အာဏာသိမ်း စစ်အုပ်စုကကျင်းပတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ဆယ်နှစ်ပြည့်ပွဲကို တက်ရောက်သူတွေဟာ အကြမ်းဖက်လူသတ်သမားကို ဝန်းရံအားဖြည့်သလို ဖြစ်နေတယ်လို့ နိုင်ငံရေးနဲ့ တော်လှန်ရေး အင်အားစုတွေက ဝေဖန်ထောက်ပြကြပါတယ်။
ပြည်သူ ၇ ထောင်ကျော်ကို သတ်ဖြတ်ထားသလို အရပ်သားတွေကို ဗုံးကြဲရာမှာ အဓိက တာဝန်ရှိတဲ့ စစ်ခေါင်းဆောင် တယောက်က ပြောတဲ့ ငြိမ်းချမ်းရေးစကားကို တရုတ်နဲ့ အိန္ဒိယက ကိုယ်စားလှယ်တွေအပါအဝင် တက်ရောက်သူတွေက လက်ခုပ်တီး ဩဘာပေးနေကြတာ ဖြစ်ပါတယ်။
စစ်ကော်မရှင် ကတော့ ဒီပွဲကို မြန်မာနိုင်ငံတွင်းက သံရုံးအရာရှိ အယောက် ၃၀ နဲ့ သံအမတ် ၁၁ ယောက် တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
#မြန်မာ #ဧရာဝတီ #တရုတ် #အိန္ဒိယ #NCA
#WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













