• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စံချိန်တင်သည့် ရွှေဈေးသတင်း ထုတ်မပြောဖို့ စစ်ကော်မရှင် ပိတ်ပင်

by ဧရာဝတီ
16 October 2025
in သတင်း
A A
စံချိန်တင်သည့် ရွှေဈေးသတင်း ထုတ်မပြောဖို့ စစ်ကော်မရှင် ပိတ်ပင်

ရန်ကုန်မြို့ရှိ ရွှေဆိုင်တဆိုင် /ဧရာဝတီ

1.1k
VIEWS
Share on FacebookShare on Twitter

အမေရိကန်- တရုတ် ကုန်သွယ်ရေးတင်းမာမှုများကြောင့် ကမ္ဘာ့ရွှေဈေးမြင့်တက်လာသလို မြန်မာ့ရွှေဈေးမှာလည်း အကယ်ဒမီအခေါက်ရွှေ တကျပ်သား ကျပ် ၈၆ သိန်းကျော်အထိ စံချိန်တင်တက်နေချိန် ဈေးကွက် အခြေအနေအား သတင်းမီဒီယာများသို့ မဖြေကြားရန် စစ်ကော်မရှင်မှ ကန့်သတ်ပိတ်ပင်ထားကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

ပြည်တွင်း ရွှေလုပ်ငန်းရှင်တဦးက “ကျနော်တို့ကို ပြောလို့ မရဘူးလို့ မှာထားတယ်။ သူတို့ သတ်မှတ်ဈေးတွေပဲ ပြောလို့ ရတယ်။ အပြင်ဈေးတွေကတော့ တက်နေတာပေါ့ဗျာ။ ကျနော်တို့ကို သတင်းထောက်တွေ မေးရင် မဖြေပါနဲ့လို့ သူတို့ (စကမ) က မှာထားတယ်” ဟု ပြောသည်။

အောက်တိုဘာ ၁၅ ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ တအောင်စလျှင် အမေရိကန်ဒေါ်လာ ၄၁၉၂ အထိ မြင့်တက်ခဲ့သလို ပြည်တွင်းရွှေဈေးမှာလည်း ပြင်ပဈေး အကယ်ဒမီအခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၈၆ သိန်းကျော်အထိ သမိုင်း တလျောက် အမြင့်ဆုံးဈေးတန်း ဖြစ်ပေါ်ခဲ့သည်။

ယခုလို ပြင်ပဈေးနှုန်းမြင့်တက်နေသော်လည်း စစ်ကော်မရှင်၏ လက်အောက်ခံ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး သတ်မှတ် ရေး ကော်မတီ သတ်မှတ်ဈေးမှာ အကယ်ဒမီအခေါက်ရွှေ တကျပ်သားလျှင် ၅,၉၉၀,၀၀၀ ကျပ် သတ်မှတ်ထားသည်ကို တွေ့ရသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
123
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
35

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
55

ယင်း သတ်မှတ်ဈေးဖြင့် မရောင်းပါက အရေးကြီး ကုန်စည်ဝန်ဆောင်မှု ဥပဒေဖြင့် ဖမ်းဆီးအရေးယူခြင်း၊ ပိုင်ဆိုင်မှုများ သိမ်းဆည်းခြင်း၊ ထောင်ချခြင်း အစရှိသည်တို့ လုပ်ဆောင်မည်ဟု စစ်ကော်မရှင်က ဖိအားပေးထားသောကြောင့် ယခင် အတုံးအခဲ အကယ်ဒမီအခေါက်ရွှေများ ရောင်းချပေးသည့် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းရုံး (YGEA) မှာပင် ဈေးကွက်မရှိတော့ကြောင်း လုပ်ငန်းရှင်များထံက စုံစမ်းသိရသည်။

အမည်မဖော်လိုသူ ပြည်တွင်း ရွှေလုပ်ငန်းရှင်ကြီး တဦးက “ရွှေဈေးကွက်က အေးပါတယ်။ ဈေးကတော့ ကမ္ဘာ့ဈေးတက် လို့ တက်တာပဲ ရှိတယ်။ ရန်ကုန်ရော မန္တလေးရော အထည်ပဲ အရောင်းအဝယ် လုပ်ကြတာ။ အထည်ဟောင်းတွေ လာပြန် ရောင်း အထည်သစ် ပြန်လုပ်တယ်။ ပိဿာ ၄၀၊ ၅၀ ကတော့ နေ့စဉ်သွားနေတယ်။ အလှူအတန်းရာသီရောက်လာတော့ လက်ဝတ်ရတနာတွေကတော့ ပုံမှန်ပါပဲ။ အတုံးအခဲကတော့ အွန်လိုင်းပေါ်၊ စာရွက်ပေါ်မှာပဲ ရှိတယ်။ ကျန်တာ မဖြစ်ပါဘူး၊ ရွှေစုတဲ့သူက နည်းတယ်။ အခု ၁၅ ပဲရည်၊ ၁၄ ပဲရည်တို့ပဲ ရောင်းရတယ်။ စကမ သတ်မှတ်တဲ့ဈေးအပေါ်မှာ ၃ ရာခိုင်နှုန်းနဲ့ ဆိုင်စရိတ် ပေါင်းပြီး လုပ်နေရတာ” ဟု လက်ရှိဈေးကွက်အခြေအနေအား ဧရာဝတီကို ရှင်းပြသည်။

လက်ရှိတွင် စစ်ကော်မရှင်၏ ရွှေဈေးကွက် ထိန်းချုပ်ထားမှုများကြောင့်လည်း ကမ္ဘာ့ရွှေဈေး မည်မျှပင်တက်စေကာမူ ပြည်တွင်းရွှေဈေးကွက်မှာ ပုံမှန်အတိုင်းသာ ၎င်းတို့ သတ်မှတ်ဈေးဖြင့် သွားနေရမည့် အခြေအနေဖြစ်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း တာဝန်ရှိသူများကို တွေ့ရစဉ်/ YGEA

စစ်ကော်မရှင်က ဈေးကွက်အတွင်း ဈေးကစားသူများကြောင့် ကုန်ဈေးနှုန်းတက်နေသည်ကို ထိန်းညှိလိုသည် ဆိုသော အကြောင်းပြချက်နှင့် အာဏာသိမ်းလိုက်သည့် ၂၀၂၁ နောက်ပိုင်းမှ စ၍ ဈေးကွက်ကို ထိန်းချုပ်လာပြီးနောက် ၂၀၂၄ ခု နှစ်ကုန်ပိုင်းတွင် လက်ဝတ်ရတနာ အပါအဝင် ရွှေရောင်းဝယ်ခြင်း လုပ်ငန်းကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ် သတ်မှတ်ကာ မလိုက်နာလျှင် ထောင်ဒဏ်အထိ ချမှတ်မည်ဟု တင်းကျပ်ခဲ့သည်။

အဆိုပါ အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေပါ သတ်မှတ်ဈေးဖြင့် ရွှေကို ရောင်းဝယ်ရမည် ဖြစ်ပြီး စနစ်သစ်သတ်မှတ် အလေးချိန် တကျပ်သား ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်နှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချသည်ဆိုသည်ကို ရွှေဆိုင် ရှေ့၌ ထင်ရှားစွာ ပိုစတာ ကပ်ရမည် ဖြစ်သည်။

စည်းကမ်းချက်များကို မလိုက်နာပါက အရေးကြီးကုန်စည် ဝန်ဆောင်မူဥပဒေ ပုဒ်မ ၅၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၀၉ဖြင့် အရေးယူခံရမည်ဖြစ်ပြီး ယင်းဥပဒေအရ ထောင်ဒဏ် ၆ လမှ ၃ နှစ်ထိ ချမှတ်နိုင်ကြောင်း သိရသည်။

မန္တလေးမြို့ရှိ ရွှေကုန်သည်ကြီးတဦးက “အခုအသင်းတွေ ဘာတွေက အရောင်းအဝယ် မရှိတော့ဘူး။ အရင်လို အရောင်း အဝယ် မလုပ်ရတော့ ဈေးကလည်း မရှိတော့ဘူး။ ဖြေဖို့လည်း သိပ်အဆင်မပြေဘူး။ အပြင်က သူတွေနဲ့ သိပ်အဆံ မရှိအောင် မှာထားတယ်” ဟု ဧရာဝတီကို ပြောသည်။

ထိုကဲ့သို့ စစ်ကော်မရှင်၏ ဈေးကွက်စီးပွားရေးစနစ် ထိန်းချုပ်ကန့်သတ်မှုများကြောင့် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ရွှေနှင့်ငွေကြေးဈေးကွက်မှာ ဝယ်သူ၊ ရောင်းသူ ကြိုက်ဈေးနှင့် ရောင်းချသော မှောင်ခိုဈေးကွက်များ ကြီးထွားလာလျက် ရှိနေပြီး ရွှေဆိုင်များကလည်း သတ်မှတ်ဈေးနှင့် မကိုက်ညီသော်လည်း လက်ခ အလျော့တွက်များတွင်သာ ငွေကြေးပိုယူ၍ အဆင်ပြေသလို လုပ်ဆောင်နေရသည့် အခြေအနေဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး ကော်မတီ သတ်မှတ်ရေးမှ ထုတ်ပြန်သောရွှေဈေးမှာ စံချိန်မီရွှေ ၁ ကျပ်သားလျှင် ၅,၉၉၀,၀၀၀ ကျပ် ဖြစ်ပြီး ပြင်ပဈေးမှာ ၁ ကျပ်သား ကျပ် ၈၆ သိန်းကျော် ရှိသောကြောင့် နှိုင်းယှဉ်ပါက တကျပ်သား ကျပ် ၂၆ သိန်းကျော် ကွာဟချက်ရှိနေသည်။

လက်ရှိ ကမ္ဘာ့နိုင်ငံရေးအခြေအနေများ၊ စီးပွားရေး ဖိအားများနှင့် ကမ္ဘာ့တဝှမ်းရှိ ဗဟိုဘဏ်များမှ ရွှေဆက်လက် ဝယ်ယူမှု များကြောင့် ကမ္ဘာ့ရွှေမှာ ယခုနှစ်တွင် ၅၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း The Nation သတင်း၌ ဖော်ပြထားသည်။

အမေရိကန် အခြေစိုက် ကုန်သွယ်ရေး ဝန်ဆောင်မှုပေးခြင်းနှင့် စျေးကွက် သုတေသန ခန့်မှန်းချက်များ ထုတ်ပေးနေသည့် Blue Line Futures မှ စျေးကွက်ဗျူဟာမှူးချုပ် Phillip Streible က “ရွှေက ဆက်တက်နေနိုင်တယ်။ စျေးနှုန်းတွေက ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ တအောင်စကို အမေရိကန်ဒေါ်လာ ၅၀၀၀ ကျော်သွားနိုင်တယ်” ဟု ပြောဆိုထားသည်။

You may also like these stories:

သွင်းကုန်ပိတ်၍ ကျပ်ငွေတန်ဖိုး မာလာသော်လည်း ကုန်စျေးနှုန်းတက်

လုပ်သားရှားပါး၍ အထည်ချုပ်လုပ်ငန်း အမှာစာသစ် လက်မခံနိုင်

Your Thoughts …
Tags: ကမ္ဘာ့ရွှေစျေးစံချိန်တင်မြင့်တက်စစ်ကော်မရှင်ရွှေစျေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

by ဧရာဝတီ
8 August 2025
20.8k

မိုးအောင်ကို ဖယ်ရှားခြင်းသည် စစ်အုပ်စုဝန်ထမ်း ၂ သိန်းကျော်၏ ကိုယ်ရေးအချက်များ အကြီးအကျယ် ပေါက်ကြားခြင်းနှင့် ဆက်စပ်နေသည်ဟု နေပြည်တော်မှ သတင်းရင်းမြစ်များပြောသည်။

ကျနော်ကတော့ နေတိုးကို အံ့ဩတယ်

ကျနော်ကတော့ နေတိုးကို အံ့ဩတယ်

by ဧရာဝတီ
1 November 2025
19.6k

ပြည်တွင်းထဲမှာနေနေရလို့ စားဝတ်နေရေး၊ ရှင်သန်ရေးအတွက် အလုပ်တွေလုပ်ကြရတာပဲဆိုပြီး မလွန်ကျွံ နေသရွေ့ အားလုံးက နားလည်ပေးထားတာပဲ။ အဲဒါကိုမှ ကုလားအုပ်လို ခေါင်းလေးဝင်၊ ကိုယ်လုံးလေးဝင်နဲ့ တစထက် တစ စော်ကားလာကြတဲ့၊ အနေအထိုင်မတတ်ကြတဲ့သူတွေ ရွံစရာကောင်းလောက်အောင်ကို သိပ်မိုက်ရိုင်းလွန်းတယ်။

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

by ဧရာဝတီ
5 September 2025
17.8k

စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းဖြင့် မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်နေသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှ တော်လှန်ရေးပူးပေါင်းအဖွဲ့များ တပ်ဆုတ်လိုက်သည့်အတွက် စစ်တပ်စစ်ကြောင်းတချို့ သင်္ဃန်းညီနောင်ထိ ရောက်လာကြောင်း ဒေသခံများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

KIO က မြန်မာ့ “မူဖာဆာ” ဖြစ်မလား

KIO က မြန်မာ့ “မူဖာဆာ” ဖြစ်မလား

by Joe Kumbun
28 August 2025
9.6k

ဒု ဗိုလ်ချုပ်ကြီး ဂွန်မော်က မြန်မာ့တော်လှန်ရေးလှုပ်ရှားမှုအနေဖြင့် သွေးခွဲမှုကို ဖြတ်ကျော်ပြီး ဘုံခြိမ်းခြောက်မှုကို ဆန့်ကျင်ရန် ညီညွတ်ရေး နှိုးဆော်သည်။

ခွေးငတ် အလှူပွဲကြီးနဲ့ တိုးသလို မင်းအောင်လှိုင်ရဲ့ တရုတ်ခရီး

ခွေးငတ် အလှူပွဲကြီးနဲ့ တိုးသလို မင်းအောင်လှိုင်ရဲ့ တရုတ်ခရီး

by နွေနေ
9 September 2025
8.1k

"မင်းအောင်လှိုင်အတွက် ဒီခရီးစဉ်က ခွေးငတ် အလှူပွဲကြီးနဲ့ တိုးသလိုပေါ့ဗျာ"

နွေဦးတော်လှန်ရေး တတိယပိုင်း စပြီ

နွေဦးတော်လှန်ရေး တတိယပိုင်း စပြီ

by ဗညားအောင်
4 September 2025
7.7k

ထျန်းကျင်းနှင့် ဘေဂျင်းတွင် ပွဲထုတ်ခံရသည့် စစ်ခေါင်းဆောင်နှင့်အဖွဲ့ နေပြည်တော် ပြန်ရောက်သည်မှစ၍ နွေဦးတော်လှန်ရေး တတိယပိုင်း စပြီဟု ဆိုရပါမည်။

Next Post
ဓားစာခံများ လွှတ်ပေးပြီးလည်း အစ္စရေး-ဟားမတ်စ် အပစ်ရပ်ရေး ရှုပ်ထွေးဆဲ

ဓားစာခံများ လွှတ်ပေးပြီးလည်း အစ္စရေး-ဟားမတ်စ် အပစ်ရပ်ရေး ရှုပ်ထွေးဆဲ

လက်မခံသူများရှိသော်လည်း NCA ဆက်လုပ်မည်ဟု စစ်ခေါင်းဆောင်ပြော

လက်မခံသူများရှိသော်လည်း NCA ဆက်လုပ်မည်ဟု စစ်ခေါင်းဆောင်ပြော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved