စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာမှာ အောက်တိုဘာ ၆ ရက်၊ သီတင်းကျွတ် လပြည့်ည မီးထွန်းပွဲ ကျင်းပနေချိန် လူအုပ်တည့်တည့်ကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ၃၀ နီးပါး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပါတယ်။
အပြင်းအထန်ထိခိုက်ဒဏ်ရာရသူ ၅၀ လောက်ရှိနေပြီး ဒီသေဆုံးအရေအတွက်ဟာ အောက်တိုဘာ ၇ ရက် နေ့လည်ပိုင်းအချိန်အထိ အလောင်းကောက်ယူရရှိတာနဲ့ လက်လှမ်း မှီသလောက် သိရှိထားရတဲ့ စာရင်းဖြစ်တဲ့အတွက် သေဆုံးသူ အရေအတွက်က ထပ်တိုးလာ နိုင်တယ်လို့ ပြောပါတယ်။
ဧရာဝတီက ရရှိထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေမှာတော့ ဗုံးထိမှန်သေဆုံးနေတဲ့အထဲမှာ ကလေးငယ်တွေပါဝင်တာကိုလည်းတွေ့ရသလို ခန္ဓာကိုယ်စုစည်းလို့မရတော့ဘဲ တစစီ ဖြစ်သွားတဲ့ ရုပ်အလောင်းတွေကိုလည်းမြင်တွေ့ရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













