• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သပိတ်ကျင်းက အချက်အခြာကျ ဖော့တောလမ်းဆုံ စစ်တပ်ပြန်သိမ်း

by ဧရာဝတီ
15 October 2025
in သတင်း
A A
သပိတ်ကျင်းက အချက်အခြာကျ ဖော့တောလမ်းဆုံ စစ်တပ်ပြန်သိမ်း

စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များက ဖော်ပြထားသော စစ်တပ်မှ ဖော့တောလမ်းဆုံသိမ်းပိုက်အပြီး တွေ့ရစဉ်

784
VIEWS
Share on FacebookShare on Twitter

မန္တလေး- စဉ့်ကူး- မိုးကုတ်ကားလမ်းနှင့် ထီးချိုင့်- ဗန်းမော်မဟာဗျူဟာလမ်းပေါ်မှ စစ်ရေးအချက်အချာကျသည့် သပိတ်ကျင်းမြို့နယ်ရှိ ဖော့တော လမ်းဆုံကို အောက်တိုဘာ ၁၄ ရက်က စစ်တပ်မှ ပြန်သိမ်းလိုက်သည်။

ဖော့တောလမ်းဆုံမှ မိုးကုတ်သို့ မိုင် ၅၀ ကျော်သာဝေးပြီး ထိုမှ မိုးမိတ်၊ ဗန်းမော်၊ မြစ်ကြီးနားထိလည်းကောင်း ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ၊ သီပေါသာမက တော်လှန်ရေးအင်အားစုများအတွက် သပိတ်ကျင်း တောင်ခြမ်း၊ စဉ့်ကူး၊ မတ္တရာ မြို့နယ်နှင့် မိုးကုတ် ရှမ်းမြောက်ဒေသများအား ချိတ်ဆက်ထားသည့် အညာနှင့် ရှမ်းမြောက်ဆက်သွယ်ရေး လမ်းကြောင်း ပြတ်တောက်သွားနိုင်ကြောင်း သိရသည်။

ထိုသို့ အရေးပါသည့် လမ်းဆုံကို ထိန်းချုပ်ရန် စစ်တပ်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးအပြင် တပ်သားသစ်များ သုံး၍ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။

“ပထမ သပိတ်ကျင်းကို သူတို့သိမ်းပြီး ဖော့တောလမ်းဆုံကို ဆက်တိုက်တယ်၊ မတ္တရာဘက်ကနေလည်း အင်အားတွေ ရောက်လာတာရှိတယ်၊ သပိတ်ကျင်းနဲ့ မိုးကုတ် မိုင် ၅၀ ကျော် ဝေးသေးတော့ လက်ရှိအနေအထားမှ မိုးကုတ်ကို ဆက် တိုက်တာမျိုးထက် အနီးဆုံး စဉ့်ကူးနဲ့ တကောင်းနီကယ်စက်ရုံတွေဘက် ထပ်တိုးလာနိုင်တယ်လို့ သုံးသပ်လို့ရတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

သပိတ်ကျင်း အရှေ့တောင်ဘက် ရွှေမွေးချောင်းဒေသ၊ လမ်းလယ်ကျစ်၊ ၇ မိုင်ရွာများမှ တော်လှန်ရေးတပ်များ ဆုတ်ခွာ ခဲ့ပြီးနောက် စစ်တပ်က ဖော့တောလမ်းဆုံအနီး ဝါးဖြူတောင်ရွာအထိ ရောက်လာပြီး ဖော့တောလမ်းဆုံကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး စစ်ရေးလေ့လာနေသူတဦးက “ဖော့တောလမ်းဆုံဆိုတာ မန္တလေးကနေပြီး တကောင်း- ဗန်းမော်ကားပေါ်မှာရှိတဲ့ လမ်းဆုံဖြစ်တယ်။ အဲဒါကို ထိန်းလိုက်တဲ့အခါ အပေါ်ဘက်က တကောင်းဧရိယာနဲ့ အောက်ဘက် စဉ့်ကူး၊ မတ္တရာတွေနဲ့ လမ်းကြောပြတ်တောက်သွား တာပေါ့။ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် မြောက်ပိုင်းနဲ့ တောင်ပိုင်း တကောင်းဘက်ခြမ်း ပေါ့၊ တကောင်း- မဘိမ်းဘက် ခြမ်းတွေနဲ့ စဉ့်ကူးဘက်ခြမ်းတွေမှာ ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွားတာမျိုး ခံရတာပေါ့” ဟု နိုင်ငံရေး၊ စစ်ရေးလေ့လာနေသူတဦးက ပြောသည်။

ဖော့တောလမ်းဆုံအပါ မန္တလေး-စဉ့်ကူး- မိုးကုတ်ကားလမ်းနှင့် မန္တလေး-စဉ့်ကူး-သပိတ်ကျင်းလမ်းပိုင်းများကို ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF၊ ပြင်ဦးလွင်ခရိုင် ပကဖ၊ မိုးကုတ်ဗျူဟာ၊ မြို့နယ် ပကဖများ၊ ဒေသတွင်း PDF အဖွဲ့များက ၂၀၂၄ ဩဂုတ်လအတွင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

သပိတ်ကျင်းမြို့နယ် ဖော့တောလမ်းဆုံနှင့် ဆက်သွယ်ထားသည့် ဒေသပြ မြေပုံ (ဧရာဝတီ)

သို့သော် သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာနှင့် တွင်းငယ်ကျေးရွာများဘက်ရှိ အမှတ် ၂ စစ်အခြေခံလေ့ကျင့် ရေး တပ် (စခတ ၂)၊ အမှတ် ၁၃ တန်းမြှင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တကက ၁၃)၊ သတ္တုဗေဒဆိုင်ရာသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးတိုးတက်ရေးတပ် (သနသ ၁) တပ်များ ထိုစဉ်က သိမ်းရန်ကျန်ခဲ့သည်။

ထို့အတွက် ယင်းတပ်များက မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျင်းတိုက်ပွဲများအတွင်း ထွက်ပြေးလာသူအများစုကို ပြန်လည်စုဖွဲ့ ကာ လေကြောင်း၊ ရေကြောင်းဖြင့် အင်အားပြန်ဖြည့်ပြီး ယခုနှစ်ဇွန်လဆန်းပိုင်းကစ၍ လေကြောင်းပစ်ကူဖြင့် ပြန်လည် စစ်ဆင်ခဲ့ခြင်းဖြစ်သည်။

စစ်တပ် CDM ဗိုလ်ကြီးဇင်ယော်က“ဖော့တောလမ်းဆုံကနေ မိုးကုတ်ကို ကားနဲ့သွားမယ်ဆိုရင် ၃ နာရီလောက်ဆို ရောက် တဲ့ခရီး ဒါပေမယ့် လွယ်လွယ်ကူကူတော့ မရနိုင်သေးဘူး၊ အများကြီးတိုက်ရဦးမှာ။ ဖော့တောကနေတက်ရင် ခလရ ၁၄၈ တို့ကို တော်လှန်ရေးအင်အားစုတွေ သိမ်းထားနိုင်ဆဲ၊ တပ်တွေကလည်း အဆင့်ဆင့်နဲ့ ခံထားနိုင်ကြဆဲဆိုတော့ မိုးကုတ်ကို ကုန်းကြောင်းတက်ဖို့ရာ မလွယ်ပါဘူး။ ဒီကြားထဲမှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဘယ်လောက်ခုခံနိုင်မလဲ၊ ပြန်ထိုးနိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပေါ့” ဟု ပြောသည်။

လက်ရှိတွင် မိုးကုတ်မြို့သို့ ဝင်ရောက်နိုင်ရေးအတွက် စစ်တပ်သည် လေကြောင်း၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်နေသလို သပိတ်ကျင်းမြို့ဘက်မှ တကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ဘက် တကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေ ကြောင်း သိရသည်။

နိုင်ငံရေး စစ်ရေးလေ့လာနေသူတဦးက“ဖော့တောလမ်းဆုံက အပေါ်တက်လို့ရသလို မိုးကုတ်နဲ့ အောက်ဘက် စဉ့်ကူးကို သွားလို့ရတယ်။ အပေါ်မှာက တွင်းငယ်၊ တကောင်း ရောက်သွားရင်တော့ မိုးမိတ်၊ မဘိမ်းပေါ့။ ဖော့တောလမ်းဆုံမရခင် လမ်းလယ်ကျစ်ကို သိမ်းထားနိုင်တာဆိုတော့ အောက်ဘက် ဇရပ်ကွင်းတို့၊ စဉ့်ကူးနယ်ထဲကိုလည်း ဆင်းလာနိုင်တာမျိုး ဆိုပေမယ့် လွယ်လွယ်ကူကူတော့ ဘယ်ရမလဲ။ အဓိကလမ်းဆုံကို ရလိုက်တဲ့အတွက် အထက် အောက်ပတ်ချာလည် သွားလာရေးတော့ ကိုယ့်ဘက်ကပြတ်တောက်သွားတာပေါ့၊ ဘယ်ကိုပဲဆက်ပြီးဦးတည်ပါစေ စစ်တိုက်တာက မော်တော် ကားနဲ့ ခရီးသွားသလို ချက်ချင်းသွားလို့မရဘူးလေ။ လမ်းမှာ အပိတ်အဆို့၊ အတားအဆီး ဆို တာရှိတော့ အကြာကြီးတိုက် ရ ဦးမှာပေါ့” ဟု သုံးသပ်သည်။

ဖော့တောလမ်းဆုံ တိုက်ပွဲဖြစ်ပွားချိန်တွင် အနီးဝန်းကျင်ရှိ ဇရပ်ကွင်း၊ ညောင်ပင်သာ၊ ပိုးဇာ ကျေးရွာများအား လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်သဖြင့် အရပ်သား သေဆုံးဒဏ်ရာရမှု ရှိသလို တွင်းငယ်ဘက်သို့လည်း ဗုံးကြဲမှုများရှိကြောင်း၊ လက်ရှိ တွင်းငယ်-မိုးမိတ်လမ်းကြော၌ တိုက်ပွဲမရှိသော်လည်း နှစ်ဘက်တပ်များ စစ်ဆိုင်ထားသဖြင့် မကြာခင် တိုက်ပွဲများ ပြင်းထန်လာနိုင်ခြေရှိကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ထို့ပြင် ဖော့တောလမ်းဆုံ တိုက်ပွဲများကြောင့် လမ်းဆုံအနီးရှိ ဖော့တော၊ ညောင်ပင်သာ၊ ပိုးဇာ၊ ဇရပ်ကွင်း၊ ဝါးဖြူတောင်၊ ဂွေးပင်မှော်၊ သင်ပေါင်းချောင်း၊ လမ်းလယ်ကျစ်၊ ကျောက်ဖြာ၊ ဖုန်ကုန်း၊ ရွှေမွှေးချောင်း၊ ညောင်ချိုအိုက်၊ ပေသောင်၊ ကဘဲ့ ကြီး၊ အုံးဇုံး၊ မြင်သာ၊ ၄ မိုင်၊ ၅မိုင်၊ ၆ မိုင်၊ ၇ မိုင်၊ ၉ မိုင်ကျေးရွာများမှ ဒေသခံများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း သိရသည်။

ဖော့တောလမ်းဆုံနှင့် ၁၀ မိုင်ကျော်သာ ကွာဝေးပြီး မန္တလေးမြို့နှင့် ကားလမ်းမှ ၈၂ မိုင်၊ ရေမိုင် ၇၇ မိုင်ကွာဝေးကာ ဧရာဝတီ မြစ်ဝဲဘက်ကမ်းဘေးရှိ သပိတ်ကျင်းမြို့ကိုလည်း ဇူလိုင် ၂၃ ရက်တွင် ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
123
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
35

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
55

You may also like these stories:

ကျောက်မဲ ပြီးတော့ သီပေါ၊ သီပေါ ပြီးတော့ မိုးကုတ်လား

ဖရိုဖရဲ ကျောက်မဲသို့ ရောက်သွားခြင်း

တိုက်ပွဲကြား သမိုင်းဝင်အမွေအနှစ်တို့ ထပ်မံပျက်စီးမည်ကို ရှမ်းမြောက်လူထုစိုးရိမ်

Your Thoughts …
Tags: MDY-PDFTNLAဖော့တောလမ်းဆုံမိုးကုတ်၊ သပိတ်ကျင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ဖားကန့်မြို့ကို ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ် ထိုးစစ်ဆင် (ရုပ်/သံ)

ဖားကန့်မြို့ကို ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ် ထိုးစစ်ဆင် (ရုပ်/သံ)

အထည်ချုပ် တိုးမြှင့်တင်ပို့ဖို့ စစ်ကော်မရှင် တိုက်တွန်းမှု ဖြစ်နိုင်မလား

အထည်ချုပ် တိုးမြှင့်တင်ပို့ဖို့ စစ်ကော်မရှင် တိုက်တွန်းမှု ဖြစ်နိုင်မလား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved