• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သွင်းကုန်ပိတ်၍ ကျပ်ငွေတန်ဖိုး မာလာသော်လည်း ကုန်စျေးနှုန်းတက်

by ဧရာဝတီ
2 October 2025
in သတင်း
A A
သွင်းကုန်ပိတ်၍ ကျပ်ငွေတန်ဖိုး မာလာသော်လည်း ကုန်စျေးနှုန်းတက်

ထိုသို့ ကျပ်ငွေဈေး ပြန်မာလာခြင်းမှာ သွင်းကုန်များပိတ်ဆို့ပြီး တက်လာခြင်းဖြစ်သည့်အတွက် ပြည်တွင်းကုန်ဈေးနှုန်း မြင့်တက်နေဆဲဖြစ်သလို ထိုင်းထုတ် လူသုံးကုန်ပစ္စည်းများမှာလည်း ဈေးကွက်အတွင်း ပြတ်လပ်မှု၊ ရှားပါးလာမှုများ ဖြစ်နေသည်။

1.4k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်း ငွေကြေးဈေးကွက်တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက အမေရိကန် တဒေါ်လာလျှင် ၄,၂၀၀ ကျပ်ကျော်၊ ထိုင်းဘတ်ငွေ တဘတ်လျှင် ၁၃၀ ကျပ်ကျော်နှင့် တရုတ်ယွမ်ငွေ တယွမ်လျှင် ၅၈၀ ကျပ်ကျော် အထိရှိခဲ့ရာမှ ယခု အောက် တိုဘာလ၌ တဒေါ်လာ ကျပ် ၄,၀၀၀ ကျော်၊ တဘတ် ၁၂၀ ကျော်နှင့် တယွမ် ၅၇၀ ကျော်ထိ ငွေဈေးများ ပြန်လည်ကျဆင်း လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ထိုသို့ ကျပ်ငွေဈေး ပြန်မာလာခြင်းမှာ သွင်းကုန်များပိတ်ဆို့ပြီး တက်လာခြင်းဖြစ်သည့်အတွက် ပြည်တွင်းကုန်ဈေးနှုန်း မြင့်တက်နေဆဲဖြစ်သလို ထိုင်းထုတ် လူသုံးကုန်ပစ္စည်းများမှာလည်း ဈေးကွက်အတွင်း ပြတ်လပ်မှု၊ ရှားပါးလာမှုများ ဖြစ်နေသည်။

ရန်ကုန်မြို့နေ အိမ်ရှင်မတဦးက “ဈေးက ထပ်တက်လာပြီး ကုန်ပစ္စည်းတွေ ရှားပါးပြတ်လပ်တာနဲ့ ရင်ဆိုင်နေရတယ်။ အရင်က ငွေဈေးတက်လို့ တက်တယ်ဆိုပေမယ့် အခုကတော့ ကျလည်းထပ်တက်တာပဲ။ အိမ်မှာစားတဲ့ ဆန်ကြမ်း အလတ် တန်းစားလောက် တအိတ်ကို အရင်လက ၁၁၅,၀၀၀ ကျပ်၊ အခုကျ ၁၂၀,၀၀၀ ကျပ်ကျော်ထိ တက်တယ်။ ထိုင်းထုတ် သွား တိုက်ဆေးဆို ဆိုင်တိုင်းမှာမရှိဘူး။ ရှာဝယ်ရတယ်။ ငှက်သိုက်တို့၊ ကြက်ပေါင်းရည်တို့ ဝယ်မရဘူး” ဟု ဧရာဝတီကို ပြောသည်။

ထို့ပြင် အသား၊ ငါး ဈေးနှုန်းများမှာလည်း မြင့်တက်နေပြီး ဝက်သား တပိဿာ ၃၈,၀၀၀ ကျပ်၊ ကြက်သား(ရင်အုံ) တပိဿာ ၂၆,၀၀၀ ကျပ်၊ အမဲသား တပိဿာ ၃၆,၀၀၀ ကျပ်၊ ငါးကြင်း တပိဿာ ၂၄,၀၀၀ ကျပ်ထိ မြင့်တက်နေပြီး ယခင်လနှင့် နှိုင်းယှဉ်လျှင် တပိဿာ ၂,၀၀၀ မှ ၃,၀၀၀ ကျပ်ထိ မြင့်တက်လာကြောင်း၊ ထိုင်းထုတ် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်း များမှာ ရှားပါးနေကြောင်း သုံးစွဲသူများထံမှ သိရသည်။

နောက်ထပ်အိမ်ရှင်မတဦးက “ကုန်ဈေးနှုန်းတွေက တက်နေတယ်။ ပဲရောစားဆီ တပိဿာ ၁၂,၆၀၀ ကျပ်ရှိတယ်။ ပြီးခဲ့တဲ့ လထပ် ၅၀၀ လောက် တက်လာတယ်။ ထိုင်းထုတ် Colgate သွားတိုက်ဆေး နှစ်ဘူးတွဲရိုးရိုး ၁၂,၀၀၀ ကျော်တယ်၊ ဆိုင် တိုင်းမရှိဘူး။ လူသုံးကုန်ပစ္စည်းတွေ ပြတ်တယ်။ လျှပ်စစ်ပစ္စည်းတွေဆိုလည်း ဈေးတွေတက်တယ်။ ပိုးဟပ်တို့၊ ခြင်တို့ ဖျန်းတဲ့ဆေးဆို အရင်က ဘူးကြီးမှ ၈,၀၀၀ လောက်ရှိတာ၊ အခု ဝယ်မရဘူး၊ အသေးပဲရတယ်။ ဒါတောင် တဘူး (အသေး) ၅၀၀၀ ကျော်တယ်” ဟု ပြောပြသည်။

လက်ရှိတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းဈေးများ ပြန်လည်ကျဆင်းနေပြီး နယ်စပ်ကုန်သွယ်ရေးများ ရပ်ဆိုင်းနေခြင်း၊ ပိတ်ထား ခြင်း၊ ပြည်ပသွင်းကုန်ပစ္စည်းတချို့ကို ပိတ်ထားခြင်း၊ သွင်းကုန်တင်သွင်းမှုတွင် ကန့်သတ်ချက်များရှိနေခြင်း၊ သွင်းကုန်လိုင် စင်မချပေးခြင်း စသည့် စစ်ကော်မရှင်၏ ပိတ်ဆို့ကန့်သတ်မှုများကြောင့် ပြည်တွင်းငွေကြေးစျေးကွက်မှာ ယခင်လိုအလုပ် မဖြစ်တော့ကြောင်း ငွေကြေးဈေးကွက်အတွင်းရှိ အကျိုးဆောင်များက ဆိုသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
118
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
33

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
52

ရန်ကုန်မြို့မှ ဒေါ်လာငွေကြေးလဲလှယ်ရေး လုပ်ကိုင်သူတဦးက “ဘာမှလုပ်မရတာ။ အရောင်းအဝယ်မရှိတော့ ဈေးကကျ။ သွင်းကုန်လိုင်စင်ကမထွက်၊ နယ်စပ်တွေကပိတ်တော့ ပိုဆိုးနေတာ။ လိုင်စင်မကျတာကြောင့်လည်းပါတယ်။ ဈေးကွက်က သေနေတဲ့အနေအထားနဲ့ဆိုတော့ ဘာမှလုပ်မရဘူး။ ရွှေကလည်း တအားတက်တယ်ဆိုပေမယ့် အားလုံးက ပိုက်မိရဲ့သား ဖြစ်နေကြတယ်။ အဲဒီတော့ မလှုပ်နိုင်မယ့်အတူတူ ငုပ်တုတ်ထိုင်နေကြတာပေါ့။ ဒါကြောင့် မြန်မာကျပ်ငွေက အသားလွတ် မာနေတာ။ တကယ်တမ်းကျ အလုပ်မရှိလို့ ကျပ်ငွေက မာနေတာ” ဟု ရှင်းပြသည်။

လက်ရှိ ပြည်သူလူထု၏ ငွေသုံးစွဲအားမှာ စားသောက်ကုန်ပေါ်တွင်သာ ရှိနေသလို ကုန်သွယ်ရေးကဏ္ဍ၌လည်း နယ်စပ်ကုန် သွယ်ရေးများပိတ်ခြင်း၊ သွင်းကုန်လိုင်စင်များမကျခြင်းတို့ကြောင့် ပြည်တွင်းငွေကြေးလည်ပတ်မှု နည်းပါးနေကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက “ကျပ်ငွေ ပြန်တက်လာပေမယ့် ကုန်ဈေးနှုန်းက ကျမသွားဘူး။ ဘာလို့ဆို ပြည်တွင်းရဲ့ အလုပ်လုပ် နိုင်တဲ့အားကကျနေတော့ ဝင်လာတဲ့ငွေမရှိဘူး။ အရင်လို ရောင်းရင်းဝယ်ရင်း လုပ်ကိုင်ကြလို့ တက်တယ်ဆိုတာတမျိုး၊ အခုကျ ဈေးကွက်သေနေတဲ့ အနေအထားဆိုတော့ သူက(ကျပ်) အလိုလိုနေရင်း စွာနေတဲ့သဘောဖြစ်တယ်။ အကုန်လုံး လည်ပတ်သွားရင် သူ့အလိုလို ဝေါကနဲဆို ကမ္ဘာ့ရွှေဈေး၊ ငွေဈေး၊ ပြည်တွင်းရွှေဈေးတွေနဲ့ယှဉ်ပြီး ကျပ်ငွေက ပြန်ကျသွား မှာ။ အခုဈေးကွက်ရဲ့ ပုံမှန်ဈေးကို သိချင်တယ်ဆိုရင် စကမ အနေနဲ့ လိုင်စင်လေးသာ ဖောဖောသီသီလေး ချပေးကြည့်လိုက် ငွေဈေးကို တွက်လို့ရတယ်” ဟု ဆိုသည်။

စစ်ကော်မရှင်အနေဖြင့် လက်ရှိတွင် ပြည်တွင်းစီးပွားရေးထက် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆုံးရှုံး နယ်မြေများ ပြန်လည်ရရှိရေးကိုသာ လုံးပမ်းနေပြီး ပြည်တွင်းစီးပွားရေးအား ထိန်းချုပ်ကန့်သတ်ထားခြင်း၊ နယ်စပ်ကုန် သွယ်ရေးများ ပိတ်နေခြင်းတို့ကြောင့်သာ ကျပ်ငွေတန်ဖိုး ပြန်တက်လာခြင်းဖြစ်သော်လည်း နည်းမှန်လမ်းမှန်ဖြင့် မာလာ ခြင်းမဟုတ်ကြောင်း ဈေးကွက်အတွင်းရှိ အရောင်းအဝယ်လုပ်ကိုင်ဆောင်ရွက်နေသူများက ဆိုသည်။

အမည်မဖော်လိုသည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တဦးက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ထုတ်စွမ်းအား ကျဆင်းခြင်း၊ လုပ်သားအင်အားလျော့ကျခြင်း၊ သွင်းကုန်နည်းပါးလာခြင်း၊ နိုင်ငံရေးမတည်ငြိမ်မှု စသည်တို့မှာ တခုနှင့်တခု ဆက်စပ်နေပြီး စစ်ကော်မရှင်အနေဖြင့် ယခုအခြေအနေကို ဆေးမြီးတိုနှင့်ကုသရန် မဖြစ်နိုင်ဟု ဆိုသည်။

“အခု စစ်အုပ်လျှောက်နေတဲ့လမ်း၊ သွားနေတဲ့လမ်းမှာ ဒီတိုင်းသွားလို့တော့ အဖြေမမြင်ဘူး။ နိုင်ငံရေးက အဓိကပဲ။ နိုင်ငံရေးပြောင်းမှ ဒါတောင် အချိန်ယူပြီး ပြန်တည်ဆောက်ရဦးမှာ။ တကယ်တော့ ကျပ်ငွေမာတာမဟုတ်ဘူး။ ဘာလို့ဆို ဒီတန်ဖိုးပြောင်းလာတဲ့ကျပ်က ဒေါ်လာဈေး နိုင်ငံခြားငွေဈေးတွေကျလို့ ဒါနဲ့ လုပ်ငန်းလည်ပတ်တာမျိုး၊ ဈေးကွက်လည် ပတ်တာမျိုး လက်တွေ့မှာမရှိဘူး။ ပုံမှန်ငွေကြေးမာတာမျိုးမဟုတ်ဘူး၊ စီးပွားရေးကျသွားလို့၊ တုံ့ဆိုင်းသွားလို့၊ ကျူံ့သွားလို့ ဖြစ်တာ။ ဒါကြောင့် အခြေအနေတွေ ဆက်ပြီးဆိုးလာနေဦးမှာပဲ” ဟု မှတ်ချက်ပြုသည်။

You may also like these stories:

ထရမ့်အခွန်က မြန်မာ့အထည်ချုပ်လုပ်ငန်း ဆုတ်ယုတ်စေသော်လည်း အလဲမထိုးနိုင်

လာမည့်ရက်ပိုင်း အာရှလမ်း ပြန်ဖွင့်မည်ဟုဆို

ပိုးသတ်ဆေးဓာတ်ကြွင်းပါ၍ တရုတ် အဝယ်ရပ်သဖြင့် ပဲတီစိမ်း ဈေးကျ

Your Thoughts …
Tags: ကုန်စျေးနှုန်းကျပ်ငွေငွေကြေးစျေးကွက်ဒေါ်လာသွင်းကုန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

by ဧရာဝတီ
11 September 2023
24.3k

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး...

ဝန်ကြီးချုပ်နှင့် ဒေါ်ကြူကြူလှ မကယ်က ဦးသန့်စင် ထောင်ကျနိုင်ဟုဆို

ဝန်ကြီးချုပ်နှင့် ဒေါ်ကြူကြူလှ မကယ်က ဦးသန့်စင် ထောင်ကျနိုင်ဟုဆို

by အောင်သူရ
27 November 2025
8.7k

ဒုဝန်ကြီး ဦးသန့်စင်အား စစ်ထောက်လှမ်းရေးများမှ ဖမ်းဆီးစစ်ဆေးခြင်းသည် ဝန်ကြီးချုပ် ဦးညိုစောနှင့် စစ်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့၏ အားပြိုင်မှုကို မြင်ရသည့်ဖြစ်ရပ်တခု ဖြစ်သည်

စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ

စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ

by ဧရာတီ
15 November 2023
7.9k

နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် စက်သုံးဆီတင် သင်္ဘော ၄ စင်းဆိုက်ကပ်ထားပြီး ထပ်မံရောက် ရှိလာမည့် သင်္ဘော ၁၅ စင်း ရှိကြောင်း စစ်ကောင်စီ၏ လက်အောက်ခံ စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း...

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

by ဧရာဝတီ
19 July 2024
5.6k

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် နိုင်ငံတကာဘဏ်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည့် နိုင်ငံဘဏ် တခု ဖြစ်ပြီး နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ ဦးစီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းများ၊ နိုင်ငံခြားသားများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ နိုင်ငံခြားငွေပေးငွေယူကိစ္စ စသည်တို့ကို ဆောင်ရွက်ရသောဘဏ်တခု ဖြစ်သလို ဒေါ်လာလိုအပ်နေသော...

ဒေါ်လာနှင့်ရွှေ ဈေးပြန်တက်

ဒေါ်လာနှင့်ရွှေ ဈေးပြန်တက်

by ဧရာဝတီ
24 January 2024
5.5k

ဇန်နဝါရီလဆန်းက ၃၄၀၀ ကျပ်ကျော်သာ ရှိခဲ့သည့် အမေရိကန်ဒေါ်လာမှာ ယခုအခါ ၃,၅၅၀ ကျပ်ဖြစ် လာပြီး ၁ ဒေါ်လာ လျှင် ၁၀၀ ကျပ်ကျော် မြင့်လာသလို အကယ်ဒမီအခေါက်ရွှေဈေးသည်လည်း ၁ ကျပ်သား ကျပ် ၃၇...

ဒေါ်လာရောင်းဝယ်သူများကို အသွင်ယူ ဖမ်းဆီးနေမှုကြောင့် ပြင်ပဈေးကွက်ရပ်ဆိုင်း

ဒေါ်လာရောင်းဝယ်သူများကို အသွင်ယူ ဖမ်းဆီးနေမှုကြောင့် ပြင်ပဈေးကွက်ရပ်ဆိုင်း

by ဧရာဝတီ
1 September 2023
4.7k

လူမှုကွန်ရက်စာမျက်နှာတွင် ဂရုဖွဲ့ပြီး အမေရိကန်ဒေါ်လာ၊ ယူရိုငွေရောင်းဝယ်မှု ပြုလုပ်နေသူများကို စစ်ကောင်စီ လက်အောက်ခံဗဟိုဘဏ်က အသွင်ယူပြီး စစ်ဆေးဖမ်းဆီးနေကြောင်း ဩဂုတ် ၃၁ ရက်၌ ထုတ်ပြန်ချက်ထွက်လာ ပြီးနောက် ပြင်ပဒေါ်လာဈေးကွက်အတွင်း အရောင်းအဝယ်ရပ်ဆိုင်းနေကြောင်း သိရသည်။

Next Post
မြောက်ကိုရီးယားနဲ့ ပူးတွဲ အရေးယူခံခဲ့ရတဲ့ မြန်မာလက်နက်ပွဲစားတွေ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ပူးတွဲ အရေးယူခံခဲ့ရတဲ့ မြန်မာလက်နက်ပွဲစားတွေ (ရုပ်/သံ)

နမ္မတူမြို့ ဗုံးကြဲခံရမှု စစ်ရှောင်တွေ ထိခိုက်သေဆုံး (ရုပ်/သံ)

နမ္မတူမြို့ ဗုံးကြဲခံရမှု စစ်ရှောင်တွေ ထိခိုက်သေဆုံး (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved