• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

နွေဦးတော်လှန်ရေး တတိယပိုင်း စပြီ

by ဗညားအောင်
4 September 2025
in သူ့အတွေး သူ့အမြင်
A A
နွေဦးတော်လှန်ရေး တတိယပိုင်း စပြီ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရန်ကုန်မြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲ / AFP

7.7k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေး ပေါက်ကွဲထွက်လာခဲ့၏။ တိုင်းရင်းသားဒေသများတွင်သာမက ဗမာအများစုနေထိုင်ရာ ပြည်မဒေသများတွင်လည်း လက်နက်ကိုင်ပုန်ကန်မှုများ ပေါ်ပေါက်လာခဲ့ပြီး တခဏအတွင်း နွေဦးတော်လှန်ရေးသည် တောမီးကဲ့သို့ ကျယ်ပြန့်သွားခဲ့၏။

နွေဦးတော်လှန်ရေး ပထမပိုင်း

၂၀၂၁ ခုနှစ် မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာအထိကို နွေဦးတော်လှန်ရေး၏ ပထမပိုင်းဟု ခေါ်ဆိုရပါမည်။ နွေဦးတော်လှန်ရေး ပထမပိုင်းတွင် တိုင်းရင်းသားတပ်ဖွဲ့များအနေဖြင့် ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပါသည်။ ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဦး (CNF) ပါသည်။ ကရင်နီမှ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ပါသည်။

နောက်ပိုင်းတွင် နယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်းထားသည့် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ပါလာသည်။ ကရင်ပြည်နယ်တွင် ကရင်အမျိုးသားအစည်းရုံး (KNU) ပါလာသည်။

နွေဦးတော်လှန်ရေး ပထမပိုင်းတွင် တိုင်းရင်းသားတပ်ဖွဲ့အနေဖြင့် KIA, CNF, KNPP, ကလလတ၊ KNU စသည့် အဖွဲ့များပါသည်ကို တွေ့မြင်ရ၏။

တိုင်းရင်းသားပြည်နယ်များတွင် အင်အားစု အသစ်များအနေဖြင့် ကချင်တွင် ကချင်ပြည်သူ့ ကာကွယ်ရေးတပ် (KPDF)၊ ချင်းတွင် ချင်းဒေသကာကွယ်ရေးတပ်မတော် (CDF) နှင့် ကရင်နီတွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) များ ပေါ်ပေါက်လာကာ အရေးပါပြီး အားကောင်းသည့်အင်အားစုများ ဖြစ်လာသည်။

ထို့အတူ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ တနင်္သာရီတို့တွင် PDF များ ပေါ်ပေါက်ခဲ့ပြီး အနည်းနှင့်အများ အားကောင်းမောင်းသန် လှုပ်ရှားနိုင်ခဲ့၏။ ဧရာဝတီတိုင်းတခုတွင်သာ နွေဦးတော်လှန်ရေး ပထမပိုင်းတွင် အားပျော့၏။

PDF များ အင်အားကောင်းသော်လည်း လေ့ကျင့်စုဖွဲ့ရန်၊ လက်နက်တပ်ဆင်ရန် ကြိုးပမ်းအားထုတ်နေရဆဲဖြစ်၏။ နွေဦးတော်လှန်ရေး ပထမပိုင်းတွင် PDF အများစုကြီးသည် လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်းများဖြင့် ချီတက်နေရသည်ကို တွေ့ရသည်။

နွေဦးတော်လှန်ရေး ပထမပိုင်းတွင် KIA, CNF, KNPP, ကလလတ၊ KNU စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် PDF များ၊ နွေဦးအင်အားစုများကို လေ့ကျင့်ပေးခြင်း၊ စည်းရုံးစုဖွဲ့ခြင်းသာမက လက်နက်တပ်ဆင်ခြင်း၊ စစ်ရေးတိုက်ပွဲများကို ဦးဆောင်ပေးခြင်းဖြင့် အပြည့်အဝ ပူးပေါင်းကူညီပေးခဲ့၏။

နွေဦးတော်လှန်ရေး ပထမပိုင်းတွင် KIA, CNF, KNPP, ကလလတ၊ KNU စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် PDF များ၊ နွေဦးအင်အားစုများကို လေ့ကျင့်ပေးခြင်း၊ စည်းရုံးစုဖွဲ့ခြင်းသာမက လက်နက်တပ်ဆင်ခြင်း၊ စစ်ရေးတိုက်ပွဲများကို ဦးဆောင်ပေးခြင်းဖြင့် အပြည့်အဝ ပူးပေါင်းကူညီပေးခဲ့၏။

ထိုပထမပိုင်းကာလက မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့သည် စစ်ရေးအရ ပြင်ဆင်နေဆဲဖြစ်သဖြင့် စစ်တပ်ကို တိုက်ခိုက်ခြင်း မရှိပေ။ သို့သော် မြောက်ပိုင်းသုံးဖွဲ့သည် ၎င်းတို့နှင့်နီးစပ်သည့် နွေဦးအင်အားစုများကို လေ့ကျင့်ခြင်း၊ ဖွဲ့စည်းခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းတို့ပြုလုပ်ခဲ့ပြီး စစ်ရေးအရ တိုက်ခိုက်ခြင်းသာ မပြုလုပ်ဘဲ အချိန်စောင့်ခဲ့သည်ကို တွေ့ရ၏။

စစ်တပ်သည် နွေဦးတော်လှန်ရေး ပထမပိုင်းတွင် သူ၏မူလ သန္ဓေတပ်ဖြင့် ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှအပ တိုင်းနှင့်ပြည်နယ်အနှံ့ ထိုးစစ်ဆင်ခဲ့၏။ လက်ခဲယမ်း မပြည့်စုံ၊ လေ့ကျင့်စုဖွဲ့မှု မပြည့်စုံသည့် PDF များအား အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း စစ်တပ်သည် မှန်းချက်နှင့်နှမ်းထွက် မကိုက်ခဲ့ပေ။

ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်မှအပ ကျန်တိုင်းနှင့် ပြည်နယ် ၁၁ ခုတွင် စစ်ဆင်ရေးများ ပြုလုပ်နေရပြီး တပ်အင်အား မလုံလောက်သည့် ပြဿနာကို စတင်ကြုံတွေ့ခဲ့ရ၏။ သို့သော် စစ်ရေးအရ တိုင်းရင်းသားတပ်ဖွဲ့များနှင့် တိုက်ခိုက်ရာတွင်သာ အထိအခိုက်များပြီး PDF တို့၏ တိုက်အား မတက်လာသေးသရွေ့ မှုလောက်စရာမရှိဟု ယူဆထားပုံရ၏။

ကရင်နီ/ကယားပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး၏ လက်လုပ်သေနတ်ပေါ်တွင် နွေဦးတော်လှန်ရေးဟု ထိုးထွင်းရေးသားထားသည် / AFP

နွေဦးတော်လှန်ရေး ပထမပိုင်းတွေ ကချင်၊ ချင်း၊ ကရင်နီ၊ ကရင်တိုင်းရင်းသားတပ်ဖွဲ့များသည် နွေဦးတပ်ဖွဲ့များ လေ့ကျင့်ရေးကို ဦးစားပေးနေ၍၊ PDF များကလည်း မပြည့်စုံသေး၍ ပြောက်ကျားသာ တိုက်ခိုက်နေရသဖြင့် စစ်တပ်အတွက် အလုံးအရင်းအလိုက် ချေမှုန်းခံရသည်မှာ နည်းပါးပြီး တတိတိ အချွေခံရသည်သာရှိသာဖြင့် အစုလိုက်အပြုံလိုက် ဆုံးရှုံးမှု မရှိသေးဟုဆိုနိုင်၏။ သို့သော်လည်း စစ်တပ်အတွက် အကျပ်အတည်းက တနှစ်ပြီး တနှစ် တိုးလာသည်ကို တွေ့ရသည်။

နွေဦးတော်လှန်ရေးအင်အားစုများသည် လှုပ်ရှားမှု တဖြည်းဖြည်း ကျယ်ပြန့်လာပြီး လက်နက်ခဲယမ်းတပ်ဆင်မှုနှင့် လေ့ကျင့်စုဖွဲ့မှု တဖြည်းဖြည်း အားကောင်းလာသည်ကို တွေ့နေရသည့်ကာလဖြစ်သည်။

နွေဦးတော်လှန်ရေး ဒုတိယပိုင်း

နွေဦးတော်လှန်ရေး ဒုတိယပိုင်းကို မြောက်ပိုင်းသုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလဆန်းအထိဟု ဆိုရမည်။

နွေဦးတော်လှန်ရေး ဒုတိယပိုင်းကို မြောက်ပိုင်းသုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလဆန်းအထိဟု ဆိုရမည်။

မြောက်ပိုင်းသုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်တပ်သည် ရှမ်းမြောက်နှင့် ရခိုင်တွင်သာမက ကျန်တပြည်လုံးတွင်ပါ စစ်ရေးအရ ပြင်းပြင်းထန်ထန် ထိခိုက်ခြင်း၊ တပ်အင်အားအလုံးအရင်းလိုက် ချေမှုန်းခံရခြင်း၊ မြို့များ၊ စခန်းများစွာ လက်လွှတ်ရခြင်းတို့ကို တွေ့ကြုံရ၏။ မြို့ပေါင်း ၉၀ ကျော်အထိ စစ်တပ်က စွန့်လွှတ်ခဲ့ရသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလကစပြီး စစ်တပ်သည် လျော့ကျနေသော စစ်အင်အားကို ဖြည့်တင်းရန် စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းကာ လစဉ် တပ်သား ၅,၀၀၀ အဓမ္မစုဆောင်းမှု ပြုလုပ်ခဲ့ပြီး တပ်သားအင်အား စတင်ဖြည့်တင်းသည်။ ဒုတိယပိုင်းတွင် စစ်တပ်အတွက် အဓိက ရရှိသွားသည့် အားသာချက်မှာ တရုတ်၏ အားပေးကူညီမှုဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး စကတည်းက တရုတ်အထူးသံဆိုသူက မြောက်ပိုင်းသုံးဖွဲ့အား လစဉ် ဖိအားပေးခဲ့ရာ စစ်ဆင်ရေးစပြီး မကြာမီ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ ရှမ်းမြောက်တွင် အပစ်ရပ်ခဲ့ရသည်။ သို့သော် ဇွန်လတွင် တိုက်ပွဲပြန်ဖြစ်ပြီး ဩဂုတ်လတွင် MNDAA က လားရှိုးကို သိမ်းပိုက်နိုင်ခဲ့သည်။

ထိုအချိန်မှစ၍ တရုတ်အစိုးရက ဗြောင်အတိအလင်း ဝင်ရောက်စွက်ဖက်ပြီး မြန်မာစစ်တပ် အသာစီးပြန်ရအောင် ကြိုးစားသည်ကို တွေ့ရ၏။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ၏ နေပြည်တော် ခရီးစဉ်မှစ၍ နိုင်ငံရေးအရ စစ်ကောင်စီ၏ နိုင်ငံရေးရည်မှန်းချက်များကို ဗြောင်အတိလင်း ထောက်ခံခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အား တရုတ်တို့က ၂၀၂၄ ခုနှစ် မဲခေါင်အစည်းအဝေးတွင် စတင်ပွဲထုတ်ပေးခဲ့သည်။

တရုတ်နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များ၏ စည်းလုံးညီညွတ်မှုကို ဖြိုခွဲပြီး စစ်တပ်အား တိုက်ခိုက်ခြင်း မပြုရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်မရှိ နွေဦးတော်လှန်ရေးအင်အားစုများနှင့် အဆက်အသွယ် မပြုရန်၊ အာဆီယံအပါအဝင် အနောက်နိုင်ငံများနှင့် ဆက်ဆံခြင်းမပြုရန် တားဆီးခဲ့၏။

ကိုးကန့်အဖွဲ့မှ ခေါင်းဆောင်များအား ဖမ်းဆီးအကျပ်ကိုင်ပြီး လားရှိုးနှင့် သိမ်းပိုက်နယ်မြေများအား စစ်တပ်လက်သို့ ပြန်လည် လွှဲပြောင်းပေးစေခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များအား ငွေကြေး၊ စစ်လက်နက်ပစ္စည်းများ မကူညီရန် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အား ခြိမ်းခြောက်အကျပ်ကိုင်ခဲ့သည်။

စီးပွားရေးအရ တရုတ်အစိုးရက စစ်ကောင်စီကို ဘဏ္ဍာရေးအကူအညီပေးခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ မစ္စတာ ဝမ်ယိ ခရီးစဉ်နောက်ပိုင်း စစ်ကောင်စီသည် ငွေကြေးဖောင်းပွမှု ဆက်မတက်ရန် ထိန်းနိုင်ခဲ့ပြီး လောင်စာဆီပြဿနာ၊ နိုင်ငံခြားလိုငွေပြဿနာများ ဖြေရှင်းနိုင်ခဲ့၏။

တရုတ်သည် စစ်လေယာဉ်အပါအဝင် လက်နက်ခဲယမ်းများ၊ နည်းပညာမြင့် ဒရုန်းများ စစ်ကော်မရှင် (စကမ) သို့ ထောက်ပံ့ရောင်းချပေးပြီး တော်လှန်ရေးတပ်ဖွဲ့များ လက်နက်ခဲယမ်းရရှိရာ ရေသောက်မြစ်ကို ဖြတ်တောက်ပစ်ရန် ကြိုးစားခဲ့၏။

တရုတ်အစိုးရသည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး ပြည်ပစွက်ဖက်မှု လက်မခံ၊ ပြည်တွင်းရေးသာဖြစ်သည်ဟု လူကြားကောင်းအောင် ကြွေကြော်‌ပြီး လက်တွေ့တွင် ဝင်ရောက်စွက်ဖက်ကာ စစ်ကောင်စီအား နည်းလမ်းပေါင်းစုံဖြင့် ကူညီနေသည်။

တရုတ်၏ အကူအညီရသော်လည်း စစ်တပ်သည် ၂၀၂၄ ခုနှစ် နှစ်ကုန်အထိ ကချင်၊ ရခိုင်၊ ချင်း၊ ကရင်နှင့် ပြည်မတိုင်းများတွင် စစ်ရေးအရ ဆက်လက်အရေးနိမ့်ခဲ့၏။ ၂၀၂၅ နှစ်အတွင်း တပ်သားသစ်များ ဖြည့်တင်းလာနိုင်ခြင်း၊ လားရှိုးမြို့အား ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် တရုတ်ဖိအား ပြန်လည်ရရှိခြင်းတို့ကြောင့် စိတ်ဓာတ်စစ်ဆင်ရေးကိုပါ မြေပြင် ပြန်လှန်ထိုးစစ်နှင့်အတူတွဲ၍ လုပ်လာနိုင်ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း မိုးဗြဲ၊ နောင်ချို၊ သပိတ်ကျင်းမြို့တို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့၏။ ဩဂုတ်လအတွင်း၌ ထိုမြို့များ၊ ဆက်စပ်နယ်မြေအချို့နှင့် ကျောက်မဲထိုးစစ်ကို စတင်နိုင်ခဲ့သည်။

ထို့အတူ နိုင်ငံရေးအရ တရုတ်နှင့် သဘောတူညီထားသည်ဟု ယူဆရသည့် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာခဲ့၏။ ဩဂုတ်လကုန် စက်တင်ဘာလဆန်းတွင် တရုတ်ပြည်၊ ထျန်းကျင်းမြို့တွင် ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစည်းအဝေးနှင့် ဘေဂျင်းမြို့တွင် ကျင်းပသည့် စစ်ရေးပြအခမ်းအနားများတွင် အာဆီယံက ငြင်းပယ်ထားသည့် စစ်ခေါင်းဆောင်နှင့်အဖွဲ့အား တရုတ်၏ ပွဲထုတ်ပေးခြင်းခံခဲ့ရ၏။

နွေဦးတော်လှန်ရေး တတိယပိုင်း

ထျန်းကျင်းနှင့် ဘေဂျင်းတွင် ပွဲထုတ်ခံရသည့် စစ်ခေါင်းဆောင်နှင့်အဖွဲ့ နေပြည်တော် ပြန်ရောက်သည်မှစ၍ နွေဦးတော်လှန်ရေး တတိယပိုင်း စပြီဟု ဆိုရပါမည်။

နွေဦးတော်လှန်ရေး တတိယပိုင်းတွင် တရုတ်၏ အားပေးထောက်ခံမှုကြောင့် စစ်အုပ်စုအတွင်း မင်းအောင်လှိုင်၏ ခေါင်းဆောင်မှု ပိုခိုင်မာလာမည်။ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ထား၍ နောက်ဆုတ်၍ မရသည့်အပြင်၊ တရုတ်၏ အကူအညီကြောင့် ပြန်လည် အနိုင်ရမည်ဟု ယူဆနေသော စစ်အုပ်စုကြောင့် ဆုံးရှုံးထားသည့် နယ်မြေအားလုံးကို သိမ်းပိုက်ရန် ရည်ရွယ်ပြီး တပြည်လုံးတွင် ပြန်လှန်ထိုးစစ်များ မြင်တွေ့ရနိုင်သည်။

တရုတ်တို့က မြန်မာ့တော်လှန်ရေးအင်အားစုများကို ဖိအားပေးဖြိုခွဲပြီး စကမ က ချေမှုန်းနိုင်ရန် စကမအား ဆက်လက် အကူအညီပေးသည်ကို နွေဦးတတိယပိုင်းတွင် ဆက်လက်မြင်တွေ့ရမည်။ စကမကို တရုတ်တို့က နိုင်ငံရေးအရပွဲထုတ် ကာကွယ်ပေးမှုကြောင်း မင်းအောင်လှိုင်နှင့် စကမ အုပ်စုသည် ယခင်ကထက်ပို၍ ဇက်ရဲလက်ရဲ စစ်ရာဇဝတ်မှုမျိုးစုံ ဆက်လက် ကျူးလွန်သည်ကို ရင်ဆိုင်ရမည်။

တရုတ်တို့က မြန်မာ့တော်လှန်ရေးအင်အားစုများကို ဖိအားပေးဖြိုခွဲပြီး စကမ က ချေမှုန်းနိုင်ရန် စကမအား ဆက်လက် အကူအညီပေးသည်ကို နွေဦးတတိယပိုင်းတွင် ဆက်လက်မြင်တွေ့ရမည်။ စကမကို တရုတ်တို့က နိုင်ငံရေးအရပွဲထုတ် ကာကွယ်ပေးမှုကြောင်း မင်းအောင်လှိုင်နှင့် စကမ အုပ်စုသည် ယခင်ကထက်ပို၍ ဇက်ရဲလက်ရဲ စစ်ရာဇဝတ်မှုမျိုးစုံ ဆက်လက် ကျူးလွန်သည်ကို ရင်ဆိုင်ရမည်။

တရုတ်တို့က ရွေးကောက်ပွဲပြီးလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေး ပြုလုပ်ရန် လိုသည်ဟု ဆိုနေသော်လည်း စစ်ခေါင်းဆောင်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပေါ် တောက်လျှောက် ပြစ်တင်ရှုတ်ချနေသည့်သဘောထား၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ခေါင်းဆောင်များ၊ စစ်ခေါင်းဆောင်များက တိုင်းရင်းသားတပ်ဖွဲ့များ၊ PDF များကို အကြမ်းဖက်အဖွဲ့ ကြေညာထားပြီး အပြတ်ချေမှုန်းရန် ပြောဆိုသည့်သဘောထားများ၊ လတ်တလောတွင်ပင် ကရင်အမျိုးသားအစည်းရုံး (KNU) အား အကြမ်းဖက်အဖွဲ့အဖြစ် ထပ်မံကြေညာသည့် လုပ်ရပ်ကြောင့် စစ်တပ်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားမရှိဘဲ အပြုတ်တိုက်ရေးသဘောထားများကိုသာ တွေ့ရ၍ ရွေးကောက်ပွဲပြီးလည်း စစ်ရှိန် ပိုမြင့်လာမည်မှာ အသေအချာဖြစ်၏။

