• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တော်လှန်ရေးဒီရေကို စစ်တပ်က မည်သို့တွန်းလှန်သနည်း

by နေ့သစ်
2 October 2025
in ဆောင်းပါး
A A
တော်လှန်ရေးဒီရေကို စစ်တပ်က မည်သို့တွန်းလှန်သနည်း

ရှမ်းပြည်မြောက်ပိုင်းမှ TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များ / ခိုင်ဇော်

1.5k
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်အုပ်စုဆန့်ကျင်ရေး လှုပ်ရှားမှုသည် နှစ်ပေါင်းများစွာ အရှိန်အဟုန်တည်ဆောက်ပြီး စစ်အုပ်စုကို ယခင်မကြုံဖူးသည့် စစ်မြေပြင်ဆုံးရှုံးမှုများ ဖြစ်စေပြီးနောက် စစ်တပ်သည် စီစဉ်ထားသည့် ရွေးကောက်ပွဲမတိုင်မီ ဆုံးရှုံးနယ်မြေများ ပြန်လည်ရရန် တန်ပြန်ထိုးစစ် အရှိန်မြှင့်တင်သောကြောင့် ထိုလှုပ်ရှားမှုသည် ခံစစ်အနေအထား ရောက်နေသည်ဟု စစ်ရေးသုတေသီများက ပြောသည်။

မကြာသေးမီကာလတွင် စစ်အုပ်စုသည် တော်လှန်ရေးအင်အားစုထံ ဆုံးရှုံးထားသည့် နယ်မြေအများအပြားကို ပြန်လည် ထိန်းချုပ်နေသည်။

နိုင်ငံတဝန်း ညှိနှိုင်းတိုက်ခိုက်သည့် တိုက်ခိုက်မှုများပါဝင်ပြီး ညီနောင်မဟာမိတ်အဖွဲ့နှင့် ၎င်းတို့၏ မဟာမိတ်များက ပြုလုပ်သည့် စစ်ကောင်စီဆန့်ကျင်ရေးတွင် အဓိကကျသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီသည် အကြီးအကျယ်ရှုံးနိမ့်ပြီး မြို့နှင့်မြို့နယ်များ၊ ကွပ်ကဲရေးဌာနချုပ်များအပါအဝင် တပ်ရင်းအများအပြားနှင့် စစ်သား ထောင်ပေါင်းများစွာ ဆုံးရှုံးပြီး ဗိုလ်ချုပ်များပါ သေဆုံး၊ ဖမ်းဆီးခံရသည်။

ထိုအချိန်တွင် စစ်အုပ်စုသည် တရုတ်အစိုးရထံမှ အကူအညီ အရေးပေါ်တောင်းဆိုပြီး တရုတ်အစိုးရက ရှမ်းပြည်မြောက်ပိုင်းမှ တိုင်းရင်းသားတပ်မတော်များ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ မန္တလေးသို့ မချီတက်ဘဲ စစ်ဆင်ရေးများရပ်ရန် ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် ဖိအားပေးသည်။

ထိုစစ်ဆင်ရေးများအတွင်း စစ်အုပ်စုသည် အဖိုးတန်သောသင်ခန်းစာများ လေ့လာပြီး အထူးသဖြင့် ဒရုန်းများ ဖြန့်ကြက်ခြင်းကြောင့်ရသည့် အကျိုးကျေးဇူးကို လေ့လာသည်။ ဒရုန်းများဖြန့်ကြက်ခြင်းသည် တော်လှန်ရေးအင်အားစုက စတင်အသုံးပြုသည့် နည်းဗျူဟာဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးတွင် အကြီးအကျယ် ရှုံးနိမ့်ပြီးနောက် စစ်အုပ်စုသည် တရုတ်ထံမှ ဒရုန်းအများအပြား ဝယ်ယူပြီး စစ်တပ်အတွင်း ဒရုန်းအသုံးပြုသည့် အထူးတပ်ဖွဲ့တခု ထူထောင်ကာ ဒရုန်းစွမ်းရည်ကို အကြီးအကျယ် မြှင့်တင်သည်။

၁၀၂၇ စစ်ဆင်ရေးတွင် အကြီးအကျယ် ရှုံးနိမ့်ပြီးနောက် စစ်အုပ်စုသည် တရုတ်ထံမှ ဒရုန်းအများအပြား ဝယ်ယူပြီး စစ်တပ်အတွင်း ဒရုန်းအသုံးပြုသည့် အထူးတပ်ဖွဲ့တခု ထူထောင်ကာ ဒရုန်းစွမ်းရည်ကို အကြီးအကျယ် မြှင့်တင်သည်။

စစ်အုပ်စု တပ်ဖွဲ့ဝင်များကို ဒရုန်းသင်တန်းပေးနေစဉ်

စစ်သား မလုံလောက်မှုကို ဖြေရှင်းရန် စစ်အုပ်စုသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်မှုမထမ်းမနေရဥပဒေကို အလျင်အမြန် အသက်သွင်းပြီး စစ်သင်တန်းတပတ်လျှင် လူသစ် ၅,၀၀၀ စုဆောင်းသည်။ လက်ရှိအချိန်အထိ အပတ်စဉ် ၁၇ အထိ လေ့ကျင့်ထားပြီး စစ်သားသစ် ၈၅,၀၀၀ လေ့ကျင့်ထားသည်ဟု ခန့်မှန်းရသည်။

လေကြောင်းအားသာမှုနှင့် ပစ်အားသာမှုအပြင် လူအင်အားကို အသုံးပြုပြီး စစ်အုပ်စုသည် ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်သိမ်းယူရန် ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှ စတင်ကာ တနိုင်ငံလုံးတွင် တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ဆင်ရေးအများအပြားတွင် အောင်ပွဲများရသည်။

တော်လှန်ရေးအင်အားစုများထံ ဆုံးရှုံးသွားသောနယ်မြေများသို့ ၎င်း၏မြေပြင်တပ်များ မရောက်နိုင်သည့် နေရာများတွင် စစ်အုပ်စုသည် နိုင်ငံတဝန်းမှ တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် မြို့များနှင့်ရွာများကို လေယာဉ်များနှင့် ဒရုန်းများအသုံးပြုပြီး ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲကာ နေ့စဉ်နီးပါး အရပ်သားသေဆုံးမှု ဒါဇင်ပေါင်းများစွာ ဖြစ်စေသည်။

ကချင်ပြည်နယ်

ကချင်ပြည်နယ် ဒုတိယမြို့တော် ဗန်းမော်တမြို့လုံးနီးပါး ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အပါအဝင် ၎င်း၏ မဟာမိတ်များလက်သို့ ကျရောက်လုဖြစ်နေစဉ် တနှစ်နီးပါး ထိုးစစ်ဆင်ပြီးနောက် တပ်ရင်းဌာနချုပ်များနှင့် စခန်းအများအပြားကို စစ်အုပ်စုက ပြန်လည် သိမ်းပိုက်ထားသည်။

ယခုနှစ်တွင် စစ်အုပ်စုတပ်များသည် နိုင်ငံ၏ ကျောက်စိမ်း အချက်အချာဒေသ ဖားကန့်ကို KIA သိမ်းပိုက်မှုကိုလည်း ချိုးဖျက်ရန် လုပ်ဆောင်နိုင်ခဲ့ပြီး ယခင်က တိုင်းရင်းသားတပ်များသို့ ဆုံးရှုံးခဲ့သည့် နယ်မြေအများအပြားကို ပြန်လည် သိမ်းယူသည်။

ထို့ပြင် စစ်အုပ်စုနှင့် ၎င်း၏ မဟာမိတ် လက်နက်ကိုင်များသည် နယ်စပ်ကုန်သွယ်ရေး အချက်အချာနှင့် တွင်းထွက် အချက်အချာဒေသကို KIA နှင့် မဟာမိတ်များထံမှ ပြန်လည် သိမ်းပိုက်ရန် ရည်ရွယ်ပြီး ဝိုင်းမော်နှင့် ဆော့လော်မြို့နယ်များတွင် တန်ပြန်ထိုးစစ်များ ပြုလုပ်နေပြီး ပြင်းထန်သောပဋိပက္ခများ ဖြစ်သည်။

KIA သည် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး အချက်အချာနေရာများအပါအဝင် မြို့ပေါင်း ၁၄ မြို့ကို အစောပိုင်းက သိမ်းပိုက်ထားသည်။

စစ်ကိုင်းတိုင်း

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်အုပ်စုသည် စစ်ကိုင်းတိုင်းမှ တော်လှန်ရေးအင်အားစု အမာခံဒေသများရှိ မြို့များပြင်ပတွင် ထိုးစစ်များရပ်ဆိုင်းပြီး စခန်းများကို ဆုတ်ခွာသည်။ စစ်ကိုင်းတိုင်းတွင် PDF နှင့် ဒေသဆိုင်ရာ တော်လှန်ရေးအင်အားစုများက ကျေးလက်ဒေသအများစုကို ထိန်းချုပ်ထားသည်။

သို့သော် ဒီဇင်ဘာလနှောင်းပိုင်းတွင် ပထမဆင့် စီစဉ်ထားသည့် ရွေးကောက်ပွဲများမတိုင်မီ စစ်အုပ်စုသည် တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် ကျေးလက်ဒေသများကို ထိုးစစ်ဆင်ပြီး ကျေးရွာများကို စီးနင်း၊ လုယက်၊ ရွာများကို မီးရှို့ကာ လက်နက်ကိုင်များကိုသာမက အရပ်သားများကိုပါ အငြင်းပွားဖွယ် သတ်ဖြတ်နေသည်။ စစ်အုပ်စုသည် ဆုံးရှုံးခဲ့သောနယ်မြေများကို ပြန်လည် ထိန်းချုပ်သော်လည်း အချို့ စစ်ကြောင်းများသည် တော်လှန်ရေးအင်အားစုများ၏ ခြုံခိုတိုက်ခိုက်မှုများတွင် သားကောင်ဖြစ်ရသည်။

စစ်မှုထမ်းဥပဒေအရ စုဆောင်းထားသည့် တပ်သားသစ်များကို စစ်တပ်မိသားစုဝင်များက ကြိုဆိုနေစဉ် / People’s Militia Group

မကြာသေးမီက PDF အဖွဲ့များသည် ထိုးစစ်သစ်တခုဖြင့် စစ်ကိုင်းတိုင်းမြောက်ပိုင်း ဗန်းမောက်မြို့ကို အပြည့်အဝ သိမ်းပိုက်သည်။

စစ်ကိုင်းတိုင်း ၃၇ မြို့နယ်အနက် ၁၀ ခုတွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်ဟု စစ်အုပ်စုက ကြေညာထားသည်။

ရှမ်းပြည်နယ်

လပေါင်းများစွာကြာသည့် ထိုးစစ်ပြီးနောက် စစ်အုပ်စုသည် ရှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထံမှ ဇူလိုင်လတွင် ပြန်လည်သိမ်းယူသည်။ တိုက်ခိုက်မှုများ ရပ်ဆိုင်းရန်နှင့် လွတ်မြောက်သွားသည့် မြို့များကို စစ်အုပ်စုသို့ ပြန်လည်ပေးရန် TNLA ကို တရုတ်က ဖိအားပေးနေသည်။

လပေါင်းများစွာကြာသည့် ထိုးစစ်ပြီးနောက် စစ်အုပ်စုသည် ရှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထံမှ ဇူလိုင်လတွင် ပြန်လည်သိမ်းယူသည်။ တိုက်ခိုက်မှုများ ရပ်ဆိုင်းရန်နှင့် လွတ်မြောက်သွားသည့် မြို့များကို စစ်အုပ်စုသို့ ပြန်လည်ပေးရန် TNLA ကို တရုတ်က ဖိအားပေးနေသည်။

နောင်ချိုကို သိမ်းပိုက်ချိန်မှစတင်ပြီး စစ်အုပ်စုသည် အနီးရှိ ရှမ်းပြည်နယ်ရှိ ကျောက်မဲနှင့် မန္တလေးတိုင်းမှ ပတ္တမြားမြေ မိုးကုတ်ကို ပစ်မှတ်ထားလာသည်။ ကျောက်မဲကို စစ်တပ်က ပြန်သိမ်းနိုင်ခဲ့ပြီး မိုးကုတ်ကမူ TNLA ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ သို့သော် စစ်ကောင်စီ၏ စစ်ကြောင်းများကို TNLA နှင့် ၎င်းတို့မဟာမိတ်များ ဟန့်တားနိုင်ပုံ မပေါ်ပေ။

စစ်အုပ်စုက မြေပြင်တပ်များ မချထားနိုင်သည့် TNLA ထိန်းချုပ် အခြားမြို့များတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပြီး အရပ်သား ဒါဇင်ပေါင်းများစွာ သေဆုံးကာ အခြေခံအဆောက်အအုံများ ပျက်စီးနေသည်။

မန္တလေးတိုင်း

ဇူလိုင်လတွင် စစ်အုပ်စုသည် မန္တလေးတိုင်းမြောက်ပိုင်းမှ သပိတ်ကျင်းမြို့ကို PDF အဖွဲ့များထံမှ ပြန်လည် သိမ်းယူသော်လည်း ပြင်းထန်သည့် တော်လှန်ရေး ခုခံကာကွယ်မှုအကြား ကျေးလက်ဒေသများကို ပြန်လည် ထိန်းချုပ်ရန် ရုန်းကန်နေရသည်။

မကြာသေးမီကာလတွင် စစ်အုပ်စုသည် မန္တလေးမြို့နှင့်ကပ်လျက် ပုသိမ်ကြီးနှင့် မတ္တရာမြို့နယ်များမှ ၎င်း၏စခန်းဟောင်းများကို မန္တလေး PDF ထံမှ ပြန်လည်သိမ်းယူနေသည်။

မန္တလေးတိုင်းတောင်ပိုင်းတွင် စစ်အုပ်စုသည် မြင်းခြံခရိုင်၌ တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များမှ ကျေးရွာများကို ဝင်ရောက်စီးနင်း၊ မီးရှို့ကာ အရပ်သားများကို သတ်ဖြတ်သည်။

မကွေးတိုင်း

စက်တင်ဘာလ အစောပိုင်းတွင် စစ်အုပ်စုသည် မကွေးတိုင်းရှိ ပေါက်မြို့နယ် အနောက်တောင်ဘက် ၁၆ ကီလိုမီတာခန့်အကွာရှိ အမှတ် (၂၄) စစ်လက်နက်ပစ္စည်းစက်ရုံသို့ သွားသည့်လမ်းကို စောင့်ကြပ်သည့် သေနင်္ဂဗျူဟာကျသော စခန်းတခုကို ပြန်လည်သိမ်းယူသည်။

သြဂုတ်လ ၂၀ ရက်နေ့တွင် စစ်သား ၁,၀၀၀၊ ရိက္ခာ၊ လက်နက်၊ ခဲယမ်းများ တင်ဆောင်လာသည့် ကားအစီး ၁၄၀ ပခုက္ကူမှ ရောက်လာပြီးနောက် ထိုသို့ ပြန်လည် သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။ ပခုက္ကူသည် ပေါက်မှ ၇၅ ကီလိုမီတာသာ ဝေးသော်လည်း ထိုယာဉ်တန်းသည် တော်လှန်ရေးအင်အားစုများက အကြိမ်ကြိမ် ခြုံခိုတိုက်ခိုက်ခြင်း၊ မြေမြှုပ်မိုင်းများ၊ ဒရုန်းများနှင့် တိုက်ခိုက်ခြင်းကြောင့် ထိုခရီးကို သုံးလနီးပါးကြာမှ ရောက်အောင်သွားနိုင်သည်။

ထိုသို့ချီတက်လာရာတွင် ထိုယာဉ်တန်းသည် လေကြောင်းအကူများ အသုံးပြုပြီး ကျေးရွာများကို ဝင်ရောက် စီးနင်းကာ အရပ်သားများကို ဖမ်းဆီးသည်။ စစ်အုပ်စုသည် ထိုယာဉ်တန်း ဆုတ်ခွာနိုင်ရေးအတွက် လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်စီးနင်းမှုများကိုလည်း ပြုလုပ်ပြီး ကျေးရွာများကို မီးရှို့သောကြောင့် ဒေသခံများ နေရပ်စွန့်ခွာရသည်။

ရခိုင်ပြည်နယ်မှ AA နှင့် တိုက်ပွဲများ

ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခုအနက် ၁၄ ခုကို သိမ်းပိုက်ပြီးနောက် အာရက္ခတပ်တော် (AA) သည် စစ်ဆင်ရေးများကို ပြည်နယ်ကျော်ပြီး တိုးချဲ့ကာ ဇန်နဝါရီလမှစတင်ပြီး မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းများမှ စစ်ကောင်စီစခန်း အများအပြားကို သိမ်းပိုက်သည်။

တုံ့ပြန်သည့်အနေဖြင့် စစ်အုပ်စုသည် အတင်းအကျပ်စုဆောင်းထားပြီး နှစ်လသာ လေ့ကျင့်ပေးထားသည့် စစ်သားသစ်များဖြင့် ရခိုင်နယ်စပ်အနီးမှ ဆုံးရှုံးသွားသောစခန်းများကို ပြန်လည်သိမ်းယူရန် တန်ပြန်ထိုးစစ်များ ပြုလုပ်ပြီး ဧရာဝတီတိုင်းရှိ လေးမျက်နှာ၊ ပဲခူးတိုင်းရှိ ပန်းတောင်းနှင့် မကွေးတိုင်းရှိ ငဖဲမြို့နယ်များတွင် ပြင်းထန်သော တိုက်ပွဲများဖြစ်သည်။

အနီရောင်-တိုက်ပွဲဖြစ်ပွားနေသည့် နေရာများ။ ကြယ်ဘက်တံဆိပ်-စစ်တပ်က ထိုးစစ်ဆင်နေသည့်နေရာများ

ငဖဲမြို့နယ်တွင် စစ်တပ်စစ်ကြောင်း အများအပြားကို ချေမှုန်းခဲ့ကြောင်း AA က မကြာသေးမီတွင် ကြေညာပြီး စစ်သားစုဆောင်းခံရသူ အများအပြား စွန့်ခွာထွက်ပြေးကြောင်း၊ AA သို့ ဘက်ပြောင်းလာနေကြောင်း ပြောသည်။ စစ်အုပ်စုသည် ဆုံးရှုံးသွားသော စခန်းများကို ပြန်လည်သိမ်းယူရန် ၎င်းတို့၏ စစ်ဆင်ရေးများတွင် အတင်းအကျပ်စစ်သားစုဆောင်းခံရသူများကို အသေခံခိုင်းနေသည်ဟု စစ်တပ်မှ ဘက်ပြောင်းလာသူများက ပြောသည်။

စစ်အုပ်စုသည် AA ဝိုင်းပတ်ထားသည့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေကို အင်အားတောင့်တင်းအောင် လုပ်ဆောင်နေပြီး တရုတ်စီမံကိန်းကြီးများ အများအပြားရှိရာ ကျောက်ဖြူမြို့ကို အပြင်းအထန် ကာကွယ်ထားသည်။ စစ်အုပ်စုသည် ကျောက်ဖြူတွင် ခံစစ်စည်းကို ဆက်လက် တောင့်တင်းအောင် လုပ်နေသည်ဟု စစ်ရေးသုတေသီများက ပြောသည်။

စစ်အုပ်စုသည် AA ဝိုင်းပတ်ထားသည့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေကို အင်အားတောင့်တင်းအောင် လုပ်ဆောင်နေပြီး တရုတ်စီမံကိန်းကြီးများ အများအပြားရှိရာ ကျောက်ဖြူမြို့ကို အပြင်းအထန် ကာကွယ်ထားသည်။ စစ်အုပ်စုသည် ကျောက်ဖြူတွင် ခံစစ်စည်းကို ဆက်လက် တောင့်တင်းအောင် လုပ်နေသည်ဟု စစ်ရေးသုတေသီများက ပြောသည်။

ကရင်နီပြည်နယ်

ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီ (ကယား) ပြည်နယ် နယ်စပ် မိုးဗြဲကို ဇူလိုင်တွင် ပြန်လည် သိမ်းပိုက်ပြီးနောက် စစ်အုပ်စုသည် ကရင်နီပြည်နယ်မှ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့များကို ကရင်နီတော်လှန်ရေးအုပ်စုများထံမှ မကြာသေးမီက သိမ်းပိုက်လိုက်သည်။

စစ်အုပ်စုသည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဘောလခဲမြို့သို့ ချီတက်ရန် ပြင်ဆင်နေပြီး တော်လှန်ရေးအင်အားစုများက လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲလမ်းကို လွန်ခဲ့သောအပတ်တွင် အကန့်အသတ်မရှိ ပိတ်လိုက်ရသည်။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း

စစ်ကောင်စီသည် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကို ဆက်သွယ်ထားပြီး လက်ရှိအချိန်တွင် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် အမှတ် ၈ ပြည်ထောင်စုအဝေးပြေးလမ်းကို ပြန်လည် ထိန်းချုပ်ရန် တန်ပြန်ထိုးစစ်ဆင်နေသောကြောင့် ပြင်းထန်သောတိုက်ပွဲများ ဖြစ်နေသည်။

မွန်ပြည်နယ်ရှိ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်းရှိ ထားဝယ်ခရိုင်တွင် တိုက်ပွဲများဖြစ်နေပြီး စစ်ကောင်စီတပ်များသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ ထံမှ ထီးခီးနယ်စပ်ကုန်သွယ်ရေး အချက်အချာဒေသကို ပြန်လည် သိမ်းယူရန် ကြိုးစားနေသောကြောင့် ထီးခီး-ထားဝယ်လမ်းတွင် ပြင်းထန်သောတိုက်ပွဲများ ဖြစ်နေသည်။

ကရင်ပြည်နယ်မှ စစ်အုပ်စုထိုးစစ်

စက်တင်ဘာလအစောပိုင်းတွင် စစ်အုပ်စုသည် လပေါင်းများစွာ ထိုးစစ်ဆင်ပြီးနောက် ထိုင်းနယ်စပ်ကုန်သွယ်ရေး အချက်အချာဒေသ မြဝတီနှင့် ကရင်ပြည်နယ်ရှိ ကော့ကရိတ်အကြား အာရှအဝေးပြေးလမ်း ၁ ၏ အဓိကျသော အစိတ်အပိုင်းတခု၊ သင်္ကန်းညီနောင်မှ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တခုနှင့် တပ်ရင်းဌာနချုပ် သုံးခုကို ပြန်လည် ထိန်းချုပ်လိုက်သည်။

KNU ၏ လက်နက်ကိုင်အဖွဲ့အစည်းနှင့် ၎င်း၏မဟာမိတ် တော်လှန်ရေးအင်အားစုများသည် ထိုလမ်းနှင့် စစ်အုပ်စုစခန်းများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက စတင်ထိန်းချုပ်ထားသည်။

ယခင်စခန်းဟောင်းများကို ပြန်လည် သိမ်းပိုက်ပြီးနောက် စစ်အုပ်စုသည် မြဝတီမြို့နယ်တောင်ပိုင်း ပိုင်နက်များကို ပြန်လည် သိမ်းယူရန် နောက်ထပ် ထိုးစစ်များ စတင်နေသောကြောင့် ကရင်တော်လှန်ရေးအင်အားစုများနှင့် ပြင်းထန်သော တိုက်ပွဲများဖြစ်နေသည်။

စစ်အုပ်စုသည် KNU တပ်မဟာ ၅ နှင့် ၆ ဒေသများကို အဆက်မပြတ် တိုက်ခိုက်နေပြီး အတင်းအကျပ်စုဆောင်းထားသည့် စစ်သားအများအပြားကို ရှေ့တန်းတွင် ဖြန့်ကြက်ထားကာ ဒရုန်းများကို ပိုမိုအားကိုးလာနေသည်။

စစ်သားသစ် အများအပြားသည် မူးယစ်ဆေးဝါး သုံးစွဲထားကြသူများဖြစ်သည်ဟု Force for Federal Democracy မှ အရာရှိ ကိုအောင်အောင်က ပြောသည်။ ထိုအဖွဲ့သည် KNU ၏ လက်နက်ကိုင်အဖွဲ့များနှင့်အတူ တိုက်ခိုက်နေသော အဖွဲ့အစည်းဖြစ်သည်။

စစ်အုပ်စု မည်သည့်အတွက် အောင်မြင်နေသနည်း

စစ်ကောင်စီ၏ ထိုးစစ်များနှင့် အောင်ပွဲများ၏ နောက်ကွယ်မှ အဓိကအချက်များသည် လူအင်အားနှင့် ငွေကြေးထောက်ပံ့မှုဖြစ်သည်ဟု စစ်ရေးသုတေသီများက ပြောသည်။

စစ်မှုထမ်းဥပဒေအရ စုဆောင်းထားသည့် တပ်သားသစ်များ / People’s Militia Group

စစ်အုပ်စုသည် ယခင်က စစ်အင်အား မလုံလောက်သော်လည်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်အသက်သွင်းသည့် အတင်းအကျပ်စစ်သားစုဆောင်းသောကြောင့် လိုအပ်သော စစ်သားများအားလုံး ရနေပုံရှိကြောင်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ဘက်ပြောင်းလာသည့် ဗိုလ်ကြီးဟောင်း ဇင်ယော်က ပြောသည်။

လူအင်အား၊ နိုင်ငံတော်ဝင်ငွေများနှင့် ကိုယ်ပိုင်လက်နက်စက်ရုံများ ရှိနေသောကြောင့် စစ်အုပ်စုသည် ခဲယမ်း၊ ဒရုန်း၊ လေကြောင်းအင်အားနှင့် အမြောက်များအရ အားသာချက်များ ရှိနေသည်။

လူအင်အား၊ နိုင်ငံတော်ဝင်ငွေများနှင့် ကိုယ်ပိုင်လက်နက်စက်ရုံများ ရှိနေသောကြောင့် စစ်အုပ်စုသည် ခဲယမ်း၊ ဒရုန်း၊ လေကြောင်းအင်အားနှင့် အမြောက်များအရ အားသာချက်များ ရှိနေသည်။

“တော်လှန်ရေးအင်အားစုတွေဘက်မှာ တော်လှန်တိုက်ခိုက်ရေးသမားတဦးဟာ စစ်အုပ်စုစစ်သား ၁၀ ယောက်စာလောက် ထိထိရောက်ရောက် တိုက်ခိုက်နိုင်ရင်တောင်မှ ရှည်ကြာတဲ့တိုက်ပွဲတွေအတွက် ခဲယမ်းနဲ့ အသုံးစရိတ်အရ မယှဉ်နိုင်ဘူး” ဟု ဗိုလ်ကြီးဟောင်း ဇင်ယော်က ပြောသည်။

စစ်အုပ်စု၏ နောက်ထပ် အားသာချက်တခုမှာ စစ်အုပ်စု တပ်များသည် တခုတည်းသော အမိန့်ပေးကွပ်ကဲမှု ကွင်းဆက်အောက်မှ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်တွင် စစ်အုပ်စုနှင့် လမ်းခွဲပြီးနောက် စစ်ရေးစစ်ရာများကို လေ့လာစောင့်ကြည့်နေသည့် ဗိုလ်မှူးဟောင်း စွယ်တော်က ပြောသည်။

“စစ်ဆင်ရေးတခု မအောင်မြင်ရင် စစ်အုပ်စုမှာ တင်းကျပ်တဲ့ တာဝန်ခံမှုလုပ်တယ်။ တာဝန်တွေကို အောင်မြင်ဖို့ မျှော်မှန်းချက်နဲ့ တာဝန်ပေးပြီး စစ်ဆင်ရေး ပြီးမြောက်အောင်မြင်မှုမရှိရင် တာဝန်ရှိသူတွေကို အပြစ်ပေးတယ်” ဟု ၎င်းကပြောသည်။

ထိုအခြေအနေနှင့် မတူသည်မှာ တော်လှန်ရေးအင်အားစုဘက်တွင် ညီညွတ်သော အမိန့်ပေးကွပ်ကဲမှုမရှိဘဲ ထိုသို့ တင်းကျပ်သောစနစ်လည်း မရှိကြောင်း စွယ်တော်က ပြောသည်။

နိုင်ငံတွင် အဓိက စိန်ခေါ်မှုသည် တိုင်းရင်းသားအုပ်စုများ ကွဲပြားနေခြင်းဖြစ်ကြောင်းနှင့် ထိုကိစ္စသည် ညီညွတ်ရေးကို အဟန့်အတားဖြစ်စေကြောင်း သူက ထောက်ပြသည်။ ဗဟိုတခုတည်းက ညှိနှိုင်းပေးခြင်းကို အများအပြားက ဆန့်ကျင်ကြပြီး အုပ်စုကွဲ အများအပြားဖြစ်စေကာ PDF များအကြားတွင်ပင် အုပ်စုကွဲများဖြစ်စေသည်။

PDF အချို့သည် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်ဖြစ်သော်လည်း အများအပြားသည် မဟာမိတ် မဟုတ်ပေ။ ထိုသို့ အစိတ်စိတ်အမွှာမွှာ ကွဲနေခြင်းသည် ရန်ပုံငွေရှာဖွေခြင်းနှင့် စီမံအုပ်ချုပ်ရေးတွင် အဓိကကျသည့် စိန်ခေါ်မှုဖြစ်စေသည်ဟု စွယ်တော်က ဆက်လက်ပြောကြားသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ နေ့သစ်၏ How the Myanmar Junta Turned the Tide Against the Resistance ကို ဘာသာပြန်သည်။)

You may also like these stories:

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
32
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
727
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
208

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

ဗန်းမောက်မြို့ပေါ် တော်လှန်ရေးတပ်များ ထိန်းချုပ်

မြို့သိမ်းစစ်ဆင်ရေးများ မြန်မာစစ်တပ် ဆက်လက်တောင့်ခံနိုင်

နွေဦးလက်နက်ကိုင်တော်လှန်ရေးနှင့် PDF များ၏ နေရာ

နွေဦးတော်လှန်ရေး စစ်ပွဲအတွင်းက ဓားစာခံများ

ပြိုကျပြီး အထိနာနေသည့် စစ်တပ်ကို ကုစားချိန် မပေးရန် လိုသည်

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးPDFစစ်ကော်မရှင်စစ်မှုထမ်းဥပဒေစစ်အာဏာသိမ်းမှုတရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်လှန်ရေးအင်အားစုပြည်တွင်းစစ်ရွေးကောက်ပွဲလေကြောင်းတိုက်ခိုက်မှုအတင်းအကျပ်စစ်သားစုဆောင်းမှု
နေ့သစ်

နေ့သစ်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ပါလက်စတိုင်းနှင့် မြန်မာတို့၏ မပြီးဆုံးသော စစ်ပွဲ ဘယ်လိုရပ်မလဲ

ပါလက်စတိုင်းနှင့် မြန်မာတို့၏ မပြီးဆုံးသော စစ်ပွဲ ဘယ်လိုရပ်မလဲ

မန္တလေးနှင့် စစ်ကိုင်းရောက်စစ်ရှောင်များအား မဲပေးရန် ငွေဖြင့်စည်းရုံး

မန္တလေးနှင့် စစ်ကိုင်းရောက်စစ်ရှောင်များအား မဲပေးရန် ငွေဖြင့်စည်းရုံး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved