်စိမ်းရဲ့ ရှေ့ဆုံးစာမျက်နှာက သက်သေပဲ။ အဲဒီမှာ ဖော်ပြထားတဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေစာရင်းက ၅၇.၃၇ သန်း။ ၂၀၁၄ ခုနှစ်မှာ သန်းခေါင်စာရင်းကောက်ကြည့်တော့ မြန်မာနိုင်ငံရဲ့လူဦးရေက ၅၁.၄၈ သန်းပဲ အမှန်တကယ်ရှိတယ်။ ထောက်ခံအတည်ပြုရာခိုင်းက ၉၂.၀၄ ရာခိုင်နှုန်းဆိုပြီး ဖော်ပြထားတယ်။ နာဂစ်အပြီး ကျင်းပတဲ့ ဒီဆန္ဒခံယူပွဲကို မဲထည့်သူ မရှိသလောက်ပဲ။ ဒါပေမယ့် ရာနှုန်းပြည့်ထောက်ခံတယ်ဆိုပြီး အတည်ပြုခဲ့တယ်” ဟု ပြောသည်။
သူက ဆက်လက်၍ “အခုလည်း ဒီလိုပဲ လုပ်ဦးမှာပါ။ နိုင်ငံအနှံ့ တိုက်ပွဲတွေဖြစ်နေတဲ့ ပြီးခဲ့တဲ့နှစ် ၂၀၂၄ ကလည်း လူဦးရေသန်းခေါင်စာရင်း ကောက်တယ်။ တချို့ရပ်ကွက်တွေမှာ စာရင်းတောင် လာမကောက်ဘဲ စာရင်းဖြည့်သွားတယ်။ မမှန်ကန်တဲ့အချက်အလက် စာရင်းဇယားတွေသာ ထွက်ပေါ်လာပေမယ့် သန်းခေါင်စာရင်းကောက်တဲ့လုပ်ငန်း အောင်မြင်တယ်ဆိုပြီး စစ်ခေါင်းဆောင်က ဆိုတယ်။ အခု လာမယ့် ရွေးကောက်ပွဲကလည်း တကယ်သာ ကျင်းပဖြစ်ရင် ဒီလိုပဲ လှည့်ဖျားဦးမှာပါ၊ ယုံကြည်စရာ မရှိပါဘူး” ဟု ပြောသည်။
ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကျင်းပမည့် ရွေးကောက်ပွဲက အပိုင်း (၁) ဖြစ်ပြီး နောက်ထပ် အပိုင်း(၂)၊ (၃)၊ (၄) များ လာဖို့ စီစဉ်ထားသည်။ အပိုင်း (၁) ပြီးလျှင် အပိုင်း (၂) ဘယ်တော့ကျင်းပမည်ကို မသိနိုင်သလို အပိုင်း (၃)၊ အပိုင်း(၄)၊ အပိုင်း(၅) များ ဆက်လာဦးမည်ဖြစ်ရာ အနည်းဆုံး တနှစ်ကျော်လောက်တော့ ကြာနိုင်သည်။
ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကျင်းပမည့် ရွေးကောက်ပွဲက အပိုင်း (၁) ဖြစ်ပြီး နောက်ထပ် အပိုင်း(၂)၊ (၃)၊ (၄) များ လာဖို့ စီစဉ်ထားသည်။ အပိုင်း (၁) ပြီးလျှင် အပိုင်း (၂) ဘယ်တော့ကျင်းပမည်ကို မသိနိုင်သလို အပိုင်း (၃)၊ အပိုင်း(၄)၊ အပိုင်း(၅) များ ဆက်လာဦးမည်ဖြစ်ရာ အနည်းဆုံး တနှစ်ကျော်လောက်တော့ ကြာနိုင်သည်။
ဦးနု၏ ဖဆပလအစိုးရလက်ထက် ၁၉၅၁ ခုနှစ်က ပြည်တွင်းစစ်ကြောင့် အပိုင်းလိုက် ကျင်းပခဲ့သော ရွေးကောက်ပွဲမှာ ၁၉၅၁ ခုနှစ်၊ ဇွန်လမှ ၁၉၅၂ ခုနှစ်၊ ဧပြီလအထိ တနှစ်နီးပါး ကြာခဲ့သည်။
အရပ်သားအစိုးရခေါင်းဆောင်များကိုဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းသဖြင့် တိုင်းပြည်ဖရိုဖရဲ ပျက်စီးနေချိန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကျင်းပမည့်ရွေးကောက်ပွဲက ရုပ်သံစီးရီးများကဲ့သို့ အပိုင်းများ တပိုင်းပြီးတပိုင်း လာမည်ဖြစ်ရာ ဘယ်အချိန်ပြီးမည်မသိနိုင်သလို ရွေးကောက်ပွဲအကြောင်းပြ အာဏာကို ဆက်လက်ချုပ်ကိုင်ထားမည့် အခြေအနေမှာ ရှိနေသည်။
(နွေနေသည် မြန်မာသတင်းစာဆရာတဦး ဖြစ်သည်။)
You may also like these stories:
စစ်တပ် ရွေးကောက်ပွဲ၏ မျက်နှာစာ သို့မဟုတ် လူသတ်ကောင်များ၊ ဆယ်လီများနှင့် အစွန်းရောက်ဝါဒီများ
ရခိုင်ပါတီတွေ ဘယ်နေရာမှာ ရွေးကောက်ပွဲလုပ်မှာလဲ (ရုပ်/သံ)
ပြည်ပရောက်မြန်မာတွေ ရွေးကောက်ပွဲ မဲပေးကြမှာလား
ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြမလဲ
လုံခြုံရေးစိန်ခေါ်ချက်ကြောင့် ရန်ကုန်မှာ ရွေးကောက်ပွဲ တပြိုင်နက်မလုပ်နိုင်
ဆယ်ပြားရွေးကောက်ပွဲနဲ့ တက်လာမယ့်ဆယ်ပြားအစိုးရ (ရုပ်/သံ)
တော်လှန်ရေးနယ်မြေတွေမှာပါ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာ (ရုပ်/သံ)
ဘာဖြစ်နေနေ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ခေါင်းဆောင်ပြော














