အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။ ဆိုလိုရင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ အနားတွင် နေရသော PSO စစ်ဗိုလ်များ နေရာအပေးခံလာရကြခြင်းကို ဆိုလိုသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် စစ်တပ်နှင့်ပတ်သက်၍ ရာထူးတာဝန်ပေးရာတွင် မူဝါဒမရှိ အစဉ်အလာမရှိ သူပေးချင်သလို ပေးနေသည်ကို ပိုမိုတွေ့လာရသည်။ နိုင်ငံတခု၏ စစ်တပ်အား သူကိုယ်ပိုင် ခါးပိုက်ဆောင်တပ်ပုံစံ လုပ်နေခြင်း ဖြစ်သည်။
မြန်မာစစ်တပ်သမိုင်းတွင် မည်သည့် တပ်ချုပ်မှ မလုပ်ခဲ့သည့် ရာထူးပေးခြင်းမျိုး သူ့လက်ထက်တွင် လုပ်လာခဲ့သည်။ စစ်အာဏာရှင်များဖြစ်ခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ မလုပ်ခဲ့သည်များကိုပင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်တွင် လုပ်လာခဲ့သည်။
မြန်မာစစ်တပ်သမိုင်းတွင် မည်သည့် တပ်ချုပ်မှ မလုပ်ခဲ့သည့် ရာထူးပေးခြင်းမျိုး သူ့လက်ထက်တွင် လုပ်လာခဲ့သည်။ စစ်အာဏာရှင်များဖြစ်ခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ မလုပ်ခဲ့သည်များကိုပင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်တွင် လုပ်လာခဲ့သည်။
မြန်မာ့တပ်မတော်တွင် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေတို့လက်ထက်တွင် သူတို့၏ ကိုယ်ရေးအရာရှိများအား ဗိုလ်မှူးချုပ်နှင့် ဗိုလ်ချုပ်အဆင့်ထိသာ ရာထူးပေးခဲ့ကြသည်။
ဗိုလ်ချုပ်ကြီးနေဝင်းသည် သူ၏ ကိုယ်ရေးအရာရှိ စစ်ဖက်လက်ထောက်ဖြစ်သူ မျက်မှန်ကြီး တင်ဦးအား ဗိုလ်မှူးချုပ်အဆင့်ထိသာ ရာထူးပေးခဲ့သည်။
အလားတူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်တွင်လည်း သူ၏ စစ်ဖက်လက်ထောက် ဖြစ်သူ ဗိုလ်နေဝင်းအား ဗိုလ်ချုပ်အဆင့်ထိသာ ရာထူးပေးခဲ့သည်။ ထို့အပြင်ဦးသန်းရွှေ၏ ကိုယ်ရေးအရာရှိဖြစ်သူ ဦးစိုးရှိန်အား ဗိုလ်မှူးကြီးအဆင့်ထိသာ ပေးခဲ့သည်။
သို့သော် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်တွင်မူ သူ၏ စစ်ဖက်လက်ထောက်နှင့် ကိုယ်ရေးအရာရှိလုပ်ခဲ့သူ ၂ ဦးအား မကြာသေးခင်က ဒုဗိုလ်ချုပ်ကြီးအဆင့်ထိရာထူးပေးခဲ့ပြီး စစ်တပ်တွင် နေရာကောင်းများ ပေးခဲ့သည်။

မကြာသေးခင်ရက်ပိုင်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သူ၏ စစ်ဖက်လက်ထောက် ဖြစ်သူ ဗိုလ်ချုပ်မိုးမြင့်ဆွေအား ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်တိုးပေးကာ စစ်လက်နက်ပစ္စည်းထုပ်လုပ်ရေး ညွှန်ကြားရေးမှူးအဖြစ် ရာထူးပေးခဲ့သည်။
ထို့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်တက္ကသိုလ်ကျောင်းအုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး တာဝန်ယူစဉ်က သူ၏ ကိုယ်ရေးအရာရှိလုပ်ခဲ့သူ ဗိုလ်ဇော်ဟိန်းအား ဒုဗိုလ်ချူပ်ကြီး အဆင့်တိုးပေးကာ စစ်ထောက်ချုပ် တာဝန်ပေးခဲ့သည်။ စစ်ထောက်ချုပ်ရာထူးသည် စစ်တပ်တွင် ဝင်ငွေအကောင်းဆုံးရာထူး တခုဟု ဆိုရမည်။
မြန်မာစစ်တပ်တွင် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချူပ်များစွာ ရှိပြီး ဒုဗိုလ်ချုပ်ကြီးအဆင့်ရှိသူမှာ အရေအတွက် နည်းသည်။ ဦးသန်းရွှေလက်ထက်တွင် ဒုဗိုလ်ချုပ်ကြီးအဆင့်အား စစ်တိုင်းမှူးတာဝန်ယူခဲ့သူများကိုသာ ပေးလေ့ရှိသည်။
မြန်မာစစ်တပ်တွင် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချူပ်များစွာ ရှိပြီး ဒုဗိုလ်ချုပ်ကြီးအဆင့်ရှိသူမှာ အရေအတွက် နည်းသည်။ ဦးသန်းရွှေလက်ထက်တွင် ဒုဗိုလ်ချုပ်ကြီးအဆင့်အား စစ်တိုင်းမှူးတာဝန်ယူခဲ့သူများကိုသာ ပေးလေ့ရှိသည်။
သို့သော် တပ်ချုပ်မင်းအောင်လှိုင် လက်ထက်တွင်မူ ဒုဗိုလ်ချုပ်ကြီးရာထူးများအား သူ၏ ကိုယ်ရေးအရာရှိများအပြင် တိုင်းမှူးမလုပ်ခဲ့သူများနှင့် သူ့သားအကျိုးစီးပွါးအတွက် လုပ်ပေးခဲ့သူများကို ပေးသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် တရုတ်ပြည်တွင် မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့်သွားရောက်ဆွေးနွေးစဉ်က ခေါင်းဆောင်တာဝန်ယူခဲ့သော ဒုဗိုလ်ချုပ်ကြီး မင်းနိုင်မှာ တိုင်းမှူး တာဝန်မထမ်းဆောင်ခဲ့သူထဲမှ ပထမဆုံး ဒုဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သူဖြစ်သည်။ ဗိုလ်ချုပ်မင်းနိုင်သည် သူ တွဲဖက်စစ်ထောက်ချုပ် တာဝန်ယူစဉ်က စစ်ခေါင်းဆောင်သားအတွက် အဓိက စီးပွါးရေးလုပ်ပေးခဲ့သူဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် သူ့ကိုယ်ရေးအရာရှိများအား စစ်ဖက်တွင် ရာထူးကြီးများ ပေးသည့်အပြင် ကြံခိုင်ရေးပါတီတွင်ပါ ရာထူးကြီးများပေးခဲ့သည်။ အာဏာသိမ်းစစ်ခေါင်းဆောင် တပ်ချုပ်ဖြစ်သည့်အချိန်မှ ၂၀၁၅ ခုနှစ်အထိ ကိုယ်ရေးအရာရှိ လုပ်ခဲ့သော ဗိုလ်မှူးလင်းဇော်ထွန်းအား ၂၀၁၅ တွင် ကြံခိုင်ရေးပါတီသို့ ပြောင်းပေးခဲ့ပြီး ပါတီ ဗဟိုအလုပ်အမှုဆောင် CEC တာဝန် ပေးခဲ့သည်။
ဦးလင်းဇော်ထွန်းသည် ကြံခိုင်ရေးပါတီတွင် အသက်အငယ်ဆုံး CEC တဦး ဖြစ်သည်။
ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင်ဇနီးနှင့် အနီးကပ်ဆက်ဆံရေးရှိခဲ့သော ဗိုလ်မှူးကျော်ဇော်ရဲသည်လည်း ယခုအခါ တပ်ချုပ် ကိုယ်ရံတော် ဖြစ်လာပြီး လုပ်ပိုင်ခွင့်များ ပိုမိုရရှိလာနေသည်။ စစ်တပ်အတွက် အရေးကြီးသော ဒရုန်းဝယ်ယူရေးကိစ္စတွင် ဗိုလ်မှူးကျော်ဇော်ရဲအား တာဝန်ပေးထားသည်။ ထို့ကြောင့် သူသည် စစ်တပ်တွင် မကြာခင် အဆင့်ဆင့်ရာထူးတိုးလာနိုင်သည်။

လက်ရှိ စစ်တပ်၏ တတိယခေါင်းဆောင်ဖြစ်သူ ညှိကွပ် ဗိုလ်ချုပ်ကြီးကျော်စွာ လင်းသည်လည်း ဗိုလ်ချုပ်မောင်အေး၏ ကိုယ်ရေးအရာရှိ လုပ်ခဲ့သူဖြစ်သည် စစ်မတိုက်ဖူးသူဟု ဆိုကြသည်။ ထို့အပြင် ရန်ကုန် မန္တလေး စသည့် အရေးကြီးသည့် မြို့ကြီးများကို ကိုင်တွယ်ရသည့် ကစထ (၅) အကြီးအကဲဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးသည်လည်း ဗိုလ်ချုပ်မောင်အေး၏ ကိုယ်ရေးအရာရှိ လုပ်ခဲ့သူဖြစ်သည်။
သူတို့နှစ်ဦးယောက်စလုံးသည် စစ်တပ်တွင် စစ်ရေးနှင့်ပတ်သက်၍ ထူးထူးချွန်ချွန် အောင်မြင်ခဲ့သည့် မှတ်တမ်းများ မတွေ့ရပေ။ အရာရှိငယ်အဆင့်မှ ဗိုလ်ချုပ်ဖြစ်သည့်အချိန်ထိ လူကြီးနားနှင့် စစ်ရုံးချုပ်တွင် နေထိုင်ခဲ့ကြသူများ ဖြစ်သည်။
သူတို့နှစ်ဦးယောက်စလုံးသည် စစ်တပ်တွင် စစ်ရေးနှင့်ပတ်သက်၍ ထူးထူးချွန်ချွန် အောင်မြင်ခဲ့သည့် မှတ်တမ်းများ မတွေ့ရပေ။ အရာရှိငယ်အဆင့်မှ ဗိုလ်ချုပ်ဖြစ်သည့်အချိန်ထိ လူကြီးနားနှင့် စစ်ရုံးချုပ်တွင် နေထိုင်ခဲ့ကြသူများ ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာပြီးနောက်ပိုင်း စစ်တပ်တွင် အရည်အချင်းရှိသူများထက် အပါးတော်များနှင့် သူ့ မိသားစုအကျိုးစီးပွါး လုပ်ဆောင်သူများအား စစ်ဖက်နှင့် နိုင်ငံရေးပါတီဖက်တွင် ရာထူးကြီးကြီးမားမား ပေးလာခဲ့သည်ကို နှစ်ကြာလာလေ ပိုမို တွေ့လာရလေ ဖြစ်သည်။
ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများကောင်းစားသည့်ခေတ်ဟု စစ်တပ်အသိုင်းအဝိုင်းက ပြောဆိုလာကြခြင်း ဖြစ်တော့သည်။
You may also like these stories:
လ၀က ၀န်ကြီးသားမက် စစ်ခေါင်းဆောင် ကိုယ်ရံတော်ဖြစ်လာ
ဒုဗိုလ်ချုပ်ကြီး သက်ပုံ စစ်ကိုင်းတိုင်းက ဝင်ပြိုင်မည်
စစ်ခေါင်းဆောင်လူယုံ ဗိုလ်ချုပ်မိုးမြင့်ဆွေ လက်နက်ထုတ်လုပ်ရေး အရာရှိချုပ်ဖြစ်လာ
စစ်ခေါင်းဆောင် ကိုယ်ရံတော် ဗိုလ်မှူးကြီးစိန်မောင်လင်း အကြမ်းဖက်နှိမ်နင်းရေးတာဝန်ယူ
စစ်တပ်၏ စစ်အင်္ဂါစဉ် ကစထ ၅ အပြောင်းအလဲ
မင်းအောင်လှိုင်အလွန် တပ်ချုပ် ဘယ်သူလဲ
ဗိုလ်ချုပ်ကြီးများ ယူနီဖောင်းချွတ်ပြီး USDP ကို ပြောင်းကြပြန်ပြီ














