• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အထည်ချုပ် တိုးမြှင့်တင်ပို့ဖို့ စစ်ကော်မရှင် တိုက်တွန်းမှု ဖြစ်နိုင်မလား

by ဧရာဝတီ
15 October 2025
in သတင်း
A A
အထည်ချုပ် တိုးမြှင့်တင်ပို့ဖို့ စစ်ကော်မရှင် တိုက်တွန်းမှု ဖြစ်နိုင်မလား

ရန်ကုန်ရှိ အထည်ချုပ်လုပ်ငန်းခွင်တခု/ AFP

334
VIEWS
Share on FacebookShare on Twitter

ကုန်သွယ်ရေး လိုငွေမပြစေဖို့ လက်ခစား အထည်ချုပ် (CMP) ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေးကြိုးပမ်းကြရန် စစ်ကော်မရှင်၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တိုက်တွန်းသော်လည်း လက်တွေ့တွင် ကုန်ကြမ်းရရေး အခက်အခဲများ ရှိနေကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ယခုလဆန်းပိုင်း၌ ပြုလုပ်သော ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ အစည်းအဝေး အတွင်း စစ်ကော်မရှင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးချစ်ဆွေက လုပ်ငန်းရှင်များအား တိုက်တွန်း ပြောဆို ခဲ့ခြင်း ဖြစ်သည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
123
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
35

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
55

လက်ရှိ စစ်ကော်မရှင်က လုပ်ငန်းများအတွက် ကုန်ကြမ်း တင်သွင်းခွင့်လိုင်စင် တင်းကျပ်ထားသလို ချထားပေးမှုလည်း နည်းပါးကြောင်း၊ ထို့အတူ ပို့ကုန်ရငွေများကို အမေရိကန် တဒေါ်လာလျှင် ၃၆၀၀ ကျပ် ဝန်းကျင်ဖြင့် ဖြတ်ယူခြင်း၊ အမေရိကန်နိုင်ငံမှလည်း သွင်းကုန်နှုန်းထားများ တိုးမြှင့်ထားခြင်း အစရှိသည့် အခြေအနေများကြောင့် ပြည်ပကုန်အမှာစာ (အော်ဒါ) များ ရရှိမှုနည်းပါးနေသလို ပို့ကုန်တိုးမြှင့်ပို့ရန်မှာ မဖြစ်နိုင်သေးဟု CMP လုပ်ငန်းရှင်များထံက သိရသည်။

လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်လုပ်ငန်းရှင်တဦးက “ပို့ကုန် တိုးမြှင့်ဖို့ ဖြစ်နိုင်မလားဆို ကျနော်တော့ သိပ်အများကြီး မပြောချင်ဘူး။ ဒီဘက်က ကျနော်တို့အခြေအနေက ပြောရခက်တဲ့ အနေအထားမှာ ရှိတယ်။ အရင်ထက်စာရင်တော့ သူတို့ဖြတ်တဲ့ ဈေးက အပြင်ဈေးနဲ့တော့ နီးနီးစပ်စပ် ဖြစ်လာပေမယ့် စရိတ်တွေက ပုံမှန်ထက် ပိုတက်တယ်။ တချို့ ကုန်ကြမ်းပစ္စည်းတွေက ဝယ်လို့ မရဘူး။ တိုးပို့နိုင်မယ့် ပေါ်လစီ ချတာတော့ မတွေ့သေးဘူး” ဟု သုံးသပ် ပြော ဆိုသည်။

အထည်ချုပ်လုပ်ငန်းများအတွက် အဓိက လိုအပ်နေသော ချည်လုံးကိုပင် ယခင်ကဲ့သို့ ပြည်တွင်းမှာ ဝယ်ယူ၍ မရဘဲ အချောထည် အလုံးလိုက် ပြည်ပမှ တင်သွင်းနေရပြီး တင်သွင်းရာတွင်လည်း သွင်းကုန်လိုင်စင် ချပေးမှု နည်းပါးသော ကြောင့် အခက်အခဲများရှိနေကြောင်း လုပ်ငန်းရှင်တို့က ပြောပြသည်။

