တနင်္သာရီတိုင်းထဲက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ရန်ကုန်-ထားဝယ် အမှတ် ၈ ပြည်ထောင်စု လမ်းမကြီး တလျှောက်ကို စစ်တပ်က အင်အားသုံး စစ်ကြောင်းထိုးနေပြီး ပြန်လည် ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက အတည်ပြုပြောပါတယ်။
ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြိတ်-တနင်္သာရီ-ကော့သောင်း ၊ မြိတ်-တနင်္သာရီ-မောတောင် တလျှောက်ကိုလည်း စစ်ကြောင်းထိုး ဝင်ရောက်နေတယ်လို့ ပြောပါတယ်။
ဒီလမ်းပိုင်းတွေဟာ စစ်တပ်အတွက် စစ်ရေး၊ နယ်စပ်ကုန်သွယ်ရေးအရ အရေးကြီးပြီး တနင်္သာရီတကြောက စစ်တပ်ရဲ့ တပ်ရင်း၊ တပ်မဌာနချုပ်တွေ၊ တပ်ခွဲတွေဆီကို ရိက္ခာနဲ့ စစ်အင်အားပေးပို့နေတဲ့ လမ်းကြောင်းဖြစ်သလို တော်လှန်ရေးအင်အားစုတွေအတွက်လည်း စစ်ရေးနဲ့ ရိက္ခာသယ်ယူရေးအတွက် အရေးကြီးတဲ့ လမ်းကြောင်းဖြစ်တယ်လို့လည်း သိရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy












