အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကိုယ်ရံတော်တာဝန်ယူခဲ့သော ဗိုလ်မှူးကြီးစိန်မောင်လင်း ကို အကြမ်းဖက်နှိမ်နင်းရေးဌာနမှူးအဖြစ် မကြာသေးခင်က တာဝန်ပေးလိုက်ကြောင်း သိရသည်။
အကြမ်းဖက်နှိမ်နင်းရေးဌာနသည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကကကြည်း)အောက်ရှိ ဌာနတခုဖြစ်ပြီး အဆိုပါဌာနတွင် တာဝန်ထမ်းဆောင်သော အရာရှိစစ်သည်များအနေဖြင့် စစ်ခေါင်းဆောင်တို့၏ လုံခြုံရေးတာဝန်များ၊ စစ်ထောက်လှမ်းရေး များနှင့်တွဲကာ ဖမ်းဆီးခြင်း၊ စစ်ကြောရေးအပါ ရှေ့တန်းစစ်မျက်နှာ၌လည်း ခြေလျင်ခြေမြန်စစ်သားများနှင့်အတူ စစ်ဆင် ရေးတာဝန်များ ထမ်းဆောင်ရသည်။
နေပြည်တော်နှင့် မန္တလေးတိုင်းတို့တွင် အကြမ်းဖက်နှိမ်နင်းရေးတပ်အချို့ ရှိသည်။
ဗိုလ်မှူးကြီးစိန်မောင်လင်းသည် အလုပ်သင်ဗိုလ်လောင်း ၂၈ (တေဇ-၂၈) ကျောင်းဆင်းတဦးဖြစ်ပြီး ၂၀၂၅ နောက်ပိုင်းမှစ၍ စစ်ခေါင်းဆောင်၏ ကိုယ်ရံတော် ကိုယ်ရေးအရာရှိ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
စစ်တပ်အရာရှိများတွင် ကိုယ်ရေးအရာရှိ (PSO)များ ထားကြပြီး ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုကာကွယ်ရေးဦးစီးချုပ်နှစ်ဦး ၏ ကိုယ်ရေးအရာရှိအဆင့်ကိုမူ ကိုယ်ရံတော်ဟု သုံးနှုန်းသည်။
မကြာသေးခင်ရက်ပိုင်းက ပြုလုပ်ခဲ့သော စစ်တပ်တွင်းရာထူးအပြောင်းအလဲတွင် စစ်ခေါင်းဆောင်အနေဖြင့် သူ့အနီးရှိခဲ့သူ များအား စစ်တပ်အတွက် တကယ့်အရေးပါသည့်နေရာများသို့ ပြောင်းလဲတာဝန်ပေးခဲ့သည်။
စစ်ခေါင်းဆောင်၏ စစ်ဘက်လက်ထောက်ဖြစ်သော ဗိုလ်ချုပ်မိုးမြင့်ဆွေအား စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ညွှန်ကြား ရေးမှူးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပြီး ကိုယ်ရံတော်ဖြစ်သူ ဗိုလ်မှူးကြီးစိန်မောင်လင်းကိုလည်း အကြမ်းဖက်နှိမ်နှင်းရေးဌာနမှူး အဖြစ် ပြောင်းလဲတာဝန်ပေးလိုက်ခြင်း ဖြစ်သည်။
You may also like these stories:
ရွေးကောက်ပွဲလမ်းကြောင်း စစ်အုပ်စု အကြီးအကျယ် ကြိုးစားရှင်းနေသော်လည်း
စစ်တပ်၏ စစ်အင်္ဂါစဉ် ကစထ ၅ အပြောင်းအလဲ
ရွေးကောက်ပွဲအလွန် စစ်တပ် စတုတ္ထမျိုးဆက် ဘယ်သူတွေဖြစ်မလဲ














