တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သိမ်းပိုက်၊ ထိန်းချုပ် ထားတဲ့ နမ္မတူမြို့ကို အာဏာသိမ်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ရှောင် ၃ ဦး သေဆုံးပြီး ၇ ဦး ထိခိုက် ဒဏ်ရာ ရရှိထားတယ်လို့ ဒေသခံတွေက ဧရာဝတီကို ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ နမ္မတူမြို့ပေါ်က အရပ်သားတွေကို ဗုံးကြဲ တိုက်ခိုက် အပြီးမှာပဲ TNLA ထိန်းချုပ်ထားတဲ့ မန်တုံမြို့မှာလည်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေဟာ စစ်တပ် ထိုးစစ်ဆင်မှုကြောင့် စစ်ဘေးခိုလှုံဖို့ ရှောင်လာတဲ့ ကျောက်မဲနဲ့ နောင်ပိန်ဒေသခံတွေ ဖြစ်တယ်လို့လည်း နမ္မတူမြို့ခံ က ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #နမ္မတူ #မန်တုံ #စစ်ရှောင် #ဗုံးကြဲ #TNLA #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













