ရခိုင်ပြည်နယ် တခုလုံးနီးပါးကို အရက္ခတပ်တော် (AA) က သိမ်းပိုက်ထားတာကြောင့် ရွေးကောက်ပွဲမှာ ဝင်ရောက် ရွေချယ်ခံဖို့ ပြင်နေကြတဲ့ ရခိုင်နိုင်ငံရေးပါတီတွေ အနေနဲ့ ဘယ်နေရာတွေမှာ ရွေးကောက်ပွဲလုပ်မလဲ ဆိုပြီး မေးခွန်းထုတ်ခံရမှုတွေရှိနေပါတယ်။
စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ရခိုင်ကိုယ်စားပြု ပါဝင်မယ့် ပါတီ ၅ ပါတီရှိနေပြီး အဲဒီပါတီတွေကတော့ ဒေါက်တာ အေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ပြည်သူ့လွှတ်တော် အမတ်ဟောင်း ဦးဘရှိန်တည်ထောင်တဲ့ရခိုင်တိုင်းရင်းသားများ ပါတီ (RNP)၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ (RSNUP)၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ (MNDP) နဲ့ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတွေ ဖြစ်ပါတယ်။
ရခိုင်ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးနဲ့ ရွေးကောက်ပွဲ ပြုလုပ်မယ်ဆိုရင်တောင် ရခိုင်ပြည်နယ်အတွင်း ပြုလုပ်ဖို့ ခက်ခဲလိမ့်မယ်လို့ ရခိုင်နိုင်ငံရေး လေ့လာ သုံးသပ်သူက မှတ်ချက်ပြုပါတယ်။
ရခိုင်ပြည်နယ်မှာ ပြုလုပ်မယ့် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ တပြည်နယ်လုံးကို ခြုံငုံတဲ့ ရွေးကောက်ပွဲဖြစ်စေမှာ မဟုတ်ဘဲ အိမ်ဖြည့်ရွေးကောက်ပွဲသာ ဖြစ်လိမ့်မယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူက ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #ရခိုင် #AA #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