ယခင်က ချည်လုံး ကုန်ကြမ်းကိုသာ တင်သွင်းပြီး ပြည်တွင်းမှာပင် ပြန်လည်၍ လိုချင်သည့် အရောင်ဆိုးကာ ကုန်ချော ထုတ်လုပ်သော်လည်း ယခုအခါ ကုန်ကြမ်းမရသဖြင့် လုပ်ငန်း မလည်ပတ်နိုင်သည့် စက်ရုံများလည်းရှိကြောင်း ၎င်းက ဆိုသည်။

“ချည်လုံးကုန်ကြမ်းတွေနဲ့ ဆေးဆိုးတဲ့လုပ်ငန်းတွေ တော်တော် ဒုက္ခ ရောက်တယ်။ ဒီကိစ္စက ကျနော်တို့ အထည်ချုပ် လုပ် ငန်းတွေအတွက် တော်တော်ထိခိုက်မှု ရှိတယ်။ နိုင်ငံခြားက တိုက်ရိုက်သွင်းရတော့ ပို့ဆောင်စရိတ် ထောင်းတာပေါ့။ အခုက ဒီကုန်ကြမ်းက သွင်းရ တော်တော် ခက်နေတာ ၆ လနီးပါးရှိပြီ။ ဒါက အရင်ခေတ် နောက်ပြန်သွားသလို ဖြစ်နေတယ်။ ချည်လုံးကုန်ကြမ်းကို ပေးမသွင်းဘဲ ချည်လုံးလုပ်ပြီးသား (အချောထည်) ကို ပေးသွင်းတော့ စရိတ်စက ပိုကုန်တာ” ဟု ၎င်းက ဆိုသည်။

အဆိုပါ အထည်ချုပ်လုပ်ငန်းများအတွက် လိုအပ်သော ချည်လုံးကုန်ကြမ်းကို တရုတ်၊ ထိုင်း၊ ထိုင်ဝမ်တို့မှ တင်သွင်းသော် လည်း ယခု ကုန်ကြမ်းတင်သွင်း၍ မရသဖြင့် ချည်လုံးစက်ရုံ တော်တော်များများ ရပ်သွားသည့် အနေအထားဖြစ်နေပြီး ယခင်က ပြည်တွင်းရှိ CMP လုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ပြည်တွင်းထုတ် ချည်လုံးစက်ရုံများက ဖြည့်ဆည်းပေးနိုင်သော်လည်း လက်ရှိ နိုင်ငံခြားမှသာ ရှာဖွေ၍ ကုန်ချောကို တိုက်ရိုက် တင်သွင်းရသည့် အခြေအနေ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရှိ အထည်ချုပ်စက်ရုံ ပိုင်ရှင်တဦးက “ပို့ကုန် တိုးမြှင့်ဖို့ကတော့ တောက်လျောက် ပြောနေတာပဲ။ အခုက ရွေး ကောက်ပွဲ လုပ်မယ်ဆိုတော့ အခြေအနေ စောင့်ကြည့်တဲ့အနေအထားရှိတယ်။ နောက်တခုက အခွန်အခပေါ့။ အမေရိကန် အော်ဒါတွေကျတော့ CMP လုပ်ငန်းမှာ အထည်ချုပ်တော့ အရမ်းမထိပေမယ့် ကျန်တဲ့ဟာ တော်တော်များများ ထိကြ တာပေါ့။ အဲဒီတော့ အခွန်အခ မပြောင်းလဲရင် ဆက်ခက်ခဲနေဦးမှာပဲ။ ပြောမယ်ဆို မြန်မာပြည်က အမေရိကန်အော်ဒါတွေ အထည်မှာ နည်းနည်းလျော့လာပြီး ကျန်တဲ့ အိတ်ချုပ်၊ ဖိနပ်ချုပ်တို့မှာတော့ အမေရိကန်အော်ဒါကတော် တော်လေးကို ကျသွားတယ်” ဟု ပြောသည်။

ယခင် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံမှ အထည်ချုပ်တင်ပို့မှုကို အခွန် ၂၀ ရာခိုင်နှုန်းဝန်းကျင်ကောက်ခံရာမှ လက်ရှိ ၄၀ ရာခိုင်နှုန်းအထိ အခွန်နှုန်း ထက်ဝက် တိုးမြှင့်ကောက်ခံလာခြင်းဖြစ်ပြီး အမေရိကန်သည် မြန်မာ့အထည်ချုပ်ကဏ္ဍ၏ စတုတ္ထအကြီးဆုံး ဈေးကွက်တခုဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) က သိရသည်။

လက်ရှိတွင် ဂျပန်၊ ကိုရီးယား၊ အရှေ့ ဥရောပ အစရှိသည့် နိုင်ငံများမှ အော်ဒါများရှိသော်လည်း ယခင်ထက် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျော့ကျနေပြီး CMP ကဏ္ဍရှိ အထည်ချုပ်လုပ်ငန်းထက် အိတ်ချုပ်၊ ဖိနပ်ချုပ်လုပ်ငန်းများမှာ ပို၍ ထိခိုက်မှုများ ရှိနေသဖြင့် စက်ရုံတချို့ ပိတ်လိုက်ရသည်များ ရှိကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် စစ်ကော်မရှင်အနေဖြင့် မြန်မာကျပ်ငွေတန်ဖိုး မြင့်လာစေရန် သွင်းကုန်လုပ်ငန်းများကို ပိတ်ဆို့ခြင်းများကြောင့် လည်း လက်ရှိတွင် ကျပ်ငွေတန်ဖိုးမြင့်လာသော်လည်း ကုန်ကြမ်းများတင်သွင်းရခက်ခြင်း၊ သွင်းကုန် ကုန်ကြမ်းလိုင် စင် ရရှိမှုနည်းပါးခြင်း၊ ဆိပ်ကမ်းတွင် ထုတ်ယူရသည့် အချိန်ကြာမြင့်ခြင်းတို့ကြောင့် ကုန်ကျစရိတ်များ တက်လာနေဆဲဖြစ် သလို ပို့ကုန်ရငွေကို သတ်မှတ်ဈေးဖြင့်သာ ဖြတ်တောက်သောကြောင့် တိုးမြှင့် တင်ပို့ရန်မှာ ခက်ခဲသည့် အနေအထား ရှိနေကြောင်း လုပ်ငန်းရှင်များက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ နိုင်ငံပေါင်း ၈၀ ကျော်သို့ အထည်ချုပ်အပါအဝင် CMP လုပ်ငန်းများမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် တင်ပို့လျက်ရှိပြီး တင်ပို့သည့် နိုင်ငံများတွင် ပိုလန်၊ စပိန်၊ ဂျာမနီ၊ ယူကေ၊ နယ်သာလန်၊ အီတလီ၊ ပြင်သစ်၊ ဒိန်းမတ်၊ ဘယ်ဂျီယံ၊ အမေရိကန်နှင့် အာရှတွင် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံ များသို့ တင်ပို့နေခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂- ၂၀၂၃ ခုနှစ်တွင် မြန်မာ့အထည်ချုပ်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံတင်ပို့ထားပြီး ၂၀၂၄ ခုနှစ်က အထည်ချုပ်လုပ်ငန်းမှ ပို့ကုန်ရငွေ ၄ ဒသမ ၄၆ ရရှိထားသည်ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ၏ ၁၀ နှစ်တာ မဟာဗျူဟာအစီစဉ်၌ ဖော်ပြထားသည်။

You may also like these stories:

သွင်းကုန်ပိတ်၍ ကျပ်ငွေတန်ဖိုး မာလာသော်လည်း ကုန်စျေးနှုန်းတက်

ထရမ့်အခွန်က မြန်မာ့အထည်ချုပ်လုပ်ငန်း ဆုတ်ယုတ်စေသော်လည်း အလဲမထိုးနိုင်

နှစ်ကုန်၌ အထည်ချုပ်အပါအဝင် CMP လုပ်ငန်း ၇ ခုခန့် ပိတ်သိမ်း

Your Thoughts …
Tags: CMP ကဏ္ဍကုန်သွယ်ရေးပို့ကုန်သွင်းကုန်လိုင်စင်အခွန်အခအထည်ချုပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

by ခင်မမ
12 January 2024
16.7k

စစ်မတိုက်တတ်၍ စစ်ရှုံးနေသော၊ ဘာမဆိုလုပ်ရဲသော သာဝတယောက် ၂၀၂၄ နှစ်ဆန်းတွင် စစ်သံမပေးရဲ၊ လေသံ မမာရဲတော့ပေ။

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

by Gwen Robinson
11 August 2023
10.9k

UOB ၏ မူဘောင်သစ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ၊ ယူရိုနှင့် စင်ကာပူဒေါ်လာ အပါအဝင် အဓိကငွေကြေးအားလုံး အကျုံးဝင်မည်ဖြစ်သည်။

တရုတ်ကိုပေးသည့် မင်းအောင်လှိုင် ကတိသည် ပရိယာယ်မျှသာဖြစ်

တရုတ်ကိုပေးသည့် မင်းအောင်လှိုင် ကတိသည် ပရိယာယ်မျှသာဖြစ်

by ဧရာဝတီ
18 November 2024
6.5k

မြန်မာ၏ ပြည်တွင်းပဋိပက္ခများတွင် တရုတ်သည် မကြာခဏဆိုသလို လက်တွေ့ကျသည့် အမြင်ရှိပြီး စစ်ကောင်စီ၏ အစီအစဉ်ကို အပြည့်အဝ ထောက်ခံလိုခြင်း မရှိပေ။

လားရှိုးထဲ စစ်တပ် လှုပ်ရှားမှု MNDAA ထိန်းချုပ်မှုအောက် ရှိမည်

လားရှိုးထဲ စစ်တပ် လှုပ်ရှားမှု MNDAA ထိန်းချုပ်မှုအောက် ရှိမည်

by မိုင်းခြိူဝ်းဇာရ်
5 April 2025
6.4k

လားရှိုးမြို့ပေါ်၌ MNDAA ၏ လားရှိုးဒေသ စစ်အုပ်ချုပ်ရေးကော်မတီ စစ်ဦးစီးချုပ် ကိုယ်တိုင် ဆက်လက် ရုံးထိုင်မည်ဖြစ်ပြီး ဆက်ဆံရေးရုံးနှင့် ရုံးတချို့ ဖွင့်လှစ်ထားမည်ဖြစ်သလို တရုတ်အစိုးရ ကိုယ်စားလှယ်ဘက်မှလည်း မြို့ပေါ်တွင် ရုံးဖွင့်ကာ လားရှိုးအရေး အနီးကပ် စောင့်ကြည့်သွားမည်ဟု သိရသည်။

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

by Sean Turnell
18 July 2025
5.9k

အခွန်ကိစ္စနှင့် ပတ်သက်သည့် သမ္မတ ထရမ့်ထံသို့ ပြန်စာတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မည်သည့်စကားလုံးကိုမှ လက်လွတ်မခံပေ။

Next Post
စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စံချိန်တင်သည့် ရွှေဈေးသတင်း ထုတ်မပြောဖို့ စစ်ကော်မရှင် ပိတ်ပင်

စံချိန်တင်သည့် ရွှေဈေးသတင်း ထုတ်မပြောဖို့ စစ်ကော်မရှင် ပိတ်ပင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved