ဗိုလ်မှူးကြီး ဝေဆန်း၏ သား ဝေချင်းဆုန် (ခ) ဝေမောင်မောင်မှာ ကိုးကန့်၏ မျက်နှာစာ၌ ရှေ့ထွက် ထင်ပေါ်သူတဦး ဖြစ်သည်။ ကိုးကန့် နယ်ခြားစောင့်တပ် အကြံပေးနှင့် ကြီးကြပ်ရေးအဖွဲ့၏ အဖွဲ့ဝင်တဦး ဖြစ်ပြီး ဦးပယ်ဆောက်ချိန်၏ သား ဘေရင်နယ်၊ ဦးဝေရှောက်ရင်၏ သား ဝေချင်ဟိုင်းတို့နှင့် တန်းတူ ဒုတိယ မျိုးဆက်များ ဖြစ်ကြသည်။
စစ်ခေါင်းဆောင်က “ပယ်” အိမ်မှ ဘေရင်နယ်၊ “လျို” အိမ်မှ မောင်မောင်တို့ကို သာသနာတော်ဆိုင်ရာဘွဲ့များ ပေးအပ်ခဲ့သကဲ့သို့ “ဝေ” အိမ်မှ ဝေချင်းဆုန်ကိုလည်း သာသနာတော် ဆိုင်ရာဘွဲ့တခု ပေးအပ်ခဲ့သည်။ သို့သော် အခြားသူများကဲ့သို့ နေပြည်တော်သို့ တက်ရောက် မယူခဲ့ရဘဲ မန္တလေးတွင် ၎င်းအား ပေးအပ်ခဲ့သည်။
ကိုးကန့် ဦးဆောင် မိသားစုများမှာ စစ်ခေါင်းဆောင်များကို သစ္စာခံသူများ ဖြစ်ကြ၍ စစ်ကောင်စီက ကမကထ ပြုသည့် အလှူအတန်းများတွင် အမြဲလိုလို ပါဝင်ကြသည်။ ဝေချင်းဆုန်သည်လည်း အခြားသော ကိုးကန့် မျိုးဆက်များ နည်းတူပင်ဖြစ်၏။ စစ်ခေါင်းဆောင်များကို လှူဒါန်းရေးတွင် လက်မနှေးခဲ့ပေ။
#မြန်မာ #ဧရာဝတီ #ကိုးကန့် #ပယ် #ဝေ #လျို #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