စစ်တပ်သည် တရုတ်၏ ထောက်ပံ့မှုကြောင့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကူအညီရ‌၍ ပြိုကွဲနိုင်သည့်အချိန်မှ ပြန်လည် ရုန်းထလာသော်လည်း အထွေထွေအကျပ်အတည်းပေါင်းစုံမှ လွတ်မြောက်သည်အထိတော့ စွမ်းဆောင်နိုင်ခြင်း မရှိပေ။

ဒေသအသီးသီးတွင် လှုပ်ရှားနေကြသည့် အမျိုးသမီး ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များ / CJ

နွေဦးတော်လှန်ရေး ဒုတိယပိုင်းကာလတွင် စစ်တပ်ပြိုကွဲနိုင်သည်ဟူသည့်အခြေအထိ ဆိုက်ရောက်ခဲ့သော်လည်း တရုတ်၏ အကူအညီကြောင့် နွေဦးတော်လှန်ရေး တတိယပိုင်းတွင် စစ်တပ် ပြန်လည်ခေါင်းထောင်လာနိုင်သည်။ သို့သော် ဤသို့ စစ်တပ်ခေါင်းထောင်ထလာနိုင်ခြင်းသည် စစ်တပ် ပြန်လည်အသာစီးရသည်ဟု ကောက်ချက်ချ၍ မရပေ။ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ သူမသာ ကိုယ်မသာ အခြေအနေသို့ ပြန်လည် ဆိုက်ရောက်နေသည့်၊ မည်သည့်ဘက်မှ လွယ်လွယ်ရှုံးနိမ့်နိုင်သည့် အခြေအနေမရှိဟု သုံးသပ်ရပေလိမ့်မည်။

RelatedPosts

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
3.5k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.3k
ကျောက်ဖြူတိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာ

ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

7 January 2026
1.6k

စစ်တပ်၏ အဓိကအားနည်းချက်မှာ တိုက်ခိုက်ရေးအင်အားဖြစ်၏။ စစ်တပ်တွင် အဓမ္မစုဆောင်းထားသည့် တပ်သားသစ်များက အများစုဖြစ်လာနေသည်။ အဆိုပါတပ်သားသစ်များသည် တိုက်စိတ်ခိုက်စိတ် မရှိခြင်း၊ ထွက်ပြေးလိုခြင်းတို့ကြောင့် စောင့်ကြပ်ထိန်းကြောင်းနေရ၏။ ထိုအင်အားအများစုမှာ ထွက်မပြေးဟု ဆိုနိုင်သော်လည်း ထိုအင်အားများသည် စစ်ရှုံး၍၊ အထိနာ၍ မရပေ။ စစ်ရှုံးပါက၊ အထိနာပါက အလွယ်တကူ ပြိုကွဲနိုင်သည့် အင်အားများဖြစ်သည်။

နွေဦးတော်လှန်ရေး တတိယပိုင်းတွင် စကမသည် တန်ပြန်ထိုးစစ်ကို ပိုလုပ်လာနိုင်သည်။ လက်ရှိ တွေ့နေရသော စကမ ထိုးစစ်များကို ကြည့်ပါက တရုတ်တို့၏ အကူအညီရသော်လည်း ရခိုင်၊ ချင်းနှင့် ကရင်တို့တွင် တိုးမပေါက်ပေ။

ကချင်၊ ကရင်နီ၊ အခြားတိုင်းများတွင် အကြိတ်အနယ်ဖြစ်နေပြီး အသာစီး လုံးဝမရနိုင်သေးပေ။ လက်ရှိ စကမ၏ ထိုးစစ်မှာ နောင်ချိုနှင့် ဆက်စပ်နယ်မြေများ၊ ကျောက်မဲထိုးစစ်များတွင် တရုတ်၏ စိတ်ဓာတ်ရေးရာအရ ဖိအားပေးမှုနှင့်ပါပေါင်း၍ တစုံတရာ အသာစီးရလာ၏။ ထိုသို့ အသာစီးရသည့်နယ်မြေများမှာ လက်ရှိတွင် စစ်တပ် ဆုံးရှုံးလက်လွှတ်ခဲ့ရသည့် နယ်မြေများ၏ အစွန်းထွက်မျှသာ ရှိသေးသည်။

နွေဦးတော်လှန်ရေး တတိယပိုင်းတွင် တော်လှန်ရေးအင်အားစုများဘက်က ပထမပိုင်းကာလမှ အင်အားစု အားလုံး ဆက်လက်ပါဝင်နေမည်ဖြစ်သကဲ့သို့ ဒုတိယပိုင်းတွင် ပါဝင်လာခဲ့သည့် သုံးဖွဲ့မှ AA နှင့် TNLA ဆက်လက် ပါဝင်နေမည်ဖြစ်ရာ ဒုတိယပိုင်းထက် တဖွဲ့လျော့သွားမည်ဖြစ်သော်လည်း ပထမပိုင်းထက် ပိုမို အားကောင်းနေမည်ဖြစ်သည်။

သို့သော် တတိယပိုင်းတွင် စကမသည် ဒုတိယပိုင်းထက် ပိုမိုအင်အားစုစည်းပြီး တပြည်လုံးအနှံ့ ရနိုင်သမျှနယ်မြေများတွင် ထိုးစစ်ဆင်လာနိုင်ခြေရှိ၏။ သို့ဖြစ်ရာ တတိယပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မြို့အချို့၊ နယ်မြေအချို့ ပြန်လည် လက်လွှတ်ရဖွယ်ရှိသည်။ နယ်မြေအချို့သည် ပြောက်ကျားဒေသများ ပြန်လည်ဖြစ်သွားနိုင်သည်။

တော်လှန်ရေးတပ်ဖွဲ့များ၊ အထူးသဖြင့် PDF များနှင့် နွေဦးတပ်ဖွဲ့များသည် နွေဦးတော်လှန်ရေး ပထမပိုင်းနှင့် လုံးဝ ကွာခြားသွားပြီဖြစ်သည်။ စနစ်တကျ လေ့ကျင့်စုဖွဲ့မှုအပြင် စစ်ရေးအတွေ့အကြုံ ကောင်းစွာရှိနေကြပြီဖြစ်သည်။ လက်နက်ခဲယမ်းမှာလည်း ပေါပေါများများ မဟုတ်သေးသော်လည်း အခြေခံအားဖြင့် တပ်ဆင်ထားနိုင်ပြီဖြစ်သည်။ နွေဦးပထမပိုင်းကဲ့သို့ လုပ်သေနတ်၊ လက်လုပ်မိုင်းများနှင့် မဟုတ်ကြတော့ပေ။ အခြေအနေနှင့်ကိုက်ညီသည့် စစ်နည်းပရိယာယ်ကို အသုံးချရန် လိုအပ်သည်။

နွေဦးတော်လှန်ရေး တတိယပိုင်းတွင် ကာလရှည်ပြင်ဆင်မှုရှိခဲ့သော တိုင်းရင်းသားတပ်ဖွဲ့များသည် နေရာယူစစ်ကို ဆက်လက် တိုက်ခိုက်နိုင်လိမ့်မည်။ ပြင်ဆင်မှု လိုအပ်ချက်ရှိသည့် နွေဦးတော်လှန်ရေးတပ်ဖွဲ့များသည် နေရာယူစစ်ကို လျှော့ချရန်လို၏။ ဦးတည်ရမည့် စစ်ရေးရည်မှန်းချက်တွင် နယ်မြေသိမ်းရေး၊ ထိန်းချုပ်ရေးတို့သည် အဓိကမကျတော့။ စကမ စစ်ကြောင်းများအား ချေမှုန်းရေး၊ လှုပ်ရှားနေသည့် စကမ စစ်ကြောင်းများအား ချေမှုန်းရေးသည် အဓိက ဦးတည်ချက်ဖြစ်သွားမည်ဖြစ်၏။

စကမ စစ်ကြောင်းများကို သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းမိ စသည်ဖြင့် စစ်ကြောင်းလိုက် ချေမှုန်းပြီး တပ်သားသစ်များအများစုဖြင့် ဖွဲ့စည်းထားသည့်စစ်တပ် တုန်လှုပ်ပြီး ပြိုဆင်းအောင် ရည်ရွယ်ချက်ထား၍ ထိုးနှက်ရန်သာ လိုအပ်၏။ စကမ စစ်ကြောင်းများ စစ်ကြောင်းလိုက် ချေမှုန်းခံရပြီး တပ်သားသစ်များ စိတ်ဓာတ်ရေးရာ ပြိုဆင်းပါက စစ်တပ်ပြိုရန် လွယ်ကူသွားပေလိမ့်မည်။

နွေဦးတော်လှန်ရေး တတိယပိုင်းသည် တရုတ်၏ ကူညီမှုဖြင့် ခေါင်းထောင်ထလာသည့် စကမ၏ ထိုးစစ်များ၊ အကျပ်အတည်းများကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားရမည့်ကာလ၊ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားခဲ့သည့် နယ်မြေတချို့ ပြန်လည် လက်လွှတ်ရနိုင်သည့် ကာလဖြစ်နိုင်၏။ ထို့အတူ စကမ တပ်ဖွဲ့များ၊ စစ်ကြောင်းများအား ချေမှုန်းသုတ်သင်ရန် အားထုတ်ရမည့်ကာလ၊ ချေမှုန်းသုတ်သင်နိုင်မည့်ကာလလည်းဖြစ်သည်။

နှစ်ဖက် သူမသာ ကိုယ်မသာ ဖြစ်နေသည့်အခြေအနေကို ပြောင်းလဲရန်မှာ ရန်သူအင်အားကို ချေမှုန်းရေးသာ ဖြစ်ပေလိမ့်မည်။

(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။)

You may also like these stories:

နွေဦးတော်လှန်ရေးအတွက် “၈၈” မှ သင်ခန်းစာများ

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

ယူကရိန်း ပင့်ကူအိမ် စစ်ဆင်ရေးကို နွေဦးတော်လှန်ရေးက အတုယူနိုင်သလား

နွေဦးတော်လှန်ရေး လမ်းဆုံလား၊ လမ်းဆုံးလား

၁၀၂၇ စစ်ဆင်ရေးနှင့် နွေဦးတော်လှန်ရေး အလှည့်အပြောင်း (ရုပ်/သံ)

နွေဦးတော်လှန်ရေးတွင် လက်နက်မကိုင်ဘဲ ပါဝင်နေသော အမျိုးသမီးများ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးBGFNLDNUGPDFSliderUSDPစစ်ကော်မရှင်စစ်မှုထမ်းဥပဒေစစ်ရာဇဝတ်မှုစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ် သုံးဖွဲ့တရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်လှန်ရေးအင်အားစုနွေဦးတော်လှန်ရေးပြည်တွင်းစစ်ရွေးကောက်ပွဲအမျိုးသားပြန်လည်သင့်မြတ်ရေးအာဆီယံ
ဗညားအောင်

ဗညားအောင်

ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အတိုက်အခံက ကွန်ဆာဗေးတစ် လုပ်ငန်းရှင်ကို ထိုင်းဝန်ကြီးချုပ်အဖြစ် မဲပေးမည်

အတိုက်အခံက ကွန်ဆာဗေးတစ် လုပ်ငန်းရှင်ကို ထိုင်းဝန်ကြီးချုပ်အဖြစ် မဲပေးမည်

ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်း ဘာကြောင့်ပြောင်းသလဲ (ရုပ်/သံ)

ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်း ဘာကြောင့်ပြောင်းသလဲ (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved